Quantcast
Channel: MP4 YoU
Viewing all 13796 articles
Browse latest View live
↧
အမျိုးသမီး နဲ့ တစ်ခုလပ်ဘဝ
$
0
0
Kyaw Thida Aung
#Unicode Version
“အမ  သမီး တစ်ခုလပ်ဘဝနဲ့ အဆင်ပြေပါ့မလား”
“အမ သမီး တစ်ခုလပ် မဖြစ်ချင်ဘူး”
“အမ သမီး သူမရှိလို့ မဖြစ်ဘူး ကလေးတွေကိုလည်း အဖေ မရှိဘဲ အားငယ်မှာ စိုးတယ်”
“အမ သမီး ဘာမှ လုပ်စားတတ်တာ မဟုတ်ဘူး”
ကိုယ် ငယ်ငယ်တုန်းက နယ်မြို့လေးမှာ ကြီးပြင်းခဲ့ရတယ် ရှေးရိုးကျတဲ့ မိသားစုမှာ ပေါက်ဖွားခဲ့ရတယ်။ “မိန်းကလေးဆိုတာ ဘယ်လိုနေရတယ် ဘယ်လိုထိုင်ရတယ်။ ဘယ်သူ့သမီးက ဘယ်လိုလူမျိုးနဲ့ရတာ ငါ့သမီးကျရင်တော့ ဘယ်လိုလေး ဖြစ်ရင်ကောင်းမှာ မိန်းကလေးတစ်ယောက်အတွက် အိမ်ထောင်ရေးက ဘဝပဲ သူ့တစ်ဘဝလုံးပဲ အပျိုရည်ပျက်တယ်ဆိုတာ ဘယ်လို အပျိုရည်ပျက်ပြီးသား မိန်းကလေးတစ်ယောက်ကို ယောကျ်ားတွေက ဘယ်လိုသဘောထားတယ် တစ်ခုလပ် ဆိုတာ မုဆိုးမ ဆိုတာ .. ဆိုတာ .. ဆိုတာ .. ဆိုတာတွေ အများကြီး ကြားခဲ့ရ နားယဉ်ခဲ့ရ ခေါင်းထဲ ရိုက်သွင်းခံခဲ့ရတယ်။
အဲ့ဒါတွေကို မှားတယ်လို့ မဆိုလိုပါဘူး။ မှန်တာရှိသလို မှားတာလဲရှိပါတယ်။ မှားတယ်ဆိုတဲ့နေရာမှာ လူကြီးတွေကို အပြစ်တင်လို့မရပါဘူး။ တစ်ချို့အရာတွေဟာ ကိုယ့်ရဲ့ နေရာဒေသ ရှေးရိုးစွဲ အယူဝါဒ ဓလေ့ထုံးစံ ကန့်သတ်ချက် ယုံကြည်ချက် ရိုးရာ စတာတွေနဲ့ လက်ခံနိုင်ဖို့ ခက်ခဲတာတွေလဲ ဖြစ်နိုင်တယ်။ လက်ခံနိုင်ဖို့ ခက်ခဲသော်ငြားလဲ ခေတ်အခြေအနေအရ မဖြစ်မနေ လက်ခံရမှာတွေ ရှိသလို တကယ်ကိုပဲ ပိုမို ကောင်းမွန်လာစေဖို့ ပြောင်းလဲဖို့လဲ လိုအပ်ပါတယ်။
နှစ်ပေါင်းများစွာ အတူနေကြည့်၊ ကလေးတွေ ဘာတွေရမှ အဆင်ပြေပြီထင်လို့ လက်ထပ်ကြတဲ့ အလေ့အထရှိတဲ့ လူ့အခွင့်အရေး အပြည့်အဝရတဲ့၊ အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ အနောက်နိုင်ငံတွေမှာတောင်မှ အဆင်မပြေတဲ့အခါ ကွဲကွာခြင်းကို မဖြစ်မနေ လုပ်ဆောင်ကြရပါတယ်။
သို့သော် သူတို့ဆီမှာ အိမ်ထောင်ကွဲတာသည် ကဲ့ရဲ့ရှုတ်ချစရာ မဟုတ်ဘူး။ အမျိုးသမီးတွေကို ပိုပြီးတောင် နေရာပေး ဆက်ဆံကြတယ်။ Single Mother တွေဆို ပိုပြီး အခွင့်အရေးပေးကြတယ်။ စောင့်ရှောက်ကြတယ်။ လူတစ်ယောက်ရဲ့ ကိုယ်ပိုင် ရွေးချယ် ဆုံးဖြတ်ခွင့်ကို လေးစား လိုက်နာကြတယ်။ ကိုယ်တွေ နိုင်ငံမှာတော့ အိမ်ထောင်ကွဲဆိုတာ ကဲ့ရဲ့ စရာ မေးငေါ့ ပြစ်တင် အတင်းဆိုစရာဖြစ်နေတယ်။ ဘာလဲဆိုတော့ အပေါ်မှာ ပြောခဲ့သလိုပဲ “မိန်းကလေး ဆိုတာနဲ့ စတဲ့ ကန့်သတ်ချက်တွေ သတ်မှတ်ချက်တွေကြောင့်ပဲ အိမ်ထောင်တစ်ခု ကွဲကွာကြရခြင်းမှာ အကြောင်းအမျိုးမျိုး ရှိနိုင်ပါတယ်။
အများဆုံးကတော့ ယောကျ်ားဖောက်ပြန်လို့ပေါ့လေ၊ နောက်ပြီးတော့ မိသားစုကြောင့် ပိုက်ဆံ မရှာနိုင်လို့၊  အရက်သောက်လို့၊ ဆေးသုံးလို့ စသဖြင့်ပေါ့၊ အကြောင်းအရာတွေ အများကြီးပါပဲ။ ဆိုတော့ အကြောင်းကြောင်းကြောင့် အိမ်ထောင်တစ်ခု ပြိုကွဲသွားတယ် ဆိုပါတော့ ကိုယ့်လူမျိုးတွေရဲ့ အမြင်ဟာ တစ်ခုလပ်ယောကျာ်းနဲ့ တစ်ခုလပ်မိန်းမအပေါ် လုံးဝကွဲပြားခြားနားနေပါတယ်။ တစ်ခုလပ်ခြင်း အတူတူပဲလေ၊ ယောကျ်ားတစ်ခုလပ်ကြတော့ လူပျိုလို နေလိုက်သွားလိုက် စားလိုက် မိန်းကလေး တစ်ခုလပ်ကြတော့ အပျိုထက် ပိုပြီး ကန့်သတ်ချက်တွေ များလာတယ်။ နည်းနည်းများ ပြင်မိဆင်မိရင် “ဟင်း တစ်ခုလပ်က အပျိုရှုံးအောင် ပြင်နေတယ်။ နောက်လင် လိုချင်နေလား နန့်လိုက်တာ” (ကန်တော့ပါနော်) စသဖြင့် ကဲ့ရဲ့ မေးငေါ့ကြ အတင်းပြောကြတယ်။ အဲ့ဒါ မိန်းမအချင်းချင်းတွေပဲ၊ ယောကျ်ားတွေက အဲ့လိုတော့ အတင်း မပြောကြပါဘူး။ အတွင်းစိတ်ကနေပဲ (ကန်တော့ပါရဲ့) “ဒီမိန်းမ ယောကျ်ားနဲ့ ဝေးနေတာကြာတော့ ဘလာ ဘလာ ဘလာ”
