Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အမုန်းတရားဟော သံဃာ အပြစ်ရှိကြောင်း သီရိလင်္ကာ ဆုံးဖြတ်

$
0
0

သီရီလင်္ကာတရားရုံးတရုံးက အမုန်းတရားဟောကြားမှုအတွက် သံဃာတော် တပါးကို အပြစ်ရှိကြောင်း ကြာသပတေးနေ့ မနေ့က ဆုံးဖြတ်လိုက်ပါတယ်။

ဆရာတော် Galagodaatte Gnanasara ဂလာဂိုဒက် နာနာဆားရား ဟာ သီရီလင်္ကာနိုင်ငံမှာ လူနည်းစုမွတ်ဆလင်ဆန့်ကျင်ရေး တရားတွေကို ဟောပြောမှုအတွက် နံမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ သံဃာတပါးဖြစ်ပြီး မြန်မာနိုင်ငံက မစိုးရိမ်ဆရာတော် အရှင် ဝီရသူနဲ့ ရင်းနှီးသူ လည်း ဖြစ်ပါတယ်။
တရားရုံးက ဆရာတော် နာနာဆားရား ဟာ ၂ဝ၁ဝ ခုနှစ်က စစ်ထောက်လှမ်းရေးတွေ ဖမ်းဆီးသွားခဲ့သူတဦးရဲ့ ဇနီးကို ရင့်သီးစော်ကားစွာ သုံးနှုန်းပြောဆို ခြိမ်းခြောက်နှောက်ယှက်တဲ့ စွဲချက် ၂ ခုအတွက် အပြစ်ရှိကြောင်း တွေ့ရှိရတယ်လို့ ပြောပါတယ်။

စွဲချက်တခုစီအတွက် ထောင်ဒဏ် ၂ နှစ်အထိအပြင် ဒဏ်ငွေလည်း ချမှတ်နိုင်ပါတယ်။ အဲဒီအမျိုးသမီးရဲ့ ခင်ပွန်းဟာ သမတဟောင်း Rajapakse ရာဂျာပတ်ကဆဲ ကို နောက်ပြောင်ရာမှာ နံမည်ကျော်တဲ့ကာတွန်းဆရာဖြစ်ပါတယ်။

စစ်ထောက်လှမ်းရေးတွေ ဖမ်းဆီးသွားပြီးနောက် ယောင်္ကျားပျောက်ဆုံးနေတာကို ဖေါ်ထုတ်ရေးအတွက် သူမက ကျယ်ကျယ်ပျံ့ပျံ့ လှုပ်ရှားခဲ့ရာမှာ ဆရာတော်က အဲဒီ အမျိုးသမီးဟာ အကြမ်းဖက်သမားတွေကို ထောက်ခံပြီး စစ်တပ်ကို အကြည်ညိုပျက်အောင်ပြုလုပ်သူအဖြစ် စွပ်စွဲဟောပြောခဲ့တယ်လို့ ဆိုပါတယ်။

ဆရာတော် နာနာဆားရားဟာ ပြီးခဲ့တဲ့နှစ်ကလည်း မွတ်ဆလင်မုန်းတီးရေးတရားတွေ ဟောပြောမှုအတွက် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာမှာ တလခန့် ပုန်းရှောင်နေခဲ့ပါတယ်။

သီရီလင်္ကာ နိုင်ငံမှာ ၂ဝ၁၄ ခုနှစ်က မွတ်ဆလင်ဆန့်ကျင်ရေး ဆူပူမှုတွေဖြစ်ပွားပြီး မကြာခင်လပိုင်းအတွင်း အရှင် နာနာဆားရားထံကို အရှင်ဝီရသူကြွရောက် အားပေးခဲ့ကြောင်းနဲ့ အရှင် နာနာဆားရား ဦးဆောင်တဲ့ BBS ခေါ် သံဃာ့တပ်ဖွဲ့ဟာ ၂ဝ၁၄ နဲ့ ၂ဝ၁၇ မွတ်ဆလင်ဆန့်ကျင်ရေး အဓိကရုဏ်းတွေမှာ နောက်ကွယ်က ကြိုးကိုင်ခဲ့တယ်လို့ သတင်းထွက်ကြောင်း စသဖြင့် သီရိလင်္ကာ ကလာတဲ့ သတင်းတွေမှာ ဖေါ်ပြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...