Quantcast
Channel: MP4 YoU
Viewing all 13796 articles
Browse latest View live

ဘဏ်လုယက်မှုက ရတဲ့ သင်ခန်းစာ

$
0
0
သင်လေ့လာထားမှု အပေါ်မှာပဲ အာရုံစိုက်တာကို အသက်မွေးဝမ်းကျောင်းတဲ့ ပရို လို့ခေါ်တယ်
………………………………………………………………………………………………………
တရုပ်နိုင်ငံ ဂွမ်ဇောင်းပြည်နယ် ဘဏ်လုယက်မှု တခုမှာ လုယက်သူတွေက သေနတ်နဲ့ ချိန်ရွယ်ပြီး ဒီလိုအော်ပါတယ် ။
” မလှုပ်နဲ့ ၊ ပိုက်ဆံဆိုတာ နိုင်ငံတော်ပိုင် ပစ္စည်းဖြစ်တယ် ၊ မင်းတို့ ပိုင်တာ ဆိုလို့ မင်းတို့ အသက်ပဲ ရှိတယ် ”
ထိုအချိန်မှာ မလုံမခြုံ အဝတ်အစား ဝတ်ထားတဲ့ အမျိုးသမီးက စားပွဲပေါ် လှဲချလိုက်တဲ့အခါ
လုယက်သူက
” အဝတ်အစားကို လုံလုံခြုံခြုံ ဖုံးထားပါ ၊ ဒါဟာ ဘဏ်လုယက်နေတာဖြစ်တယ် ။ မုဒိန်းကျင့်ဖို့ မဟုတ်ဘူး ”
ဒါကို ပရောဖက်ရှင် လို့ ခေါ်ပါတယ် ။ သင်ရဲ့ အသက်မွေးဝမ်းကျောင်းမှု အပေါ်မှာပဲ အာရုံစိုက်ပါ ။

အတွေ.အကြုံဟာ ဘွဲ.လက်မှတ်တွေထက် ပိုအရေးကြီးတယ်
………………………………………………………………….
ဘဏ်လုယက်သူတွေဟာ အိမ်ပြန်ရောက်တော့ MBA ဘွဲ.ရထားတဲ့ ညီိက မူလတန်းသာ စာသင်ဘူးတဲ့ အကိုဖြစ်သူကို
” အကိုကြီး ၊ ကျွန်တော်တို့ ဘယ်လောက်ရခဲ့သလဲ ပိုက်ဆံတွေ ရေတွက်ရအောင် ”
အကိုဖြစ်သူ ပြန်ပြောလိုက်တာက
” မမိုက်မဲစမ်းပါနဲ့ညီရာ ၊ ငွေတွေက အများကြီးပဲ ငါတို့ ရေတွက်ရင် ၊ အရမ်းကြာလိမ့်မယ် ။ ဒီနေ့ည ရုပ်မြင်သံကြား သတင်းမှာ ငါတို့ ဘဏ်က ဘယ်လောက် လုယက်လာတယ်ဆိုတာ ကြေငြာပါလိမ့်မယ် ”
ဒါကို အတွေ.အကြုံလို့ ခေါ်တယ် ။ ဒီနေ့ခေတ်မှာ ၊ အတွေ.အကြုံဟာ ဘွဲ.လက်မှတ်တွေထက် ပိုအရေးကြီးတယ် ။

မဖြစ်နိုင်တဲ့ အခွင့်အရေးကို မိမိကိုယ်ကျိုးအဖြစ် ပြောင်းလဲပါ
…………………………………………………………………
ဘဏ်လုယက်သူတွေ ဘဏ်က ထွက်ခွါသွားတော့ ဘဏ်မန်နေဂျာက ကြီးကြပ်ရေးမှုးအား ရဲကို အမြန်ဆုံးခေါ်ဖို့ ပြောတယ် ။
ဒါပေမဲ့ ကြီးကြပ်ရေးမူးက
” ခဏနေအုန်း ၊ ကျွန်တော်တို့အတွက် ၁၀ သန်းလောက် ခိုးထားရအောင် ။ ပြီးတော့ ကျွန်တော်တို့ ဘဏ်က အလွဲသုံးစားလုပ်ထားတဲ့ သန်း ၇၀ ပါ ပေါင်းလိုက်ကြစို့ ”
ဒါကို ဒီရေနဲ့အတူ ကူးခတ်ခြင်းလို့ ခေါ်တယ် ။ မဖြစ်နိုင်တဲ့ အခွင့်အရေးကို မိမိကိုယ်ကျိုးအဖြစ် ပြောင်းလဲနိုင်ခြင်း

သင့်ရဲ့ ပျော်ရွှင်မှုဟာ သင့်ရဲ့ အလုပ်ထက် ပိုအရေးကြီးတယ်
………………………………………………………………..
ကြီးကြပ်ရေးမူးက ထပ်ပြောတာက
” ဘဏ်လုယက်သူတွေ လစဉ် ပုံမှန် လာလုရင် သိပ်ကောင်းမှာပဲ ”
ဒါကို ပျင်းရိခြင်းကို ချိုးနှိမ်ခြင်းလို့ ခေါ်တယ် ။ သင့်ရဲ့ ပျော်ရွှင်မှုဟာ သင့်ရဲ့ အလုပ်ထက် ပိုအရေးကြီးတယ် ။

အသိဥာဏ် ဟာ ရွှေလို တန်ဘိုးရှိတယ်
…………………………………………
နောက်တနေ့မှာ ရုပ်မြင်သံကြားသတင်းတွေက ဘဏ်လုယက်သူတွေ ဘဏ်က သန်း ၁၀၀ လုယက်သွားကြောင်း သတင်းကြေငြာကြတယ် ။
လုယက်သူတွေလည်း ငွေတွေကို စတင်ရေတွက်ကြတော့တယ် ။ ဒါပေမဲ့ သူတို့ လုယက်လာတဲ့ ငွေတွေဟာ သန်း ၂၀ ပဲ ရှိတာကိုတွေ.လိုက်ရတယ် ။
ဒီတော့ လုယက်သူတွေဟာ ဒေါသထွက်ပြီး
” ငါတို့မှာတော့ အသက်စွန့်ပြီး အလုပ်လုပ်ခဲ့ပေမဲ့ သန်း ၂၀ ပဲ ရတယ် ၊ ဘဏ်မန်နေဂျာကတော့ လက်ကလေး တချက်လှုပ်တာနဲ့ သန်း ၈၀ ရသွားတယ် ။ ပညာဆိုတာ ခိုးတာထက် ပိုတန်ဘိုး ရှိပါလား ”
ဒါကို အသိဥာဏ် ဟာ ရွှေလို တန်ဘိုးရှိတယ် လို့ခေါ်တယ်။

ဘဏ်မန်နေဂျာလည်း စတော့ ရှယ်ယာ ဈေးကွက်မှာ ရူံးခဲ့တဲ့ ငွေတွေ ဘဏ် ဓားပြ တိုက်မှုကနေ ပြန်ရလိုက်လို့ ပြုံးပျော်နေတယ် ။
ဒါကို အခွင့်အရေး ဖန်တီးခြင်းလို့ခေါ်တယ် ။
………………………………………………
ဒါဆို ဒီအဖြစ်အပျက်မှာ ဘယ်သူက တကယ့် သူခိုးလဲ

ရဲသူရိန်မင်း

ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်တွေဖတ်စေချင်သည်

$
0
0

Public Policy ဗဟုသုတအဖြစ်ပြန်လည်မျှဝေပါသည်
ချင်းပြည်နယ်ဖွံ့ဖြိုးရေး

(40-60 Window)
ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက်ဆိုလျင် နိုင်ငံတော်အစိုးရမှ နှစ်စဉ်ခွဲဝေ ချထားပေးသော (တနည်း) ပြည်ထောင်စု+ပြည်နယ် ဟူသော ခေါင်းစဉ်နှစ်ခုဖြင့် ချင်းပြည်နယ်မှ နှစ်စဉ်ခွဲဝေရရှိသော ဘတ်ဂျတ်နှင့် လုံလောက်ခြင်း မရှိပါ။ နှစ်စဉ် နိုင်ငံတော်မှ ခွဲဝေ ချထားပေးသော ဘတ်ဂျတ်ကို အဓိကအားဖြင့် လမ်း၊ တံတား၊ လျှပ်စစ်မီး၊ ရုံး အဆောက်အဦအစရှိသော အခြေခံအဆောက်အအုံ များ (infrastructure) တည်ဆောက်ရေးအတွက် အသုံးပြုပါသည်။ ထို့ကြောင့် အစိုးရဘတ်ဂျတ် အများဆုံးကို တည်ဆောက်ရေးလုပ်ငန်းများအတွက် အသုံးပြုခြင်းဖြစ်ပါသည်။

လူတစ်ဦးချင်း၊ မိသားစု တစ်စုချင်းအတွက် လူမှုစီးပွားဖွံ့ဖြိုးရေး (တနည်း) ဝင်ငွေတိုးရေးနှင့် နေထိုင်မှုအဆင့်အတန်းတိုးတက်လာ ရေးအတွက် ပြည်သူလူထုများကိုယ်တိုင် သုံးစွဲရပါသည်။ လူတစ်ဦး ချင်း၊ မိသားစု တစ်စုချင်း ဖွံ့ဖြိုးလာနိုင်ဖို့ ၎င်းတို့ကိုယ်တိုင် ရင်းနှီး မြှပ်နှံရန် သို့မဟုတ် တစ်စုံတဦးက ရင်းနှီးမြှပ်နှံပေးရန် လိုအပ် ပါသည်။ နိုင်ငံတော်မှ ခွဲဝေချထားပေးသော နှစ်စဉ် ဘတ်ဂျတ်မှ သုံးစွဲနိုင်ခြင်း မရှိပါ။ ထို့ကြောင့် လူတစ်ဦးချင်း၊ မိသားစု တစ်စုချင်း အတွက် အစိုးရဘတ်ဂျတ်မဟုတ်သော ရင်းနှီးမြှပ်နှံမှု လိုအပ်ပါ သည်။

ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် နှစ်စဉ် ငွေကျပ် ၁၀၀ လိုအပ်သည် ဟု ဆိုပါစို့။ နိုင်ငံတော်မှ ယခုလက်ရှိပေးနိုင်သော ပမာဏသည် ၄၀ ကျပ်သာရှိပြီး၊ နောက်ထပ် ၆၀ ကျပ် လိုအပ်သေးသည်ဟူသော အယူအဆကို ၄၀-၆၀ ပြတင်းပေါက် (40-60 window) ဟူ၍ ခေါ်ဝေါ်ကြည့်ပါသည်။ ဤအယူအဆအရ ချင်းပြည်နယ် ဖွံ့ဖြိုးရေး အတွက် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်အတွက်ဆိုလျင် ပြင်ပ/ပုဂလိက ရင်းနှီးမြှပ်နှံမှု မဖြစ်မနေလိုအပ်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ချင်းပြည်နယ်အတွက် လိုအပ်သည်မှာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှပ်နှံမှုများများ ဝင်ရောက်လာဖို့ဖြစ်ပါသည်။ 40-60 Window ယူဆချက်အရ လုံလောက်သော ပြည်တွင်း/ပြည်ပ ရင်းနှီးမြှပ်နှံမှု မရှိဘဲ ချင်းပြည်နယ် မဖွံ့ဖြိုးနိုင်ပါကြောင်း။ ။

၄၀-၆၀ ပြတင်းပေါက် (40-60 Window) အယူအဆဆိုတာ နိုင်ငံတော် အစိုးရက ချင်းပြည်နယ်အတွက် နှစ်စဉ်ခွဲဝေချထား ပေးတဲ့ ရန်ပုံငွေ တစ်ခုတည်းကိုပဲ အသုံးပြုပြီး ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ဖို့ ရန်ပုံငွေ မလုံလောက်ဘူးဆိုတဲ့ စဉ်းစားချက်မှာ အခြေခံတာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် လုပ်ကြရင် အစိုးရရဲ့အား တစ်ခုတည်းနဲ့ မဖြစ်နိုင်ဘူးဆိုတာကိုလည်း မီးမောင်းထိုးချင်တာ ဖြစ်ပါတယ်။

အရေးကြီးတာက ၄၀ ဘက်ခြမ်းကိုအခြေခံပြီး ၆၀ ဘက်ခြမ်းကို အားထည့် ဖို့ဖြစ်ပါတယ်။ လောလောဆယ် ၆၀ ဘက်ခြမ်းက ပျောက်နေပါ သေး တယ်။ ၂၀၁၅-၁၆ ဘတ်ဂျတ်နှစ်အထိ ချင်းပြည်နယ်က အစိုးရ မဟုတ်တဲ့ ပြင်ပ ရင်းနှီးမြှပ်နှံမှု သုည (Zero Investment) အခြေအနေ ဖြစ်ခဲ့ပါ တယ်။ ယခုအစိုးရရဲ့ ၅ နှစ်သက်တမ်းအတွင်း ဘဲဥကွဲ ရုံမက ၆၀ ဘက်ခြမ်းရဲ့ တစ်ဝက် လောက်အထိ ရလာအောင် ဖိတ်ခေါ်နိုင်ပါမှ ချင်းပြည်နယ်အတွက် အလားအလာ ကောင်းပါလိမ့်မယ်။

၆၀ ဘက်ခြမ်း ပြည့်မီလာအောင်ဆိုရင် ပုဂလိက ရင်းနှီးမြှပ်နှံမှုတွေ ကို အထူးအားပေးဖိတ်ခေါ်ရမှာဖြစ်ပါတယ်။ ပုဂလိက ရင်းနှီးမြှပ်နှံသူ တွေ အားကောင်းလာမှ မလိုအပ်တဲ့ ဘဏာငွေ အလေအလွင့် မဖြစ် အောင်၊ လုပ်ငန်းနှင့် ဝန်ထမ်းများရဲ့ အရည်အသွေး မပြည့်မီမှုတွေ မဖြစ်အောင်... ထိန်းသိမ်းသွားနိုင်မှာဖြစ်ပါတယ်။ ၄၀ ဘက်ခြမ်းကို အားပြုနေသရွေ့ အခုနက စိန်ခေါ်မှုတွေက ကြီးစိုးနေအုံးမှာပါ။ လက်ရှိအစိုးရလက်ထက်မှာတော့ ချင်းပြည်နယ်ကို ရင်းနှီးမြှပ်နှံမှု ဝင်ရောက်လာဖို့ အခြေအနေကောင်းတွေ ရှိနေပါတယ်။

အဲဒီအတွက် ပုဂလိက ကဏ(private sector) အားကောင်း လာဖို့၊ ကော်ပိုရိတ် ရင်းနှီးမြှပ်နှံမှုတွေ (corporate investment) တွေ ဝင်ရောက်လာနိုင်ဖို့ အားကြိုးမာန်တက် ဆောင်ရွက်ကြရမှာပါ။ အစိုးရရဲ့တာဝန်ကတော့ ၆၀ ဘက်ခြမ်းမှာ ပိုက်ဆံတွေ စည်းကမ်းတကျ... ပွင့်လင်းမြင်သာမှုရှိရှိ... ပြည်နယ်သူ၊ ပြည်နယ်သားတွေကို ထိခိုက်နစ်နာမှု မရှိစေဘဲ... ဝင်ရောက်လာနိုင် ဖို့ ၄၀ ဘက်ခြမ်းကနေ စနစ်တကျ မှန်မှန်ကန်ကန် စီမံခန့်ခွဲပေးဖို့ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာမှာလို နောက်ထပ် စီမံခန့်ခွဲမှု အလွဲတွေ ထပ်မံ မဖြစ်ပေါ်ဖို့ အားလုံးဝိုင်းဝန်း ကြိုးစားရမှာပါ။ ။

Micro, Small and Medium Enterprises
ချင်းပြည်နယ် လူဦးရေ၏ ၇၄ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးသူများ ဖြစ်ကြောင်း ကုလသမဂအဖွဲ့အစည်းတစ်ခု၏ စစ်တမ်းတွင် ဖော်ပြ ထားပါသည်။ ထို့ကြောင့် ချင်းပြည်နယ် ဖွံ့ဖြိုးရေးဟုဆိုလျင် ယင်း ၇၄ ရာခိုင်နှုန်းသော လူများစုကြီးကို အခြေခံ၍ စဉ်းစားသော ဖွံ့ဖြိုးရေးဖြစ်ရပါမည်။ ထို့ကြောင့် ချင်းပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမူဝါဒသည် ဆင်းရဲနွမ်းပါးသူများကို ဦးတည်စဉ်းစားသော၊ ဆင်းရဲနွမ်းပါးသူများအတွက် အပြောင်းအလဲ ကို ဖော်ဆောင်ပေးနိုင်သော မူဝါဒမျိုး (Pro-poor policy) ဖြစ်ရပါမည်။

လက်ရှိတွင် ချင်းပြည်နယ်အစိုးရအနေဖြင့် ချင်းပြည်နယ်အတွင်း အသေးစားနှင့် အလတ်စား လုပ်ငန်းများ (SMEs) ဖွံ့ဖြိုးရေးကို ဆင်းရဲနွမ်းပါးသူများကို အခြေခံစဉ်းစားသော မဟာဗျုဟာ (Pro-poor strategy) တစ်ရပ်အဖြစ် အသုံးပြုနိုင်ရန် ကြိုးစားလျှက် ရှိပါသည်။ သို့သော် လက်ရှိအသုံးပြုနေသည့် အသေးစားနှင့် အလတ်စား လုပ်ငန်း (Small and Medium Enterprise) နှင့် ပတ်သက်သော အဓိပါယ် သတ်မှတ်ချက်အရ ချင်းပြည်နယ်ရှိ လူအများစုအတွက် တကယ် အလုပ်ဖြစ်မည့်အနေအထားမှာ အိမ်တွင်း/မိသားစုအခြေပြု တစ်ပိုင်တနိုင် လုပ်ငန်းများ (Micro Enterprise) အဆင့်ဖြင့် စတင်ဆောင်ရွက်ရန်ဖြစ်ပါသည်။

တစ်ပိုင်တနိုင်လုပ်ငန်းများကို အခြေပြု၍ SME အားကောင်း အောင် ပံ့ပိုးကူညီနိုင်လျင် လူတစ်ဦးချင်း/မိသားစု ဝင်ငွေ ပိုမို တိုးတက်လာ နိုင်မည်ဖြစ်သလို၊ ပြည်နယ်တွင်း အလုပ်လက်မဲ့ ပြသနာကိုလည်း အတိုင်းအတာတစ်ခုထိ ဖြေရှင်းလာနိုင်မည် ဖြစ် ပါသည်။ ချင်းပြည်နယ်အတွင်း တစ်ပိုင်တနိုင်လုပ်ငန်းများ အဆင့် ဖြင့် အစပြု သော SME လုပ်ငန်းများ အားကောင်းလာနိုင်ရေး အတွက် အရေး တကြီး လိုအပ်သည်မှာ နည်းပညာ (technology)၊ အရင်းအနှီး (capital)နှင့် ဈေးကွက် ချိတ်ဆက်ခြင်း (market accesibility) တို့ဖြစ်ပါသည်။

ထို့ကြောင့် ချင်းပြည်နယ် ဖွံ့ဖြိုးရေးဟုဆိုလျင် ချင်းပြည်နယ် အတွင်း လူတစ်ဦးချင်း/မိသားစုတစ်စုချင်း ထုတ်ကုန် ထုတ်လုပ် နိုင်ရေးကို အလေးထားရမည် ဖြစ်ပါသည်။ ထိုအတွက် ချင်း ပြည်နယ်အတွင်း private sector အားကောင်းလာအောင် အားပေးဆောင်ရွက်ဖို့ လိုအပ်ပါသည်။ ထို့အတူ အစိုးရအနေဖြင့် လည်း ရှုပ်ထွေးကြန့်ကြာသော လုပ်ထုံးလုပ်နည်းအဆင့်များကို ဖြေလျှော့ ပေး နိုင်ဖို့ ဆောင်ရွက်ရပါမည်။ ကြိုးနီစနစ်များလေလေ ဆင်းရဲနွမ်းပါးသော မိသားစုများအနေဖြင့် နိုင်ငံတော်၏ အကူအညီ အထောက်အမ ရနိုင်ခြေ နည်းလေလေ ဖြစ်တတ်ပါသည်။ ။

Branded Local Products
ချင်းပြည်နယ်မှ ဈေးကွက်ရောင်းတန်းဝင် ထွက်ကုန်မရှိဘူးဟု ပြောလျင် မိမိအနေဖြင့် လက်မခံနိုင်ပါ။ ချင်းပြည်နယ်တွင် မြန်မာပြည်တွင်းမှာသာမက ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်သည့် ထွက်ကုန်များရှိပါသည်။ အရည်အသွေးရော၊ အရေအတွက်ပါ လုံလောက်စွာထုတ်လုပ်နိုင်သောထွက်ကုန်များ ဖြစ်ပါသည်။ အောက်တွင် ဥပမာအချို့ကို ဖော်ပြပါမည်။

တီးတိန်ဘက်တွင် စိုက်ပျိုးထုတ်လုပ်သော ချင်းတောင် ကော်ဖီ သည် မြန်မာနိုင်ငံတွင်သာမက အရှေ့တောင် အာရှဈေးကွက်သို့ပါ အသာတကြည် ထိုးဖောက်နိုင်သော ထွက်ကုန်တစ်ခုဖြစ်ပါသည်။ အရည်အသွေးမှာ နိုင်ငံတကာ စံချိန်စံညွန်းပြည့်မီသည်သာမက၊ အနံ့ အရသာမှာလည်း ပြည်တွင်း၊ ပြည်ပ ကော်ဖီသောက်သုံးသူ များ အကြိုက်ဖြစ်ပါသည်။ ယခုအချိန်သည် မြန်မာနိုင်ငံတွင် သာမက အရှေ့တောင်အာရှတခွင်တွင်ပါ ကော်ဖီသောက်သုံးသူ အရေ အတွက်မှာ တစ်နေ့တခြား တိုးတက် များပြားလာနေချိန် ဖြစ်သဖြင့် ချင်းတောင်ကော်ဖီ၏ ဈေးကွက်သည် ကြီးထွားကျယ်ပြန့် နေသော ဈေးကွက် (expanding market) ဖြစ်ပါသည်။