မိန်းကလေးတစ်ယောက်ဟာ အိမ်ထောင်ပြုမယ်ဆိုကတည်းက တစ်ချိန်မှာတော့ ငါဟာ တစ်ခုလပ်ဖြစ်ရမယ်ဟေ့၊ A plan တော့ ယောကျ်ားယူပြီးပြီ B plan အနေနဲ့တော့ ကွဲတဲ့ကွာတဲ့အခါ ဘာလုပ်မယ် ညာလုပ်မယ်ဟေ့ လို့ရယ်တော့ ဘယ်နိုင်ငံ ဘယ်လူမျိုးမှာမှ ဘယ်လိုအမျိုးသမီးကမှ ရည်ရွယ်ထားတာ မရှိခဲ့ကြပါဘူး။ ဘယ်သူမှ တစ်ချိန်မှာ (သေကွဲ ကလွဲလို့) ကွဲကွာကြဖို့ ပေါင်းစည်းခဲ့ကြတာ မဟုတ်ပါဘူး။ ဒီလိုပဲ ဘယ်အမျိုးကောင်းသမီးကမှ တည်ဆောက်ပြီးသား အိမ်ထောင်တစ်ခုကို ရော့ အင့် ဆိုပြီး လွယ်လွယ်လေး မပစ်လိုက်ချင်ကြပါဘူး။ အပြင်လူ မသိနိုင်လောက်အောင် အတွင်းထဲမှာ သူ အစွမ်းရှိသမျှ ကြိုးစားခဲ့ပါလိမ့်မယ်။
သူ့ရင်ထဲမှာ ပူနေတဲ့အပူဟာ ဘယ်အပူမှ နှိုင်းလို့မရအောင် ပူလောင်နေပါလိမ့်မယ်။ ဒါကို အပြင်လူတွေအနေနဲ့ မကူညီနိုင်သည့်တိုင်အောင် ကဲ့ရဲ့ပြစ်တင်တာ ရှုံ့ချတာ မလုပ်သင့်ပါဘူး။ သူ့ရဲ့ ရွေးချယ်မှုကို လေးစားရပါမယ်။ သူ့ကို ဖေးမပေးရပါမယ်။ ကွဲကွာမှု တစ်ခုမှာ သူ့အပြစ်ကြောင့် ဖြစ်နိုင်သလို သူ့အပြစ် တစ်စုံတရာ မပါရှိဘဲ ဖြစ်သွားတာလဲ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တစ်ခုလပ်ဆိုတာ မိန်းမ အချင်းချင်းရဲ့ ကဲ့ရဲ့စရာ လှောင်ပြောင်စရာ အတင်းပြောစရာ ယောကျ်ားတွေရဲ့ သွေးတိုးစမ်းစရာ မဟုတ်ဘူး ဆိုတာ သိစေချင်တယ်။
အကြောင်းမလှလို့ တစ်ခုလပ်ဘဝကို ရွေးချယ်လိုက်ရတဲ့ ရောက်ခဲ့ရတဲ့ အမျိုးကောင်းသမီးလေးတွေအနေနဲ့လည်း ငါ့မှာ တစ်ခုလပ် ဖြစ်ရလေခြင်းလို့ ဝမ်းမနည်းပါနဲ့။ အားမငယ်ပါနဲ့။ မကြောက်ပါနဲ့။ တစ်ခုလပ်လဲ လူပဲ အပျိုလူပျိုလဲ လူပဲ။ လူဟာ အခွင့်အရေး အားလုံး အတူတူ ရပြီးသားတွေပါ။ အဲ့ဒီလို သူကတော့ အပျိုမို့ သူကတော့ တစ်ခုလပ်မို့ ဆိုပြီး ခွဲခြားချင်သူတွေကိုလဲ စိတ်မဆိုးပါနဲ့။ သူတို့ရဲ့ မပြည့်ဝမှု စိတ်ဓာတ်သေးသိမ်မှုကို သိလိုက်ရတဲ့အတွက် ကိုယ့်အတွက် အကျိုးအမြတ် ရလိုက်တာပါ။ ကိုယ်ကိုယ်တိုင်လဲ သူများကို မခွဲခြားမိအောင် ကြိုးစားပါ။ ကိုယ့်ကံကောင်းနေသေးလို့ ကိုယ့်အိမ်ထောင်မြဲနေသေးတာပါ။ သူများ ကံမကောင်းတာ၊ သူများအိမ်ထောင်ပျက်စီးသွားတာကို ပါးစပ်အရသာခံပြီးနေတာ လူ့အန္ဓတွေရဲ့ လုပ်ရပ်ပါ။ အပျိုဘဝဟာ တန်ဖိုးထားသင့်တဲ့ဘဝပါ။ ဒါပေမဲ့ တစ်ခုလပ်ဖြစ်လို့လဲ သူ့ရဲ့ စိတ်ဓာတ်နဲ့ အရည်အချင်း ကိုယ်ရည်ကိုယ်သွေးတွေ ကျသွားတာ မဟုတ်ပါဘူး။
ညီမလေး ရဲရဲရပ်တည်ပါ။ တော်ရုံအမျိုးသမီးတစ်ယောက် ရပ်တည်ဖို့ မရဲတဲ့ တစ်ခုလပ် Single Mother ဘဝကို ရဲရဲရင်ဆိုင်ပါ။ တစ်ခုလပ်ဖြစ်နေလို့ဆိုပြီး အပြစ်တင်တဲ့ ယောကျ်ားတစ်ယောက်ဟာ ညီမလေးလောက် သတ္တိမရှိလို့ပါ။ တစ်ခုလပ်ဖြစ်တာဟာ လူတကာစော်ကားဖို့ မဟုတ်တဲ့အတွက် ဘာကိုပဲဖြစ်ဖြစ် ကိုယ့်ဘဝကို ကိုယ်တိုင် ရိုးရိုးသားသားသား ရဲရဲရင့်ရင့် ရင်ဆိုင်ပါ။ အရွဲ့တိုက်ဖို့ မလိုပါဘူး။ ကိုယ့်လမ်း ကိုယ်လျှောက်ဖို့ပဲ လိုပါတယ်။
ကျေးဇူးပြုပြီး တစ်ခုလပ်ဆိုတာ ထူးဆန်းသော ဂြိုလ်သားမဟုတ်ဘူးဆိုတာ သိပေးပါ .. အိမ်ထောင်တစ်ခုကို ရေရှည်ထိန်းသိမ်းနိုင်တာ အမျိုးသမီးတစ်ယောက်ရဲ့ အရည်အချင်းတစ်ခု မှန်ပါတယ်။ သို့သော် ရွေးချယ်ခွင့် မရှိတော့လို့ ကိုယ့်ဆန္ဒမပါဘဲ တစ်ခုလပ်ဖြစ်ရတဲ့ မိန်းကလေးတွေဟာ နိမ့်ကျတဲ့ လူတန်းစားတစ်ရပ် မဟုတ်တဲ့အတွက် ခွဲခြားဆက်ဆံတာမျိုး မလုပ်ကြပါနဲ့၊ မစော်ကားပါနဲ့၊ သူ့ဘဝ ပြန်လည်ရပ်တည် ရှင်သန်နိုင်အောင် ကူညီပေးပါ။ မကူညီနိုင်ရင်တောင် ထိုးမချပါနဲ့၊ ဘာဖြစ်လို့လဲဆိုတော့ တစ်ချိန်မှာ ကိုယ်တိုင်လဲ တစ်ခုလပ် ဖြစ်သွားနိုင်လို့ပါ။
Kyaw Thida Aung
yangonlife မှ ကူးယူဖော်ပြသည်။
Credit: www.myanmarkidworld.com
↧
မန္တလေးတိုင်းမှာ လေးလအတွင်း သက်ငယ်မုဒိမ်းမှု ၂၉ မှု ဖြစ်ပွားခဲ့
$
0
0
