Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

NLD ရဲ့ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ ၆ဦးထပ်တိုး

$
0
0

ဗဟိုကော်မတီဝင်တွေကို မဲပေးရွေးချယ်ခဲ့
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD )ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ဒုတိယနေ့မှာ ဗဟို အလုပ်အမှု ဆောင် ၆ ဦးနဲ့ အရံဗဟိုအလုပ်အမှုဆောင် ၈ ဦး စုစုပေါင်း ၁၄ဦး ရွေးချယ်လိုက်တာဖြစ်ပါတယ်။

ပါတီညီလာခံ ပထမနေ့ဖြစ်တဲ့ ဇွန် ၂၃ရက်နေ့က ရွေးချယ်ခဲ့တဲ့ ဗဟိုကော်မတီဝင်တွေထဲကနေ ပါတီ ဗဟိုအလုပ်အမှု ဆောင်တွေကိုပြန်လည်ရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။

အသစ်ရွေးချယ်ခံရတဲ့ ဗဟိုအလုပ်အမှုဆောင်တွေထဲမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အဓိက လုပ်ဆောင်နေတဲ့ ဒေါက်တာတင်မျိုးဝင်းလည်းပါဝင်လာတာတွေ့ရပြီး အရံဗဟိုအလုပ်အမှုဆောင်တွေထဲမှာတော့ နိုင်ငံတော်သမ္မတ ဟောင်းဖြစ်တဲ့ ဦးထင်ကျော် ရဲ့ဇနီးဖြစ်သူ ဒေါ်စုစုလွင်လည်းပါဝင်ပါတယ်။

အသစ်ရွေးချယ်ခန့်အပ်ခံလိုက်ရသူတဦးဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွှန့်ကို ဦးစားပေးလုပ်ဆောင်သွားမဲ့အရာတွေမေးကြည့်ရာမှာတော့

''ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဆိုတာ ပါတီရဲ့ အဓိကကျတဲ့ တာဝန်တွေအဆုံးအဖြတ်နဲ့ ပေါ်လစီကိစ္စ ရပ်တွေကို ဆောင်ရွက်ရမှာဖြစ်တယ်။ ဒီအခြေအနေမှာ အခုလိုအင်အားဖြည့်ပြီးဆောင်ရွက်လိုက်တာ ဖြစ်တဲ့လိုအပ်တဲ့အခြေအနေမှာ ပါတီဆိုင်ရာကိစ္စရပ်တွေကို ဆောင်ရွက်ဖို့အတွက်ပါပဲ။တကယ် အရေး ကြီးဆုံးက ဒီသက်တမ်းအတွင်းမှာက ငြိမ်းချမ်းရေးပဲ၊ ငြိမ်းချမ်းရေး ကိုအောင်အောင်မြင်မြင် ရအောင်ဖန်တီး နိုင်ခဲ့မယ်ဆိုရင်တော့ ငြိမ်းချမ်းရေးရဲ့ နောက်ဆက် တွဲတွေဖြစ်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေ တည်ငြိမ်ရေးတွေ ဆောင်ရွက်သွားမယ်။ မလွဲမသွေဆောင်ရွက်ပြီး တော့လုပ်ရမဲ့ ဟာက ငြိမ်းချမ်းရေးပဲ။''လို့ ပြောပါတယ်။

အသစ်ရွေးချယ်ခန့်အပ်ခံလိုက်ရတဲ့ ဗဟိုအလုပ်အမှုဆောင်တွေကတော့ ဦးသိန်းဦး၊ ဒေါက်တာတင်မျိုးဝင်း၊ ဦးအောင်ကြည်ညွှန့်၊ ဒေါက်တာမြင့်နိုင်၊ ဦးအင်ထုံးခါးနော်ဆမ်နဲ့ ဦးတင်ထွဋ်ဦး တို့ဖြစ်ပါတယ်။

အရံနဲ့ ဗဟိုအလုပ်အမှုဆောင်အဖြစ်ရွေးချယ်ခံရသူ ၁၄ ဦးဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် တခုချင်း စီကို ကိုယ်စားပြုပြီးရွေးချယ်ထားတာကိုလည်းတွေ့ရပါတယ်။

ဒီကနေ့ ကျင်းပခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံဒုတိယနေ့ ကျင်းပအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ ဗဟို အလုပ် အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဌ ဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်က အခုလိုပါတီညီလာခံ ကျင်းပရတာဟာ ၂၀၂၀ ရွေးကောက်ပွဲအတွက်ကြောင့်လည်းပါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက်ခေါ်ယူတာ လည်းဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အသစ်ထပ်တိုးလာတဲ့ ဗဟိုအလုပ်အမှုဆောင်တွေဟာ ရှိနှင့်ပြီး ဗဟိုအလုပ်အမှုဆောင်ဟောင်းတွေနဲ့ ပါတီတာဝန်တွေကို တွဲဖက်လုပ်ကိုင်သွားရမှာဖြစ်ပြီး ဖွဲ့စည်းပြီးသား ဗဟိုအဖွဲ့အစည်းတွေကိုပြင်ဆင်ပြောင်း လဲသွားဖို့တော့မရှိနိုင်ဘူးလို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ မုံရွာအောင်ရှင်က ဇွန်၂၃ရက်နေ့ ကဘီဘီစီကို ပြောဆိုခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>