မင်းတပ်၊ ကန်ပက်လက်ဘက်တွင် စိုက်ပျိုးထွက်ရှိသော ထောပတ် သီးသည်လည်း ပြည်တွင်းတွင်သာမက ထိုင်းနှင့်ဟောင်ကောင် ဈေးကွက်အထိပါ တင်ပို့ရောင်းချနိုင်သောဈေးကွက်ရောင်းတန်း ဝင် ထွက်ကုန်တစ်ခု ဖြစ်ပါသည်။ ယခင်က ချင်းတောင် ထောပတ်သီး အကြောင်း လူသိမများခဲ့သော်လည်း ယခုအခါ မြန်မာနိုင်ငံရှိ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူ များ အသိုင်းအဝိုင်းတွင် ချင်းတောင်ထောပတ်သီး ကို Chinogado အဖြစ် တဖြည်းဖြည်း လူသိများလာပြီး၊ ဈေးကွက် အလားအလာ ကောင်းများရှိနေသည့်ထွက်ကုန် (a promising product) တစ်ခု ဖြစ်ပါသည်။

ဟားခါးတဝိုက်တွင် ယက်လုပ်ရောင်းချသော ချင်းရိုးရာ ဂျပ်ခုတ် ထည် များသည် နောက်ထပ် ဈေးကွက်ရောင်းတန်းဝင် ထုတ်ကုန် တစ်ခုဖြစ်ပါသည်။ ဝတ်ဆင်သူအမျိုးသမီး အမျိုးသားများ (လူကြီး၊ လူငယ်မရွေး) အတွက် စတိုင်ရှိခြင်း၊ အဆင်လှပခြင်း၊ လက်ရာ ကောင်းမွန်ခြင်း စသည်တို့ကြောင့် ထိုင်း ဇင်းမယ်ထည်များကို ဈေးကွက်၌ ကောင်းကောင်း ယှဉ်ပြိုင်နိုင်သော အရည်အသွေးရှိပါ သည်။ အထူးသဖြင့် ဒေသခံအမျိုးသမီးများ ယက်လုပ်ခြင်းဖြစ်သ ဖြင့် women economic empowerment အဖြစ် ပိုလို့ပင် ဈေးကွက်ဆွဲဆောင်မှုရှိပါသည်။

ကန်ပက်လက်၊ ပလက်ဝဘက်တွင် စိုက်ပျိုးထွက်ရှိသော ဝဥသည် တရုတ်ဈေးကွက်တွင် ရောင်းတန်းဝင် ထွက်ကုန်တစ်ခုဖြစ်ပါသည်။
စိုက်ပျိုးရာတွင်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အင်မတန် နည်းပြီး၊ ရွှေ့ပြောင်းတောင်ယာစနစ်ကို အစားထိုးနိုင်သော အခြေအနေလည်းရှိပါသည်။ အခြောက်လှမ်းစနစ်ကို အဆင့်မြှင့် တင် ဆောင်ရွက်နိုင်လျင် ချင်းတောင် ဝဥသည် အော်ဂင်းနစ် ဝဥ အဖြစ် ဈေးကွက်ရောင်းတန်းဝင်နေမည် ဖြစ်ပါသည်။

အထက်တွင် ဖော်ပြသောထွက်ကုန်များမှာ ဥပမာအချို့သာ ဖြစ်ပါ သည်။ ချင်းပြည်နယ်မှ ဈေးကွက်ဝင်ဒေသထွက်ကုန်များအတွက် စိုက်ပျိုးထုတ်လုပ်/ထုပ်ပိုးမှုနည်းပညာ၊ ဈေးကွက်သို့ အရည်အသွေး ပြည့်မီစွာဖြင့်တင်ပို့ ရောင်းချခြင်း နှင့် သုတေသန လုပ်ငန်းများတွင် ငွေကြေးရင်းနှီးမြှပ်နှံမှုပြုလုပ်ရန် လိုအပ်ပါသည်။ ကနဦး ရင်းနှီး မြှပ်နှံမှု (initial investment cost) ပမာဏ အတန်ငယ်များ နိုင်သည့်တိုင် ရေရှည်တွင် အမြတ်ငွေပေါ်နိုင်မှု (return rate) လျင်မြန်သေချာမည့်နယ်ပယ်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

Development Geography
ချင်းပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ချင်းပြည်နယ်ကိုဖွံ့ဖြိုးရေးဇုန်လေးခုဖြင့် စဉ်းစား ကြည့်သင့်ပါသည်။ ပထဝီအနေအထားနှင့် မြေနေရာ အကျယ် အဝန်း၊ လူဦးရေ အချိုးအဆ၊ ဒေသ ထွက်ကုန် အမျိုးအစားနှင့် ကုန်စည်စီးဆင်းမှု လမ်းကြောင်း တူညီ နီးစပ်မှု၊ ဆက်သွယ်ပြောဆို သည့် စကားအုပ်စု တူညီနီးစပ်မှုအစရှိသည်တို့ကို အခြေခံ၍ မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်းနှင့် တောင်ဘက်စွန်းဟူ၍ ဇုန်လေးခု ပိုင်းခြားစဉ်းစားနိုင်ပါသည်။

မြောက်ပိုင်းဇုန်တွင် တီးတိန်နှင့် တွန်းဇန်မြို့နယ်တို့ ပါဝင်ပါသည်။ လူဦးရေ တစ်သိန်းနှစ်သောင်းကျော်ရှိပါသည်။ ကော်ဖီ၊ ပြောင်း စသည် တို့ကို အဓိက စိုက်ပျိုးထုတ်လုပ်နိုင်ပါသည်။ ရိခေါဒါရ်-တီးတိန်-ကလေး လမ်းကြောင်းဖြင့်လည်းကောင်း၊ ကျီခါး-တွန်းဇန်-တီးတိန်-ကလေး လမ်းကြောင်းဖြင့်လည်းကောင်း ချင်းပြည်နယ် ပြင်ပ နှင့် ကုန်စည်စီးဆင်းမှုရှိပါသည်။

အလယ်ပိုင်းဇုန်တွင် ဖလမ်း၊ ဟားခါးနှင့် ထန်တလန် မြို့နယ်များ ပါဝင်ပြီး၊ လူဦးရေ တစ်သိန်းသုံးသောင်းကျော်ရှိပါသည်။ ဖလမ်း မြို့နယ်အတွင်းမှ မီးဖိုချောင်သုံး အော်ဂင်းနစ်ဟင်းသီးဟင်းရွက်များ အပါအဝင် ပန်းသီး၊ စပျစ်၊ ထောပတ်သီးစသည်ဖြင့် လည်းကောင်း၊ ချင်းရိုးရာဂျပ်ခုတ်ထည်များစသည်ဖြင့်လည်းကောင်း ထုတ်လုပ်နိုင် ပါသည်။ စာစီချောက်-ထန်တလန်-ဟားခါး-ကလေး လမ်းကြောင်း ဖြင့်လည်းကောင်း၊ ထန်တလန်-ဟားခါး-ဂန့်ဂေါ လမ်းကြောင်းဖြင့် လည်းကောင်း ချင်းပြည်နယ် ပြင်ပနှင့် ကုန်စည်စီးဆင်းမှုရှိပါသည်။

တောင်ပိုင်းဇုန်တွင် ကန်ပက်လက်၊ မင်းတပ်နှင့် မတူပီ မြို့နယ်များ ပါဝင်ပါသည်။ လူဦးရေ တစ်သိန်းနှစ်သောင်းကျော်ရှိပါသည်။ ထောပတ်သီး၊ ဝဥ၊ အစရှိသော ထွက်ကုန်များရှိပါသည်။ ဤဇုန် အတွင်း ခေါနူးစုမ် အမျိုးသားဥယျာဉ်နယ်မြေတည်ရှိသဖြင့် သဘာဝ ခရီးသွားလုပ်ငန်းကို အထူးဆောင်ရွက်နိုင်ပါသည်။ လိုင်လင်းပီ-ရေဇွာ-မတူပီ-အိုက်ကား- ဂန့်ဂေါလမ်းကြောင်းဖြင့်လည်းကောင်း၊ မတူပီ-မင်းတပ်-(ကန်ပက်လက်)-ပခုကူ လမ်းကြောင်းဖြင့် လည်းကောင်း ချင်းပြည်နယ် ပြင်ပနှင့် ကုန်စည်စီးဆင်းမှုရှိပါသည်။ ကျောက်ထုလေယာဉ်ကွင်းကို ပြန်လည်အသုံးပြုနိုင်ပါက ပိုမိုအဆင် ပြေသွားမည်ဖြစ်ပါသည်။

တောင်ဘက်စွန်းဇုန်တွင် ပလက်ဝမြို့နယ်ပါဝင်ပါသည်။ လူဦးရေ တစ်သိန်း မပြည့်တပြည့်ဖြစ်ပါသည်။ ဝဥ၊ သရက်၊ လိမ်မော် အပါအဝင် ကုလားတန်မြစ်ဝှမ်းလွင်ပြင် အခြေပြုစိုက်ပျိုးမှုများ ဆောင်ရွက်နိုင်ပါသည်။ အင်ဒီယနိုင်ငံမှတည်ဆောက်နေသော ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးပို့ဆောင်ရေးစီမံကိန်းတွင် ပါဝင် သည့် ပလက်ဝဆိပ်ကမ်းကို ဒေသဖွံ့ဖြိုးရေးအတွက် အသုံးချနိုင်ပါ သည်။ ပလက်ဝ-ကျောက်တော်-မန်းတလေး လမ်းကြောင်းဖြင့် လည်းကောင်း၊ မတူပီ-ဆမီး-ကျောက်တော်-စစ်တွေ လမ်းကြောင်း ဖြင့်လည်းကောင်း ကူးလူးသွားလာနိုင်ပါသည်။

ချင်းပြည်နယ်အတွင်းရှိ ဒေသအသီးသီးအား အချိုးညီဖွံ့ဖြိုးတိုးတက် အောင် (equitable development) ဆောင်ရွက်မည်ဆိုလျင် ကိုးမြို့နယ်အခြေပြု စဉ်းစားနည်းထက် ဇုန်လေးခုအခြေပြုစဉ်းစား နည်းက နောက်ထပ်ထည့်သွင်းသင့်သော စဉ်းစားပုံနည်းလမ်းတစ်ခု ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။ ။

From Landlocked state to Land linking state
ချင်းပြည်နယ်၏ ဖွံ့ဖြိုးရေးပထဝီကို ဇုန်လေးခုပိုင်းခြားဆောင်ရွက် လျင် ပြည်နယ်အတွင်း ၄၀ ဘက်ခြမ်းကို စီမံခန့်ခွဲရာတွင် ဘက်မျှ သော အရင်းအမြစ်ခွဲဝေသုံးစွဲမှုဖြစ်ပေါ်နိုင်ရေးအတွက် ဖော်ဆောင်၊ ထိန်းကျောင်းနိုင်မည်ဖြစ်ပါသည်။ တစ်ချိန်တည်းတွင် ချင်းပြည်နယ် ၏ ဒေသတွင်း ပထဝီအနေအထားတည်ရှိမှုကို အခြေခံ၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းကို ဖော်ထုတ်ရန်လိုအပ်ပါသည်။

ချင်းပြည်နယ်သည် အနောက်ဘက်ခြမ်းတွင် ဘင်္ဂလားဒေ့ရှ်နှင့် အင်ဒိယ နိုင်ငံတို့တည်ရှိပြီး၊ တောင်ဘက်တွင် ရခိုင်ပြည်နယ်၊ အရှေ့ဘက်ခြမ်းတွင် စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့ တည်ရှိ ပြီး၊ တောတောင်ထူထပ်သောပြည်နယ်တစ်ခုဖြစ်သဖြင့် မကြာခဏ ကုန်းတွင်းပိတ်ပြည်နယ် (landlocked state) အဖြစ် တင်စား လေ့ရှိပါ သည်။ ထိုသို့တင်စားရာတွင်လည်း ကုန်သွယ်ရေးအခွင့် အလမ်း နိမ့်ကျနည်းပါးသော၊ မျှော်လင့်နိုင်ဖွယ်အခြေအနေ ရှားပါး သော အဖြစ်အနေမျိုးကို ပုံဖော်လိုဟန်ရှိပါသည်။

အမှန်တွင် ချင်းပြည်နယ်သည် အင်ဒီယနိုင်ငံ၏ အရှေ့ဘက်သို့ ဆန့်ထွက်ခြင်းမူဝါဒ (Act East Policy) (ယခင်က အရှေ့ဘက် သို့ မျှော်ကြည့်ခြင်းမူဝါဒ -Look East Policy ဟုခေါ်သည်) ၏ အချက်အခြာ တံခါးပေါက်တွင်ရှိနေပါသည်။ ချင်းပြည်နယ် မပါဘဲ အင်ဒီယအနေဖြင့် Act East Policy ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ရန် မဖြစ်နိုင်ပါ။

ထို့အတူ ကုလားတန်မြစ်ကြောင်းဘက်စုံသုံးပို့ဆောင်ရေး စီမံကိန်း ၏လိုရင်းဖြစ်သော ကာလကတား-စစ်တွေ-ပလက်ဝ-ဆိုင်ဟာ လမ်းကြောင်းမှတစ်ဆင့် အင်ဒီယ အရှေ့မြောက်ပိုင်းပြည်နယ် များ၏ ပင်လယ်ထွက်ပေါက်ရရှိရေးသည်လည်းကောင်း၊ မီဇိုရမ်ပြည်နယ် အတွက် အိုင်ဇော- စမ်ဖိုင်-ရိခေါဒါရ်- ကလေး-မန်းတလေး-မြဝတီ လမ်းကြောင်းမှတဆင့် အာဆီယံဒေသတွင်းသို့ ကုန်စည်ကူးသန်း ရောင်းဝယ်ရေးသည် လည်းကောင်း ချင်းပြည်နယ်ကို ဆက်ကြောင်း နယ်မြေ (landlink) အဖြစ် အသုံးမပြုဘဲ မဖြစ်နိုင်ပါ။

ထို့ကြောင့် အင်ဒီယနှင့် အာဆီယံ အသိုက်အဝန်းနှစ်ခုကြား ချိတ်ဆက် လမ်းကြောင်းပေါ်တွင်ရှိသော ချင်းပြည်နယ်အနေဖြင့် အင်ဒီယဘက်ကို ဈေးညှိ (bargain လုပ်) နိုင်ရန်လိုအပ်ပါသည်။
ထို့အတွက် ရေရှည်တွင် မဟာဗျုဟာမြောက် အလုပ်ဖြစ်နိုင်သော နယ်စပ်ဆက်ဆံရေးနှင့် ကုန်သွယ်ရေးမူဝါဒကောင်းကောင်းရှိဖို့နှင့် ရင်းနှီးမြှပ်နှံရေးဆိုင်ရာများကို ကျွမ်းကျင်ပိုင်နိုင်စွာ တာဝန်ယူ ဆောင်ရွက်နိုင်မည့် ဖွံ့ဖြိုးရေးဘောဂဗေဒပညာရှင်များ (development economists) လိုအပ်ပါသည်။

Transport Connectivity
ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်
အရာများတွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှု (basic infrastructure development) သည် ပြင်ပရင်းနှီးမြှပ်နှံမှု ဝင်ရောက်နိုင်ရေးအတွက် အရေးကြီးသကဲ့သို့၊ ပြင်ပရင်းနှီးမြှပ်နှံမှု ကို ဖိတ်ခေါ်ရမည့်ကဏလည်းဖြစ်ပါသည်။ ၎င်းအခြေခံ အဆောက် အအုံများအနက် ပထမအရေးကြီးဆုံးလိုအပ်ချက်မှာ ၁၂ လ စလုံး လုံခြုံချောမွေ့စွာ အသုံးပြုသွားလာနိုင်သည့်လမ်းပန်းဆက်သွယ် ရေး လမ်းကြောင်းပင် ဖြစ်ပါသည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ ချင်းပြည်နယ် လမ်းဦးစီးဌာန ၏ စာရင်းအရ ချင်းပြည်နယ်တွင် ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲ သည့် လမ်း (၈) လမ်း၊ ပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့်လမ်း (၂၃) လမ်း၊ စုစုပေါင်း (၃၁)လမ်းရှိပြီး၊ လမ်းအရှည်မိုင်ပေါင်း (၁၂၂၄) မိုင် (၃) ဖာလုံဖြစ်ပါသည်။ အမျိုးအစားအလိုက် ပြောရ လျင် ကွန်ကရစ် လမ်း (၆) ဖာလုံ၊ ကတ်တရာလမ်း (၃၈၅) မိုင် (၄) ဖာလုံ၊ ကျောက်ခင်း လမ်း (၂၇၉) မိုင် (၆) ဖာလုံ၊ အမာခံလမ်း (၁၇၉) မိုင် (၁) ဖာလုံ၊ မြေလမ်း (၃၇၉) မိုင် (၂) ဖာလုံဖြစ်ပါသည်။

အထက်ပါစာရင်းသည် လမ်း ဦးစီးဌာနပိုင်လမ်းများဖြစ်ပြီး၊ မြို့တွင်း စည်ပင်ပိုင်လမ်းများ၊ ကျေးလက်ဦးစီးဌာနနှင့် နတလဦးစီးဌာနပိုင် ကျေးရွာချင်းဆက်လမ်းများနှင့် အစိုးရမဟုတ်သည့်အဖွဲ့အစည်း များ၊ ရွာသူရွာသားများကိုယ်ထူကိုယ်ထဖောက်လုပ်သည့်လမ်းများ ပါဝင် ခြင်း မရှိသေးပါ။ မြို့နယ်အကျယ် အဝန်းနှင့် လူဦးရေ အချိုးအဆ အရ ကားလမ်းမိုင်အနည်းဆုံးမှာ ပလက်ဝမြို့နယ် ဖြစ်ပါသည်။ ပလက်ဝမြို့နယ်တွင် ကားလမ်းအစား ကုလားတန်နှင့် လေးမြို့မြစ် တို့ကို အသုံးပြုကြသော်လည်း ရေလမ်းသည် လုံခြုံ ချောမွေ့သော လမ်းပန်းဆက်သွယ်အခြေအနေတစ်ခု မဟုတ်ပါ။

လေကြောင်းသွားလာရေးအတွက် မြောက်ပိုင်းနှင့် အလယ်ပိုင်း မြို့နယ်များ (တွန်းဇန်၊ တီးတိန်၊ ဖလမ်း၊ ဟားခါးနှင့် ထန်တလန်) အနေဖြင့် ကလေးမြို့လေယာဉ်ကွင်း၊ တောင်ဘက်စွန်း မြို့နယ် (ပလက်ဝ)အနေဖြင့် စစ်တွေလေယာဉ်ကွင်းတို့ကို အသုံးပြုလျှက်ရှိ ပါသည်။ ကျောက်ထုလေယာဉ်ကွင်းကို ပြန်လည်အသုံးပြုနိုင်ပါက တောင်ပိုင်းမြို့နယ်များ (ကန်ပက်လက်၊ မင်းတပ်နှင့် မတူပီ) အနေ ဖြင့် သွားလာရေးပိုမို မြန်ဆန်လွယ်ကူသွားမည်ဖြစ်ပါသည်။
လက်ရှိအစိုးရလက်ထက် ဖလမ်းမြို့တွင် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနမှတာဝန်ယူ၍ လေယာဉ်ကွင်း တည်ဆောက်လျှက်ရှိပါ သည်။ လိုင်လင်းပီနှင့် ပလက်ဝမြို့များတွင်လည်း အသေးစား လေယာဉ်ကွင်းကို ပုဂလိကမှ တည်ဆောက်နိုင်ရန် ခွင့်ပြုထားပြီး ဖြစ်ပါသည်။

အထူးအရေးကြီးသည်မှာ ချင်းပြည်နယ်မြို့အသီးသီးမှ မြို့တော် ဟားခါးသို့ တစ်ရက်အတွင်း ရောက်ရှိနိုင်ရေးဖြစ်ပါသည်။ ထို့အတူ ချင်းပြည်နယ် အတွင်းရှိမြို့များမှ ချင်းပြည်နယ် ပြင်ပသို့ အချိန်တို အတွင်း ကူးလူးဆက်ဆံသွားရောက်နိုင်ရန်လိုအပ်ပါသည်။ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ခြင်းသည် ပြင်ပရင်းနှီးမြှပ်နှံမှု ဝင်ရောက် နိုင်ရေးအတွက် အခြေခံလိုအပ်ချက်တစ်ခု ဖြစ်ပါသည်။ ချင်းပြည်နယ် အတွက် လမ်းပန်းဆက်သွယ်ရေး သည် ဖွံ့ဖြိုးရေး ဆိုင်ရာသာမက နိုင်ငံရေးရာလည်း ဖြစ်ကြောင်း (transport is not only development issue but also political issue) သတိချပ်ရပါမည်။

Narrowing the Connectivity Gaps
ချင်းပြည်နယ်အတွင်းရှိ မြို့နယ် (၉)မြို့နယ်အကြား လမ်းပန်းဆက် သွယ်မှုသည် ယခုထက်ပိုမို လွယ်ကူကောင်းမွန်ပြီး၊ အချင်းချင်း ကူးလူး ဆက်ဆံသွားလာမှုလည်း များပြားလာလျင် ချင်းလူမျိုးများ အချင်းချင်းကြားတွင် အပြန်အလှန် နားလည်မှုနှင့် ချစ်ခင်ညီညွတ်မှု ပိုမိုဖြစ်ထွန်းလာနိုင်မည်ဖြစ်သည်။ တောင်ပိုင်း၊ မြောက်ပိုင်းဆိုသည့် ပြောဆိုသုံးနှုံးမှုများမှသည် ဒေသစွဲ၊ မြို့နယ်စွဲစိတ်များပေါ်ပေါက် ကာ အချင်းချင်း တစ်စိတ်တဝမ်းတည်း မဖြစ်ရသည့်အကြောင်း ချင်းရာ များအနက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းကြောင့် အချင်းချင်း ထိတွေ့မှု နည်းရခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။