မန္တလေးတိုင်းမှာ ၂၀၁၇ ဧပြီအထိ လေးလအတွင်း သက်ငယ်မုဒိမ်းမှု ၂၉ မှုအထိ ဖြစ်ပွားခဲ့တယ်လို့သိရပြီး သက်ငယ်မုဒိမ်းဖြစ်ပွားမှုက အသက် (၆)နှစ်ကနေ (၁၀) နှစ်အထိ သုံးမှု၊ (၁၁)နှစ်ကနေ (၁၃) နှစ်အထိ ခြောက်မှု၊ (၁၄)နှစ်ကနေ (၁၆)နှစ်အထိ ၂၀ မှုရှိခဲ့တယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး အောင်စိုးဝင်းက ပြောပါတယ်။
‘‘ဖြစ်ပွားမှုကတော့ တက်လာတယ်လို့ပဲပြောရမှာပေါ့။ ၂၀၁၆ ကစပြီး ၂၀ ရာခိုင်နှုန်း တက်လာတယ်။ ဥပဒေကလည်း အရင်က အသက် (၁၄)နှစ်အထိ ကနေ အခု (၁၆)နှစ်အထိဆိုပြီး ပြင်လိုက်တယ်။ အသက်အရွယ်ကြီးပိုင်းတွေက တကယ်ပြုကျင့် တာလည်းရှိသလို ခိုးရာလိုက်ပြေးပြီးမှ တိုင်တန်းတာမျိုးလည်း ရှိတယ်။ ကြိုတင်ကာကွယ်မှုအနေနဲ့တော့ ရပ်ကွက်အလိုက် မှုခင်းပညာပေးပွဲတွေမှာ မုဒိမ်းမှုနဲ့သက်ဆိုင်တဲ့ အချက်တွေကို အဓိက ထားပြောတာတွေရှိတယ်’’လို့ ရဲမှူးကြီးအောင်စိုးဝင်းက ပြောပါတယ်။
သက်ငယ်မုဒိမ်းမှုဖြစ်ပွားစေတဲ့ အကြောင်းရင်းက နေအိမ်ပတ်ဝန်းကျင် မလုံခြုံခြင်း၊ မိဘအုပ်ထိန်းသူရဲ့ ကြည့်ရှုစောင့်လျှောက်မှု ကင်းကွာခြင်း၊ နေအိမ်၊ လမ်းခရီး၊ ကျောင်းအသွားအပြန်၊ တောထဲမှာ တစ်ဦးတည်းရှိနေခြင်း၊ ကလေးက ရင်းနှီးသူတွေအပေါ် ယုံကြည်မှုလွန်ကဲခြင်း၊ အရက်၊ စိတ်ကြွဆေး၊ ညစ်ညမ်းပုံ၊ ညစ်ညမ်းအခွေ၊ စာအုပ်ဇာတ်လမ်းတွေနဲ့  ပတ်ဝန်းကျင်ရဲ့ အကျင့်စရိုက်တွေ စတဲ့အချက်တွေကြောင့် အများဆုံးဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ မလျော်မကန်ပြုလုပ်ရင် ထောင်ဒဏ်နှစ် ၂၀ အထိ ကျခံရမှာဖြစ်ပြီး မန္တလေးတိုင်းမှာ သက်ငယ်မုဒိမ်းဖြစ်ပွားမှုက ၂၀၁၅ က ၃၈ မှု၊ ၂၀၁၆ က ၇၅ မှု အထိရှိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။
Source : 7DayDaily
↧
↧
ထိပ်လန့်တုန်လှုပ် ကြောက်ရွံ့ဖွယ် လူသားစားဘောရိသာရ အမျိုးသားတစ်ဦး ထွက်ပေါ်
$
0
0
Source: kbn-live.com
Credit: MMPost
#Unicode Version
ယူဂန်ဒါနိုင်ငံတွင် မကြာသေးမီ တနင်္လာနေ့ က Aluola Aluola အမည်ရ လူမှုကွန်ယက် fb သုံးသူတစ်ဦးသည် လူသား သည်စားသောက်ဖွယ်ရာ ချိုမိန်သည် စားလို့ကောင်း၏ Very Good ဟု ရေးသား ၍ သူ၏ အကောင့်မှာ လူသား၏ ကို ယ်အင်္ဂါအစိတ်အပိုင်းများကို ကိုင်ဆောင်ထားပြီး စားသောက်နေပုံများကို တင်ထားခဲ့ပါတယ်။
ဒေသခံမီဒီယာများဖော်ပြချက်အရ ယူဂန်ဒါ တွင် လတ်တလော အတွင်း ပျောက်ဆုံးနေတဲ့ ဆွေမျိုးသားချင်းများဖြစ်ကြ သ ည်ဟု ဖော်ပြခဲ့ကြပြီး နောက်ပိုင်းမှာအလားတူ အမျိုးသားနှစ်ဦးတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်း များကို ရှာဖွေတွေ့ရှိခဲ့ကြ ပါ တယ်။
ယူဂန်ဒါ အတွက် တုန်လှုပ်ဖွယ်ဓာတ်ပုံများနှင့် အမျိုးသားနှစ်ဦး၏ ခန္ဓာကိုယ် အစိတ်အပိုင်းများတွေ့ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ များက သံသယရှိသူများကို ဖမ်းဆီးထိမ်းသိမ်းခဲ့ကြသော်လည်း တကယ်တမ်း ပြစ်မှုကျူးလွန်သူများဟာ ဘယ် သူဘယ် ဝါတွေဆိုတာ တိတိကျကျ ယခုအချိန်ထိ တရားခံအား ဖမ်းဆီး ရမိခြင်း မရှိသေးပါဘူး။
Source: kbn-live.com
Credit: MMPost
↧
အိမ်ချင်းကပ်လျက်နေသူများ စကားများရာမှ လူသတ်မှုဖြစ်
$
0
0
မန္တလေး၊ မေ ၁၇
မန္တလေးတိုင်းဒေသကြီး  ချမ်းမြသာစည်မြို့နယ်မှာ မေလ ၁၆ ရက်နေ့ နေ့ လည် ၂ နာရီခန့် က အိမ်ချင်းကပ်လျက်နေသူများ ယခင်မြေကွက်ကိစ္စဖြင့် စကားများခဲ့သည်ကို မကျေနပ်၍ ဓားထိုး လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၁၆-၅-၂၀၁၇ ရက်နေ့ နေ့လည် ၂ နာရီအချိန် ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်၊ ပိတောက်လမ်းနှင့်ချယ်ရီလမ်းကြား၊ ၅၇xပန်းရံတော်ချောင်းကြား၊ (ဗ-၄/၉၄)(ကျူး)နေ ဟိန်းမင်းဦး ၃၀ နှစ်သည် ၅၉ လမ်းရှိ ရုံးမှ နေအိမ်သို့ပြန်လာရာ နေအိမ်ရှေ့ ပိတောက်လမ်းနှင့် မဉ္ဖူလမ်းကြားရှိ ဒူးကြားလမ်းသို့ရောက်ရှိစဉ် အိမ်ချင်းကပ်လျက်နေ သန်းစိုးအောင် ၃၃နှစ်က နေအိမ်အတွင်းမှ ထွက်လာပြီး ယခင်မြေကွက်ကိစ္စဖြင့် စကားများခဲ့သည်ကို မကျေနပ်၍ အရိုးအသွား ၁၂ လက်မ ခန့်ရှိ ဓါးဖြင့်ထိုးကြောင်း သိရပါသည်။
