Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

မႏြယ္ႏြယ္ဝင္းဘဝမွ ကိုမင္းခန႔္(ခ)အာႏိုးျဖစ္လာသူ (မယုံႏိုင္စရာ သဘာ၀ အဂၤါေျပာင္းသြားတဲ့ ျဖစ္ရပ္)

$
0
0
မႏြယ္ႏြယ္ဝင္းဘဝမွ ကိုမင္းခန႔္(ခ)အာႏိုးျဖစ္လာ
ဒီေန႔လည္ ေခ်ာစုေဝအလွျပဳျပင္ေရးမွခ်ိတ္ဆက္အကူအညီေတာင္းခံမႈ႕ေၾကာင့္ စလင္းၿမိဳ႕တြင္ မသန္းစြမ္းဘဝျဖင့္ရပ္တည္ရင္း အမ်ိဳးသမီးဘဝမွအမ်ိဳးသားဘဝသို႔ေျပာင္းလဲသြားသည့္သူတစ္ဦး အကူအညီလိုအပ္ေနေၾကာင္းသိရ၍ အကူအညီေတာင္းခံလာသူ အစ္မႏွင့္အတူ ျမန္မာႏိုင္ငံမသန္စြမ္းသူမ်ားေရွ႕ေဆာင္အဖြဲ႕(မေကြး)႐ုံးခြဲတာဝန္ခံ ညီငယ္ ကိုေနစိုးလင္းတို႔ႏွင့္အတူ အဆက္မျပတ္႐ြာသြန္းေနသည့္မိုးေရၾကားထဲ စလင္းၿမိဳ႕သို႔အေရာက္သြားခဲ့ၾကပါသည္။

စလင္းၿမိဳ႕ ေပါင္းပင္ဇင္းရပ္ရွိ ေမြးရာပါခႏၶာကိုယ္ေအာက္ပိုင္းမသန္စြမ္းသူ ကိုမင္းခန႔္(ခ)အားႏိုးအား ေတြ႕ဆုံခြင့္ရခဲ့ပါသည္။မွတ္ပုံတင္နာမည္မွာ မႏြယ္ႏြယ္ဝင္းျဖစ္ပါသည္။မိခင္မုဆိုးမႀကီးမွာ အေၾကာ္ေရာင္း၍ စားဝတ္ေနေရးေျဖရွင္းေနရသည့္အတြက္ သမီးေလးအားေက်ာင္းထားမေပးႏိုင္ခဲ့ပါ။သို႔ေသာ္ မႏြယ္ႏြယ္ဝင္းမွာပညာလုံးဝမသင္ၾကားခဲ့ရပါေသာ္လည္း ျမန္မာစာကိုေကာင္းမြန္စြာဖတ္တတ္ပါသည္။အဂၤလိပ္စာအခ်ိဳ႕ကိုဖတ္ႏိုင္စြမ္းရွိေနပါသည္။မည္သူ႔ဆီကမွမသင္ယူရပါဘဲ လွ်ပ္စစ္ႏွင့္ပါတ္သက္သည့္ပစၥည္းအခ်ိဳ႕(ဥပမာ ထမင္းေပါင္းအိုး)ကို ျပဳျပင္ႏိုင္စြမ္းရွိေနပါသည္။

ထို႔ထက္ပို၍ အံၾသထူးဆန္းဖြယ္ရာေကာင္းသည္မွာ မႏြယ္ႏြယ္ဝင္းသည္ အသက္(၁၆)ႏွစ္အ႐ြယ္မွစ၍ အမ်ိဳးသမီးလိင္အဂၤါမွအမ်ိဳးသားလိင္အဂၤါသို႔ တျဖည္းျဖည္းေျပာင္းလဲလာခဲ့ရာ ယခု(မည့္သည့္အသက္အ႐ြယ္တြင္လုံးလုံးေျပာင္းလဲသြားသည့္ေတာ့မသိပါ)အခ်ိန္တြင္ မလိင္အဂၤါလုံးလုံးမရွိေတာ့ပါဘဲ က်ားအဂၤါ(အရမ္းမဖြံ႕ၿဖိဳးေသး)ထြက္ေပၚေနပါသည္။အသံမွာလည္း ေယာက်ၤားတစ္ေယာက္၏အသံျဖစ္ေနပါၿပီ။နာမည္သည္လည္း မႏြယ္ႏြယ္ဝင္းမွ မင္းခန႔္(ခ)အာႏိုး ဟုေျပာင္းလဲထားၿပီးျဖစ္ေနၿပီ။