ဖွံ့ဖြိုးမှုနိမ့်ကျသောဒေသများမှာ သာမန်အားဖြင့် လမ်းပန်းဆက် သွယ်ရေး ခက်ခဲလေ့ရှိသကဲ့သို့၊ လမ်းပန်းဆက်သွယ်မှုခက်ခဲသော နေရာဒေသများမှာ ဖွံ့ဖြိုးမှု နောက်ကျလေ့ရှိပါသည်။ လမ်းပန်း ဆက်သွယ်မှု ခက်ခဲသဖြင့် ကုန်စည်ဝင်ထွက်စီးဆင်းမှုနည်းပါးလေ့ ရှိသကဲ့သို့၊ ဒေသတွင်းရှိ လူမှုအသိုင်းအဝိုင်းတစ်ခုနှင့်တစ်ခုကြား တွင်လည်း ကုန်သွယ်မှု အကြောင်းပြုကူးလူးဆက်ဆံမှု နည်းပါးလေ့ ရှိပါသည်။ ထိုအခါ လူမှုအသိုင်းအဝိုင်းများကြားတွင် ဆက်သွယ် ဆက်ဆံမှု လေဟာနယ် (communication vaccum) များ ပေါ်ပေါက်လာကာ ခံယူချက်နှင့် ရှုမြင်သုံးသပ်မှု ကွဲပြားခြင်းများ ကြီးစိုးအားကောင်းလာတတ်ပါသည်။

ကောင်းမွန်သောလမ်းများသည် လူမှုအသိုင်းအဝိုင်းများကြား ရင်းနှီး နွေးထွေးသော ဆက်သွယ်ဆက်ဆံမှုတည်ဆောက်ဖို့ ကူညီအားပေး ပါသည်။ အပြန်အလှန်ကူးလူးဆက်ဆံမှုများက ဘုံနားလည်သော ပြောဆိုဆက်ဆံမှုကို ဦးတည်ဖြစ်ပွားစေပါသည်။ လေ့လာချက်များ အရ ချင်းပြည်နယ်အတွင်းမှာပင် ကောင်းမွန်သော လမ်းများရှိပြီး၊ ဘုံနားလည်သော ဘာသာစကားသုံးစွဲမှုရှိသည့် မြို့နယ်များက လမ်းပန်းဆက်သွယ်မှုခက်ခဲပြီး ဘုံနားလည်သော ဘာသာစကား ပြောဆိုသုံးစွဲနိုင်မှုနည်းပါးသောမြို့နယ်များထက် ပို၍ ဖွံ့ဖြိုး တိုးတက် ကြောင်းတွေ့ရပါသည်။

ထို့ကြောင့် ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက်ဆိုလျင် ချင်းပြည်နယ် အတွင်း မြို့နယ်များအားလုံးနှင့် ချိတ်ဆက်သော ကောင်းမွန်သည့် လမ်းများရှိဖို့ လိုအပ်ပါသည်။

Credit ဆလိုင်းအိုက်ဇက်ခင်

ဒူတာတေးကို ဒေါ်အောင်ဆန်းစုကြည် မေးခွန်းထုတ်

$
0
0
ဘေဂျင်းမြို့မှာ ကျင်းပခဲ့တဲ့ ပိုးလမ်းမသစ်ညီလာခံကို တက်ရောက်ခဲ့တဲ့ ဖိလစ်ပိုင် သမတ ဒူတာတေးက တူရကီနဲ့ မွန်ဂိုးလီယာနိုင်ငံတွေ အာဆီယံအဖွဲ့မှာ ပါဝင်နိုင်ရေးအတွက် သူဆက်လက် ကြိုးပမ်းမယ်လို့ မနေ့က ပြောပါတယ်။ အဲဒီနိုင်ငံ ၂ ခုရဲ့ ခေါင်းဆောင်တွေက အာဆီယံကို ဝင်ရောက်လိုတယ်လို့ သူ့ကို ပြောဆိုခဲ့ပြီး အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်တဲ့ သူကလည်း ထောက်ခံတယ်လို့ ဆိုပါတယ်။

အခုလို တူရကီနဲ့ မွန်ဂိုးလီယာနိုင်ငံတွေကို အရှေ့တောင်အာရှနိုင်ငံများအသင်းမှာ ထည့်သွင်းရေးအတွက် ထောက်ခံတင်ပြရာမှာ ပထဝီအနေအထားကို ထည့်သွင်းစဉ်းစားခဲ့ပါသလား လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို မေးခွန်းထုတ်ခဲ့ကြောင်းလည်း ဒူတာတေးကပြောပါတယ်။

ပထဝီအနေအထားအရ တူရကီက အာရှနဲ့ ဥရောပတိုက်ကြားမှာ ရှိပြီး မွန်ဂိုးလီယာက တရုတ်နဲ့ ရုရှားနိုင်ငံတွေအကြားမှာ တည်ရှိတဲ့အတွက် အရှေ့တောင်အာရှဒေသမှာ ပါဝင်ခြင်းမရှိပါဖူး။ ဒါပေမယ့် ဒူတာတေးကတော့ အဲဒီနိုင်ငံ ၂ ခုလုံးဟာ မိမိတို့ဒေသမှာပဲ တည်ရှိတယ်လို့ တုံ့ပြန်ပြောဆိုခဲ့ကြောင်း သိရပါတယ်။

RFA

ရုပ်သံလိုင်းသစ် လုပ်ခွင့်ရတာ ဘယ်သူတွေလဲ

$
0
0

ရင်းနှီးမြှုပ်နှံမှုများစွာပြုလုပ်ရမည့် ရုပ်သံလိုင်းသစ် လုပ်ခွင့်ရသူများမှာ အခွင့်အလမ်းနှင့်အတူ စိန်ခေါ်မှုများကလည်း စောင့်ကြိုလျက်ရှိသည်။ (ဓာတ်ပုံ-စိုင်းဇော်)
ရုပ်မြင်သံကြားကြည့် ပရိသတ် များအတွက် မကြာမီကာလအတွင်း အခမဲ့ ဒစ်ဂျစ်တယ် ရုပ်သံလိုင်းသစ် ငါးလိုင်း ထွက်ပေါ်တော့မည်ဖြစ်သည်။ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားလုပ်ငန်း (MRTV) ၏ ရုပ်သံလိုင်း ငါးလိုင်းတွင် ContentPorvider များအဖြစ် ရုပ်သံထုတ်လွှင့်ခွင့်ရ ပုဂ္ဂလိကကုမ္ပဏီငါးခု ရုပ်သံလိုင်း များဖြစ်သည်။
အဆိုပါလုပ်ကိုင်ခွင့်ရ ကုမ္ပဏီငါးခုကို ဧပြီ ၁၁ ရက်တွင် အစိုးရက ထုတ်ပြန်ခဲ့ပြီး မဇ္ဈိမ၊ ဒီဗီဘီမာတီမီဒီယာဂရု၊ ကောင်း မြန်မာအောင်၊ Young Investment Group နှင့် Fortune International တို့ဖြစ်သည်။

ရုပ်မြင်သံကြားနှ င့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပြင်ဆင်ရေးဆွဲခြင်း၊ နည်းဥပဒေရေးဆွဲခြင်းတို့ ဆောင်ရွက်နေစဉ်၌ပင် ပုဂ္ဂလိကရုပ်သံလိုင်းများရှိလာစေရန် အစိုးရပိုင် ရုပ်သံလိုင်း ငါးလိုင်း ကို ငှားရမ်းထုတ်လွှင့်ခွင့်ပြု ခဲ့သည်။

လက်ရှိထုတ်လွှင့်နေသည့် ပုဂ္ဂလိက ရုပ်သံ ကုမ္ပဏီ များ မရှိသည်တော့မဟုတ်။ ရွှေသံလွင် ကုမ္ပဏီ(Skynet)နှင့် Forever Group (MRTV-4) တို့ရှိနေသော်လည်း ယင်း ကုမ္ပဏီ များသည် ယခင် အစိုးရ လက်ထက်ကတည်းက အစိုးရ နှင့် ဖက်စပ်လုပ်ကိုင်နေ သော ကုမ္ပဏီ များဖြစ်နေသည်။ ယခုထုတ်လွှင့်မည့် ပုဂ္ဂလိက ရုပ်သံလိုင်းသစ် များကို လုပ်ကိုင်လို သူအားလုံးကို အဆိုပြုလွှာများ ဖိတ်ခေါ်ကာ အဆင့်ဆင့်စိစစ် ချထားပေးခဲ့ခြင်းဖြစ်သည်။ ရုပ်သံထုတ်လွှင့်ရန် စိတ်ဝင်စားမှု အဆိုပြုလွှာတင်သည့်ကုမ္ပဏီပေါင်း ၄၂ခုအထိရှိခဲ့၍ လျှောက်လွှာစိစစ်မှု ကို Third Party အဖြစ် Tun Group Asia ကုမ္ပဏီက ဆောင်ရွက်ခဲ့သည်။ အဆိုပြုလွှာများကို ၂၀၁၆စက်တင်ဘာ ၂၂ ရက်တွင် နောက်ဆုံးထား၍တင်ပြရန် ပြန်ကြားရေး ဝန်ကြီးဌာနက ကြေညာခဲ့ရာ ကုမ္ပဏီပေါင်း ၄၄ ခုက လျှောက် ထားခဲ့သည်။ ထို့နောက် စိတ်ဝင် စားမှု အဆိုပြုလွှာအောင်သည့် ကုမ္ပဏီများက Request ForProposal (RFP)ထပ်မံ လျှောက်ထားခဲ့ပြီး ပဏာမရွေးချယ်ခံရ သည့် ကုမ္ပဏီ ၁၀ခုကို ဖေဖော်ဝါရီ၂ ရက်က ထုတ်ပြန်ကြေညာခဲ့ သည်။ နောက်ဆုံးလုပ်ပိုင်ခွင့်ရ ကုမ္ပဏီငါးခုကို ဧပြီ ၁၁ ရက်တွင်ထုတ်ပြန်ကြေညာခဲ့ရာ စိစစ်ရွေးချယ်သည့်ကာလသည် ရှစ်လခန့် ကြာမြင့်ခဲ့သည်။ လက်ရှိ ရုပ်သံ လိုင်းများ ထုတ်လွှင့်နေသည့် ကုမ္ပဏီများကိုမူ ရုပ်သံလိုင်းသစ် များအတွက် ထပ်မံလျှောက်ထား ခွင့်မပြုပေ။

မဇ္ဈိမ

လက်ရှိအချိန်တွင်လည်း မီဒီယာ လုပ်ငန်းများ လုပ်ကိုင်နေ သည့် မဇ္ဈိမမီဒီယာ ကုမ္ပဏီက ၎င်း တို့၏ ရုပ်သံလိုင်း ကို မဇ္ဈိမဆိုသည့် အမည်ဖြင့်ပင် ထုတ်လွှင့်သွား မည်ဖြစ်သည်။ သတင်း၊ ဖျော်ဖြေ ရေး။ ခရီးသွား၊ သတင်းနှင့် ဖျော် ဖြေရေးပေါင်းစပ်ထားသည့် info- tainment ကဏ္ဍ၊ အမျိုးသမီးနှင့် လူငယ်စသည့် အထူးပြုကဏ္ဍများ ပါဝင်မည့် ကဏ္ဍစုံ ရုပ်သံလိုင်းအ ဖြစ် ထုတ်လွှင့်မည်ဟု မဇ္ဈိမမီဒီ ယာအုပ်ချုပ်မှုဒါရိုက်တာ ဦးစိုးမြင့် က ပြောသည်။

ရုပ်သံလိုင်းအတွက် ရင်းနှီး မြှုပ်နှံမှုပမာဏသည် ကန်ဒေါ်လာ၅ ဒသမ ၃ သန်းဖြစ်၍ နာမည်ကြီးဦးသိမ်းဝေ(ခ) ဆာ့ခ်ျ ပန်းပိုင် Serge Pum and Associates ကုမ္ပဏီက ပါတနာအဖြစ် ငွေကြေးစိုက်ထုတ် ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။ Serge Pum and Associates ကုမ္ပဏီမှာ FMI ကုမ္ပဏီ၊ ရိုးမဘဏ်၊ ကြယ်စင်အိမ်ရာစီမံကိန်း၊ ကမ္ဘာကျော်KFC ကြက်ကြော်ရောင်းချခွင့် ကိုယ်စားလှယ်၊ မော်တော်ယာဉ် တင်သွင်းဖြန့်ဖြူးခြင်းလုပ်ငန်း များ၊ ကျန်းမာရေးနှင့် ဆက်စပ်လုပ်ငန်းများစသော လုပ်ငန်းများ စွာကို လုပ်ကိုင်နေသည့် ကုမ္ပဏီ တစ်ခုဖြစ်သည်။

ရင်းနှီးမြှုပ်နှံမည့် ကန်ဒေါ်လာ ငါးသန်းကျော်သည် ပထမဦး ဆုံး ၂ နှစ်တာခန့်ကာလအတွက် ရည်ရွယ်ထားပြီး ထပ်မံလိုအပ်လျှင်လည်း လိုအပ်သည့်အတိုင်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ဦးစိုးမြင့်က ဆိုသည်။

Serge Pum and Associat- es က ငွေကြေးရင်းနှီးမြှုပ်နှံခြင်း ဖြစ်သော်လည်း ရုပ်သံလိုင်းထုတ်လွှင့်မှုကို မဇ္ဈိမမီဒီယာကသာ အဓိ ကစီမံခန့်ခွဲကာ လုပ်ကိုင်မည်ဖြစ် ကြောင်း ၎င်းက ပြောသည်။ ပူး ပေါင်းရင်းနှီးမြှုပ်နှံသည့် အစုရှယ် ယာကိုသာ ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့ ခြင်းဖြစ်ကြောင်း ဦးစိုးမြင့်က ပြောသည်။

ရုပ်သံလိုင်း

ဒီဗီဘီမာလ်တီမီဒီယာဂရု

လက်ရှိတွင် ရုပ်သံနှင့် ရေဒီယိုထုတ်လွှင့်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် ဒီဗီဘီမာလ်တီမီဒီယာဂရုသည်လည်း ရုပ်သံလိုင်းသစ်ထုတ်လွှင့်ရန် ကန်ဒေါ်လာ ၂ ဒသမ ၁ သန်း ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။ ယင်းပမာဏသည် ဒီဗီဘီမီဒီယာလုပ်ငန်းမှ ရရှိသည့် ဝင် ငွေများဖြစ်၍ အခွန်ပေးဆောင်ပြီး ငွေများဖြင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည်ဖြစ်ကြောင်း DVB MyanmarBureau Chief ဦးတိုးဇော်လတ်က ပြောသည်။

ဒီဗီဘီရုပ်သံလိုင်းတွင် သတင်းများကိုသာ ထုတ်လွှင့်သွားမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များ ထုတ်လွှင့်မည်မဟုတ် ကြောင်း ၎င်းက ပြောသည်။ ဒီဗီဘီမာလ်တီမီဒီယာသည် လွန်ခဲ့သည့် ၂၅ နှစ်ခန့်ကတည်းက ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် အခြေစိုက်၍ ရေဒီယိုမှတစ်ဆင့် မြန်မာ့ပြည်တွင်းသတင်းများ လွှင့်တင်ခဲ့သည်။၂၀၀၅ တွင် ဂြိုဟ်တုမှတစ်ဆင့် ရုပ်မြင်သံကြားသတင်းများကို စတင်ထုတ်လွှင့်ခဲ့သည်။ ၂၀၁၂ ကစ၍ မြန်မာပြည်တွင်း၌ အခြေချနိုင်ပြီး ရေဒီယို၊ ရုပ်မြင်သံကြား စသည့် သတင်းမီဒီယာလုပ်ငန်းမျိုးစုံကို လုပ်ကိုင်နေသည်။

Young Investment Group

Young Investment Group မှ ထုတ်လွှင့်မည့် ရုပ်သံလိုင်းကို MY Channel ဟု အမည်ပေးထားကြောင်း ရုပ်သံထုတ်လွှင့်မှုကို ဦးဆောင်လုပ်ကိုင်မည့် ဒါရိုက်တာ၊ သရုပ်ဆောင်၊ လူရွှင်တော် ဇာဂနာက ပြောသည်။

လူငယ်များအတွက် ဦးတည်ထုတ်လွှင့်မည့် ရုပ်သံလိုင်းဖြစ်၍ ဖျော်ဖြေရေးနှင့် ပညာပေးရေးကဏ္ဍများကို အများဆုံးထုတ်လွှင့်မည်ဖြစ်ကာ သတင်းများထုတ်လွှင့်ရန် လတ်တလောအစီအစဉ် မရှိသေးကြောင်း (ဦး)ဇာဂနာက ပြောသည်။

ရုပ်သံထုတ်လွှင့်ရန် ဦးသီဟ အောင်ဦးဆောင်သည့် Young Investment Group ကုမ္ပဏီမှ ၂ နှစ်အတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ သန်းရင်းနှီးမြှုပ်နှံ၍ (ဦး)ဇာဂနာမှာ ရှယ်ယာ ၁၅ ရာခိုင် နှုန်းပါဝင်သည်။

အဆိုပါကုမ္ပဏီက ငွေကြေးရင်းနှီးမြှုပ်နှံခြင်းသာဖြစ်၍ ရုပ်သံအစီအစဉ်ထုတ်လွှင့်မှုများကို(ဦး) ဇာဂနာနှင့် လူရွှင်တော်များ၊ ဦး အောင်လွင်၊ တေးရေးဆရာ မြင့် မိုးအောင်၊ သရုပ်ဆောင် မင်းမော်ကွန်းနှင့် ကျော်ကျော်ဗိုတို့က ရုပ်သံအစီအစဉ်များကို ဦးဆောင်ဖန်တီးထုတ်လွှင့်မည်ဖြစ်ကြောင်း (ဦး)ဇာဂနာကပြောသည်။

Young Investment Group ကုမ္ပဏီသည် အာမခံလုပ်ငန်း၊ ငွေကြေးဆိုင်ရာလုပ်ငန်း၊ နည်းပညာ နှင့် ဆက်သွယ်ရေး၊ စွမ်းအင်နှင့် လျှပ်စစ်၊ သတ္တုတွင်းလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စက်မှုဇုန်လုပ်ငန်း၊ ကုန်သွယ်ရေးနှင့် မော်တော်ကားတင်သွင်းဖြန့်ဖြူး ခြင်းများ လုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

Kaung Myanmar Aung

ကောင်းမြန်မာအောင်ကုမ္ပဏီက ထုတ်လွှင့်မည့် ရုပ်သံလိုင်းကို Life Channel ဟု အမည်ပေးမည်ဖြစ်သည်။ ရုပ်သံထုတ်လွှင့်မှုအတွက် ကျပ် ၁၇ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။ ယင်းပမာဏသည် ရုပ်သံထုတ်လွှင့်ခွင့် လျှောက်ထားသည့် ကုမ္ပဏီများအနက် အမြင့်မားဆုံးရင်းနှီးမြှုပ် နှံမည့် ပမာဏဖြစ်၍ ကနဦး ၂ နှစ်တာအတွက်ဖြစ်သည်။

ကောင်းမြန်မာအောင်ကုမ္ပဏီသည် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် သမ္မတ၏အကြံပေး ဖြစ်ခဲ့သူ ဦးခင်မောင်အေးပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်သည်။ နာမည်ကြီး သမဝါယမဘဏ် (ခေါ်) စီဘီဘဏ်နှင့် Golden Myanmar လေကြောင်းလိုင်းတို့၏ ပိုင်ရှင် ဖြစ်သည်။