 ဟိန်းမင်းဦး၏ ၀ဲရင်အုံထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာ (၃)ချက်ရရှိပြီး မန္တလေးဆေးရုံသို့ တင်ပို့စဉ် ညနေ ၃ နာရီအချိန် သေဆုံးသွားပါသည်။
သန်းစိုးအောင် အား အောင်ပင်လယ်နယ်မြေရဲစခန်း(ပ)၁၄၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန် ချက်အရ သိရပါသည်။
သစ်ထူးလွင်
↧
မြန်မာ့ကျောက်စိမ်းနဲ့ ဗိုလ်ချုပ်ကြီးများ မှတ်တမ်းရုပ်ရှင် ပြသခွင့်မရ
$
0
0
Jade and Generals- ကျောက်စိမ်းနဲ့ ဗိုလ်ချုပ်များ
ကျောက်စိမ်းနဲ့ ဗိုလ်ချုပ်များ ဆိုတဲ့ Global Witness ရဲ့ မှတ်တမ်းရုပ်ရှင်ကားကို ရန်ကုန်မြို့က Park Royal ဟိုတယ်က တားမြစ်တာကြောင့် ပြသမယ့် အစီအစဉ်ပျက်သွားပါတယ်။ ရန်ကုန် အစိုးရရဲ့ ခွင့်ပြုချက် မရှိလို့ ပြသခွင့် မပေးနိုင်ဘူးလို့ ဟိုတယ်က ပြောပေမယ့် အာဏာပိုင်တွေ တကယ်တန်း ညွှန်ကြားခဲ့သလားဆိုတာကိုတော့ တိတိကျကျ မသိဘူးလို့လည်း Global Witness က ပြောဆိုပါတယ်။ မှတ်တမ်း ရုပ်ရှင်ပြသခွင့် တားမြစ်ခံရပေမယ့် အင်တာနက် အွန်လိုင်းပေါ်မှာတော့ ဒီမှတ်တမ်းရုပ်ရှင်ကားတိုကို ဒီကနေ့ တင်လိုက်ပြီ ဖြစ်ပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။
Jade and Generals- ကျောက်စိမ်းနဲ့ ဗိုလ်ချုပ်များ ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကားမှာ ကချင်ဒေသခံ အမျိုးသမီးတဦး ရင်ဖွင့်သွားတာပါ။ ဒီမှတ်တမ်းရုပ်ရှင်ကားတိုကို ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ပြသဖို့ အတွက် သတင်းထောက်တွေ ဧည့်သည်တွေကို ဖိတ်ကြားပြီး လူစုံတက်စုံ ရောက်လာတော့မှာ ဟိုတယ်က ပြခွင့်မပေးနိုင်ဘူးလို့ ငြင်းခဲ့တာဆိုပြီး Global Witness ရဲ့ မြန်မာဆိုင်ရာ စည်းရုံးရေးခေါင်းဆောင် Paul Donowitz က အခုလို ပြောပါတယ်။
ဒီကနေ့ ရုပ်ရှင် ပြသဖို့နဲ့ အွန်လိုင်းပေါ်ကနေ ဖြန့်ဝေဖို့ စီစဉ်ထားတာပါ။ နေ့လည် ၁ နာရီမှာ ဟိုတယ်ရဲ့ ဧည့်ကြိုကောင်တာကနေ ကျနော်တို့ကို ဟိုတယ်မှာ ဒီရုပ်ရှင်ကို ပြသခွင့် မပြုဘူးလို့ ပြောပါတယ်။ ကျနော်တို့က ရန်ကုန်တိုင်းဒေသကြီး အစိုးရထံကနေ ခွင့်ပြုချက် မရှိလို့လို့ အကြောင်းပြချက် ပေးပါတယ်။ မှတ်တမ်း ရုပ်ရှင်ကို ပြခွင့် မပေးဖို့ အာဏာပိုင်တွေ ဘက်က ဟိုတယ်ကို ညွှန်ကြားခဲ့သလားဆိုတာနဲ့ ပတ်သက်လို့တော့ ကျနော်တို့ မသိပါဘူး။ အာဏာပိုင်တွေ ညွှန်ကြားတယ်ဆိုတဲ့ အချက်အလက်တွေတော့ ကျနော်တို့မှာ မရှိပါဘူး။ ကျနော်တို့ မသိပါဘူး။ ဒီမှတ်တမ်း ရုပ်ရှင် ပြသခွင့် ရဖို့တော့ အာဏာပိုင်တွေဆီက ခွင့်ပြုချက် တောင်းမယ့် အစီအစဉ် မရှိပါဘူး။
ကချင်ပြည်နယ်က ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေက မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပေါ်မှာ သက်ရောက်မှု ရှိနေတယ်။ ဒီကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းတွေရဲ့ နောက်မှာ စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ အာဏာကြီးသူတွေ ပါဝင်ပတ်သက်နေတယ်လို့ Global Witness ရဲ့ Jade and Generals မှတ်တမ်း ရုပ်ရှင်ကားမှာ ပြောဆိုထားတာပါ။ ကချင်ဒေသ တိုက်ပွဲတွေ၊ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေ အပေါ် ကချင် ဒေသခံတွေ၊ ကချင်ပြည်နယ်က အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ယူဆချက်တွေ ကိုယ်တွေ့ ဖြစ်ရပ်တွေကို စုစည်းတင်ပြထားတဲ့ ကျောက်စိမ်းနဲ့ ဗိုလ်ချုပ်များ မှတ်တမ်း ရုပ်ရှင်ကားကိုတော့ YouTube မှာ မြန်မာဘာသာနဲ့ရော အင်္ဂလိပ် ဘာသာနဲ့ပါ ဒီကနေ့ လွှင့်တင်လိုက်တာပါ။