အာႏိုးဟာ အီလက္ထေရာနစ္ပညာရပ္ကိုမသန္စြမ္းသင္တန္းေက်ာင္းမွာသင္ၾကားလိုေသာ္လည္း သင္တန္းတက္ေရာက္မည့္မသန္စြမ္းသူသည္အေျခခံပညာအထက္တန္းအဆင့္ရွိရမည္ျဖစ္၍ ကြၽန္ေတာ္တို႔ကူညီမေပးႏိုင္ခဲ့ပါ။အျခားအသက္ေမြးဝမ္းေက်ာင္း ပညာရပ္မ်ားျဖစ္သည့္ ဆံပင္ညႇပ္၊တံဆိပ္႐ိုက္အစရွိသည့္ ၎တက္လို႔ရမည့္ပညာရပ္မ်ားကိုေ႐ြးခ်ယ္စဥ္းစားႏိုင္ရန္ ညီငယ္ ကိုေနစိုးလင္းမွ ရွင္းလင္းေျပာျပ၍ စိတ္ခြန္အားေပးခဲ့ပါသည္။အဆိုပါသင္တန္းမ်ားကို တက္ေရာက္လိုပါက ခ်ိတ္ဆက္ကူညီေပးမည့္အေၾကာင္းလည္း ေျပာျပခဲ့ၾကပါသည္။သားအမိႏွစ္ဦး ညီမ၏ အိမ္ဝိုင္းေလးထဲတြင္ တဲသာသာအိမ္ေလးထိုး၍ ေနၾကပါသည္။

ယခင္က ညီမျဖစ္သူမွသူတို႔သားအမိအားေပးကမ္းေကြၽးေမြးထားသည္ဟုသိရပါသည္။ယခုညီမလုပ္သူမွာလည္း ကြယ္လြန္သြားသည္မွာ(၅)လခန႔္ရွိေန၍ သားအမိ(၂)ဦး အခက္အခဲျဖစ္ေပၚေနရပါသည္။ကြၽန္ေတာ္တို႔မိသားစုႏွင့္ေခ်ာစုေဝအလွျပဳျပင္ေရးမွဇနီးေမာင္ႏွံမွ အားႏိုးအတြက္တတ္အားသမွ် မုန႔္ဖိုးေပးခဲ့ၾကပါသည္။ေနာက္ထပ္တစ္ႀကိမ္ အားႏိုးအတြက္ အက်ႌႏွင့္ေဘာင္းဘီမ်ား(ပုဆိုးမဝတ္ႏိုင္ပါ)သြားလႉႏိုင္ရန္ႀကိဳးစားပါဦးမည္။အာႏိုးအား ဂ႐ုဏာသက္စြာကူညီေထာက္ပံ့လိုပါကေထာက္ပံ့ေပးႏိုင္ေစရန္တင္ျပေပးျခင္းျဖစ္ပါသည္။

မွတ္ခ်က္။ ။မွတ္ပုံတင္၊လိင္အဂၤါေျပာင္းလဲေနပုံတို႔အား မိမိကိုယ္တိုင္မ်က္ျမင္သိရွိခဲ့ျခင္းျဖစ္ပါသည္။

ကိုမိုး(မေကြးပရဟိတ)

အမည္ရင္း-ဦးလွမိုးေအာင္

မွတ္ပုံတင္ -၁၄/ဟသတ(ႏိုင္)၀၄၈၁၀၁

ဖုန္း -၀၉ ၅၃၄၁၆၄၁

#Unicode Version#
မနွယ်နွယ်ဝင်းဘဝမှ ကိုမင်းခန့်(ခ)အာနိုးဖြစ်လာ
ဒီနေ့လည် ချောစုဝေအလှပြုပြင်ရေးမှချိတ်ဆက်အကူအညီတောင်းခံမှု့ကြောင့် စလင်းမြို့တွင် မသန်းစွမ်းဘဝဖြင့်ရပ်တည်ရင်း အမျိုးသမီးဘဝမှအမျိုးသားဘဝသို့ပြောင်းလဲသွားသည့်သူတစ်ဦး အကူအညီလိုအပ်နေကြောင်းသိရ၍ အကူအညီတောင်းခံလာသူ အစ်မနှင့်အတူ မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(မကွေး)ရုံးခွဲတာဝန်ခံ ညီငယ် ကိုနေစိုးလင်းတို့နှင့်အတူ အဆက်မပြတ်ရွာသွန်းနေသည့်မိုးရေကြားထဲ စလင်းမြို့သို့အရောက်သွားခဲ့ကြပါသည်။

စလင်းမြို့ ပေါင်းပင်ဇင်းရပ်ရှိ မွေးရာပါခန္ဓာကိုယ်အောက်ပိုင်းမသန်စွမ်းသူ ကိုမင်းခန့်(ခ)အားနိုးအား တွေ့ဆုံခွင့်ရခဲ့ပါသည်။မှတ်ပုံတင်နာမည်မှာ မနွယ်နွယ်ဝင်းဖြစ်ပါသည်။မိခင်မုဆိုးမကြီးမှာ အကြော်ရောင်း၍ စားဝတ်နေရေးဖြေရှင်းနေရသည့်အတွက် သမီးလေးအားကျောင်းထားမပေးနိုင်ခဲ့ပါ။သို့သော် မနွယ်နွယ်ဝင်းမှာပညာလုံးဝမသင်ကြားခဲ့ရပါသော်လည်း မြန်မာစာကိုကောင်းမွန်စွာဖတ်တတ်ပါသည်။အင်္ဂလိပ်စာအချို့ကိုဖတ်နိုင်စွမ်းရှိနေပါသည်။မည်သူ့ဆီကမှမသင်ယူရပါဘဲ လျှပ်စစ်နှင့်ပါတ်သက်သည့်ပစ္စည်းအချို့(ဥပမာ ထမင်းပေါင်းအိုး)ကို ပြုပြင်နိုင်စွမ်းရှိနေပါသည်။