ကောင်းမြန်မာအောင်နှင့် တွဲဖက်ကာ ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းများကို တွဲဖက်ပါတနာများအ ဖြစ် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)နှင့် သရုပ်ဆောင် ရဲ အောင်တို့ ပါဝင်မည်ဖြစ်သည်။
Fortune International
ကနဦး ၂ နှစ်တာအတွက် ကျပ်သန်းပေါင်း ၅,၁၀၀ (ငါးဘီလီ ယံကျော်) ရင်းနှီးမြှုပ်နှံမည့် Fortune International ရုပ်သံ လိုင်းကို Fortune Channel အမည်ဖြင့် ထုတ်လွှင့်မည်ဖြစ်သည်။ ထို့အပြင် အွန်လိုင်းရုပ်သံသတင်းဌာနတစ်ခုဖြစ်သည့် Myanmar Cable News (MCN) နှင့် ပူးပေါင်းထုတ်လွှင့်မည်ဖြစ်သည်။
ရုပ်သံလိုင်းကို ကဏ္ဍစုံရုပ်သံလိုင်းအဖြစ် ထုတ်လွှင့်မည်ဖြစ်ပြီး သတင်း၊ ဖျော်ဖြေရေးနှင့် ပညာပေးကဏ္ဍများ၊ ဖျော်ဖြေရေးနှင့် ပညာရေးပေါင်းစပ်ထားသည့် ကဏ္ဍများကို ထုတ်လွှင့်မည်ဖြစ် ကြောင်း MCN တည်ထောင်သူ ကိုအံ့ဘုန်းမြတ်က ပြောသည်။
Fortune International ကုမ္ပဏီသည် နည်းပညာနှင့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများ၊ စက်မှုလုပ်ငန်းသုံးစက်ကိရိယာများနှင့် စက်မှုသုံးပစ္စည်းများ ဖြန့်ဖြူးရေးတို့ကို လုပ်ကိုင်နေသည့် ကုမ္ပဏီဖြစ်သည်။ MCN ရုပ်သံ သတင်းဌာနသည်လည်း လက်ရှိတွင် အွန်လိုင်းတွင် ရုပ်သံအစီအစဉ်များ ထုတ်လွှင့်နေပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအတွက် လည်း ရုပ်သံအစီအစဉ်များ ရိုက်ကူးကာ ပူးပေါင်းထုတ်လွှင့်မှုများ ဆောင်ရွက်နေသည်။
လုပ်ခွင့်ရရုပ်သံလိုင်းများ ဘယ်လို ရွေးချယ်
အဆိုပါရုပ်သံလိုင်းများကို ရွေးချယ်ရာတွင် တတိယအဖွဲ့အစည်းဖြစ်သည့် Tun Group Asia ကုမ္ပဏီကို အဆိုပြုလွှာများ စိစစ်ရွေးချယ်စေခြင်းသည် ဘက်လိုက်မှုမရှိစေရန်ဖြစ်ကြောင်း ပြန် ကြားရေးဝန်ကြီးဌာနက ပြော ကြားထားသည်။ သို့သော် ပဏာမ ၁၀ ခုကို ရွေးချယ်သည့်အဆင့်အထိ အဆင့်ဆင့်စိစစ်ရွေးချယ်မှုများ ကို Tun Group Asia ကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့သော်လည်း နောက်ဆုံးလုပ်ပိုင်ခွင့်ရရှိသည့် ကုမ္ပဏီငါးခုစာရင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက သတင်းထုတ်ပြန်ခဲ့သည်။
လက်တွေ့တွင်လည်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားလုပ်ငန်းကသာ နောက်ဆုံးလုပ်ပိုင်ခွင့်ရသည့် ကုမ္ပဏီငါးခုကို ရွေးချယ်ခဲ့ ကြောင်း Tun Group Asia မှ အ ကြံပေးအရာရှိချုပ် ဦးချစ်ထွန်းဖေက ပြောသည်။ ကုမ္ပဏီများ၏ အဆိုပြုလွှာများကို စိစစ်အမှတ်ပေးရာတွင်လည်း မြန်မာ့အသံနှင့် ရုပ် မြင်သံကြားမှတစ်ဆင့် ပြန်ကြားရေးဝန်ကြီးဌာနသို့ တင်ပြရကြောင်း၊ ၀န်ကြီးဌာန ဘုတ်အဖွဲ့က အမှတ် ပေးသည့်စည်းမျဉ်းများ ချမှတ်ပေး ကြောင်း ၎င်းကပြောသည်။ ယင်း အပေါ်တွင်မူတည်ပြီး Tun Group Asia က အမှတ်ပေးရကြောင်း ဆက်လက်ပြောကြားသည်။
‘‘ကျွန်တော့်ဘက်ကတော့ Professional အရ ဘာအမှား ကင်းစင်တယ်ဆိုတဲ့ အကြံပြုချက် တွေပေးတာပေါ့။ ဒါပေမဲ့ တကယ်နောက်ဆုံးစည်းကမ်းတွေက တော့ ပြန်ကြားရေးဝန်ကြီးဌာနက ဆုံးဖြတ်တာပေါ့’’ဟု ဦးချစ်ထွန်း ဖေက ပြောသည်။
ပဏာမကုမ္ပဏီ ၁၀ ခုကို အဆိုပြုလွှာများ စိစစ်သည့် Tun Group Aisa ကုမ္ပဏီက ရွေးချယ် ပေးခဲ့သည်။ ကုမ္ပဏီများ၏ စီးပွား ရေးအခြေအနေ၊ နည်းပညာပိုင်းဆိုင်ရာနှင့် ရုပ်သံထုတ်လွှင့်ရန် တင်ပြသည့်အဆိုပြုလွှာအချက် အလက်များအပေါ် မူတည်ပြီး စိ စစ်ရွေးချယ်ခဲ့ကြောင်း ဦးချစ်ထွန်း ဖေက ပြောသည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံ ကြားကမူ ပဏာမရွေးချယ်ခံရသည့် ကုမ္ပဏီ ၁၀ ခုကို လုပ်ငန်းတစ်ခုချင်းစီအလိုက် ပွင့်လင်းမြင်သာမှုရှိမှု၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခိုင်မာမှု၊ ဥပဒေဆိုင်ရာ နောက်ခံအကြောင်းအရာနှင့် မူဝါဒလမ်းညွှန်မှုများ လိုက်နာဆောင် ရွက်နိုင်မှုအခြေအနေများကို အဆင့်ဆင့်စိစစ်၍ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီငါးခုကို ရွေးချယ်ခဲ့သည်ဟုဆိုသည်။
ရုပ်သံလိုင်းသစ်များတွင် ဖျော်ဖြေရေး အသားပေးဖော်ပြမည့် ရုပ်သံလိုင်းက ပိုမိုများပြားမည် (ဓာတ်ပုံ-စိုင်းဇော်)
လက်ရှိမီဒီယာလုပ်ငန်းကို လုပ်ကိုင်နေသည့် ကုမ္ပဏီအချို့ကို ချန်လှပ်ခဲ့ပြီး စီးပွားရေးလုပ်ငန်းကြီးများစွာ လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းရှင်ကြီးအချို့အား လုပ်ကိုင်ခွင့်ပေးလိုက်၍လည်း ဝေဖန်မှုများစွာဖြစ်ပေါ်ခဲ့သည်။
ဦးချစ်ထွန်းဖေကမူ ရုပ်သံလိုင်းထုတ်လွှင့်မှုအတွက် အခွန် ဆောင်ထားပြီးဖြစ်သည့် ငွေကြေးပမာဏများစွာဖြင့် ရင်းနှီးမြှုပ်နှံ၍ ဆုံးရှုံးနိုင်မှုများကို စွန့်စားလုပ်ကိုင် နိုင်မည့်သူများကို ရွေးချယ်ခြင်း ဖြစ်ကြောင်း ပြောသည်။ ‘‘ခရိုနီပဲ ပြောပြော၊ ဘာပဲပြောပြော စီးပွား ရေးထဲမှာရှိနေတဲ့ လူတွေအတွက်တော့ ဒီငွေကြေးတွေက တောင့်တင်းနေတဲ့အတွက် သူတို့အတွက် အားသာချက်တော့ ရှိတာပေါ့’’ဟု ၎င်းက ပြောသည်။
ယင်းကုမ္ပဏီငါးခုသည် ရုပ်သံထုတ်လွှင့်ရန် ဧပြီ ၂၈ ရက်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြားလုပ်ငန်းနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး စက်တင်ဘာတွင် စတင်စမ်းသပ်ထုတ်လွှင့်မည်ဖြစ်ကြောင်း (ဦး) ဇာဂနာက ပြောသည်။
ရုပ်သံထုတ်လွှင့်မှုအတွက် မြန်မာ့အသံနှင့် ရုပ်ကြားသံကြားသို့ တစ်လလျှင် ကျပ်သိန်း ၂၀၀ ပေးသွင်းရမည်ဖြစ်ပြီး အခြားကုန်ကျစရိတ်များမှာ ရုပ်သံလိုင်းထုတ် လွှင့်စက်ပစ္စည်းများ စုပေါင်းဝယ်ယူခ တစ်နှစ်လျှင် ဒေါ်လာ ၅,၄၀၀ ခန့် ကုန်ကျနိုင်ကြောင်း ရုပ်သံလိုင်းသစ်ထုတ်လွှင့်မည့်သူများက ဆိုသည်။
ရုပ်သံ လိုင်းသစ်များအတွက် စိန်ခေါ်မှု
ယခုထုတ်လွှင့်မည့် ရုပ်သံလိုင်းသစ်များအနေဖြင့် မြန်မာ နိုင်ငံ၏ ပထမဆုံးပုဂ္ဂလိကစစ်စစ် ရုပ်သံလိုင်းများအဖြစ် စွန့်ဦးလုပ်ကိုင်ကြရမည်ဖြစ်၍ စီးပွားရေးအရ စိန်ခေါ်မှုများနှင့် တွေ့ကြုံရဖွယ် ရှိနေသည်။ ဈေးကွက်လက်ဦးမှု ရယူထားနိုင်ခဲ့သည့် လက်ရှိရုပ်သံ လိုင်းများနှင့် ယှဉ်ပြိုင်ထိုးဖောက်ရန် တစ်ဖက်စောင်းနင်း အနေအထားရှိနေခြင်းဖြစ်သည်။
နည်းပညာအရဆိုလျှင် ယခုရုပ်သံလိုင်းသစ်များ ထုတ်လွှင့်ရမည့်စနစ်သည် DVB Digital T-2 စနစ်ဖြစ်သည်။ ဒစ်ဂျစ်တယ်ရုပ်သံလိုင်းများဖြစ်၍ သာမန်တီဗီအမျိုးအစားနှင့် ဖမ်းယူကြည့်နိုင်မည်မဟုတ်ပေ။  ဒစ်ဂျစ်တယ်လိုင်းများ ကို ဖမ်းယူကြည့်ရှုနိုင်ရန် Digital Tuner ပါဝင်သည့် ခေတ်မီတီဗီ များဖြင့်သာ ဖမ်းယူကြည့်ရှုနိုင် သည်။ သို့မဟုတ်လျှင် ဒစ်ဂျစ်တယ်ရုပ်သံလိုင်းဖမ်းစက် (Digital set top box) များ သီးခြားဝယ်ယူ တပ်ဆင်ရမည်ဖြစ်သည်။ ထို့ ကြောင့် ရုပ်သံလိုင်းဖမ်းယူကြည့်ရှု သူသည် အကန့်အသတ်ရှိနေသည်။
လက်ရှိလုပ်ကိုင်နေသည့် အစိုးရပိုင်ရုပ်သံလိုင်းများနှင့် ရွှေသံလွင်၊ Forever Group တို့မှ ထုတ်လွှင့်နေသည့် ရုပ်သံလိုင်းများတွင်မူ အခပေးရုပ်သံလိုင်းများ၊ အခမဲ့ဒစ်ဂျစ်တယ်ရုပ်သံလိုင်းများအပြင် မည်သည့်တီဗီ အမျိုးအစားမဆို ဖမ်းယူကြည့်ရှု နိုင်မည့် အန်နာလော့ (Analog) စနစ်ရုပ်သံလိုင်းများလည်း ပါဝင် သည်။ ယင်းအန်နာလော့စနစ် သည် အင်တင်နာတပ်ဆင်လိုက် ရုံဖြင့် ဖမ်းယူကြည့်ရှုနိုင်သည်။ ထို့ ကြောင့် ယင်းရုပ်သံလိုင်းများတွင်မူ ဖမ်းယူကြည့်ရှုနိုင်သည့် ပရိ သတ်အများအပြားရှိနေသည်။
လေ့လာမှုများအရ မြန်မာ နိုင်ငံတွင် ဒစ်ဂျစ်တယ်ရုပ်သံလိုင်းများကို ဖမ်းယူကြည့်ရှုနိုင်သူ သုံးသန်းခန့်သာရှိပြီး အန်နာလော့ရုပ်သံလိုင်းများကို ဖမ်းယူကြည့်ရှုနိုင် သူမှာ သန်း ၃၀ခန့်ရှိကြောင်း ဦးစိုး မြင့်က ပြောသည်။ ရုပ်သံလိုင်းများ တွင် စီးပွားရေးကြော်ငြာများထည့်မည့် လုပ်ငန်းရှင်များအတွက် ပရိ သတ်များစွာထံ ရောက်ရှိနေသည့် အန်နာလော့ ရုပ်သံလိုင်းများတွင်သာ ကြော်ငြာလိုမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
‘‘Content is the keyပဲ။ အရေးကြီးတယ်။ ဒါပေမဲ့ ဘယ် လောက်ပဲ Content ကောင်းကောင်း ထည့်ထည့်၊ ဟာခင်ဗျား ချန်နယ်က ဘယ်လောက်ကောင်း ကောင်း ကြည့်တဲ့လူဘယ်လောက် ရှိလို့လဲ။ Flat TV ပေါ့။ Digital Tuner ရှိတဲ့ TV တွေပဲ ကြည့်လို့ရ တယ်။ သုံး သိန်းအောက်ပဲရှိတယ်။ အဲဒီတော့ Digital Channel ငါးခု လုံးက အရမ်းရုန်းကန်ရမှာ’’ ဟု ၎င်းက ပြောသည်။
လက်ရှိထုတ်လွှင့်နေသည့် အနလော့ရုပ်သံလိုင်း ကိုးလိုင်းရှိ ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) က နှစ်လိုင်း၊ မြ၀တီက နှစ်လိုင်း၊ စကိုင်းနက်က သုံးလိုင်း နှင့် Forever Group က နှစ်လိုင်း ထုတ်လွှင့်နေခြင်းဖြစ်ကြောင်း ဦး တိုးဇော်လတ်က ပြောသည်။ ၎င်း ကမူ မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် ရုပ်သံလိုင်းဖမ်းယူနိုင်သည့် အိမ် ထောင်စုတစ်သန်းခန့်သာရှိသည် ဟု ဆိုသည်။
‘‘တစ်အိမ်ထောင်စုကို ငါး ယောက်လောက်နဲ့တွက်ရင် တ ကယ်တမ်း ဒစ်ဂျစ်တယ်ချန်နယ် သည် အလွန်ဆုံးရောက်လှ လူငါး သန်းဆီပဲရောက်မယ်။ အန်နာ လော့မှာ ပရိသတ်က လူသန်း ၃၀ ရှိတယ်။ အဲဒီတော့စလာကတည်း က ပြိုင်ရမှာကတော့၊ ပရိသတ်ဆီ ရောက်မှာကတော့ တော်တော် နည်းတယ်။ ငါးသန်းလောက်ပဲ အစွမ်းကုန်ရောက်မှာနဲ့ လူသန်း ၃၀ လောက်ဆီရောက်ပြီးသားချန် နယ်ကိုးခုကို ပြိုင်ရဖို့တော့ရှိတယ်’’ ဟု ဦးတိုးဇော်လတ်က ပြောကြား သည်။
MY Channel ရုပ်သံလိုင်း သစ်ထုတ်လွှင့်ရာတွင် ပါဝင်မည့် (ဦး)ဇာဂနာကမူ ပရိသတ်နည်းမည့် ဒစ်ဂျစ်တယ်ရုပ်သံလိုင်းတွင်သာ ထုတ်လွှင့်ခြင်း မဟုတ်ဘဲ အခြား ဂြိုဟ်တုစနစ်သုံးရုပ်သံထုတ်လွှင့် ခြင်းနှင့် အွန်လိုင်းမှထုတ်လွှင့်ခြင်း များကိုလည်း ဆောင်ရွက်ရန် အစီ အစဉ်ရှိကြောင်း ပြောသည်။
ပုဂ္ဂလိကရုပ်သံလိုင်းများမှာ အခမဲ့ (Free to Air) ရုပ်သံလိုင်း များဖြစ်သဖြင့် စီးပွားရေးအရ ရပ် တည်ရန် အဓိက ၀င်ငွေရရှိနိုင် သည့် အရင်းအမြစ်များမှာ စီးပွား ရေးကြော်ငြာများ လက်ခံထုတ် လွှင့်ခြင်းဖြစ်သည်။ လက်ရှိထုတ် လွှင့်လျက်ရှိသည့် Sky Net နှင့် Forever Group တို့၏ ရုပ်သံလိုင်း များမှာ ကြော်ငြာပမာဏများစွာ ထည့်သွင်းနေသည့် ပြည်တွင်း စီး ပွားရေး လုပ်ငန်းရှင်များ၏ ကြော် ငြာဝေစုကို ရယူနိုင်မလားဆိုသည် ကလည်း ရုပ်သံလိုင်းသစ်များအ တွက် စိန်ခေါ်မှုဖြစ်သည်။
လေ့လာမှုအရလက်ရှိမြန်မာ နိုင်ငံတွင် စီးပွားရေးကြော်ငြာဈေး ကွက်သည်ကန်ဒေါ်လာ သန်း၂၀၀ ခန့်ရှိပြီး ရုပ်သံလိုင်းများအတွက် ကြော်ငြာထည့်သွင်းနေသည့် ပမာဏက ကန်ဒေါ်လာသန်း ၁၃၀ ခန့်ရှိကြောင်း ဦးတိုးဇော်လတ်က ပြောသည်။
‘‘မြန်မာပြည်မှာ ကြော်ငြာအများဆုံးကုမ္ပဏီက Unilever အလှကုန်ပစ္စည်းတွေ ကြော်ငြာတာ ပေါ့။ သူတို့တွေအကုန်လုံးက သူ့ဟာနဲ့သူ Sky Net သွားရင်သွား။ အထူးသဖြင့် MRTV-4 နဲ့သွားကြ တယ်။ အဲဒီက လူတွေက ဒီဘက် ဖိတ်ကျလာမလား မသေချာဘူး’’ ဟု ၎င်းကပြောကြားသည်။
သို့သော် မြန်မာနိုင်ငံပွင့်လင်း လာလျှင် နိုင်ငံခြားကုမ္ပဏီများမှ စီးပွားရေးကြော်ငြာများ ၀င်လာ နိုင်သဖြင့် ကြော်ငြာဈေးကွက် ပိုကြီးလာနိုင်ကြောင်း ၎င်းက ပြော သည်။ အထူးသဖြင့် အမေရိကန် ကုမ္ပဏီများ ၀င်လာနိုင်ကြောင်း ၎င်းကဆိုသည်။ လက်ရှိ လုပ်ကိုင် မည့် ရုပ်သံလိုင်းသစ်ဖြစ်သည့် မဇ္ဈိမနဲ့ပူးတွဲလုပ်ကိုင်မည့် Fox ကုမ္ပဏီကဲ့သို့ ကုမ္ပဏီများပါလာ လျှင် ဈေးကွက်ပိုကြီးလာမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
(ဦး)ဇာဂနာကလည်း ‘‘ တ ရုတ်၊ ဟောင်ကောင်၊ စင်ကာပူ စသဖြင့် အဲဒီကလူတွေကိုပါ ကျွန် တော်တို့က ချိတ်ထားရတယ်။ အဲဒါကို အရင်လုပ်တာပါ။ အဲဒါက အရေးကြီးတယ်လေ။ သူများတွေ မထိမတို့ရသေးတဲ့ ကုမ္ပဏီတွေ ကို ကျွန်တော်တို့ ထိတို့ထားရ တယ်။ ကျွန်တော်တို့နဲ့ အဲဒီလူတွေနဲ့က သဘောတူစာချုပ်ချုပ်ပြီး အလုပ်ကစနေပြီ။ ပြည်တွင်း ကုမ္ပဏီတော့ သိပ်ပြီးတော့ မထိတို့သေးဘူးပေါ့။ ဒါကအချိန်တန်ရင် ဖြစ်သွားမှာပေါ့’’ ဟု ဆိုသည်။
ရုပ်သံကြည့်ပရိသတ်များထံ ပျံ့နှံ့နိုင်သည့်နှုန်းသည် ဒစ်ဂျစ်တယ် ရုပ်သံလိုင်းများနှင့် အန်နာ လော့လိုင်းများကြားတွင် ၁၀ဆ၊ တစ်ဆအထိ ကွာခြားနေသဖြင့် စီးပွားရေးကြော်ငြာများ တန်းတူရရှိလျှင်ပင် ကြော်ငြာခဈေးနှုန်းများ ကွာခြားနိုင်ကြောင်း ကိုအံ့ဘုန်းမြတ်က ပြောသည်။
ရုပ်သံလိုင်းသစ်များသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)၏ ရုပ်သံလိုင်းထုတ်လွှင့်မှု လုပ်ငန်းအောက်တွင် လုပ်ကိုင်ရမည့်ဖြစ်၍ ရုပ်သံအစီအစဉ်များကို လွတ်လပ်စွာ ထုတ်လွှင့်ခွင့် ရ၊ မရ ဆိုသည်မှာလည်း စဉ်းစားစရာ အချက်တစ်ချက်ပင် ဖြစ်သည်။
ရုပ်သံလိုင်းသစ်များကို MRTV ၏ မူဝါဒနှင့် ကျင့်ဝတ်များအတိုင်း လိုက်နာထုတ်လွှင့်ရန် ပြန်ကြားရေးဝန်ကြီးဌာနက သတ်မှတ်ထားကြောင်း ဦးစိုးမြင့်က ပြောသည်။ MRTV ၏ မူဝါဒများသည် မီဒီယာကျင့်ဝတ်ပိုင်းဆိုင်ရာ များဖြစ်ပြီး လက်ခံနိုင်သည့်အနေ အထားရှိကြောင်း ၎င်းကပြောသည်။
ထို့အပြင် ရုပ်သံအစီအစဉ်များကို မထုတ်လွှင့်မီ MRTV က ကြိုတင်တည်းဖြတ်ခြင်း လုပ်ကိုင်မည်မဟုတ်ဘဲ ဖိုက်ဘာလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ် ကြောင်း ဦးစိုးမြင့်က ပြောသည်။ ထို့ကြောင့် လွတ်လပ်စွာ ထုတ် လွှင့်ဖြန့်ဝေခွင့်ရရှိမည်ဟု မျှော်လင့်ထားကြောင်း ၎င်းကဆိုသည်။
‘‘ကျွန်တော်တို့မေးထားတာကတော့ ဆင်ဆာတွေ မရှိပါဘူးလို့ ပြောတယ်။ ဒါပေမဲ့ စာချုပ်ချုပ်ခါနီးတော့ MRTV Gide Live က နေသွားရမယ်လို့ ပြောတယ်။ အဲဒီ တော့ အခုမှ MRTV Gide Line တွေကို ပြန်ရှာဖတ်နေရတယ်။ သူ တို့ကတော့ Contant ကို မချုပ်ကိုင်ဘူး။ ဆင်ဆာမရှိဘူးလို့တော့ ပြောတယ်။ တရားဝင်ကိုယ်မေးထားတာ။ ဦးမြင့်ထွေး (MRTV ညွှန်ကြားရေးမှူးချုပ်) က တရား ၀င်ဖြေထားတာ’’ ဟု ဦးတိုးဇော်လတ်က ပြောသည်။
ကျင့်ဝတ်နှင့်ဆိုင်သည့် စည်းမျဉ်း များကို လိုက်နာကျင့်သုံး၍ ထုတ်လွှင့်ရမည်ဖြစ်ပြီး ရုပ်သံထုတ်လွှင့်မည့် အစီအစဉ် များကိုမူ လွတ်လပ်စွာ ထုတ်လုပ်ခွင့်ပြု မည်ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ချုပ်ဦးမြင့်ထွေးက ပြောသည်။
ယခု ရုပ်သံလိုင်း များကို ၂၀၁၅ သြဂုတ်က အတည်ပြု ပြဋ္ဌာန်းခဲ့သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပ ဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲနေသည့် ကြားကာလအတွင်း ယာယီလုပ်ကိုင်ခွင့်ပြုခြင်းဖြစ်သည်။ လက်ရှိတွင် ပြင်ဆင်သည့် ဥပဒေ ကို နောက်ဆုံးမူကြမ်းရေးဆွဲပြီး ရှေ့နေချုပ်ရုံးသို့ တင်ပြထား ကြောင်း ဦးမြင့်ထွေးကပြောသည်။
အဆိုပါပြင်ဆင်သည့်ဥပဒေ ထွက်လာပြီး နည်းဥပဒေပါရေးဆွဲပြီးလျှင် ဥပဒေအတိုင်းရုပ်မြင်သံကြားနှင့် အသံလွှင့်ကောင်စီကို ဖွဲ့စည်းရမည်ဖြစ်သည်။ အဆိုပါ ကောင်စီက ရုပ်သံလိုင်းထုတ်လွှင့် ခွင့်လိုင်စင်ချထားခြင်းများ ဆောင် ရွက်မည်ဖြစ်ပြီး ယခုရုပ်သံလိုင်းသစ်များအပါအဝင် လက်ရှိထုတ် လွှင့်နေသည့် ရုပ်သံလိုင်းများအားလုံး လိုင်စင်ပြန်လည်လျှောက်ထားရမည်ဖြစ်သည်။
ယခု ရုပ်သံလိုင်းသစ် ငါးလိုင်း မှာ ရုပ်သံစတင်ထုတ်လွှင့်မည့်အ ချိန်နှင့် ရုပ်မြင်သံကြားထုတ်လွှင့် မှုကောင်စီဖွဲ့စည်းပြီးသည့်အချိန်အထိ အချိန်တိုအတွင်း စီးပွားရေး အရ အကျိုးအမြတ်မသေချာသေးဘဲ ပမာဏများစွာရင်းနှီးမြှုပ်နှံ၍ လုပ်ကိုင်ရခြင်းမှာလည်း စွန့်စားရာရောက်နေသည်။ သို့သော်ဥပ ဒေအရကောင်စီထံတွင် တရားဝင်ရုပ်သံထုတ်လွှင့်ခွင့်တင်ရလျှင်လည်း လိုင်စင်ပြန်ရနိုင်သည်ဟု ယုံကြည်ချက်ဖြင့် လုပ်ကိုင် ကြောင်း ရုပ်သံထုတ်လွှင့်သူများ ကပြောသည်။
‘‘လောလောဆယ် NLD အစိုးရကလည်းတစ်နှစ်ကျော်လာပြီ။ မီဒီယာ ဖွံ့ဖြိုးရေးဆိုတာ သိပ်တောင်မကြားရဘူး။ အဲဒီထဲမှာရုပ်သံလွှင့်ဥပဒေကိုတော့အသစ်ကတော့ ပြန်လုပ်နေတယ်။ ဆရာ ဖေမြင့် လည်း ဒီနှစ်ကုန်ရင် ဥပဒေ ထွက်မယ်လို့ပြောသွားတာပဲ။ ဒါပေမဲ့ မသေချာတာထက်သေချာတာကို ကျွန်တော်တို့က ယူထားတာ’’ ဟု ဦးတိုးဇော်လတ်ကပြောကြားသည်။
အခြား ပုဂ္ဂလိက ရုပ်သံလုပ် ကိုင်လိုသည့် ကုမ္ပဏီ များထက် ရုပ်သံထုတ်လွှင့်မှုသက်တမ်းနှင့် အတွေ့အကြုံရရှိရန် စွန့်စားလုပ်ကိုင်ရကြောင်း ကိုအံ့ဘုန်းမြတ်က ပြောသည်။
‘‘တစ်နှစ်ရှေ့ကိုကြိုရောက်တဲ့သူကလည်း တစ်နှစ်စာ ပရိသတ်ပိုကြိုပြီးရထားပြီးရှိနေမယ်။ အခုရုပ်သံလိုင်းငါးလိုင်းကလည်း Establish in ဘယ်လောက်၊Since ဘယ်လောက်ဆိုတဲ့ သက်တမ်းလေးတွေ တစ်နှစ်ရရင်လည်း တစ် နှစ်သက်တမ်းရှိချင်တဲ့အတွက် ဝင်ပြီးတော့စွန့်စားပြီးတော့ ဝင်လုပ်တဲ့ လိုင်းတွေများမယ်လို့ ကျွန်တော်ထင်ပါတယ်’’ဟု ၎င်းကပြော သည်။
‘‘မြန်မာပြည်ရဲ့ အနေအထားက အစကသာပိတ်တာ။ နည်းနည်းလေးဖွင့်လိုက်ရင် ဆက်ပွင့်ဖို့ပဲရှိတာ။ အဲဒါ မြန်မာပြည်ရဲ့အနေအထား။ နောက်ထပ် ၂ နှစ်၊ သုံးနှစ်အတွင်းမှာ ရုပ်သံမီဒီယာ တွေ နောက်ထပ်ထပ်လုပ်မယ့်သူတွေပါရင် မြန်မာပြည်ရဲ့ မီဒီယာလမ်းကြောင်းက အရမ်းပြောင်းသွားပြီ’’ ဟု ဦးစိုးမြင့်ကပြောသည်။