ကျောက်စိမ်းနဲ့ ဗိုလ်ချုပ်များ - Jade and General လို့ အမည်ပေးထားပြီး စစ်တပ်နဲ့ ကျောက်စိမ်းလုပ်ငန်းတွေကြား အဆက်အစပ်ကို ရိုက်ကူးထားတယ်ဆိုတာကြောင့် ဟိုတယ် အနေနဲ့ စိုးရိမ်ပြီး အခုလို ပိတ်ပင်တာလို့ ယူဆတဲ့ အကြောင်းလည်း Global Witness ရဲ့ မြန်မာဆိုင်ရာ စည်းရုံးရေးခေါင်းဆောင် Paul Donowitz က ပြောပါတယ်။
ဒီမှတ်တမ်း ရုပ်ရှင်တိုမှာက စစ်တပ်နဲ့ ဆက်နွယ်ပတ်သက်နေတဲ့ အာဏာရှိသူတွေနဲ့ ဆက်စပ်နေတယ်လို့ ပြောဆိုထားတော့ သူတို့ဘက်က စိုးရိမ်မှုကို ကျနော်တို့ နားလည်လို့ ရပါတယ်။ ဟိုတယ်ရဲ့ စီးပွားရေး အကျိုးစီးပွားကို ထိခိုက်ကောင်း ထိခိုက်နိုင်ပါတယ်။ သူတို့ အကျိုးစီးပွား ထိခိုက်နိုင်တဲ့ အပေါ် စိုးရိမ်ကောင်း စိုးရိမ်တာ ဖြစ်နိုင်ပါတယ်။ ဒါက သူတို့ရဲ့ အဓိက စိုးရိမ်ချက်ပါ။့  သူတို့ အန္တရာယ် ရှိနိုင်တာကို မစွန့်စားချင်ပါဘူး။ စစ်တပ်နဲ့ အာဏာပိုင်တွေ စိတ်ဆိုး ဒေသထွက်မှာစိုးလို့ ဒီရုပ်ရှင်ကို မပြဖို့ တားတာလို့ ကျနော်တို့ကတော့ ယူဆပါတယ်။
ကျောက်စိမ်းတူးဖော် ထုတ်လုပ်မှုကနေ ရတဲ့ ၀င်ငွေက ၂၀၁၄ တနှစ်ထဲမှာတင် ဒေါ်လာ သန်း ၃ သောင်းကျော် ရှိတယ်လို့ ပြောဆိုထားတဲ့ Global Witness အဖွဲ့ကြီးရဲ့ ကျောက်စိမ်း-မြန်မာ့ အကြီးမားဆုံး နိုင်ငံတော် လျို့ဝှက်ချက်ဆိုတဲ့ ၂၀၁၅ ခုနှစ်က အစီရင်ခံစာမှာလည်း ဒီငွေတွေကို ဘယ်သူတွေပိုင်ဆိုင်ထားသလဲ ဆိုတာကို ထောက်ပြထားတာပါ။ ကမ္ဘာတ၀န်းက အဆိုးရွားဆုံး သဘာဝ ပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေး ယိုယွင်း ချိုးဖောက်မှုတွေထဲက အများအပြားဟာ နိုင်ငံတွေရဲ့ သဘာဝ အရင်းအမြစ် ထုတ်လုပ်ရယူမှု၊နိုင်ငံရေးနဲ့ စီးပွားရေး စနစ်တွင်းက ချစားမှုတွေကြောင့် ဖြစ်တယ်လို့ Global Witness က ယူဆပြီး ဒါကို အဆုံးသတ်နိုင်ဖို့ လှုပ်ရှားဆောင်ရွက်နေတာ ဖြစ်ပါတယ်။
မသိင်္ဂီထိုက်   / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
↧
↧
ပဲခူး လိပ်​ပြာကန်​ကလူတိုင်းစိတ်​၀င်​စားတဲ့ ​နောက်​ဆုံးတရားခံအားမြို့မရဲစခန်းကဖမ်းလိုက်​ပြီ
$
0
0
17.5.2017
ယခုလ (၄)ရက်နေ့ ညက
ပဲခူးလိပ်​ပြာကန်​တွင်​လူငယ်​တစ်​စု ရမ်းကားမှုကိုလူတိုင်းသိကြမှာပါ ၄င်းအမှုမှ ​နောက်​ဆုံးကွင်းဆက်​တရားခံ သီရိ​ကျော်​​ဇော်​ထက်​(၁၉)နှစ်​၊(ဘ)ဦးစိုးရီ၊မဇင်းတိုးချဲ့(၁)လမ်း၊ပဲခူးမြို့​နေသူအား(၁၂)​နေ့တွင်​ ​ဝေါမြို့နယ်​၊မြစ်​ကျိုး​ကျေးရွာတွင်​ဖမ်းဆီးရမိခဲ့ပါသည်​။
ဖမ်းဆီးရမိ​သောတရား
ခံ​သီရိ​ကျော်​​ဇောထက်​သည်​ အခင်းဖြစ်​​နေက တရားခံများနှင့်​အတူ ​ရွှေဝါးရိပ်​ ထန်းရည်​​ဆိုင်​တွင်​ ​ခေါင်
ရည်​အတူ​သောက်​ခဲ့ကြပြီး လိပ်​ပြာကန်​သို့သွား​ရောက်
ကာ ဂီတာတီးသည့်​လူငယ်​အုပ်​စုအား လက်​သီးဖြင့်​နှစ်​ချက်​​ထိုး ထိုမှတဆင့်​ ပဲခူးတံတားတိပ်​သို့ဆက်​လတ်​ထွက်​ခွာပြီး ဆိုင်​ကယ်​တစ်​စီးအား ​မိမိမှ​ခြေ​ထောက်​ဖြင့်​ကန်​ ​ဘောကြီးမှာဆိုင်​ကယ်​ကိုမီးရှို့ခဲ့ ၄င်း​နောက်​ ကိုသိန်းကိုးသန်းဘုရား​ဘောလုံးကွင်းတွင်​ လိပ်​ပြာကန်​မှယူလာ​သောဘီယာအား တစ်​​ယောက်​တစ်​ငုံ​သောက်​ပြီး လိပ်​ပြာကန်​သို့ထွက်​လာစဉ်​ ရဲများလိုက်​၍ထွက်​​ပြေးတိန်း​ရှောင်​ကာ အဘိုးဖြစ်​သူ
ရှိရာမြစ်​ကျိုး​ကျေးရွာတွင်​ ဘုန်းကြီးဝတ်​ဖြင့်​တိမ်း​ရှောင်​နေ​ကြောင်းသိရှိရ၍
တာဝန်​ရှိသူများသွား​ရောက်​ဖမ်းဆီး
ခဲ့​ကြောင်းသတင်းရရှိသည်​။
Kothantzin (Bago)
မှုခင်းသတင်း
↧
မဘသ နောက်ကွယ်က အစတစ်စ" ...
$
0
0
"မဘသ နောက်ကွယ်က အစတစ်စ" ...
အမျိုးသား ဝံသာနု ရက္ခိတ ဆိုတဲ့ တရားမဝင်တဲ့ အဖွဲ့သစ်ကို 
ဦးဆောင်ပြီး မဘသ ကို လာမထိနဲ့ ဆိုတဲ့ စိုးထွန်းရှိန်ဆိုတာက
ဒီလိုဗျ ...
