Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

စစ်သား ၃ ဦးကို AA ဖမ်းထား

$
0
0

ဖမ်းဆီးထားတဲ့ တပ်သားတွေကို စစ်သုံ့ပန်းဆိုင်ရာ နိုင်ငံတကာ ဂျီနီဗာ သဘောတူညီချက်ပါ အတိုင်း စောင့်ရှောက်ထားတယ်လို့ ဦးခိုင်သုခက ပြော
ရက္ခိုင့်တပ်မတော် AA က ဖမ်းမိထားတဲ့ မြန်မာ့တပ်မတော်က တပ်သား သုံးဦးကို နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ ICRC ကို လွှဲပြောင်းဖို့ တိုင်ပင်နေတယ်လို့ AA ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးခိုင်သုခက ဘီဘီစီကိုပြောပါတယ်။

အဲဒီ တပ်သား သုံးဦးဟာ ဘူသီးတောင် အခြေစိုက် စကခ (၁၅) လက်အောက်ခံ၊ ခလရ (၂၆၃) တပ်ရင်းက ဖြစ်တယ်လို့ AA က သတင်းထုတ်ပြန်ထားပြီး မေလ ၂ဝ ရက်က ဘင်္ဂလားဒေ့ရှ် - မြန်မာ နယ်စပ် မိုင်တိုင် ၆၃ နဲ့ ၆၄ နားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း လက်နက်တွေနဲ့ အတူ ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ AA က ဓါတ်ပုံနဲ့တကွ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အခုလို ဖမ်းဆီးထားတဲ့ တပ်သားတွေကို နိုင်ငံတကာ ဂျီနီဗာ သဘောတူညီချက်ပါ အတိုင်း စောင့်ရှောက်ထားတယ်လို့ ဦးခိုင်သုခက ပြောပါတယ်။
 AA နဲ့ မြန်မာ့ တပ်မတော်တို့ဟာ လက်ရှိ မေလ အတွင်းမှာ တိုက်ပွဲ ငါးကြိမ် ဖြစ်ပွားခဲ့
၂၀၁၅ တုန်းကလည်း အလားတူ ဖမ်းမိခဲ့တဲ့ မြန်မာ့တပ်မတော်က တပ်သားတွေကို ICRC ကို လွှဲပြောင်းခဲ့တယ်လို့လည်း ဦးခိုင်သုခက ပြောပါတယ်။

အခုလို ဖမ်းမိခဲ့တဲ့ တိုက်ပွဲ ဖြစ်စဉ်အတွင်းမှာ တပ်မတော်ဘက်က AA တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးသွားတာတော့ မရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။

အဲဒီ တိုက်ပွဲမှာ AA ဘက်က တဦးနဲ့ မြန်မာ့ တပ်မတော်ဘက်က ၉ ဦး ကျဆုံးခဲ့ပြီး လက်နက် အများအပြားလည်း သိမ်းဆည်း ရမိခဲ့တယ်လို့ AA က ကြေညာခဲ့ပေမယ့် တပ်မတော်ဘက်ကတော့ ဒါနဲ့ ပတ်သက်ပြီး တစုံတရာ မထုတ်ပြန်ခဲ့ပါဘူး။

AA နဲ့ မြန်မာ့ တပ်မတော်တို့ဟာ လက်ရှိ မေလ အတွင်းမှာ တိုက်ပွဲ ငါးကြိမ် ဖြစ်ပွားခဲ့ပြီး နောက်ဆုံးအကြိမ် မေလ ၂ဝ ရက် တိုက်ပွဲ နောက်ပိုင်းမှာလည်း မြန်မာ့တပ်မတော်ဘက်က တပ်အင်အားတွေ ဆက်လက် ဖြည့်တင်းနေတဲ့အတွက် နောက်ထပ် တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တယ်လို့ ဦးခိုင်သုခက ဘီဘီစီကို ပြောဆိုထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>