Credit: 7 day daily

တိုင်ကြားသူရှိရင် ပြည်ခိုင်ဖြိုးကို UEC စစ်ဆေးမည်

$
0
0
Union Election Commission
မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြည်ခိုင်ဖြိုးပါတီကို ခုံရုံးဖွဲ့ စစ်ဆေးမယ်ဆိုတာ မမှန်ဘူးလို့ ကော်မရှင် တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒါပေမယ့်လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်ကြားသူရှိလာရင်တော့ ဥပဒေနဲ့ အညီ ဆောင်ရွက်သွားမယ် လို့ ဆိုပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင် ပြပေးပါမယ်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ လက်ထက် ဒေသဖွံ့ဖြိုးရေး ရံပုံငွေ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကို လက်ရှိအခြေအနေမှာ စစ်ဆေးဖို့မရှိဘဲ တိုင်ကြားသူရှိလာရင်တော့ ဥပဒေနဲ့အညီ ဆောင် ရွက်သွားရမှာဖြစ်တယ်လို့ ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြောပါတယ်။

“ အရေးယူဖို့ မရှိဘူး။ အရင်တုန်းကလည်း အဲဒါမျိုး လုပ်ဆောင်ခဲ့တာ မရှိဘူးလေ။ အခု လောလောဆယ်မှာလည်း မရှိသေးပါဘူး။ အတွေ့အကြုံလည်း မရှိသေးတော့လေ။ တိုင်ကြားတဲ့လူ၊ တိုင်ကြားစာ ပေါ်ပေါက်လာရင်ပေါ့နော် တိုင်ကြားလာပြီ ဆိုရင်တော့ အဲဒီ တိုင်ကြားတာကို သက်ဆိုင်ရာ ဥပဒေ ကျွမ်းကျင်သူတွေနဲ့ ဥပဒေ ပညာရှင် ဆရာကြီးတွေ ရှိပါတယ် သူတို့တွေကနေ ဒီအပေါ်မှာ လေ့လာဆန်းစစ်ပြီးတော့ သူတို့ ဥပဒေနဲ့ အညီ ဆောင်ရွက်သွားမယ်လို့ ဒီလိုဘဲ ပြောလို့ရမှာပေါ့လေ။ အခုအချိန်မှာတော့လေ။ ”

နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေအရ နိုင်ငံတော်ပိုင် ငွေကြေး၊ ဥစ္စာပစ္စည်းတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်တဲ့ နည်းနဲ့ ဖြစ်စေ ရယူသုံးစွဲတဲ့ အဖွဲ့အစည်းဟာ ဆက်လက် ရပ်တည်ခွင့် မရှိဘူးလို့ ပြဌာန်းထားတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းက မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေး ရံပုံငွေ အလွဲသုံးမှုနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုး ပါတီ ကို ရွေးကောက်ပွဲ ကော်မရှင်က အဖွဲ့အစည်း မှတ်ပုံတင်ဥပဒေအရ မတရားသင်းအဖွဲ့ အဖြစ် စစ်ဆေးသွားမယ်လို့ နယူး ဖယ်ဒရယ်တိုင်းစ် ဂျာနယ်မှာ ဖော်ပြထားတာဟာ မမှန်ကန်ဘူးလို့လည်း ဦးတင်ထွန်း က ဆိုပါတယ်။

“ နယူး ဖယ်ဒရယ် တိုင်းက လေ သတင်းထောက်က ကျနော့်ကို မေးလည်း မမေးဘူး။ ကျနော် ဖြေလည်း မဖြေဘူးဘဲနဲ့ သူ့ဟာသူ ထည့်လိုက်တာပေါ့။ ဒါနဲ့ ပတ်သက်ပြီး ကျနော် မီဒီယာ ကောင်စီကို စာလေးထိုးထားပါတယ်။ လိုအပ်သလို အရေးယူပေးဖို့ ဆိုပြီး ထိုးထားပါတယ်။ နောက် မနေ့ကလည်း တခြား သတင်းထောက်တွေနဲ့ ကျနော် တွေ့ပြီးတော့ ဒါ မဟုတ်တဲ့ အကြောင်းလည်း ရှင်းလင်းထားပြီး ဖြစ်ပါတယ်။ ”

နယူးဖယ်ဒရယ်တိုင်းစ် ဂျာနယ်မှာ ဖော်ပြထားတဲ့ “ကြံ့ခိုင်ရေးပါတီအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ခုံရုံးဖွဲ့စစ်ဆေးမည်” ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အရေးယူပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဘက်က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို မေလ ၁၅ ရက်နေ့ ရက်စွဲနဲ့ တိုင်ကြားစာ ပို့ထားပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီဘက်ကလည်း ဥပဒေအရ အရေးယူပေးဖို့ သတင်း မီဒီယာ ကောင်စီကို တိုင်ကြားထားတယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆို ခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။

“ ကျနော်တို့က ကျင့်ဝတ်အရ သတင်းမီဒီယာ ကောင်စီကိုဘဲ ကျနော်တို့ ဥပဒေ အရ အရေးယူဆောင်ရွက်ပေးဖို့ဆိုပြီး ကျနော်တို့ မေတ္တာရပ်ခံ ထားတာပေါ့။ ဆိုတဲ့ အခါကျတော့ သတင်းမီဒီယာကောင်စီက ဆောင်ရွက်တဲ့ အနေအထားပေါ် မူတည်ပြီးတော့မှ ကျနော်တို့က ဟို ဆက်လက် ဆောင်ရွက်သွားမှာပေါ့။ ”

မေလ ၁၂ ရက်နေ့ နေပြည်တော် USDP ပါတီ ဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ပြည်ခိုင်ဖြိုးပါတီ ဘက်ကတော့ တိုင်းဒေသကြီး ဖွံ့ဖြိုးရေး ရန်ပုံငွေတွေဟာ ပြည်သူ့ဘဏ္ဍာ မဟုတ်ဘဲ တိုင်းဝန်ကြီးချုပ်တွေရဲ့ စီမံခန့်ခွဲမှု အာဏာအရ ဒေသခံလုပ်ငန်းရှင်တွေဆီက ထည့်ဝင်ထားတဲ့ ရံပုံငွေတွေ ဖြစ်တယ်လို့ ပြောဆိုခဲ့တာလည်း ရှိပါတယ်။

မကွေးတိုင်းဒေသကြီး အစိုးရဟောင်းလက်ထက် ရေနံ လက်ယက်တွင်း လုပ်ငန်းရှင်တွေဆီက ကောက်ယူထားတဲ့ ဒေသဖွံ့ဖြိုးရေး ရံပုံငွေ ကျပ်သန်း ၇၀၀၀ ကျော် ပျောက်ဆုံးမှုဖြစ်ခဲ့ပြီး အဲဒီထဲက ကျပ်သန်း ၁၇၀၀ ကို ပြည်ခိုင်ဖြိုး ပါတီအတွက် သုံးစွဲခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါ။ ပြည်ထောင်စု အစိုးရ အနေနဲ့ ပျောက်ဆုံးနေတဲ့ ငွေကြေး သန်းပေါင်း ထောင်ချီထဲက ကျပ်သန်း ၃၀၀၀ကိုပဲ လက်ရှိ မကွေးတိုင်းအစိုးရထံ ပြန်လည် ပေးအပ်ဖို့ ညွှန်ကြားထားပြီး ဒီကိစ္စအပေါ် အရေးယူဆောင်ရွက်မှု လုပ်တာ မရှိသေးပါဘူး။

မြင့်မြင့်ခိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မဘသက ပဋိပက္ခတွေ ပေါ်ပေါက်အောင် မလှုံ့ဆော်ဘူးလို့ ပြော

$
0
0

ဦးဝီရသူ ပြောဆို တာတွေဟာ မဘသ အဖွဲ့ကို ကိုယ်စား မပြု။
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ဟာ လူမှု အသိုင်းအဝိုင်းတွေ အတွင်း မငြိမ်မသက် ဖြစ်အောင် လှုံဆော်တဲ့ အပြုအမူတွေ မလုပ်ဆောင်ဘူ ဆိုပြီး မဘသ ဦးဆောင် ဆရာတော် တစ်ပါးဖြစ်တဲ့ ဒေါက်တာ ဦး သောပါက က ဘီဘီစီကို မိန့်ပါတယ်။

တိုင်းပြည်တွင်း လူမျိုးနဲ့ ဘာသာတရားတို့ အပေါ် မူတည်ပြီး ပဋိပက္ခတွေ ဖြစ်ပေါ် လာရင် ငြိမ်းအေးအောင် ဖြေရှင်း ပေးနိုင်ဖို့ ဆိုတဲ့ မူဝါဒမျိုး မဘသ အဖွဲ့က ကိုင်စွဲထားတယ် လို့လည်း ဦး သောပါက က မိန့်ပါတယ်။

ပဋိပက္ခ တစုံတရာ ဖြစ်ပေါ် လာတိုင်း မဘသ အဖွဲ့အပေါ် လက်ညှိုးထိုး စွပ်စွဲမှုများကို သည်းခံ ခဲ့ပေမယ့် လွန်ကဲ လာရင်တော့ ဥပဒေဘောင် အတွင်းက တုံ့ပြန် သွားနိုင်ဖို့ ရည်ရွယ် ထားတယ် ဆိုပြီး တော့လည်း ဦး သောပါက က မိန့်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက ရန်ကုန် မင်္ဂလာတောင်ညွန့် မြို့နယ်ထဲကို ရာနဲ့ချီပြီး အုပ်စုဖွဲ့ ဝင်ရောက် ခဲ့တဲ့ ဖြစ်ရပ်မှာ မဘသ အဖွဲ့ ပါဝင် ပတ်သက် နေတယ် ဆိုတဲ့ ပြောဆို ဝေဖန်မှု တွေ အပေါ် မဘသ အဖွဲ့က တုံ့ပြန် လာတာ ဖြစ်ပါတယ်။

အဲဒီ လူအုပ်ကို ဦးဆောင် ခဲ့သူတွေလို့ ယူဆရသူတွေကို ဖမ်းဆီး တရား စွဲဆို မှုတွေ ရှိနေချိန်မှာ မဘသ အဖွဲ့က သူတို့နဲ့ မပတ်သက်တဲ့ အကြောင်း အင်းစိန်၊ ရွာမ ပရိယတ္တိ စာသင်တိုင်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ငြင်းဆို ခဲ့ပါတယ်။

ဒါ့အပြင် ပြင်းထန်တဲ့ အမျိုးသားရေးတွေ ပြောကြားလေ့ ရှိတဲ့ မန္တလေးက ဆရာတော် ဦးဝီရသူနဲ့ ပတ်သက် ပြီးတော့လည်း ဦးဝီရသူဟာ မဘသ ဦးဆောင် ဆရာတော် တစ်ပါး ဖြစ်ပေမယ့် သူပြောဆို တာတွေဟာ မဘသ အဖွဲ့ကို ကိုယ်စား မပြုဘူးလို့ ဒေါက်တာ ဦး သောပါက က ဘီဘီစီကို မိန့်ပါတယ်။

မဘသ အဖွဲ့ကို ပျက်လိုပျက်စီး လုပ်ဆောင် လာရင်တော့ တားမြစ် ရမှာ ဖြစ်ပေမယ့် သူ့တာဝန် သူယူပြီး ပြောနေတဲ့ ဦးဝီရသူ အပေါ် အခု အချိန်မှာတော့ မဘသ ဘက်က ဘာမှ ပြောဆိုမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

မဘသ ဟာ သံဃ အဖွဲ့အစည်း ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီ ဖွဲ့ထားတာ မဟုတ်ဘူး ဆိုပြီး နိုင်ငံတော် သံဃ မဟာ နာယက မဟန အဖွဲ့ကတော့ ဆုံးဖြတ် ထားပါတယ်။

သံဃာတွေ သက်သက်နဲ့ ဖွဲ့ထားတာ မဟုတ်ပဲ လူ ပုဂ္ဂိုလ်တွေပါ ပါဝင် ဖွဲ့စည်း ထားတာ ဖြစ်တဲ့ အတွက် မဟန အဖွဲ့ရဲ့ ဆုံးဖြတ်ချက် မှားတယ်လို့ မပြောနိုင် ပေမယ့်၊ နိုင်ငံတွင်း ဘာသာရေး သာသနာရေး အသင်းအဖွဲ့တွေ လွတ်လွတ်လပ်လပ် ဖွဲ့စည်း ခွင့် ရှိတာနဲ့ အညီ မဘသကို သာသနာပြု အဖွဲ့ တစ်ခု အဖြစ် ဖွဲ့စည်း ထားတာ ဖြစ်တယ်လို့ ဒေါက်တာ ဦး သောပါက တုံ့ပြန်

ပါတယ်။

မင်္ဂလာတောင်ညွန့် မြို့နယ်ထဲ ဖြစ်ပျက် ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဖမ်းဝရမ်း ထုတ်ခံ ထားရ သူတွေထဲ သံဃာ နှစ်ပါး ပါဝင် နေပြီး၊ မျိုးချစ် ရဟန်းတော်များ သမဂ္ဂ ဆိုတဲ့ နာမည်အောက် လှုပ်ရှား နေကြသူတွေ ဖြစ်တယ်လို့ နားလည် ရပါတယ်။

BBC Burmese
http://www.bbc.com/burmese

မော်လမြိုင်မြို့ မုပွန်ရပ်ကွက်တွင် လူသတ်မှုဖြစ်ပွား

$
0
0

မော်လမြိုင်မြို့  ။ မေလ(၁၆)ရက်

မွန်ပြည်နယ် မော်လမြိုင်မြို့ မုပွန်ရပ်ကွက် မီးရထားဝင်းတွင် ၁၅.၅.၂၀၁၇ရက် မေလ ၁၅ရက်နေ့ နေ့လည်(၂)နာရီခွဲအချိန်က မိခင်ဖြစ်သူဒေါ်သိန်းထွေးနှင့် ညီမဖြစ်သူ မစိန်စိန်တို့ကို ညီမဖြစ်သူ၏ခင်ပွန်းခင်စိုးက ပြင်ပမှ အရက်သေစာသောက်စားလာပြီး ဓားနှစ်ချောင်းကိုင်၍ လိုက်ခုတ် ရာကနေ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

 ဓားနှစ်ချောင်းကိုင်၍ လိုက်ခုတ်နေစဉ် မစိန်စိန်၏ အစ်ကိုဖြစ်သူ ဇော်မင်းထွန်းမှ ဝင်ရောက်ဖျန်ဖြေစဉ် ခင်စိုးမှ ဇော်မင်းထွန်းကိုပါ ဓားဖြင့် လိုက်ခုတ်သဖြင့် ဇော်မင်းထွန်းက အလုပ်မှပြန်၍ ပါလာသော သံတူရွင်းဖြင့် ခုခံစဉ် ခင်စိုးမှာ ဦးခေါင်းတွင် ဒဏ်ရာများရရှိသွားပြီး အခင်းဖြစ်ပွားသည့် နေရာ၌ သေဆုံးသွားသည်။

အဆိုပါလူသတ်မှုအား မုပွန်နယ်မြေရဲစခန်းမှ ဇော်မင်းထွန်းကို ဖမ်းဆီး အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

တင်ထွဋ် (မော်လမြိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

ဒီပဲယင်းမြို့နယ်မှ လေဘေးသင့်ကျေးရွာများသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေများ ပေးအပ်

$
0
0


ဒီပဲယင်း မေ ၁၇

စစ်ကိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်၌ မေ ၁၆ ရက် ည ၇ နာရီ ၃၀ မိနစ်ခန့်က ကျေးရွာလေးရွာ လေပြင်းတိုက်ခတ်ခံရပြီး လေပြင်းတိုက်ခတ်ခံရမှုကြောင့် လူနေအိမ်များ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများ အမိုးလန်ပြိုလဲမှုများ ဖြစ်ပေါ်ခဲ့ရာ လူနေအိမ်(၁၄၅)အိမ် အခြားအဆောက်အဦ (၁၄)ခု ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းတို့ ပျက်စီးထိခိုက်ခဲ့ပြီး လူနေအိမ် (၃၀) ပြိုလဲကျခဲ့ကြောင်း သိရသည်။


အဆိုပါ လေးပြင်းတိုက်ခတ်ခံရသော ကျေးရွာများသို့ မေလ ၁၇ ရက် နံနက် ၆ နာရီခွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦဝင်းမြင့်အောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦဝင်းဇော်ထွေး တို့သည် စိုင်ပြင်စံပြကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး လေပြင်း တိုက်ခတ်ခံရသော အိမ်ထောင်စုများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတိုမှ ထောက်ပံ့လှူ ဒါန်းငွေကျပ်(၈၂)သိန်းနှစ်သောင်းနှင့် အိမ်ထောင်စုတစ်စုလျှင် ပုဆိုး လုံချည် ဆပ်ပြာ စွပ်ကျယ် မျက်နှာသုပ်ပဝါ ပစ္စည်း(၅)မျိုး ထောက်ပံ့ပေးအပ်ခဲ့သည်။


ဒီပဲယင်းမြို့နယ်တွင် မေ(၂)ရက်က ပထမအကြိမ် ကျေးရွာတစ်ရွာ လေပြင်းတိုက်ခတ်ခံရပြီး မေ(၅)ရက် ဒုတိယအကြိမ် ကျေးရွာပေါင်း (၁၉) ရွာနှင့် မေ (၁၆) ရက် တတိယအကြိမ်တွင် ကျေးရွာ(၄)ရွာ လေပြင်းတိုက်ခတ်ခံရကြောင်း သိရသည်။

သိန်းထွန်းအောင် (ဒီပဲယင်း-ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် ငါးပူးတင်းစား၍ သားမိသားဖ သုံးဦးသေဆုံး

$
0
0


နိရဉ္စရာ၊ မေ ၁၇

ရခိုင်ပြည်နယ် ဂွမြို့နယ် ရွှေယချိုင်ကျေးရွာတွင် ငါးပူးတင်းစား၍ သားမိသားဖ ၃ ဦး ယနေ့တွင်သေဆုံးသွားကြောင်း ဂွမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးမှ နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