သူက တရုတ်လူမျိုး၊ အော်နေတာက အမျိုးသားရေး
ထောင်ထားတဲ့ ကုမ္ပဏီက အမျိုးသား ကြီးပွားတိုးတက်ရေး
ကုမ္ပဏီတဲ့။ သူ့ကို ဒီအခြေအနေရောက်အောင် မြေတောင်မြှောက်ပေးလိုက်သူတွေက ဆင်းသွားတဲ့ အဘတွေ။ ဒဲ့ပြောရရင်
သူနဲ့ အဘတွေက ကျေးဇူးခံ ကျေးဇူးစားတွေ
ဒီခရိုနီက ဗဟိုစည်မှာ ရုံးခန်းလေးတစ်ခန်း ဖွင့်ပြီး ရေထွက်ကုန် ရောင်းဝယ်ရေး လုပ်တယ်။ သူများတွေလိုငါးဖမ်းစက်လှေတွေ၊ အအေးခန်းတွေလဲ မရှိရှာပါဘူး။ ဒါပေမယ့် လုပ်ငန်းရှင်ကြီးတွေက ဘာအဖွဲ့ ညာအဖွဲ့ဆို အလုပ်ရှုတ်တယ်ဆိုပြီး မပါချင်ကြတဲ့ အချိန်မှာ သူ့ကိုဝိုင်းတင်ပေးလိုက်ရာက ရေထွက်ပစ္စည်း ပို့ကုန်အသင်းရဲ့ ဥက္ကဌဖြစ်သွားတယ်။ 
လုပ်ပိုင်ခွင့်ရတာနဲ့ အဲဒီတုန်းက မွေးရေဘဏ်၊ အခုကမ္ဘာ့ရတနာဘဏ်ကနေ ငွေတွေ ကျပ်သန်းထောင်ချီပြီး ချေးတယ်။ မူဆယ်၁၀၅မိုင်မှာ ရေထွက်ကုန်တွေ အတွက် ကြားစခန်းဆိုပြီး အအေးခန်းတွေ ဆောက်တယ်။ မြန်မာနိုင်ငံက တက်လာတဲ့ ရေထွက်ကုန်မှန်သမျှ အဲဒီမှာ မနားမနေရ၊ အဲဒီမှာပဲ မရောင်းမနေရ လုပ်လိုက်တာ အချီကြီး ပွသွားတယ်။ 
အဲဒီအချိန်က မွေးရေ၀န်ကြီး ဗိုလ်မှူးချုပ် မောင်မောင်သိန်းနဲ့လည်း ညီအစ်ကိုလို ဖြစ်သွားတယ်။ အဲဒီစစ်အာဏာရှင်ခေတ်က ၀န်ကြီးဝန်ကလေးတွေကလည်း လူယုတ်မာတွေ၊ လူလိမ်လူကောက်တွေကိုမှ အကောင်းထင်တဲ့ အချိန်ကိုးဗျ။ အဲဒီလို ၁၀၅မိုင်ကြား စခန်းမှာ ထင်တိုင်းကြဲနေတာကို ၀ိုင်းတိုင်ကြလို့ နောက်နှစ်မှာတော့ သူ့ကိုဥက္ကဌရာထူးက ဖြုတ်လိုက်ပေမယ့် တစ်နှစ်အတွင်းမှာ အချီကြီး ပွသွားတဲ့ သူ့အနေနဲ့ မွေးရေလုပ်ငန်းဆိုတာ သေးသိမ်တယ်လို့ စိတ်ထဲထင်သွားပြီး ခွင်အသစ်ရှာတော့တယ်။
အဲဒီမှာ မွေးရေ၀န်ကြီးရဲ့ ဆက်သွယ်ပေးမှုနဲ့ဗိုလ်ချုပ်ကြီး မောင်အေးသမီးနဲ့ချိတ်ဆက်မိပြီး အိုင်ဗင်ဟို ကုမ္ပဏီက စမ်းသပ် ရှာဖွေတွေ့ရှိထားတဲ့ မိုးထိမိုမိတောင်က ရွှေတွင်းကို လုပ်ခွင့်ရသွားတယ်။ ဒီနေရာမှာ စဉ်းစားရမှာက အဲဒီနေရာဟာ ရွှေအရမ်းထွက်ပါရက်နဲ့ သတ္တုတွင်း ၀န်ကြီးဌာနက ဘာလို့ စက်ရုံမတည်တာလဲ။ယုတ်စွအဆုံး ဦးပိုင်က ဘာလို့အဲဒီနေရာကို မယူတာလဲဆိုတဲ့ မေးခွန်းက ပေါ်လာတယ်။ 
ဘာဖြစ်လို့ တကယ့် ရွှေကြောကြီးကို လူမသိသူမသိစီးပွားရေးသမား လက်ထဲထည့်ခဲ့တာလဲ။ အဖြေကတော့ ရှင်းရှင်းလေးပါ။ စစ်အာဏာရှင်ခေတ်မှာ ထိပ်ဆုံးက အာဏာရှင် တစ်ယောက်ရဲ့ သမီးနဲ့ ပေါင်းမိတဲ့ အတွက် အားလုံးက လက်ရှောင်ပေးလိုက်ကြတာပဲ။ ဒီတော့ အဲဒီခရိုနီက လူကြီးတွေကို သူတို့အရိုးနဲ့ သူတို့ပြန်ထိုးဖို့ လုပ်တယ်။ လူကြီးတွေဆီကို မက်လောက်တဲ့ အတိုးနှုန်းပေးပြီး ငွေလိုက်ချေးတော့တယ်။ ပြီးတော့ သူနဲ့သိတဲ့ စီးပွားရေးသမားတွေဆီကလည်း နှစ်ကျပ်တိုး သုံးကျပ်တိုးနဲ့ချေးတယ်။ ပြောလို့ရရင် ချေးလို့ရတဲ့ နေရာတိုင်းကနေ ချေးတယ်။ လူကြီးတွေလည်း သူတို့ပိုက်ဆံလေး အရင်းမဆုံးဖို့ အတွက် သူ့ကို လုပ်ပိုင်ခွင့်တွေ ပေးရတော့တယ်။
သူရထားတဲ့ အကွက်ဟာ ရွှေဘယ်လောက် ထွက်သလဲတော့ မသိဘူး။ နိုင်ငံတော်ကို တစ်နှစ် ရွှေတန်ချိန် ၅.၅တန် ပေးသွင်းပြီး လုပ်ရတဲ့အကွက် ဖြစ်တယ်။ အောက်ခြေ လုပ်သားတွေရဲ့ အဆိုအရ မြေကြီးတစ်ပုံးကို ကျင်တိုင်းရွှေ ၇ကျပ်သား ထွက်တယ်ဆိုတဲ့ နေရာလည်း ဖြစ်တယ်။ အဲဒီခရိုနီက အစိုးရကို ရွှေကြွေးကျန် ဘယ်လောက် ပေးသွင်းဖို့ ကျန်သလဲဆိုတာတော့ ခင်ဗျားတို့ မီဒီယာတွေ ဆက်လက် စုံစမ်းသင့်သပေါ့ဗျာ။ သူပြောသလို မြန်မာနိုင်ငံမှာ နံပါတ်၇ဆိုတာ ကျွန်တော့် အထင်တော့ အချမ်းသာဆုံးကိုပြောတာမဟုတ်ပဲ ကြွေးအထူဆုံး ကြွေးအများဆုံး လူစာရင်းမှာ နံပါတ်၇လို့ ပြောတယ် ထင်တာပဲ။ 
