မေလ ၂၂ ရက်နေ့ ဒီကနေ့ နေ့ ခင်း ၁၄း၄၀ အချိန်မှာ ထိုင်းနိုင်ငံ ၊ တပ်ပြည်နယ်၊ စန်နောခရိုင် ဘူမိဘောဆည်ကြီးအနီးက ဂေါက်ကွင်းအတွင်း ထိုင်းလေတပ်မှ L 39 ZA တိုက်လေယာဉ် ပျက်ကျခဲ့ပါတယ်။
လေယာဉ်မောင်းသူ နှစ်ဦး ဟာ အရေးပေါ် အသက်ကယ်လေထီးနဲ့  ထွက်သွားနိုင်ခဲ့ကြောင်းသိရပါတယ်။ L 39 ZA တိုက်လေယာဉ်ဟာ သက်တမ်း ၂၃ နှစ်ရှိနေပြီလို့  သိရပါတယ်။
အဆိုပါ တိုက်လေယာဉ်ဟာ နကော်စ၀မ် အမှတ် ၄၀၁ လေတပ်စခန်းကနေ ချင်းမိုင် ၄၁၁ လေတပ်စခန်းဆီ လေ့ကျင့်ပျံသန်းနေချိန်မှာ ခုလိုပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။
Social Action for Children and Women - SAW