“ ဟုတ်ပါတယ်။ သားမိသားဖ သုံးယောက်စလုံးသေတာ မှန်ပါတယ် ခင်ဗျား။ အခု ဂွမြို့နယ် ဆေးရုံမှာ ရှိနေပါတယ်။ နာမည်တွေတော့ စစ်ဆေးနေတုန်း ဖြစ်တဲ့ အတွက် မသိရသေးပါဘူး” ဟု ဂွမြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောသည်။


သေဆုံးသူများထဲတွင် ဖခင်၊ မိခင်နှင့် ကလေး တစ်ဦးတို့ ဖြစ်ကြသည်။

ဒေသခံများပြောကြားချက်အရ ငါးပူးတင်းကို အသားရော၊ ကလီစာကိုပါ စားမိရာမှ အဆိပ်သင့်ပြီး သေဆုံးခြင်း ဖြစ်ကြောင်း၊ ယောင်္ကျားဖြစ်သူမှာ ဂွမြို့နယ် ဆေးရုံသို့ အလာ လမ်းတွင် သေဆုံးပြီး မိခင်နှင့် သားဖြစ်သူမှာ ဆေးရုံရောက်ပြီးမှ သေဆုံးခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

(ဓာတ်ပုံ- ထွန်းထွန်းနိုင် )
Narinjara
https://www.facebook.com/Narinjara

သခွတ်ပွင့်သွားကောက်သော အမျိုးသမီးတစ်ဦး ဓာတ်ကြိုးကို လည်ပင်းဖြင့် ၀င်တိုက်မိ၍ သေဆုးံ

$
0
0


မုံရွာ၊ မေ ၁၈။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့၊ အောင်ချမ်းသာ ရပ်ကွက်၊ ဓမ္မာရုံ ဘုန်ကြီးကျောင်းအနီးတွင် မေလ ၁၆ ရက် နံနက် ဝေလီဝေလင်းအချိန်က အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုးံမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူ အသက် ၅၆နှစ်အရွယ် ဒေါ်အုန်းမြိုင်ဖြစ်ပြီး ခင်ပွန်းနှင့်အတူ သခွတ်ပွင့်ကောက်ရန် သွားစဉ် ဓာတ်တိုင်မှ ပြုတ်ကျနေသော ဓာတ်ကြိုးအား မမြင်ပဲ ၀င်တိုး၍ လည်ပင်း နှင့်ထိမိ၍ ဓာတ်လိုက်ကာ သေဆုံးသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

၎င်းသေဆုးံမှုကို ရေဦးမြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်ညွန့်မှ သေမှုသေခင်း ဖွင့်၍ စစ်ဆေးနေကြောင်း သတင်းရရှိသည်။

နှင်းမောင်
Central News Myanmar
https://www.facebook.com/CNMyanmar

သဲခုံကျေးရွာတွင် သေနတ်ပြခြိမ်းခြောက် ဓါးပြတိုက်ခဲ့သူ အကြိုင်အား မွန်ပြည်သစ်ပါတီက မြို့နယ်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်

$
0
0


ရေး ၊ မေ ၁၇

ရေးမြို့နယ်၊ ကော့လှိုင်ကျေးရွာအုပ်စု၊ သဲခုံကျေးရွာတွင် ယခုနှစ်ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ ညပိုင်းက သေနတ်ပြခြိမ်းခြောက်ကာ ငွေကြေးနှင့် ရွှေထည်ပစ္စည်းများဓါးပြတိုက်ခဲ့သူ အကြိုင်(ခ)မောင်ဝင်း အသက် (၄၂)နှစ်ဆိုသူအား မေလ ၁၇ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်သစ်ပါတီထားဝယ်ခရိုင်၊ အမှတ်(၂)တပ်ရင်း၊ ၀ယ်ဇင်စခန်းတွင် ရေးမြို့နယ်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

"တရားခံ နိုင်အကြိုင် ကို မွန်ပြည်သစ်ပါတီ ရေးတောင်ပိုင်းမှာရှိတဲ့ ဝယ်ဇင်စခန်းကနေ ရေးမြို့ နယ်ရဲတပ်ဖွဲ့ ကို လွှဲအပ်မယ်ဆိုတဲ့အတွက် ကျွန်တော်ဦးစီးပြီးတော့ ခေါဇာနယ်မြေရဲစခန်းမှူး ပါဝင်တဲ့ အဖွဲ့ ကနေ ယနေ့ မေလ (၁၇) ရက်နေ့  နံနက် (၁၀း၄၅) အချိန်မှာ ကောင်းမွန်စွာနဲ့ တရားခံလွှဲပြောင်းလက်ခံဆောင်ရွက်ခဲ့ပါတယ်။ တရားခံကိုတော့ အခင်းဖြစ်စဉ်မှာ သူအသုံးပြုခဲ့တဲ့ လက်နက်ခဲယမ်းနဲ့ အသုံးပြုခဲ့တဲ့ ပစ္စည်းတွေကိုတော့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းမရှိခဲ့ပါဘူး။ တရားခံ နိုင်အကြိုင်ကိုတော့ ရေးမြို့မရဲစခန်းကို ခေါ်ဆောင်ပြီးတော့ အသေးစိတ်စစ်ဆေးမေးမြန်းလျှက်ရှိပါတယ် "ဟု ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော်က သံလွင်တိုင်းမ်ကို ပြောသည်။

အကြိုင်ဆိုသူမှ သဲခုံကျေးရွာသို့ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့၊ ည ၇ နာရီအချိန်ကရောက်ရှိလာပြီး ယင်းကျေးရွာရာအိမ်မှူး ဦးမြင့်သိန်းအား ဘုန်းကြီးကျောင်းမှခေါ်ထုတ်၍ လမ်းတွင် သေနတ်ပြခြိမ်းခြောက်ကာ ၀တ်ဆင်ထားသည့် ရွှေ (၅)မူးသားလက်စွပ်(၁)ကွင်းတောင်းယူခဲ့ကြောင်း၊ ယင်းနောက် ရွာအတွင်းရှိ ဒေသခံများထံက ငွေကြေးနှင့် ရွှေထည် စုစုပေါင်း ၃၈ သိန်းကျော်ခန့်ယူဆောင်ခဲ့ကြောင်းနှင့် ယင်းအမှုနှင့်ပတ်သက်၍ ခေါဇာနယ်မြေရဲစခန်းက (ပ) ၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၉၂ အရ အမှုဖွင့်အရေးယူထားခဲ့သောအမှုဖြစ်ကြောင်း သိရသည်။

"လက်နက်ပြပြီး ငွေတောင်းတာတွေ ရွာတွေမှာလုပ်နေတဲ့သူပါ၊ ခုလို ဖမ်းဆီးရမိတဲ့အတွက် ဒေသခံတွေအတွက် သတင်းကောင်းပါပဲ "ဟု ခေါဇာမြို့ ဒေသခံတစ်ဦးက ပြောသည်။

ရေးမြို့နယ်ရဲတပ်ဖွဲ့ မှ တရားခံ နိုင်အကြိုင် (ခ) မောင်ဝင်း အား အသေးစိတ်စစ်ဆေးပြီးမှ ဖြစ်စဉ်အသေးစိတ်နဲ့ အတူ သက်သေခံပစ္စည်းတွေ ပြန်လည်ရရှိရေး၊ ၄င်းနှင့်အတူ ပါဝင်ခဲ့သ့်အဖွဲ့ များအား ထပ်မံဖေါ်ထုတ်စစ်ဆေးသွားရေး၊ စီမံလျှက်ရှိကြောင်း ရဲမှူးမြင့်သော်က ပြောကြားသည်။

နိုင်အကြိုင် (ခ) မောင်ဝင်း ဆိုသူမှာ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့က တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်အခြေပြု ခလရ (၂၇၃) တွင် အလင်းဝင်ရောက်ခဲ့သည့် နိုင်မွန်ချမ်းအဖွဲ့မှဖြစ်ပြီး ၊ အလင်းဝင်ရောက်ပြီးနောက် ပေါက်ပင်ကွင်း-ရေး ကားလိုင်းပြေးဆွဲခြင်းလုပ်ငန်း လုပ်ကိုင်ခဲ့သူဖြစ်ကြောင်းလည်း သိရသည်။

သတင်း - ရဲနိုင်ဦး
Than Lwin Times
https://www.facebook.com/thanlwintimes9

သစ်ထုတ်သူတွေက ပြည်နယ်ဦးစီး မှူးကို ခြိမ်းခြောက်

$
0
0
ခုတ်ယူထားသော သစ်လုံးများပုံ Photo: RFA
ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ တရားမ၀င်သစ်ခိုးထုတ်တာကို တွေ့ရှိတဲ့အတွက်ကြောင့် သစ်တွေကို ဖမ်းဆီး သိမ်းဆည်းခဲ့တဲ့ ပြည်နယ်သစ်တောဦးစီးမှူးကို ဖုန်းနဲ့ခြိမ်းခြောက်တာတွေရှိနေကြောင်း ကယားပြည်နယ်အစိုးရ ဝန်ကြီးတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအပြင်ဘက်မှာ ပိုင်ရှင်မဲ့သစ် ၅၃ တန်ကျော်ကို  ဖမ်းဆီးခဲ့တဲ့ နောက်ဆက်တွဲ ပြည် နယ်သစ်တောဌာန ဦးစီးမှူးကို ဖုန်းနဲ့ ခြိမ်းခြောက်ပြောဆိုခဲ့တာ ဖြစ်တယ်လို့ ကယားပြည်နယ်အစိုးရ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က ပြောပါတယ်။

"ညွှန်မှူးဆီကို ည ၉နာရီခွဲလောက်မှာခေါ်တယ်၊ ခင်ဗျား ညွှန်မှူးလားမေးတယ်၊ သစ်တောညွှန်မှူး ဘာဖြစ် လို့ ကေးလျားမှာ သစ်လာဖမ်းတာလဲ ခင်ဗျားထမင်းအဝစားထားဆိုပြီး ဖုန်းချသွားတယ်ပြော တယ်"

အဲဒီ ခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး အမှုဖွင့်ဖို့ စီစဉ်နေတယ်လို့လည်း ဝန်ကြီး က ပြောပါတယ်။

အခုလ ၁၄ ရက်နေ့က ဘောလခဲတပ်နယ် တပ်မ ၃၃၇ က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရင်း ကယားပြည်နယ် ဖရူဆိုမြို့နယ်၊ ကေးလျားရွာပြင်မှာ ပိုင်ရှင်မဲ့သစ်တွေကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။  ဖမ်းဆီးရမိတဲ့ ပိုင်ရှင်မဲ့သစ် ၅၃ တန်ကျော်ထဲမှာ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သစ်ရာ၊ အင်သစ် အမျိုးအစားတွေပါဝင်တယ်လို့ ကယားပြည် နယ်သစ်တောဦးစီးဌာနကသိရပါတယ်။

အလားတူ သစ်တောဝန်ထမ်းတွေကို ခြိမ်းခြောက်မှုတွေလည်း ရှိခဲ့တဲ့အတွက် အောက်ခြေ သစ်တောဝန် ထမ်းတွေ နှုတ်ထွက်တာ ၃ ယောက်လောက်ရှိတယ်လို့လည်း သိရပါတယ်။

လက်ရှိ အစိုးရသစ် လက်ထက် တစ်နှစ်ကျော်အတွင်း ကယားပြည်နယ်မှာ တရားမဝင် သစ်တန်ချိန် ၇ဝဝ ကျော် ဖမ်းဆီးရရှိခဲ့တယ်လို့  ပြည်နယ်သစ်တောဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

ငရုပ်ခင်းထဲသို့ ဆိတ်ကျောင်းခဲ့၍ ညီအကိုချင်း စကားများရာမှ လူသတ်မှုဖြစ်ပွား

$
0
0


နေပြည်တော် မေ ၁၇

ပျဉ်းမနားမြို့၊ တောင်သာအုပ်စု၊ သူဌေးကုန်းကျေးရွာ၌ မေ ၁၄ ရက်နေ့၊ ညနေ (၄)နာရီအချိန်တွင် ငရုပ်ခင်းထဲသို့ ဆိတ်ဝင်ရောက်ကျောင်းရာမှ ညီအကိုချင်းစကားများပြီး လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး ပျဉ်းမနားမြို့မရဲစခန်းမှူး ဒုရဲမှူး တင်ဌေးမှ ပြစ်မှုကျူးလွန်သူ သိန်းမင်းစိုးအား အမှုဖွင့်စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။

ရဲရဲ(ပျဉ်းမနား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

မုံရွာတက္ကသိုလ်ကျောင်း ပရ၀ုဏ်အတွင်း ခိုးယူခံရသော ဆိုင်ကယ်(၃၁) စီး ပြန်ပေးမည်

$
0
0
ခိုးရာပါ ဆိုင်ကလုန်း ဆိုင်ကယ်ပိုင်ရှင်များ သိရှိစေနိုင်ပါရန် အကြောင်းကြားလိုက်တယ်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ်ကျောင်း ပရ၀ုဏ်အတွင်း ခိုးယူခြင်းခံလိုက်ရသော ဆိုင်ကလုန်း ဆိုင်ကယ်များနှင့် ပတ်သက်၍ မုံရွာနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ဆိုင်ကယ်ခိုးယူသူနှင့်အတူ ခိုးရာပါ ဆိုင်ကလုန်း ဆိုင်ကယ်(၃၁) စီးအား အမှုဖြင့် လက်ရဖမ်းဆီးထားခဲ့ပါတယ်။

အဆိုပါ ဆိုင်ကယ်ခိုးယူခဲ့သူအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန်အတွက် အမှုဖြင့်စစ်ဆေးဆောင်ရွက်ခဲ့ပြီးနောက် ခိုးရာပါဆိုင်ကယ်များ လက်လွဲရောင်းချထားသည့် အနယ်နယ် အရပ်ရပ်သို့ သွားရောက်၍ ပြန်လည်သိမ်းဆီးခဲ့ပါတယ်။ ထို့နောက် အမှုတွဲများတည်ဆောက်၍ တရားစွဲဆိုနိုင်ရန် အပူတပြင်းလုပ်ဆောင်ရပါတယ်။

ယခုအခါ အဆိုပါ ဆိုင်ကယ်ခိုးယူမှုအား မုံရွာမြို့နယ်တရားရုံးတွင် တရားစွဲဆိုလျက်ရှိရာ ခိုးရာပါ ဆိုင်ကလုန်း ဆိုင်ကယ်ပိုင်ရှင်များအနေဖြင့် မိမိတို့၏ ဆိုင်ကယ်များအား နည်းစနစ်တကျ ပြန်လည်ထုတ်ယူရရှိနိုင်ရန်အတွက် လာမည့် (၂၃ .၅. ၂၀၁၇) ရက်နေ့တွင် မုံရွာမြို့နယ်တရားရုံးသို့ ဆိုင်ကယ်နှင့်ပတ်သက်၍ ယာဉ်မှတ်ပုံတင် စာရွက်စာတမ်း အထောက်အထား အချက်အလက်များ မူရင်းနှင့် မိတ္တူယူဆောင်၍ ရုံးချိန်အတွင်း လာရောက်ကာ နည်းစနစ်တကျ တင်ပြလျှောက်ထား ထုတ်ယူနိုင်ကြောင်း အသိပေးအပ်ပါတယ်။

ဒီလိုထုတ်ယူရာမှာ အခေါက်ခေါက်အခါခါ မဖြစ်စေရဖို့ ဆိုင်ကယ်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ တပါတည်းယူဆောင်ခဲ့ကြဖို့ မမေ့ကြရန် ထပ်ဆင့်၍ နှိုးဆော်လိုက်ရပါတယ်..။

ရဲအုပ် ရဲအောင်
မုံရွာနယ်မြေ ရဲစခန်းမှူး

ထိုင်းမှာ ၄ ရက်အတွင်း မြန်မာ အလုပ်သမား ၃၀၀ ဖမ်းဆီးခံရ

$
0
0
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားတချို့ကို မဲဆောက်-မြ၀တီနယ်စပ်တွင် တွေ့ရစဉ်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မေလ ၁၄ ရက်နေ့ကနေ ဒီနေ့ ၁၇ ရက်နေ့အထိ ၄ ရက်အတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၀၀ လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ က ပြောပါတယ်။

မဲဆောက်ကနေ ဘန်ကောက်ကို ခရီးသွားတဲ့ အထောက်အထားအပြည့်အစုံပါတဲ့ မြန်မာရွှေ့ပြောင်း အလုပ် သမားတွေကို ထိုင်းစစ်ဆေးဂိတ်တစ်ခု က ငွေတောင်းခံနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာသံရုံးက အလုပ်သမားသံအရာရှိက သွားရောက်သတိပေးပြောကြားခဲ့ပြီးနောက်ပိုင်း မဲဆောက်မှာ အခုလို ဖမ်းဆီးမှုတွေ ခပ်စိပ်စိပ်လုပ်လာတာဖြစ်တယ်လို့ မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။

"ဒီမြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီးတော့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အလုပ်သမား သံအရာရှိ ဦးအောင်ကိုသန်းက ဦးမိုးကြိုးနဲ့အတူ ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့မှာ မဲဆောက်နဲ့ ဘန်ကောက် အဝေးပြေးကားလမ်းမကြီးပေါ်က ဟွေးလျှားဥ လို့ခေါ်တဲ့ အဖွဲ့စုံစစ်ဆေးရေး ဂိတ်ကို ကွင်းဆင်းပြီးတော့ အဲမှာ အထောက်အထား အစုံအလင်ပါတဲ့ မြန်မာအလုပ်သမားတွေကို တစ်ထောင်ကနေပြီးတော့ ဘတ် ၅ ထောင် အထိ ငွေတောင်းခံနေတာနဲ့ ပတ်သက်ပြီးတော့ ကန့်ကွက်ပြောဆိုတာတွေ၊ သတိပေးပြောဆိုတာတွေ လုပ်ခဲ့တယ်၊ တိုက်ဆိုင်စွာပဲ နောက်တစ်နေ့ဖြစ် တဲ့ မေလ ၁၄ ရက်နေ့ကနေ စပြီး ဒီနေ့ မေလ ၁၇ ရက်နေ့အထိ မဲဆောက်မှာ စီမံချက်အရ အလွှာစုံသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀၀ လောက် ထိုင်းအာဏာပိုင် တွေက ဖမ်းဆီးတာ၊ ခပ်စိပ်စိပ်လေး ဖမ်းလာတယ်"

ထိုင်းအာဏာပိုင်တွေက စီမံချက်ကြောင့်ဆိုပြီး အထောက်အထားမဲ့တာ၊ အထောက်အထား မစုံလင်တာနဲ့ အလုပ်ရှင်နဲ့ အလုပ်လုပ်တဲ့နေရာ လွဲမှားနေတဲ့ မဲဆောက်က မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ဖမ်းဆီးနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

မဲဆောက်မြို့က စက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေသူတွေကိုပါ စစ်ဆေးပြီး ဖမ်းဆီးမှုတွေ ပြုလုပ်နေ တာ ဖြစ်တယ်လို့လည်း ဦးမိုးကြိုးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့အလုပ်သမားတွေဟာ စက်ရုံတွေမှာ အလုပ်လုပ်နေကြသူတွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက် လုပ်ရေး စတဲ့ကျပန်းအလုပ်သမားတွေ ပါဝင်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

အွန်လိုင်းပေါ်က ခိုးကြောင်ခိုးဝှက်လိင်ဆန္ဒများနှင့် နောက်ဆက်တွဲပြဿနာများ

$
0
0

Violet of Myanmar ဆိုတဲ့ မြန်မာအပြာကားထွက်ပေါ်လာတဲ့ကယက်က ယခုရက်ပိုင်းအတွင်း အတော်ကလေးပြန့် ပြ န့်နှံ့နှံ့ဖြစ်နေသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်လည်း အဆိုပါကိစ္စကို လိုက်လံစုံစမ်း နေသည်။

အဆိုပါ ဗီဒီယိုကို ART Of Myanmar Production ဆိုသော Facebook စာမျက်နှာမှ ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။ ယခုဗီ ဒီယိုဖြန့်ချိမှုကို သိရှိနိုင်ရန် Cyber Crime မှ နည်းပညာများဖြင့် စုံစမ်းနေသည်ဟု ပြည်တွင်း သတင်းစာများတွင် ဖော်ပြ ခဲ့ကြသည်။

ထို့အပြင် ယခုခရမ်းပြာဟုအမည်ရသော ညစ်ညမ်းရုပ်ရှင်ကားသည် သူနာပြုဇာတ်ရုပ်ကို ဖန်တီး ရိုက်ကူးထားသဖြင့် သူ နာပြုအသိုင်းအဝိုင်းကိုစော်ကားရာရောက်သည်ဟုလည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဋ္ဌါန၊ ကုသရေးဦးစီးဋ္ဌါန ညွှန် ကြားရေးမှူးချုပ်ဒေါက်တာမြင့်ဟန်က ပြောဆိုထားသည်ကို The Voice သတင်းစာမျက်နှာတွင် ဖော်ပြထားခဲ့သည်။

ဆိုရလျှင် ထွက်ပေါ်လာခဲ့သော ခရမ်းပြာအမည်ရှိ ညစ်ညမ်းဇာတ်ကားနှင့်ပတ်သက်ပြီး အလွှာပေါင်းစုံမှ လူများက ဝေဖန် ခဲ့ကြသလို ထောက်ခံသူများလည်း ရှိနေခဲ့သည်။ ထောက်ခံသူများမှာ လူငယ်များဖြစ်သည်။ ထိုသို့ဆိုရလျှင် ထောက်ခံေ သာလူငယ်များသည် မည်သည့်အတွက်ကြောင့် ထောက်ခံကြသနည်း။

“ကျွန်တော်ထောက်ခံတယ်ဆိုတာက အွန်လိုင်းပေါ်မှာ ခိုးကြောင်ခိုးဝှက်ဖြစ်နေတဲ့ ကိစ္စရပ်တစ်ခုကို အစိုးရက အခွန်ငွေေ ကာက်ခံတာမျိုး၊ နည်းဥပဒေပြဋ္ဌါန်းတာမျိုး ပြုလုပ်ပြီး ခွင့်ပြုပေးလိုက်စေချင်တာပါ” ဟု အသက် ၃၀ ကျော်အရွယ် လူငယ် တစ်ယောက်က ပြောသည်။

