ပြင်ဦးလွင်မြို့ မှ မန္တလေးမြို့ သို့ အဆင်း(၃)ထပ်ကွေ့တွင် လူ ၃၀ ကျော်လိုက်ပါလာသည့် ဘုရားဖူးယာဉ်တစ်စီး ယနေ့ (၂၂၊မေ၊၂၀၁၈)ရက်နေ့ နေ့လည် (၁၄:၀၀)အချိန်တွင် အရှိန်လွန်တိမ်းမှောက်ခဲ့ရာ လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။
အဆိုပါ ဘုရားဖူးယာဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့မှ ပြင်ဦးလွင်မြို့သို့ ဘုရာဖူးလာရောက်သည့် ခရီးသည်(ဧည့်သည်)အယောက်(၃၀)ကျော် တင်ဆောင်လာသည့်(CANTER CAR) ကားဖြစ်ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်ရာတွင် ထိခိုက်သေဆုံးမှုမရှိသော်လည်း ဒဏ်ရာအများအပြား ရရှိကြောင်း၊
အသက်အန္တရာယ် စိုးရိမ်ရမှု မရှိကြောင်း နှင့် အချိန်မီ အလျှင်အမြန် ပြင်ဦးလွင်မြို့မှ လူမှုကယ်ဆယ်ရေးအဖွဲ့များမှ အချိန်နှင့် တပြေးညီ ကူညီဆောင်ရွက်လျှက်ရှိနေပါကြောင်း သိရသည်။
Tun Nay Lin