ထို့ထက်ပို၍ အံသြထူးဆန်းဖွယ်ရာကောင်းသည်မှာ မနွယ်နွယ်ဝင်းသည် အသက်(၁၆)နှစ်အရွယ်မှစ၍ အမျိုးသမီးလိင်အင်္ဂါမှအမျိုးသားလိင်အင်္ဂါသို့ တဖြည်းဖြည်းပြောင်းလဲလာခဲ့ရာ ယခု(မည့်သည့်အသက်အရွယ်တွင်လုံးလုံးပြောင်းလဲသွားသည့်တော့မသိပါ)အချိန်တွင် မလိင်အင်္ဂါလုံးလုံးမရှိတော့ပါဘဲ ကျားအင်္ဂါ(အရမ်းမဖွံ့ဖြိုးသေး)ထွက်ပေါ်နေပါသည်။အသံမှာလည်း ယောင်္ကျားတစ်ယောက်၏အသံဖြစ်နေပါပြီ။နာမည်သည်လည်း မနွယ်နွယ်ဝင်းမှ မင်းခန့်(ခ)အာနိုး ဟုပြောင်းလဲထားပြီးဖြစ်နေပြီ။

အာနိုးဟာ အီလက်ထရောနစ်ပညာရပ်ကိုမသန်စွမ်းသင်တန်းကျောင်းမှာသင်ကြားလိုသော်လည်း သင်တန်းတက်ရောက်မည့်မသန်စွမ်းသူသည်အခြေခံပညာအထက်တန်းအဆင့်ရှိရမည်ဖြစ်၍ ကျွန်တော်တို့ကူညီမပေးနိုင်ခဲ့ပါ။အခြားအသက်မွေးဝမ်းကျောင်း ပညာရပ်များဖြစ်သည့် ဆံပင်ညှပ်၊တံဆိပ်ရိုက်အစရှိသည့် ၎င်းတက်လို့ရမည့်ပညာရပ်များကိုရွေးချယ်စဉ်းစားနိုင်ရန် ညီငယ် ကိုနေစိုးလင်းမှ ရှင်းလင်းပြောပြ၍ စိတ်ခွန်အားပေးခဲ့ပါသည်။အဆိုပါသင်တန်းများကို တက်ရောက်လိုပါက ချိတ်ဆက်ကူညီပေးမည့်အကြောင်းလည်း ပြောပြခဲ့ကြပါသည်။သားအမိနှစ်ဦး ညီမ၏ အိမ်ဝိုင်းလေးထဲတွင် တဲသာသာအိမ်လေးထိုး၍ နေကြပါသည်။

ယခင်က ညီမဖြစ်သူမှသူတို့သားအမိအားပေးကမ်းကျွေးမွေးထားသည်ဟုသိရပါသည်။ယခုညီမလုပ်သူမှာလည်း ကွယ်လွန်သွားသည်မှာ(၅)လခန့်ရှိနေ၍ သားအမိ(၂)ဦး အခက်အခဲဖြစ်ပေါ်နေရပါသည်။ကျွန်တော်တို့မိသားစုနှင့်ချောစုဝေအလှပြုပြင်ရေးမှဇနီးမောင်နှံမှ အားနိုးအတွက်တတ်အားသမျှ မုန့်ဖိုးပေးခဲ့ကြပါသည်။နောက်ထပ်တစ်ကြိမ် အားနိုးအတွက် အကျႌနှင့်ဘောင်းဘီများ(ပုဆိုးမဝတ်နိုင်ပါ)သွားလှူနိုင်ရန်ကြိုးစားပါဦးမည်။အာနိုးအား ဂရုဏာသက်စွာကူညီထောက်ပံ့လိုပါကထောက်ပံ့ပေးနိုင်စေရန်တင်ပြပေးခြင်းဖြစ်ပါသည်။

မှတ်ချက်။ ။မှတ်ပုံတင်၊လိင်အင်္ဂါပြောင်းလဲနေပုံတို့အား မိမိကိုယ်တိုင်မျက်မြင်သိရှိခဲ့ခြင်းဖြစ်ပါသည်။


ကိုမိုး(မကွေးပရဟိတ)

အမည်ရင်း-ဦးလှမိုးအောင်

မှတ်ပုံတင် -၁၄/ဟသတ(နိုင်)၀၄၈၁၀၁

ဖုန်း -၀၉ ၅၃၄၁၆၄၁


Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>