ယနေ့မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုသူဦးရေ တိုးပွားနေပြီဖြစ်သလို မြန်မာပြည်သူလူထုဟာ တစ်နေ့လျှင် ပျှမ်းမျှ အင်တာနက်အသုံးပြုမှု နှစ်နာရီကျော်ခန့်ရှိနေသည်။ ၅၉ ရာခိုင်နှုန်းသော အင်တာနက်အသုံးပြုသူတွေဟာ Social Media Network ကို သုံးစွဲနေကြသည်။

ထိုကဲ့သို့ အင်တာနက်သုံးစွဲမှု မြင့်တက်လာခြင်းကြောင့် Facebook, Viber သာမက ပြည်တွင်းမှ ဖြန့်ချိထားသော Beetalk, Mychat များပါဝင်လာသည်။ ယခုနောက်ဆုံးအနေဖြင့် ဗီယက်နမ်နိုင်ငံမှ Zalo App သည် မြန်မာနိုင်ငံ၏ အင်တာနက်အသုံးပြုသူများကြားသို့ ဝင်ရောက်လာပြီဖြစ်သည်။

Social Network App တွေမှာ ဘာတွေ လှုပ်ရှားကြသလဲ

လူငယ်တွေအနေနဲ့ Social Network App တွေမှာ ပုံစံအမျိုးမျိုးနဲ့ လှုပ်ရှားနေကြသည်။ စာပေ၊ နည်းပညာ၊ အနုပညာ၊ ဂိမ်း၊ ပညာရေး၊ လိင် စသဖြင့်ကဏ္ဍများစွာတွင် လိင်စာမျက်နှာ ကြည့်ရှုသူဦးရေ များပြားသည်။ ယနေ့ Facebook Policy အရ လိင်နှင့်သက်ဆိုင်သော Facebook Account များကို ပြည်ပနိုင်ငံ များကဲ့သို့ တရားဝင်မဟုတ်ပါက အလွယ်တကူဖွင့်၍မရတော့ပေ။

သို့သော် မြန်မာနိုင်ငံမှ အချို့သောသူများသည် ယင်းကဲ့သို့သော အကောင့်များ၊ Page များကို ပုံစံတမျိုးဖြင့် ဖွင့်လှစ်ကာ လှုပ်ရှားနေကြသည်။ ထို့အပြင် ပြည်တွင်း Social Natwork App များဖြစ်သော Beetalk, Mychat App များတွင် Sex Chat သည့် ကိစ္စရပ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြသည်။

Sex Chat သည်သာမက လိင်နှင့်ပတ်သက်သော ဆက်သွယ်မှုများကိုပါပြုလုပ်လာကြသည်။ Sex chat ရာတွင် နှစ် ဦးသဘောတူ chat ကြသည်များရှိသလို ယောကျာ်းလေး၏ လွန်လွန်ကျူးကျူး အပြော များကြောင့် ရိုးရိုးရှင်းရှင်း အ သုံးပြုနေသော မိန်းကလေးများအတွက် စိတ်သောက ဖြစ်စရာ ကြုံရပေ သည်။

“ညီမ Beetalk သုံးတာ တစ်နှစ်လောက်ရှိပါပြီ။ အချို့က အင်္ဂလိပ်လို hi,are you interested in sex? ဆိုတာမျိုး ယဉ်ယဉ်ကျေးကျေး စာပို့တာတွေရှိသလို အချို့ယောကျာ်းလေး အကောင့်တွေက အရမ်းရိုင်းပါ တယ်။ အဲဒီလိုရိုင်းတဲ့ စာတွေပို့လာရင် အရမ်းစိတ်ညစ်ရပါတယ်” ဟု အရောင်းဝန်ထမ်း လုပ်ကိုင်နေသော မိန်းကလေးတစ်ဦးက သူ့အေ တွ့ အကြုံကို ပြောပြသည်။

“အစ်မအနေနဲ့ အရင်ကတော့ ကလပ်ကိုသွားပါတယ်။ အခုနောက်ပိုင်း ဘားတွေပေါ်လာတော့ ဘားတွေသွားပါတယ်။ ပုံမှန်အနေနဲ့ ဝင်ငွေရနေတာတော့ မဟုတ်ပါဘူး။ အခုအစ်မ အင်တာနက် အသုံးပြုပြီး နောက်ပိုင်းမှာ အပြင်သိပ်မသွားေ တာ့ပါဘူး။ လိုင်းပေါ်ကနေပဲ ဧည့်သည်တွေရလာတတ်ပါတယ်” ဟု လိင်ဖျော်ဖြေမှုအလုပ်လုပ်ကိုင်သူ မမီးမီး (အမည်လွှဲ ) ကပြောသည်။

တစ်ခါတစ်ရံတွင် Sex Chat သည်ဟုဆိုကာ ဖုန်းဘေလ်လိမ်လည်မှုများလည်း ရှိနေတတ်ကြောင်းကို လူငယ်တစ်ဦးက ပြောသည်။ ယခုကဲ့သို့ အင်တာနက်အသုံးပြုမှု ကျယ်ပြန့်လာပြီး နောက်ပိုင်းတွင် Sex Chat သည့်ကိစ္စရပ်များသည် အ ချို့သော အင်တာနက်အသုံးပြုသူများအကြား ရေပန်းစားလာခဲ့သည်။

အလိုတူသည်များရှိသလို၊ အလိုမတူမှုများလည်းရှိနေတတ်ပေသည်။ အလိုမတူသည့် မိန်းကလေး အကောင့်မှ ပုံများကို ယူကာ ညစ်ညမ်း Page များတွင်လည်းကောင်း၊ Group များတွင်လည်းကောင်း ဖြန့်ဝေ မှုများရှိနေသည်။ အဆိုပါကိစ္စရ ပ်များအတွက် မည်သူတစ်ဦးတစ်ယောက်ကမျှ တာဝန်ယူ ဖြေရှင်းပေးမှုများ မရှိခဲ့ကြောင်း ကုမ္ပဏီဝန်ထမ်းမိန်း ကလေး တစ်ဦးက ပြောသည်။

“ညီမဖြစ်ခဲ့တာက ၂၀၁၆ ခုနှစ် စက်တင်ဘာလလောက်မှာဖြစ်ခဲ့တာပါ။ ညီမကို Chat Box ကနေ ညစ်ညမ်းစာတွေပို့တ ယ်။ ညီမ ဘာမှပြန်မပြောဘဲ ငြိမ်သွားမလားလို့ ထားလိုက်မိတယ်။ နောက်တစ်ပတ်လောက်ကြာတော့ ရုံးက မောင်လေး တစ်ယောက်က အစ်မပုံတွေ အဲဒီမှာပြန့်နေတယ်ပြောလို့ အစ်ကိုတစ်ယောက်ရဲ့ အကူအညီနဲ့ ဝင်ကြည့်ခိုင်းလိုက်တာ မဖွ ယ်မရာတွေပြောပြီးတင်ထားတာ အများကြီးပဲ။ အဲဒါကို Cyber Crime ကိုတိုင်တော့လည်း ဘာမှ အကျိုးသက်ေ ရာက် မှုမဖြစ်ခဲ့ပါဘူး။” ဟု ထပ်ဆင့်ရှင်းပြသည်။

ဘယ်လို ဖြေရှင်းသင့်သလဲ

အစိုးရပိုင်းအနေနဲ့ အွန်လိုင်းပေါ်မှာ ဖြစ်ပျက်နေတဲ့ လိင်မှုဆိုင်ရာကျူးလွန်စော်ကားမှုတွေ၊ အသရေပျက်စီးမှုတွေအတွက် ဖြေရှင်းပေးနိုင်မည့် နည်းလမ်းတစ်ခုကို ပြုလုပ်သင့်ပါတယ်။ အလိုတူအလိုပါဖြစ်ခြင်းကြောင့် Sex Chat ကြခြင်း၊ အပြင် မှာ ချိန်းတွေ့ကြခြင်းသည် ပြဿနာ မကြီးထွားသောလည်း သမရိုးကျအွန်လိုင်းသုံးစွဲနေသော မိန်းမပျိုများအတွက် ကာ ကွယ်မှုဆိုင်ရာ လုပ်ငန်းစဉ်တစ်ရပ်ကို ဖော်ဆောင်ပေးသင့်သည်။

ဘာသာတရားနှင့် ယဉ်ကျေးမှုများကြောင့် Sex Industrial Zone မပြုလုပ်နိုင်သေးလျှင်သော်လည်းကောင်း၊ အကြော င်းအမျိုးအမျိုးကြောင့် Sex Industrial Zone မဖော်ဆောင်နိုင်သေးလျှင်သော်လည်းကောင်း မဖြစ်မနေအားဖြင့် Sex နှင့်ပတ်သက်သော ပြင်ပဥပဒေ၊ နည်းပညာဆိုင်ရာဥပဒေ တစ်ရပ်ရပ်ကို ပြဋ္ဌါန်းပေးသင့်သည်။

ထိုသို့မဟုတ်လျှင် ခိုးကြောင်ခိုးဝှက် လိင်ဆန္ဒများကို ဖြေဖျောက်ကြရင်း မူခင်းများဖြစ်ပေါ် နေဦးမည် ဖြစ်သည်။ ထို့အပြင် Cyber Crime အနေဖြင့်လည်း လူသိထင်ရှားလာသော လိင်ပြဿနာများကို ဖြေရှင်းပေး သည်ထက် သိုသိုသိပ်သိပ် တိုင်ကြားနေသော မိန်းမပျိုလေးများ၏ လိင်ပိုင်းဆိုင်ရာကျူးလွန် စော်ကားမှုများကို သေချာစွာကိုင်တွ ယ်ဖြေရှင်းပေး သ င့်ပေသည်။

အစိုးရအနေဖြင့် မြေပြင်အခြေအနေ မဟုတ် သော အွန်လိုင်း ပေါ်က Sex နှင့်ပတ်သက်သော ပြဿနာများကို ကျနစွာ ကိုင်တွယ် မပေးနိုင်သေးလျှင် ယခုခရမ်းပြာကဲ့သို့ သော ညစ်ညမ်းရုပ်ရှင်ဖြန့်ချိမှုများသာမက လူမသိသူမသိသော အွ န် လိုင်းလိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ သည် မြေပြင်သို့ရောက်ရှိလာနိုင်ပြီး မဆုံးနိုင်သော အဓမ္မပြုကျင့်မှုများ၊ နောက်ဆက် တွဲပြဿနာ ရပ်များကို ဖြေရှင်း ပေးနေရဦးမည်ဟု ထင်မြင်မိပါကြောင်း။

လေးစားခင်မင်စွာဖြင့်
သုနောင် (၂၇.၄.၂၀၁၇)
ထပ်ဆင့်ကူးယူဖော်ပြပါက အသိပေးပါရန်လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်။

မယ်ဗမာ အလှမယ်ကနေ ကရင်သူပုန်ခေါင်းဆောင် ဖြစ်လာသူ နော်လူဝီစာဘင်ဇင် ခရိတ်ခ်

$
0
0

နော်လူဝီစာဘင်ဇင် ခရိတ်ခ်ဟာ အသက် ၁၅ နှစ်အရွယ် ၁၉၅၆ ခုနှစ်မှာ မယ်ဗမာဆုရခဲ့သူဖြစ်ပါတယ်။

ကရင်တိုင်းရင်းသူတစ်ယောက်ဖြစ်တဲ့ နော်လူဝီစာဘင်ဇင်ဟာ မြန်မာအလှမယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရာမှာ အခက်အခဲတွေ ၊ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီအခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီး အလှမယ်ဘွဲ့ရခဲ့တဲ့ ထူးခြားတဲ့ ကရင်အမျိုးသမီး တစ်ဦးဖြစ်ပါတယ်။

အလှမယ်တစ်ဦးဖြစ်ပေမယ့် အလှမယ်ဘ၀နဲ့ မအပ်စပ်တဲ့ ကရင်သူပုန်ဘ၀ကို ခံယူခဲ့တဲ့ ထူးခြားတဲ့ လူသိများတဲ့ အမျိုးသမီးခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်။ ကရင်လူမျိုးတွေရဲ့ တိုင်းရင်းသားအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေအတွက် ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းကို လျှောက်လှမ်းခဲ့သူဖြစ်ပါတယ်။

တောထဲမှာ ကရင်သူပုန်ခေါင်းဆောင်ရဲ့ အမျိုးသမီးအဖြစ်နေရင်း ခက်ခဲတဲ့ ဘ၀လမ်းကို ကြံ့ကြံ့ခံ လျှောက်လှမ်းခဲ့တဲ့ နော်လူဝီစာဘင်ဇင်ဟာ တောထဲကနေမှတဆင့် အမေရိကန်ကို ရောက်လာခဲ့ပါတယ်။ အမေရိကန်မှာ အိမ်ထောင်ထပ်ကျညပီး သမီးတစ်ဦးဖွားမြင်ခဲ့ပါတယ်။

မယ်ဗမာတစ်ယောက်ဖြစ်ခဲ့ပေမယ့် ကိုယ့်တိုင်းရင်းသားတွေအတွက် ခက်ခဲတဲ့လမ်းကို ရွေးချယ်ခဲ့တဲ့ နော်လူဝီစာဘင်ဇင်ရဲ့ ဘ၀ဖြတ်သန်းမှုအတွေ့အကြုံတွေဟာ အင်မတန်မှ စိတ်ဝင်စားစရာကောင်းပါတယ်။

ဒီလိုစိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတဲ့ နော်လူဝီစာဘင်ဇင်ရဲ့ ဘ၀အကြောင်း အတ္ထုပ္ပတိကို သူ့ရဲ့သမီးဖြစ်သူ ရှာမိန်း ခရိတ်ခ်က သမိုင်းအချက်အလက် နောက်ခံတွေပါဝင်တဲ့ ၀တ္တုတစ်ပုဒ်အဖြစ် အသက်သွင်းခဲ့ပါတယ်။

ရှာမိန်းခရိတ်ခ် (Charmaine Criag) ဟာ မိခင်ဖြစ်သူ နော်လူဝီစာဘင်ဇင်ရဲ့အကြောင်းကို ပုံဖော်ထားတဲ့ Miss Burma စာအုပ်ကို မေလ ၁၅ ရက်က ၀ါရှင်တန်မှာ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီစာအုပ်ဟာ စာရေးဆရာမ ရှာမိန်း ခရိတ်ခ် အတွက် ဒုတိယမြောက်စာအုပ်ဖြစ်ပြီး ၊ ပထမစာအုပ်ကတော့ The Good Man လို့ခေါ်တဲ့ စာအုပ်ဖြစ်ပြီး အရောင်းရဆုံးစာအုပ်ဖြစ်ခဲ့သလို ဘာသာစကား ၆ မျိုးကနေ ဘာသာပြန်ပြီး ပြန်လည်ထုတ်ဝေခဲ့ပါတယ်။

Source : VOA

နှစ်၁၅၀လောက်သက်တမ်းရှိတဲ့ မြစိမ်းရောင်စံအိမ်ကြီးမှ မကျွတ်မလွတ်နိုင်တဲ့ဝိဥာဉ်ဆိုး

$
0
0

နှစ်၁၅၀လောက်သက်တမ်းရှိတဲ့ မြစိမ်းရောင်စံအိမ်ကြီးအကြောင်းကိုတော့ ပြင်ဦးလွင် မြို့ခံ အများစုသိပြီးသားဖြစ်မှာ ပါ ။ အခုပြောမယ့် ဝိဥာဉ်လွှတ်ထားတဲ့ သစ်ပင်ကြီးက အဲဒီမြစိမ်းရောင်စံအိမ်ဝင်းထဲမှာရှိနေတာပါ။

မြစိမ်းရောင်စံအိမ်ကြီးက ပြင်ဦးလွင်မြို့မှာ ပရလောကနဲ့ပတ်သက်ပြီးလေ့လာချင်နေတဲ့သူတွေအတွက်တော့ ထာဝရစိမ်ေ ခ်ါမှုတွေနဲ့ စောင့်ဆိုင်းနေတဲ့ စံအိမ်ကြီးပါ။မြစိမ်းရောင်စံအိမ်ကြီးနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာရေးစရာတွေ ပြော စရာတွေ အများအပြားရှိနေပါတယ်။

အခုပြောပြမယ့်အကြောင်းအရာလေးကတော့ မြစိမ်းရောင်စံအိမ်ထဲက ဝိဥာဉ်တွေလွှတ်ထားတဲ့ သစ်ပင်ကြီး အကြောင်း ပါ။မြစိမ်းရောင်စံအိမ်ကြီးက အစိုးရပိုင်အဆောက်အဦးကြီးပါ ။ ကုန်သွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ ရှိပါတယ် ။ ခေ တ်ကာလပေါင်းများစွာကို ဖြတ်သန်းခဲ့ပါတယ်။

တစ်ခုထူးခြားတာက မြစိမ်းရောင်စံအိမ်ကြီးမှာေ နတဲ့သူတော်တော်များ များဟာ စံအိမ်ကြီးမှာနေထိုင်စဉ်ကာလမှာ အေ ကြာင်းအမျိုးမျိုးကြောင့်သေဆုံးသွားခဲ့ရတာပါပဲ။

ခြောက်လှန့်မှုတွေရှိပေမယ့် နေမရလောက်အောင်တော့မဖြစ်ခဲ့ပါဘူး။ဒါပေမယ့် တစ်ခါကတော့ လူတွေကိုအိမ်ပေါ်မှာနေ လို့မရအောင် ခြောက်လှန့်တဲ့ ဝိဥာဉ်ပေါ်လာခဲ့ပါတယ်။ မတတ်သာတဲ့နောက်ဆုံးမှာတော့ အိမ်ပေါ်မှာနေသူတွေက သေ ဆုံးသူရဲ့ ဝိဥာဉ်ကို နေစရာပေးတဲ့သဘောနဲ့ မြစိမ်းရောင်စံအိမ်ရှေ့က အထင်ကရ ယူကလစ်ပင်ကြီးကိုပြောင်းရွှေ့ေ နေ စရာကနေ ဝိဥာဉ်လွှတ်ထားတဲ့ အပင်ကြီးဖြစ်လာခဲ့တာပါပဲ။

သူမနာမည်က ဒေါ်ဝါဝါရှိန်တဲ့ ။ ကုန်သွယ်ရေးက ဝန်ထမ်းတစ်ဦးရဲ့ဇနီးပါ။ ခြောက်ခြားစရာကောင်းတဲ့ မြစိမ်းရောင်စံ အိ မ်ကြီးမှာ ကုန်သွယ်ရေးကဝန်ထမ်းတွေက အခန်းတွေကန့်ပြီး မိသားစုလိုက်နေကြပါတယ်။ဒေါ်ဝါဝါရှိန်က မျိုးရိုးစဉ်ဆက် ငါးရောင်းခဲ့တာမို့ စိတ်ကြမ်းလူကြမ်းပါ။ သူမယောက်ျားကတော့ အေးအေးဆေးဆေးသမားပါပဲ။

အိမ်ကြီးမှာနေထိုင်တဲ့ ကျန်တဲ့မိသားစုတွေက အစိုးရဝန်ထမ်းတွေမို့သာ မတတ်သာလို့ထားရာမှာနေရပေမယ့် အခြောက် အလှန့်များပြီး မြေကြမ်းတဲ့ မြစိမ်းရောင်စံအိမ်ကြီးမှာနေကြခိုက် ဘုရားတရားမြဲနေကြပေမယ့် ဒေါ်ဝါဝါရှိန်ကတော့ သရဲ တစ္ဆေကို အယုံအကြည်မရှိပါဘူး၊ မကြောက်ဖူးဆိုပြီး မကြာဏစိမ်ခေါ်မှုတွေကိုလည်းပြုလုပ်ခဲ့ပါတယ်။

သူမကြွေးကြော်ေ နကြစကားက “လာချင်တဲ့သရဲလာ ဝါဝါရှိန့်အကြောင်း သိသွားစေရမယ်” တဲ့။ဒီလိုနဲ့တစ်ညတော့ သူမယောက်ျားမရှိခိုက် ခွေးနက်ကြီးတစ်ကောင်က သူတို့နေတဲ့ အခန်းပေါက်ဝနေ လျှာကြီးထွက်ပြီး လာကြည့်နေ ပါတယ်။ ဒေါ်ဝါဝါရှိန်လည်း အစာလာတောင်းတဲ့ခွေးထင်ပြီးမောင်းထုတ်ပေမယ့်ထွက်မသွားခဲ့ပါဘူး။

ဒါနဲ့ စရိုက်ကြမ်းသူပီပီ ခွေးနက်ကြီးကိုရေနွေးပူနဲ့လောင်းလိုက်တဲ့အချိန်မှာတော့ ခွေးနက်ကြီးက ရုတ်တရက်ပျောက် သွား ပါ တယ်။အဲဒါနဲ့တပြိုင်နက်ဒေါ်ဝါဝါရှိန်မှာ အသက်ရှူတွေကြပ်လာပြီး လျှာကြီးထွက်ပြီးလဲကျသွားပါတယ်။ဒေါ်ဝါဝါရှိန်ရဲ့ ငြီးငြူပြီးလဲကျသံကြောင့် ဘေးအခန်းက လူတွေကပြေးလာကြတော့ သူမကကြမ်းပြင်ပေါ်မှာ လဲကျလူးလှိ မ့်နေပါတယ်။

သူမပါးစပ်ကလည်း ခွေးနက်ကြီးကို ရေနွေးပူနဲ့လောင်းတာ ပျောက်သွားတဲ့အကြောင်းကို ဝူးဝူးဝါးဝါးနဲ့ပြောေ နပါတ ယ် ။ဒါနဲ့မဖြစ်ဖူးဆိုပြီး သူမကို ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးကိုပို့လိုက်ကြပါတယ်။ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးက မရဘူး၊ မန္တလေးဆေးရုံကြီးကိုပို့ရမယ်လို့ဆိုပါတယ် ။ သူမယောက်ျားလည်းရောက် လာ တာနဲ့တိုင်ပင်ပြီး မန္တလေးဆေး ရုံကိုပို့ ဖို့စီစဉ်ပြီး မန္တလေးကိုဆင်းခဲ့ကြပါတယ်။

