Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ပိုက္ဆံမရိွလည္း လွဴဒါန္ႏိုင္မည့္ အလွဴဒါန(၇)မ်ိဳး

$
0
0
လူငယ္တစ္ေယာက္က ျမတ္စြာဘုရားကို ဒီလိုေမးတယ္။

“အကြၽႏု္ပ္သည္ မည္သည့္ အရာကိုပဲ လုပ္လုပ္ မေအာင္မျမင္ ျဖစ္ေနပါသည္။
အဘယ့္ေၾကာင့္ မေအာင္မျမင္ ျဖစ္ပါသနည္း” ဟု ေမးေလွ်ာက္သည္။

“အသင္သည္ အလႉ ဒါနမျပဳတတ္၍ ျဖစ္သည္”
ဟု ျမတ္စြာဘုရားက ေျဖၾကားေတာ္မူသည္။

ေငြေၾကးတစ္ျပား တစ္ခ်ပ္မွ မရွိေသာ ဆင္းရဲသား အကြၽႏု္ပ္ဖို႔
မည္ကဲ့သို႔ အလႉဒါနျပဳႏိုင္ပါမည္နည္း။

အသင္ဤသည္ကို မွတ္သားေလာ့။ တစ္ဦးတစ္ေယာက္ေသာသူသည္
ေငြေၾကးမရွိေသာ္လည္း ေပးကမ္းႏိုင္ေသာ
အလႉဒါန ခုႏွစ္မ်ိဳးရွိသည္။

ထိုခုႏွစ္မ်ိဳးမွာ …

★ ၁။ မ်က္ႏွာဟန္အမူအရာျဖင့္ အလႉဒါနျပဳျခင္း –
အၿပဳံးျဖင့္ေဖာ္ေ႐ြစြာ ဆက္ဆံျခင္း၊

★ ၂။ ႏႈတ္ျဖင့္ အလႉဒါနျပဳျခင္း –
အားေပးစကား၊ ႏွစ္သိမ့္စကား၊ ခ်ီးက်ဴးစကား၊ ညႇာတာစကား၊ ေႏြးေထြးေသာစကားမ်ား၊ ေျပာဆိုျခင္း။

★ ၃။ စိတ္ျဖင့္အလႉဒါနျပဳျခင္း –
စိတ္တံခါးကိုဖြင့္၍ သူတစ္ပါးကို
ပြင့္လင္း႐ိုးသားစြာ ဆက္ဆံျခင္း၊

★ ၄။ အျမင္ျဖင့္ အလႉဒါနျပဳျခင္း –
ေကာင္းေသာေစတနာ အျမင္ျဖင့္
သူတပါးကိုၾကည့္ျမင္တတ္ျခင္း၊

★ ၅။ ကာယလုပ္အားျဖင့္ အလႉဒါနျပဳျခင္း –
ကိုယ္ႏိုင္နင္းေသာ လုပ္ေဆာင္ေပးမႈျဖင့္
သူတစ္ပါးကို ကူညီျခင္း၊

★ ၆။ ေနရာထိုင္ခင္း အလႉဒါနျပဳျခင္း –
ေလွစီး၊ ကားစီးသည့္အခါ မိမိထိုင္ခုံေနရာကို
အိုမင္းမစြမ္းသူ၊ ကိုယ္ဝန္ရွိသူ၊ႏွင့္ ကေလးငယ္တို႔အား
မိမိ၏ထိုင္ခုံေနရာကို ထိုင္ေစျခင္း။

★ ၇။ ေနအိမ္အလႉဒါနျပဳျခင္း –
မိမိ၏ အိမ္ေနရာကိုသူတပါးတို႔
အနားယူရန္ ေပးကမ္းျခင္း။

မည္သူမဆို ဤအလႉဒါန ခုႏွစ္မ်ိဳးေသာေကာင္းမႈ ကုသိုလ္ကို
ေပးကမ္းေလ့ရွိသည့္ အက်င့္ ေကာင္းရွိလွ်င္
ေအာင္ျမင္ျခင္းသည္ ထက္ၾကပ္မကြာ
လိုက္ပါလာမည္သာျဖစ္ပါသည္။
Aye Aye Thant

#Unicode Version#
လူငယ်တစ်ယောက်က မြတ်စွာဘုရားကို ဒီလိုမေးတယ်။

“အကျွနု်ပ်သည် မည်သည့် အရာကိုပဲ လုပ်လုပ် မအောင်မမြင် ဖြစ်နေပါသည်။
အဘယ့်ကြောင့် မအောင်မမြင် ဖြစ်ပါသနည်း” ဟု မေးလျှောက်သည်။

“အသင်သည် အလှူ ဒါနမပြုတတ်၍ ဖြစ်သည်”
ဟု မြတ်စွာဘုရားက ဖြေကြားတော်မူသည်။

ငွေကြေးတစ်ပြား တစ်ချပ်မှ မရှိသော ဆင်းရဲသား အကျွနု်ပ်ဖို့
မည်ကဲ့သို့ အလှူဒါနပြုနိုင်ပါမည်နည်း။

အသင်ဤသည်ကို မှတ်သားလော့။ တစ်ဦးတစ်ယောက်သောသူသည်
ငွေကြေးမရှိသော်လည်း ပေးကမ်းနိုင်သော
အလှူဒါန ခုနှစ်မျိုးရှိသည်။

ထိုခုနှစ်မျိုးမှာ …

★ ၁။ မျက်နှာဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း –
အပြုံးဖြင့်ဖော်ရွေစွာ ဆက်ဆံခြင်း၊

★ ၂။ နှုတ်ဖြင့် အလှူဒါနပြုခြင်း –
အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွေးသောစကားများ၊ ပြောဆိုခြင်း။

★ ၃။ စိတ်ဖြင့်အလှူဒါနပြုခြင်း –
စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို
ပွင့်လင်းရိုးသားစွာ ဆက်ဆံခြင်း၊

★ ၄။ အမြင်ဖြင့် အလှူဒါနပြုခြင်း –
ကောင်းသောစေတနာ အမြင်ဖြင့်
သူတပါးကိုကြည့်မြင်တတ်ခြင်း၊

★ ၅။ ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း –
ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့်
သူတစ်ပါးကို ကူညီခြင်း၊

★ ၆။ နေရာထိုင်ခင်း အလှူဒါနပြုခြင်း –
လှေစီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို
အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူ၊နှင့် ကလေးငယ်တို့အား
မိမိ၏ထိုင်ခုံနေရာကို ထိုင်စေခြင်း။

★ ၇။ နေအိမ်အလှူဒါနပြုခြင်း –
မိမိ၏ အိမ်နေရာကိုသူတပါးတို့
အနားယူရန် ပေးကမ်းခြင်း။

မည်သူမဆို ဤအလှူဒါန ခုနှစ်မျိုးသောကောင်းမှု ကုသိုလ်ကို
ပေးကမ်းလေ့ရှိသည့် အကျင့် ကောင်းရှိလျှင်
အောင်မြင်ခြင်းသည် ထက်ကြပ်မကွာ
လိုက်ပါလာမည်သာဖြစ်ပါသည်။
Aye Aye Thant

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>