Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဆရာတော်တစ်ပါးနှင့် သီလရှင်နှစ်ပါးတို့ကို ဓားဖြင့်ခုတ်သတ်ခဲ့သူ ရဲစခန်းသို့ လာရောက်အဖမ်းခံ

$
0
0
ရန်ကုန်၊ ဇူလိုင် ၁၄

ဆရာတော်တစ်ပါးနှင့် သီလရှင်နှစ်ပါးတို့ကို ဓားဖြင့်ခုတ်သတ်ခဲ့သူတစ်ဦးသည် ယနေ့ နေ့လည်ပိုင်းက ဒဂုံမြို့သစ်(အရှေ့) မြို့မရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့သည်။

ယနေ့(ဇူလိုင် ၁၄)နေ့လယ် ၁၂နာရီအချိန်ခန့်တွင် ဒဂုံသစ်(အရှေ့)မြို့နယ်၊ ကြာနီကန်ကျေးရွာ၊ ရေအိုးစင်လမ်းနေ သောင်းအေး(၄၃)နှစ်သည် ဒဂုံမြို့သစ်(အရှေ့) မြို့မရဲစခန်းသို့ရောက်ရှိလာပြီး ၎င်းသည် ဇူလိုင် ၁၁ ရက်နေ့ ည ၁၁နာရီခွဲခန့်က သူ၏နေအိမ်နှင့်ဘေးချင်းကပ်လျက်ရှိ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်တစ်ပါးနှင့် သီလရှင် (၂)ပါးတို့အား အရိုး အသွား (၂)ပေခွဲခန့်ရှိ ငှက်ကြီးတောင်ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း ပြောပြပြီး အဖမ်းခံခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဒဂုံမြိုသစ်(အရှေ)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက အဆိုပါနေရာသို့ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ကျောင်း၏အနောက်ဘက် သီလရှင်များနေထိုင်ရာ အဆောက်အအုံရှေ့အပေါက်တွင် ဆရာတော် ဦးစန္နောဘာသအား ပက်လက်အနေအထားဖြင့် ယာလက်ဖ၀ါးပြတ်ရှဒဏ်ရာ၊ လည်ပင်းပြတ်ရှဒဏ်ရာ၊ ဦးခေါင်းဝဲဘက်ပြတ်ရှ ဒဏ်ရာ၊ ယာပုခုံးပြတ်ရှဒဏ်ရာများဖြင့်လည်းကောင်း၊ ကျောင်းပေါ်တွင် မအဲပိုင် (သီလရှင် ဘွဲ့အမည်မသိ)တွင် မျက်နှာပြတ်ရှဒဏ်ရာ၊ ၀ဲလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ၊ ၀ဲလက်ချောင်းများပြတ်ရှ ဒဏ်ရာများဖြင့်လည်းကောင်း၊ ကျောင်း၏ ခေါင်းရင်ဘက်တွင် ဒေါ်ပညာသင်္ဂီအား ဦးခေါင်းဝဲဘက်ပြတ်ရှ ဒဏ်ရာ၊ ၀ဲလက်ချောင်းများပြတ်ရှဒဏ်ရာများ ဖြင့်လည်းကောင်း သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

လာရောက်အဖမ်းခံသည့် ပြစ်မှုကျူးလွန်သူ သောင်းအေးအား စစ်ဆေးရာ ၎င်းတို့မိသားစု လက်ရှိနေထိုင်သည့်နေရာအား ပြောင်းရွှေ့စေရန် နည်းမျိုးစုံဖြင့် သေဆုံးသူများမှ ဆောင်ရွက်ခဲ့သောကြောင့် ၎င်းမှ မကျေနပ်၍ ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် သက်သေခံဓားကိုလည်း အကျယ် ၄၀ ပေ၊ အနက် ၂၀ ပေခန့်ရှိ ကျူချောင်းအတွင်းသို့ လွင့်ပစ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်သေခံဓားအား သိမ်းဆည်းရမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များက ရေငုပ်သမားများအသုံးပြုကာ ရှာဖွေဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သောင်းအေးကို ဒဂုံမြို့သစ်(အရှေ့) မြို့မရဲစခန်း(ပ)၈၄၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းရဲတပ်ဖွဲ့

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>