ဒါပေမယ့် ၂၁ မိုင်အရောက်မှာပဲ သူမကွယ် လွန်သွားခဲ့ပါတယ်။ သူမမသေဆုံးခင်ဆေးရုံကားပေါ်မှာလည်း သူမရေနွေး ပူ နဲ့ပက်လိုက်တဲ့ ခွေးနက်ကြီးက သရဲမကြီး ဆိုပြီး ကယောင်ကတမ်းနဲ့ ငြီးတွားသွားခဲ့ပါတယ်။သူမအလောင်းကို သဂြိုဟ်ဖို့ စီစဉ်နေတုန်းမှာပဲ ပြဿနာတွေက စတော့တာပါပဲ။သူမအသုဘအတွက် စီစဉ်ဖို့ မြစိမ်းရော င်စံအိမ်ကြီးဆီရောက်နေသူေ တွကို အသံအမျိုးမျိုး၊ အနံ့အမျိုးမျိုးပေးပြီးခြောက်လှန့်ခဲ့ပါတယ်။

အစပိုင်းတော့ အားလုံးက ရက်မလည်သေးလို့ သူမက ခြောက်လှန့်နေတာလို့ထင်ခဲ့ကြပါတယ်။ဒါပေမယ့်ရက်လည်ပြီး ရက်ပေါင်းများစွာကြာလာတဲ့အချိန်အထိ သူမရဲ့ခြောက်လှန့်မှုတွေက ရပ်မသွားတဲ့အပြင်ပိုပြီးေ တာ့ ဆိုးဝါးလာပါတယ်။

အသံတွေ၊ အနံ့တွေပေးတာတင်မကတော့ပဲ ကိုယ်ထိလက်ရောက်နောက်ကနေတွန်း တာတွေ လုပ်လာသလို တစ်ခါ တစ်ရံမှာ သူမရဲ့ကြောက်လန့်စရာမျက်နှာကြီးကို မြစိမ်းရောင်စံအိမ်ကြီးမှာနေတဲ့ အခြားဝန်ထမ်းေ တွကို ပြတတ်ပါတ ယ်။နောက်ဆုံးအိမ်ကြီးပေါ်မှာ ဘယ်သူမှမနေရဲသလောက်ဖြစ်လာခဲ့ပါတယ်။

ဒါနဲ့နားလည်တဲ့ သူတွေကိုခေါ်ပြီး သူမဝိဥာဉ်ကို မြစိမ်းရောင်စံအိမ်ရှိတဲ့ ခြံဝင်းထဲက ယူကလစ်ပင်ကြီးမှာနေဖို့ နေရာ သ တ်မှတ်ပေးခဲ့ရပါတယ်။နောက်ပိုင်းသူမက မြစိမ်းရောင်စံအိမ်ကြီးထဲမှာ မနေရတော့ပေမယ့် ယူကလစ်ပင်နားကို လာတဲ့ သူတွေကို ဆက်လက်ခြောက်လှန့်နေခဲ့ပါတယ်။

မြစိမ်းရောင်စံအိမ်နဲ့ အနီးအနားပတ်ဝန်းကျင်ကသူတွေကတော့ အကြော င်းသိလို့ ဘယ်သူမှ ယူကလစ်ပင်နားကို နေ့ ရောညပါဖြတ်သွားဖြတ်လာမလုပ်ကြပါဘူး။ဒါပေမယ့် မသိလို့ဖြစ်စေ၊ မတတ်သာလို့ဖြစ်စေ မဖြစ်မနေယူကလစ်ပင်နား ကဖြတ်သွားရသူတွေကတော့ ယူကလစ်ပင် နားညနေ နေဝင်ရီတရောအချိန်ဖြတ်သွားမိရင် အပင်ပေါ်ကနေ အမျိုး သ မီးတစ်ဦးခုန်ချလာတတ်ပြီး အောက်ရောက်ရ င်ငုတ်တုပ်ကြီးထိုင်နေတတ်ကြောင်းပြောလေ့ရှိကြပါတယ်။

အချို့ကလည်း ကိုယ်တစ်ပိုင်းပြတ်သရဲမလို့ဆိုကြတယ်။အဲဒီနောက်ပိုင်းတော့ မြစိမ်းရောင်စံအိမ်ကြီးမှာနေထိုင်သူ ဝန် ထမ်းတွေအသေအပျောက်များလာပြီး အခုအခါမှာတော့ ခြံ ဝင်းကြီးနားမလှမ်းမကမ်းက မျိုးရိုးစဉ်ဆက် မြစိမ်းရောင် စံ အိမ်စောင့်ဝန်ထမ်း အစောင့်ဂေါ်ရခါးလင်မယားကလွဲရင် ဘယ် သူမှမနေကြတော့ပါဘူး။

အစိုးရပိုင်ဝင်းကြီးမို့ ပတ်ဝန်းကျင်မှာ အစိုးရရုံးသစ်ကြီးတွေကို ထည်ထည်ဝါဝါတည်ဆောက်ထားကြပြီး အစိုးရအရာ ရှိေ တွရုံးထိုင်နေကြပေမယ့် ဘေးကပ်လျှက်က ပြိုကျလုစဲစဲမြစိမ်းရောင်စံအိမ်ကြီးနဲ့ မလှမ်းမကမ်းက ယူကလစ်ပင်ကြီးကို အ ခုထိဘယ်သူမှမထိရဲတာကတော့ ပရလောကဖြစ်ရပ်တွေကြောင့်လားဆိုတာနဲ့ အစိုးရုံးသစ်တွေဆောက် စဉ်က မြစိမ်းေ ရာင်စံအိမ်ထဲမှာ ကန်တော့ပွဲတွေအများအပြားဘာလို့ပေးထားတာလဲဆိုတာကိုတော့ တာဝန်ရှိသူတွေသာသိ မည်ဟုထင် ပါကြောင်း…။

Credit to Lu Myanmar

facebook သုံးရင်းနဲ့ စခဲ့တဲ့ ဇာတ်လမ်းလေးပါ

$
0
0


ကျောက်မဲမြို့နဲ့ မနီးမဝေးရွာကလေးတစ်ရွာက ငယ်ရွယ်သေးတဲ့ကလေး အမေတစ်ယောက်က facebook သုံးပါတယ် ။

သူ့အမျိုးသားကတော့ဆုံးသွားပါပြီ သူ့မှာကလေး ၂ ယောက်ရှိတယ် ကောင်မလေးက facebook သုံးတတ်တာ မကြာေ သးပါဘူး ။ သူမက facebook သုံးရင်းက လိုင်းပေါ်မှာကောင်လေးတစ်ယောက်နဲ့ခင်သွားပြီး အပြန်အလှန်စာတွေပို့ရင်း ညှိသွားပါတယ် ။

တစ်ယောက်ကို တစ်ယောက်မမြင်ဘူး ကြပါဘူး facebook ပေါ်မှာပြောကြယင်းက တစ်ယောက်နဲ့တစ်ယောက် ဓါတ် ပုံတွေပို့ လက်ဆောင်တွေဘာတွေပို့ပေးတဲ့အဆင့်အထိဖြစ်လာတယ် ။

ကောင်လေးက အထိမ်းအမှတ်နေ့တွေဆို ကားဂိတ်ကနေတစ်ဆင့် နိုင်ငံခြားကလာတဲ့ လက်ဆောင်တွေ အမြဲပို့ပေးပါ တယ် ။ ကောင်လေးဘက်က သူဟာစင်္ကာပူက ကုမ္မဏီတစ်ခုမှာအလုပ်လုပ်နေတဲ့အကြောင်း အိမ်ထောင်မရှိဘူး ဆိုတဲ့ အကြောင်း လောက်သာ ကောင်မလေးက သိထားတာပါ ။

တစ်ခြားဘာအကြောင်းမှ ဂဃနဏသိထားတာမဟုတ်ပါဘူး အမှန်တကယ်က ကောင်လေးက မိန်းမနှစ်ယောက်တောင် ယူထားတာလို့ နောက်ပိုင်းမှသိရပါတယ် ။ ဒီလိုနဲ့ တစ်နေ့တော့ ကောင်လေးကကောင်မလေးဆီကို စင်္ကာပူက သူလုပ် တဲ့ကုမ္မဏီကခွင့် ၁၀ ရက်ရလို့ မြန်မာပြည်ပြန်လာတုန်းကောင်မလေးနဲ့တွေ့ဘူးချင်လို့ မန္တလေးမှာဆုံကြဖို့ချိန်းလို က်ပါ တယ် ။

အဲဒီမှာကောင်မလေးလည်း တွေ့ဖို့ မန္တလေးကို ဆင်းသွားပါတယ် ။ အစီအစဉ်ကတော့မန္တလေးမှာ တွေ့ပြီးနေ့ခြင်းပြန်ဖို့ စီစဉ်ပြီးသွားခဲ့တာပါ ။ မန္တလေးရောက်တဲ့ကောင်လေးက ညအိပ်ပြီးမှ ပြန်ဖို့ သူမြန်မာပြည်ကိုခဏလေး ဘဲပြန်လာရတု န်းတွေ့ချင်တဲ့ အကြောင်းတွေပြောပြီးတားတယ် ။

နောက်သူတို့နှစ်ယောက်စားသောက်စကားပြောနေကြတုန်း ကောင်လေးက အကြံအစည်နဲ့ ကောင်မလေးသောက်တဲ့ အထဲမှာ ဆေးခတ်လိုက်ပါတယ် ။ နောက်တော့ကောင်မလေးလည်း မပြန်နိုင်တော့ဘူး ဆိုမှကြိုတင်ငှားထားတဲ့ ဟိုတ ယ်ကို ခေါ်သွားပါတော့တယ် ။

ဒီလိုနဲ့ဟိုတယ်မှကောင်လေးနဲ့ ကောင်မလေးတို့ နှစ်ညအတူတည်းပြီး မှကောင်မလေးက မန္တလေးကပြန်လာပါတယ် ။ မန္တလေးမှာနေစဉ် ကောင်လေးက ခရီးထွက်နေရလို့ လမ်းစရိတ်ပြတ်သွားတဲ့အကြောင်း စင်္ကာပူကပါလာတဲ့ငွေတွေ ကလည်း သူ့အဒေါ်ဆီမှာ ထားခဲ့တဲ့အကြောင်းပြောပြပြီး တည်းခိုခန်းခ ရှင်းတာက အစကောင်မလေးက စိုက်ရှင်းပေး ခိုက်ရတဲ့အပြင် လမ်းစရိတ်အတွက်ပါငွေချေးပေးလိုက်ရပါတယ်။

ကောင်လေးက ရန်ကုန်ပြန်ရောက်တာနဲ့ ယူသွားတဲ့ငွေတွေကို သူ့အဒေါ်ဆီကတောင်းပြီး ပြန်လွဲပေးလိုက်မဲ့အကြော င်းပြောသွားခဲ့တယ် ။ ဒီလိုနဲ့ကောင်မလေးကျောက်မဲပြန်ရောက်ပြီ ၂ လကျော်ကြာတော့မှ လက်ဆောင်ပစ္စည်းဆိုပို့လာပြီး လက်ဆောင်နဲ့အတူ video ခွေတစ်ခွေထည့်ပေးလာပါတယ် ။

အဲဒီ video ခွေကတော့တစ်ခြားခွေမဟုတ်ပါဘူး။ ကောင်လေးနဲ့ကောင်မလေးဟိုတယ်မှာ အတူအိပ်ခဲ့စဉ်က spy camera နဲ့ခိုးရိုက်ထားတဲ့ခွေပါ ။ ကောင်လေးက အဲဒီခွေကို အင်တာနက်ပေါ်တင်မဲ့အကြောင်း မတင်စေချင်ရင်တော့ သူ့ဆီကိုငွေ ၂၅ သိန်းပို့ပေးရမယ်လို့ဆိုလာပါတယ် ။

အဲဒီမှာ ကောင်မလေးလည်း မကြံတတ်အောင်ဖြစ်သွားပါတယ် ။ အကယ်၍များ ကောင်လေးပြောသလို တင်လိုက်ရင် သူ့မိဘမောင်ဘွားညီအကိုနဲ့ ဆွေမျိုးသားချင်းတွေ သိက္ခာကျတော့မှာဆိုပြီး ကောင်လေးတောင်းတဲ့ငွေ ၂၅ သိန်းကို ပို့ပေးလိုက်ရပါတော့တယ် ။

ကောင်မလေးဘက်ကလည်း ပို့ပေးနိုင်တဲ့အခြေအနေဆိုပေမဲ့ ဒီငွေကိုစုပြီးမှပို့ပေးခဲ့ရတာပါ ။ အခုတော့အဲဒီကောင်မလေး လည်း အင်တာနက်ဆိုတာ သုံးရမှာကိုကြောက်သွားခဲ့ပြီး သုံးကိုမသုံးရဲတော့ပါဘူး ။ ဒီတော့ မိန်းခလေးတွေ အနေနဲ့ facebook ဖြစ်ဖြစ် အခြားအင်တာနက်နဲ့ဆိုင်တာ တစ်ခုခုကိုသုံးတော့မယ်ဆိုရင် လိုင်းပေါ်မှာတွေ့တဲ့သူတိုင်းကို အလွ ယ်တကူမယုံလိုက်ကြပါနဲ့ ဘယ်နေရာမှာတွေ့ချင်တယ်ဆိုတိုင်းအဖေါ်မပါဘဲမသွားကြပါနဲ့ ကောင်းတဲ့သူတွေရှိသလို မေ ကာင်းတဲ့သူတွေလည်း လိုင်းပေါ်မှာအများကြီးရှိပါတယ်။

သတိထားကြပါ ဒီ post လေးကို ပညာပေးရင်းရေးသားပေးလိုက်တာပါ ။ ဒီဇာတ်လမ်းလေးကို ကောင်မလေးနဲ့ရင်းနှီး တဲ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကပြန်ပြောပြပြီး ကျွန်တော့်ကိုရေးပြီး facebook မှာတင်ပေးဖို့ပြောလာ တာကြောင့် အားလုံးလည်း သတိထားနိုင်အောင်ရေးသားပေးလိုက်တာပါ ။ အရာရာကိုသတိထားကြပါလို့ပြောချင်ပါတယ် ။

စေတနာမေတ္တာမွန်ဖြင့်
မူရင်းရေးသားသူအား creditပေးပါသည်

၈ နှစ်ကြာတွဲခဲ့တဲ့ ချစ်သူ ကောင်းကောင်း နဲ့ ပြတ်စဲသွားတဲ့ အိုင်းရင်းဇင်မာမြင့်

$
0
0
၈ နှစ်ကြာတွဲခဲ့တဲ့ ချစ်သူ ကောင်းကောင်း နဲ့ ပြတ်စဲသွားတဲ့ အိုင်းရင်းဇင်မာမြင့် 


အိုင်းရင်းဇင်မာမြင့်ရဲ့စွပ်စွဲချက်တွေကို ပြန်ဖြေရှင်းလိုက်တဲ့ ကောင်းကောင်း

တစ်ဖက်တည်းရဲ့အမြင်ကိုပဲ မကြည့်ပါနဲ့လို့ ပြောထားပါတယ်။

ဘယ်အရာကိုမဆို ကိုယ့်ရဲ့ရှုထောင့်ကိုပဲ ကြည့်ပြီး မဆုံးဖြတ်ပါနဲ့။ ကျွန်တော့်ရဲ့ရှုထောင့်ကိုလည်း ကြည့်စေချင်ပါတယ်လို့ အဆိုတော် ကောင်းကောင်းက ပြောရင်း အိုင်းရင်းရဲ့စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဗီဒီယိုဖိုင်တစ်ခုနဲ့ ဖြေရှင်းခဲ့တာဖြစ်ပါတယ်။

"အားလုံးက ကျွန်တော်မှားတယ်လို့ ပြောကြတယ်။ အဲဒီ မှားတဲ့ဘက်က ခဏလောက်လေး ဝင်ခံစားကြည့်ပေးပါလို့ ကျွန်တော် ပြောချင်တယ်"လို့ ကောင်းကောင်းက ယင်းဗီဒီယိုထဲမှာ ပြောထားပါတယ်။
ကောင်းကောင်းနဲ့ အိုင်းရင်းတို့ဟာ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက Melody World ကနေ အတူတူတက်လာသူတွေဖြစ်ပြီး အဲဒီကတည်းက ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ ဒါပေမဲ့ အိုင်းရင်းက သူ့ရဲ့လွတ်လပ်ခွင့်အားလုံးကို ပိတ်ပင်ခဲ့တယ်လို့ ကောင်းကောင်း ပြောခဲ့ပါတယ်။

"အဲဒီအချိန်မှာကတည်းက ရှိုးတွေ အများကြီး ဆိုခွင့်ရတယ်။ ကျွန်တော် ရှိုးဆိုခွင့်မရလိုက်ဘူး။ မိန်းကလေးတွေနဲ့ တွဲပြီးတော့ ရှိုးဆိုလို့မရဘူး။ ပြီးတော့ သီချင်းရေးတယ်ဆိုတာလည်း မိန်းကလေးတွေကို သီချင်းရေးပေးမယ်ဆိုရင်လည်း ကန့်ကွက်ခံရပါတယ်။  ကျွန်တော့်ရဲ့အနုပညာက ဘာလဲ။ ကျွန်တော့်ကိုယ်ကျွန်တော် မေးခွန်းပြန်ထုတ်တယ်။ ကျွန်တော်ကို ကျွန်တော် အားမရဘူးဗျ။ ဒါက အမှန်တရားပဲ။ နှစ်တွေကြာလာတယ်။ သီးခံခြင်းဆိုတာလည်း အတိုင်းအတာရှိမယ်လို့ ကျွန်တော်ထင်တယ်။  ဒီလက်ကို မီးခြစ်လေးနဲ့ပဲ ရှို့ကြည့်ပါ။ ပူပြီးထအော်ပါမယ်။ အခုက ကျွန်တော့်ရဲ့ဘဝတစ်ခုလုံး မီးရှို့ခံနေရတာပါ။ ကျွန်တော် ထွက်မပြေးဘဲ ဆက်အရှို့ခံမယ်ဆို ဘာဖြစ်သွားမလဲ။ ကျွန်တော် အနုပညာအလုပ်လုပ်လာတာ ၈ နှစ် ၁၀ နှစ်ရှိပြီ ရေရေရာရာ ဘာတစ်ခုမှ ဖြစ်မလာဘူး"လို့ ကောင်းကောင်းကဆိုပါတယ်။
ဘာသာရေးပွဲနဲ့ ပြည်ပက ဖိတ်ခေါ်ခံရတဲ့ ပွဲတွေအားလုံးကိုလည်း မသွားဖို့ ပိတ်ပင်ခံခဲ့ရတဲ့အပြင် လှည်းကူးမြို့က ရွာလေးတစ်ရွာမှာ နေထိုင်တဲ့ မိဘဆီတောင် သွားလို့မရခဲ့ပါဘူးလို့ ပြောပါတယ်။

"အရေးအကြီးဆုံးမိဘတွေဆီတောင် ပြန်ရင်တောင် အပြောခံရတယ်။ မိဘတွေအိမ်မှာ ထမင်းတောင်ပြန်စားခွင့်မရတဲ့ ကျွန်တော့်ဘဝပါ။ ရှေ့ဆက်မယ့် ကျွန်တော့်ရဲ့ဘဝအတွက် ဒီလူတစ်ယောက်ကို ကျွန်တော်ရွေးချယ်မယ်ဆိုလို့ရှိရင် လူမျိုးရေးလည်း ပစ်ပယ်ရမယ်။ ဘာသာရေးတော့မပြောတော့ပါဘူး။ အထူးသဖြင့် ကျွန်တော့်ရဲ့မိသားစုတစ်ခုလုံးကိုတောင် ပစ်ပယ်ရမယ့်ဘဝပါ။ ကျွန်တော့်အဖေအမေ  အသက်ကြီးလာတာရှိမယ်။ ကျန်းမာရေးလိုအပ်ချက်တွေရှိလာမယ်။ သားတစ်ယောက်အနေနဲ့ ဝတ္တရားသိသင့်တယ်။ နှစ်ကျပ်ရရင် တစ်ကျပ် အမေ့ကို ပေးချင်တယ်"လို့ ကောင်းကောင်းက ဆိုပါတယ်။
ပရိသတ်ရဲ့ရှုထောင့်ကကြည့်ရင် သူမှားချင်မှားမယ်။ သူ့ရဲ့ရှုထောင့်ကလည်း ကြည့်ပေးပါလို့ ကောင်းကောင်းက တောင်းဆိုထားပါတယ်။

အခု လှည်းကူးမှာနေတဲ့ ကောင်းကောင်းဟာ လွတ်လွတ်လပ်လပ်နေရလို့ ပျော်ရွှင်နေပါတယ်လို့ဆိုရင်း အခုလည်း တရားဝင်တွဲနေသူရှိကြောင်း ပွင့်ပွင့်လင်းလင်းပြောခဲ့ပါတယ်။ အချိန်တန်ရင် Public ချပြမှာပါလို့လည်း ဆိုပါတယ်။ ယင်းမိန်းကလေးက သူ့အတွက် ကောင်းတဲ့လူတစ်ယောက်တင်မကဘူး မိဘအတွက်ပါ ကောင်းတဲ့ သူပါ။ အပေါစားဆန်တဲ့သူ မဟုတ်ဘူး။ သူ့အတွက် တန်ဖိုးရှိသူပါ။ သူ့ကို အရမ်းချစ်တယ်။

ဘဝလက်တွဲဖော်အဖြစ် လက်တွဲမယ်လို့ ဆုံးဖြတ်ထားတယ်လို့လည်း အခိုင်အမာပြောခဲ့ပါတယ်။
"ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကိုယ်ဝန်ကိစ္စပြောလာတာရှိပါတယ်။ အဲဒါမဟုတ်ပါဘူး။ ကာယကံရှင်အသိဆုံးပါ"လို့ဆိုရင်း ဗီဒီယိုဖိုင်ထဲမှာ သူပေးထားတဲ့ လိပ်စာအတိုင်း သူ့ဆီ လာရောက်မေးမြန်းနိုင်ကြောင်း ဖိတ်ခေါ်ထားပါတယ်။
မနက်ဖြန်တွေမှာ အနုပညာတွေကို အေးအေးချမ်းချမ်းပဲ ဆက်လုပ်သွားတော့မယ်လို့လည်း ကောင်းကောင်းပြောခဲ့ပါတယ်။


Duwun
Viewing all 13796 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>