ဒီခရိုနီက ချေးလို့ရသမျှ နေရာတိုင်းက ချေးတယ်။ အကြွေးနဲ့ သူဌေးလုပ်တာပေါ့ဗျာ။ဒီလိုနဲ့ လက်ထဲလဲ ငွေရှိလာရော ထင်ပေါ်ကျော်ကြားတဲ့ အနုပညာရှင်မလေးတွေနဲ့ တွဲတဲ့ ဇာတ်လမ်းက တစ်ခြား ခရိုနီတွေလိုပဲ စပါလေရော။ ပထမဆုံးက အဆိုတော်မလေး တစ်ယောက်ကို ဖက်ရှင်ဆိုင်ထောင်ပေးတယ်။ ပြီးတော့ အခုတရားဝင် လင်ယူသွားပြီဖြစ်တဲ့ မင်းသမီးလေး တစ်ယောက်နဲ့ တွဲတယ်။ အဲဒီကနေ အခုတော့ မော်ဒယ် တစ်ယောက်နဲ့ တရားဝင် အိုးအိမ်ထူထောင်လိုက်တာပဲ။ 
ပြသနာက အဲဒီမှာစရော။ ထင်ပေါ်ချင်တဲ့စိတ်၊ ကြွားချင်တဲ့ စိတ်တွေကများတော့ ဟန်းနီးမွန်း ပျားရည်ဆန်းခရီးကို ဒေါ်လာ၁၅သန်း အကုန်ခံပြီး လကမ္ဘာသွားမယ်တဲ့။ သူတွေးတတ်တဲ့ အတွေးလောက်က ငွေပေးရင် လေယာဉ်စီးသလို အာကာသယာဉ်စီးပြီး ခရီးသွားလို့ရတယ် ထင်နေပုံရတယ်။ မသွားခင် တစ်နှစ်လောက် ကြိုတင်ပြီး အာကာသ ခရီးအတွက် ဆေးစစ်ရမှာတွေ၊ အာကာသထဲမှာ နေနည်းထိုင်နည်းစားသောက်နည်းတွေက အစ အီအီးပါတာ အဆုံး ဘယ်လို လုပ်ရမလဲဆိုတဲ့ သင်ကြားပို့ချမှုတွေ နာခံရမယ်ဆိုတာ သိပုံမပေါ်ဘူး။ ဆိုးတာက နိုင်ငံခြား ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ကြော်ငြာထားတဲ့ အဲဒီခရီးစဉ်က ဖျက်သိမ်းထားတာ ၂နှစ်ရှိပြီ။ အဲဒါလည်း မသိဘူးထင်ပါတယ်။ကြွားလို့ရရင်ပြီးရော လျှောက်ပြောတာလား။ စတန့်မာ့ကက်တင်းလို့ ခေါ်တဲ့ သူ့ကို တစ်နိုင်ငံလုံးကချက်ခြင်း သိအောင် လုပ်တာလားတော့ မပြောတတ်ပါဘူးဗျာ။ 
နောက်ပေါက် ခရိုနီတွေက ငယ်လေလည်လေဗျ။ သူ့ရဲ့ မိုးထိမိုးမိ ရွှေတွင်းက အလုပ်သမားတွေရဲ့ပြဿနာကိုလဲ အာဏာပိုင်တွေနဲ့ပေါင်းပြီး အလုပ်သမား ခေါင်းဆောင်တွေကို ထောင်သွင်း အကျဉ်းချတဲ့ နည်းနဲ့ ဖြေရှင်းခဲ့တာပဲမဟုတ်ပါလား။တကယ်တွေးကြည့်ရင် ဒေါ်လာ ၁၅သန်းဆိုတာ မြန်မာငွေ ကျပ်သန်းပေါင်း တစ်ထောင်စီ ပုံထားတဲ့ အပုံ၁၅ပုံပဲ။ အဲဒီငွေရဲ့အပုံတစ်ထောင်ပုံတစ်ပုံလောက်ကို မလေးရှားမှာ ဒုက္ခရောက်ပြီး ပြည်တော် ပြန်လာချင်တဲ့ သူတွေကို လှူလိုက်ပါလားဗျာ။ တစ်နိုင်ငံလုံးကနတ်လူသာဓု မခေါ်ပေဘူးလား။ သူ့ဟာသူ ဟန်းနီးမွန်း အတွက် ဘယ်လောက် အကုန်အကျခံမယ် ကြွားနေပေမယ့် မွေးရေဘဏ်ကနေ ကျပ်သန်းထောင်ချီပြီး ချေးထားတဲ့ ငွေကိုတော့ ပြန်ဆပ်ဖို့ နေနေသာသာ အတိုးတောင် မပေးနိုင်တာ ကြာပြီလို့ သူ့နံမည်က ဘဏ်မှာ NPLလို့ခေါ်တဲ့ Non Performance List ထဲမှာ ပါနေတယ်လို့ သိရတယ်။ 
အဲဒီတုန်းက အာမခံပြီး ထုတ်ချေးဖို့ အမိန့်ပေးခဲ့တဲ့မွေးရေ၀န်ကြီး၊ ကြံခိုင်ရေး ပါတီ အတွင်းရေးမှူးဟောင်း ဦးမောင်မောင်သိန်းလည်း ဒီအချိန်လောက်ဆို ခေါင်းကြီးနေလောက်ပြီ။ ပြောသာ ပြောရတယ်။ အရင် စစ်အာဏာရှင် အစိုးရက သနားစရာဗျ။ စီးပွားရေးသမား ယောင်ဆောင်တဲ့ လူလိမ်တွေ လိမ်သမျှကို အဟုတ်ထင်ပြီး အကုန်လိုက်လုပ်ရင်း နာမည်ပျက်သွားတာ။ အဲဒီအပြင် သူတို့ ကိုယ်ပိုင်ငွေတွေပါ ဟုတ်နိုးနိုးနဲ့ချေးမိတော့ သူတို့ငွေပြန်ရအောင် အဲဒီလူကို ကောင်းသထက် ကောင်းတဲ့ အလုပ်တွေ ထပ်ထပ် ချပေးရတော့တာပေါ့ဗျာ။
ထားပါတော့။ ဒီလိုနဲ့ သူဒီအဆင့်ရောက်လာတာ အဘတွေရဲ့
ကျေးဇူး သူ့အပေါ်မှာ လည်ပင်းနင့်နေတယ်။ မြန်နာပြည်မှာ နံပါတ် ဘယ်လောက်ပဲ ချိတ်ချိတ် သူ့အဆင့်က ခိုင်းတာလုပ်တဲ့ အဆင့်မှာပဲ ရှိသေးတယ်။ တဖြည်းဖြည်းနဲ့တော့ ပွန်းတွေချကျွေးရာကနေ မြင်းတွေ ဆင်းကလာကြပြီ။ မဘသ နောက်ကွယ်က လက်မဲကြီးလည်း ထင်သာမြင်သာ ရှိလာပါပြီ။
ဆရာလက်စောင်းထက် ဆီမှ အချက်အလက်အတွက်
ကိုးကားပါသည်။
ZN.H
↧
“Single Mother တွေအတွက် ခိုနားရာ”
$
0
0
“Single Mother တွေအတွက် ခိုနားရာ”
