ဖတ္ျဖစ္ေအာင္ဖတ္လိုက္ပါ သင့္အတြက္ အက်ိဳးရွိပါသည္
(၁) ငယ္႐ြယ္စဥ္အခါ ပစၥည္း ဥစၥာ မရွာ မဆည္းပူးခဲ့လွ်င္
ေနာင္အခါ မရွိဆင္းရဲ မြဲျပာက်ေသာေၾကာင့္ ေနာင္တ
ရတတ္သည္။
(၂) ငယ္႐ြယ္စဥ္အခါ ပညာသင္ၾကားရန္ အခြင့္အေရး
ရပါလ်က္ ပညာကို မသင္မၾကား ဆိုးေတကာ ေက်ာင္း
ေျပး လုပ္ေသာသူသည္ ပညာမရွိျခင္းေၾကာင့္ ေနာင္
အသက္ေမြးမႈ ၿငိျငင္ဆင္းရဲေသာအခါ ေနာင္တ ရတတ္
သည္။
(၃) ေကာက္က်စ္စဥ္းခဲျခင္း၊ ကုန္းေခ်ာစကားေျပာၾကား
ရန္တိုက္ျခင္းမ်ား ျပဳခဲ့လွ်င္ ေနာင္ေသရာ ေညာင္ေစာင္း၌
လဲေလ်ာင္းရေသာအခါ ေနာင္တတရား ရတတ္သည္။
(၄) သူ၏အသက္ကိုသတ္ျခင္း၊ ၾကမ္းၾကဳတ္ျခင္း၊ ယုတ္မာ
ညစ္ညမ္းေသာအမႈတို႔ကို ျပဳျခင္း၊ သတၱဝါမ်ားအား သနား
မဖက္ ရက္စက္သည္ကို ျပဳမိျခင္းတို႔ေၾကာင့္လည္း ေနာင္
ေသာအခါ ေနာင္တ ရတတ္သည္။
(၅) အဂမနိယ မသြားလာအပ္ေသာ သူ႔မယားႏွင့္သမီး
မ်ားကို သြားလာေပါင္းသင္း မွီဝဲဖ်က္ဆီးမိျခင္းေၾကာင့္
ေနာင္တတဖန္ ပူပန္ရတတ္သည္။
(၆) မ်ားစြာေသာ ပစၥည္းဥစၥာ ထမင္း အေဖ်ာ္တို႔ ရွိပါလ်က္
ထိုစဥ္အခါက ဒါနမျပဳမိလွ်င္ ေနာင္ေသာအခါ၌ ေနာင္တ
ရတတ္သည္။
(၇) ဥစၥာအား၊ ကိုယ္အား၊ ဉာဏ္အား မ်ားစြာရွိပါလ်က္
အိုမင္းေသာမိဘတို႔ကို အသက္ရွိစဥ္အခါက မလုပ္ေကြၽး
မေမြးျမဴမိခဲ့လွ်င္ ေနာင္ေသာအခါ ေနာင္တ ရတတ္သည္။
(၈) ပုဗၺစရိယျဖစ္၍ အဖန္တလဲလဲ ဆိုဆုံးမတတ္ေသာ
အလုံးစုံေသာ ဝတၳဳကာမ အရသာတို႔ကို ရွာႀကံေဆာင္ယူ
၍ ေကြၽးေမြး ေပးတတ္ေသာ မိခင္ဖခင္ျမတ္ကို မေထမဲ့
ျပဳမိလွ်င္ ေနာင္အခါ ေနာင္တ ရတတ္သည္။
(၉) သီလ၊ သမာဓိ၊ ပညာ ဗဟုသုတသခင္ ရဟန္းေတာ္
အရွင္ သူေတာ္စင္မ်ား ထင္ရွားရွိပါလ်က္ မဆည္းကပ္
မကိုးကြယ္ မေပးလႉမိသူသည္လည္း ေနာင္ေသာအခါ
ေနာင္တ ရတတ္သည္။
(၁၀) ၿငိမ္သက္တည္ၾကည္ေသာအက်င့္ ၿခိဳးၿခံေသာအက်င့္
သည္ ေကာင္းျမတ္၏ဟု သူေတာ္ေကာင္းတို႔ ေဟာၾကား
ခဲ့ၿပီ၊ ဤသို႔ေသာ အက်င့္ျမတ္တို႔ကို ငါလည္း ေရွးက
မက်င့္မိဟု ေနာင္ေသာအခါ ေနာင္တ ရတတ္သည္ ….. ။
(ကိုးကား- ဒြါဒသနိပါတ္၊ ဇနသႏၶဇတ္ ပါဠိေတာ္)
အရွင္သုမန(ဘုန္းေတာ္ျပည့္)
#Unicode Version#
ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ သင့်အတွက် အကျိုးရှိပါသည်
(၁) ငယ်ရွယ်စဉ်အခါ ပစ္စည်း ဥစ္စာ မရှာ မဆည်းပူးခဲ့လျှင်
နောင်အခါ မရှိဆင်းရဲ မွဲပြာကျသောကြောင့် နောင်တ
ရတတ်သည်။
(၂) ငယ်ရွယ်စဉ်အခါ ပညာသင်ကြားရန် အခွင့်အရေး
ရပါလျက် ပညာကို မသင်မကြား ဆိုးတေကာ ကျောင်း
ပြေး လုပ်သောသူသည် ပညာမရှိခြင်းကြောင့် နောင်
အသက်မွေးမှု ငြိငြင်ဆင်းရဲသောအခါ နောင်တ ရတတ်
သည်။
(၃) ကောက်ကျစ်စဉ်းခဲခြင်း၊ ကုန်းချောစကားပြောကြား
ရန်တိုက်ခြင်းများ ပြုခဲ့လျှင် နောင်သေရာ ညောင်စောင်း၌
လဲလျောင်းရသောအခါ နောင်တတရား ရတတ်သည်။
(၄) သူ၏အသက်ကိုသတ်ခြင်း၊ ကြမ်းကြုတ်ခြင်း၊ ယုတ်မာ
ညစ်ညမ်းသောအမှုတို့ကို ပြုခြင်း၊ သတ္တဝါများအား သနား
မဖက် ရက်စက်သည်ကို ပြုမိခြင်းတို့ကြောင့်လည်း နောင်
သောအခါ နောင်တ ရတတ်သည်။
(၅) အဂမနိယ မသွားလာအပ်သော သူ့မယားနှင့်သမီး
များကို သွားလာပေါင်းသင်း မှီဝဲဖျက်ဆီးမိခြင်းကြောင့်
နောင်တတဖန် ပူပန်ရတတ်သည်။
(၆) များစွာသော ပစ္စည်းဥစ္စာ ထမင်း အဖျော်တို့ ရှိပါလျက်
ထိုစဉ်အခါက ဒါနမပြုမိလျှင် နောင်သောအခါ၌ နောင်တ
ရတတ်သည်။
(၇) ဥစ္စာအား၊ ကိုယ်အား၊ ဉာဏ်အား များစွာရှိပါလျက်
အိုမင်းသောမိဘတို့ကို အသက်ရှိစဉ်အခါက မလုပ်ကျွေး
မမွေးမြူမိခဲ့လျှင် နောင်သောအခါ နောင်တ ရတတ်သည်။
(၈) ပုဗ္ဗစရိယဖြစ်၍ အဖန်တလဲလဲ ဆိုဆုံးမတတ်သော
အလုံးစုံသော ဝတ္ထုကာမ အရသာတို့ကို ရှာကြံဆောင်ယူ
၍ ကျွေးမွေး ပေးတတ်သော မိခင်ဖခင်မြတ်ကို မထေမဲ့
ပြုမိလျှင် နောင်အခါ နောင်တ ရတတ်သည်။
(၉) သီလ၊ သမာဓိ၊ ပညာ ဗဟုသုတသခင် ရဟန်းတော်
အရှင် သူတော်စင်များ ထင်ရှားရှိပါလျက် မဆည်းကပ်
မကိုးကွယ် မပေးလှူမိသူသည်လည်း နောင်သောအခါ
နောင်တ ရတတ်သည်။
(၁၀) ငြိမ်သက်တည်ကြည်သောအကျင့် ခြိုးခြံသောအကျင့်
သည် ကောင်းမြတ်၏ဟု သူတော်ကောင်းတို့ ဟောကြား
ခဲ့ပြီ၊ ဤသို့သော အကျင့်မြတ်တို့ကို ငါလည်း ရှေးက
မကျင့်မိဟု နောင်သောအခါ နောင်တ ရတတ်သည် ….. ။
(ကိုးကား- ဒွါဒသနိပါတ်၊ ဇနသန္ဓဇတ် ပါဠိတော်)
အရှင်သုမန(ဘုန်းတော်ပြည့်)