Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဦးဖြိုးမင်းသိန်းသည် ပါတီအနာဂါတ်ခေါင်းဆောင်မဟုတ် ဟု ပါတီခေါင်းဆောင်များပြောဆို

$
0
0


ဇွန် ၂၄

NLD ပါတီ အရန်ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ပါတီ၏ အနာဂါတ် ခေါင်းဆောင်မဟုတ်ဟု ပါတီပြောရေးဆိုခွင့်ရှိသူများက ယနေ့ပြုလုပ်သည့် ပါတီနိုင်ငံလုံးဆိုင်ရာညီလာခံအပြီး သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုသည်။

“ ဦးဖြိုးမင်းသိန်းတို့ကို အနာဂါတ်ခေါင်းဆောင်လို့ ဘယ်တုန်းကမှ မပြောဘူး။ သူတို့က ရှစ်လေးလုံးခေါင်းဆောင်တွေ ရှစ်လေးလုံးမှာထဲက ကျောင်းသားဘဝနဲ့ တက်ပြီးထောင်ထဲရောက်နေတော့ အဲ့တော့ လူငယ်တွေမပါဘူးလားဆိုတော့ ပါတယ်ဆိုပြီးတော့ ဖြေလိုက်တာပါ သူတို့က အနာဂါတ်ခေါင်းဆောင်ဖြစ်မဖြစ်ဆိုတာ သူတို့အပေါ်မှာမူတည်ပါတယ် ။ တိုင်းပြည်ရဲ့အခြေအနေ နိုင်ငံရေးအခြေအနေ အများကြီးပါ အန်ကယ်တို့ ဒီလိုတပ်အပ်သေချာပြောလို့မရပါဘူး” ဟု ပါတီဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဥာဏ်ဝင်းကပြောသည်။

NLD ပါတီ၏ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံကို ရန်ကုန်မြို့ ၊မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်းစင်တာ တွင် ဇွန်လ ၂၃နှင့် ၂၄ ရက်တို့တွင်ပြုလုပ်ခဲ့ပြီး ညီလာခံတွင် ဗဟိုကော်မတီဝင်အသစ် ၄၂ဦးနှင့် အရန်ဗဟိုကော်မတီ ဝင် ၃၀ ဦးတို့အား ဆန္ဒမဲများဖြင့် ရွေးချယ်ခဲ့သည်။

“ကျွန်တော်တို့မှာ မူရှိပြီးသားပါ အရန်ဗဟိုအလုပ်အမှုဆောင်ဖြစ်တယ်ဆိုတာနဲ့ ဗဟိုအလုပ်အမှုဆောင်ဖြစ်မယ်ဆိုတဲ့ ပုံသေကားချပ်မရှိပါဘူး အနာဂါတ်ခေါင်းဆောင်ဆိုတာ နိုင်ငံရေးဆိုတာ ဝင်လိုက်ထွက်လိုက်ပါပဲ ခေါင်းဆောင်ဆိုတာ လူထုရဲ့ ထောက်ခံမှုဆိုတာလည်း အတက်အကျရှိနေတာပါပဲ ကျွန်တော်တို့က သူတို့ကို ဒီထဲမှာရွေးထားပေမယ့် သူတို့လည်းခေါင်းဆောင်ဖြစ်ချင်မှဖြစ်မှာပါ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ ကြိုးစားမှုပေါ်မှာ ကို့ရဲ့ချစ်ခင်စိတ်ပေါ်မှာ မူတည် တယ် ကို့ရဲ့စေတနာပေါ်မှာမူတည်တယ် ပါတီပေါ်မှာ လုပ်ရပ်ပေါ်မှာမူတည်ပြီးတော့ ခေါင်းဆောင်ဖြစ်လာမှာပါပဲ။ အဓိက က ခေါင်းဆောင်ဖြစ်ဖို့ဆိုတာ ပါတီဝင်တွေကလည်းရွေးမှာပါ ပြည်သူကလည်း ထောက်ပြကြမှာပါ ဒါမှသာ ခေါင်းဆောင်ဖြစ်မှာပါ” ဟု ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် လူငယ်လုပ်ငန်းအဖွဲ့များနှင့် ပေါင်းစပ်လုပ်ဆောင်လျက်ရှိကြောင်း ဒေါက်တာ ဇော်မြင့်မောင်ကပြောသည်။

နှစ်ရက်ကြာကျင်းပခဲ့သည့် ပါတီညီလာခံအား ပြည်နယ်နှင့်တိုင်းများမှ ကိုယ်စားလှယ် ၁၀၅၆ ဦးတက်ရောက်ခဲ့သည်။

ကျော်သူမြင့်
The Fifth Wave News
https://www.facebook.com/fifthwavenews/

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>