နယ်မြို့တခု တွင် ဖြစ်သည်။ ၇ တန်း ဖြေဆိုထားဆဲ ကျောင်းသူကို အိမ်နီးချင်း အသက် ၇၀ ကျော် အဘိုး တယောက်ထဲ အဖော်မရှိသဖြင့် ပျင်းနေမည် ဟုဆိုကာ အဖော်ရစေရန် မိဘများက လွှတ်ပေးလိုက်သည်။ အဘိုးကြီးက အဆိုပါ ကလေးမလေးကို အဓမ္မပြုကျင့်လိုက်သဖြင့် အသက် ၁၃ နှစ် ဝန်းကျင် ကျောင်းသူမှာ ကိုယ်ဝန်ရသွားသည်။ ကလေးမွေးလိုက်ရသည်။ အမှုအခင်းဖြစ်သည်။ ကျောင်းပညာရေး ၈ တန်း တက်ရမည့် ကလေးအရွယ် ကျောင်းသူသည် အနိုင်ကျင့် စော်ကား ခံရမှုကြောင့် ကလေး တယောက် အမေဖြစ်သွားသည်။ အဓမ္မပြုကျင့်သူကို တရားစွဲဆိုရန် အမှု ရင်ဆိုင်ရသည်။ သူ၏ အနာဂတ်သည် Single Mother အဖြစ် ဆက်လက်ရပ်တည်ရမည်ဖြစ်သည်။
ထို အမျိုးသမီးငယ်သည် ရန်ကုန်မြို့ရှိ တိတ်ဆိတ်အေးချမ်းသည့် နေရာတခု တခုတွင် ဖွင့်လှစ်ထားသည့် Single Mother များအတွက် ခိုလှုံရာနေရာတွင် နေထိုင်ရင်း ပညာရေးနှင့် သူ၏ အနာဂတ်အတွက် ဆက်လက် ရပ်တည်တော့မည် ဖြစ်သည်။
“မိဘတွေကလည်း အဘိုးအရွယ်မို့ ဆိုပြီး ကိုယ့်သားသမီးကို မလွှတ်ပေးထားသင့်ဘူး။ အခုတော့ အဲဒီကလေးမလေးက သားလေး မွေးတယ်။ ကလေးကို ပတ်ဝန်းကျင်အသစ်မှာ ကျောင်းဆက်တက်ဖို့ တိုက်တွန်းထားတယ်။ သူလည်း ကျောင်းဆက်တယ်မယ်ပြောတယ်” ဟု ကိုစိုးထိုက် က ပြောသည်။
ကိုစိုးထိုက်သည် ပညာရေး၊ ကလေးများအရေးနှင့် အမျိုးသမီးများနှင့် ပတ်သက်၍ ပရဟိတလုပ်ငန်းများကို လုပ်ဆောင်နေသူ တဦးဖြစ်သည်။ ထို့ပြင် Single Mother များအတွက် အထောက်အကူပြု ကူညီနိုင်မည့် “မြင့်မိုရ်မေတ္တာခိုနားရာ” ဂေဟာ ကို ဧပြီလ အတွင်းက စတင်ကာ တည်ထောင်ထားသူ တဦးလည်း ဖြစ်သည်။ အဆိုပါ ဂေဟာကို ရန်ကုန်မြို့ရှိ တိတ်ဆိတ်အေးချမ်းသည့် ရပ်ကွက် တခုတွင် ဖွင့်လှစ်ထားပြီး လူသိမခံလိုသော် Single Mother များလည်း ရှိနေရာ ဂေဟာ၏ လိပ်စာကို လျို့ဝှက်ထားသည်။
“မြင့်မိုရ်မေတ္တာ ခိုနားရာ” ဂေဟာမှ မိခင်လောင်းများ၏ ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်မှုအပါအဝင် အထွေထွေကိစ္စ အဝဝ အတွက် ဒေါက်တာ မြတ်သက် အမည်ရှိ ဆရာဝန် တဦးကလည်း ပါဝင်ကူညီပေးလျက်ရှိသည်။
Single Mother ဆိုသည်မှာ ချစ်သူရည်းစားနှင့် လက်မထပ်မီ အတူနေရင်း ကိုယ်ဝန်ရချိန်မှ တာဝန်မယူ ရှောင်ပြေးသည့်နောက် ကလေးကို မွေးဖွားကာ တဦးတည်း စောင့်ရှောက်နေသူများ၊ အခြေအနေ တရပ်ရပ်ကြောင့် အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန်ရှိလာသည့်နောက် ကလေးမီးဖွားရကာ တဦးတည်း ထိန်းသိမ်းစောင့်ရှောက်နေသည့် အမျိုးသမီးများ၊ လက်ထပ်ပြီးမှ အကြောင်းအမျိုးမျိုးဖြင့် ကွာရှင်းပြတ်စဲခြင်း ကြောင့် ကလေးကို တဦးတည်း ထိန်းကျောင်း စောင့်ရှောက်နေသူများ၊ ယောင်္ကျားဖြစ်သူ ကွယ်လွန်သွားသည့် အခါ တဦးတည်း စောင့်ရှောက်နေသည့် မိခင်များကို ရည်ညွှန်းခြင်းဖြစ်သည်။
ကိုစိုးထိုက်တို့ တည်ထောင်ထားသည့် “မြင့်မိုရ်မေတ္တာခိုနားရာ” ဂေဟာသည် လက်မထပ်မီ အတူနေကြပြီးနောက် ကိုယ်ဝန် ရသွားရာမှ ရည်းစားက တာဝန်မယူတော့ပဲ ပစ်ပယ်ခံရသည့် မိန်းကလေးများ၊ အခြေအနေတရပ်ရပ်ကြောင့် မုဒိန်းကျင့် စော်ကားခံရပြီးနောက် ကလေးမီးဖွားရန် အခက်အခဲဖြစ်နေသူများအတွက် အချိန်ကာလ အပိုင်းအခြား တခု အထိ တာဝန်ယူ ကူညီ လုပ်ဆောင်ပေးနေသည်။
မြန်မာနိုင်ငံတဝှမ်းတွင် ထိုကဲ့သို့သော ပြဿနာများ ဖြစ်ပွားမှု များပြားနေသည်ဖြစ်ရာ အကူအညီပေးမည့် ဂေဟာ က စည်းကမ်းတချို့ သတ်မှတ်လိုက်သည်။ ဂေဟာတွင် လာရောက်နေထိုင်မည့် Single Mother သည် ယောင်္ကျား မရှိသူ ဖြစ်ရမည်၊ ကိုယ်ဝန် ၅ လ ကျော်မှ ဂေဟာသို့ စတင်ခေါ်ယူမည်ဖြစ်သည်။ မိသားစုဝင် တဦးဦးက ဂေဟာကို လာရောက် အပ်နှံရမည်။ လက်ရှိတွင် ယောင်္ကျားဆုံးပါးသူများ၊ တခုလပ်များ၊ ယောင်္ကျားထောင်ကျနေသူများ ကိုမူ လက်မခံသေးကြောင်း သိရသည်။
ဂေဟာသို့ စတင် လာမည့် အချိန်တွင် မိသားစုဝင်တဦးဦးနှင့် အတူ လာရောက် အပ်နှံရမည်ဟု စည်းကမ်း သတ်မှတ်ထား သော်လည်း လာမည့် ကိုယ်ဝန်ဆောင်အမျိုးသမီးသည် အခြားအသိတဦးဦးကို ခေါ်လာသည့် ဖြစ်ရပ်မျိုးလည်း ဖြစ်နိုင်သည်ဟု ကိုစိုးထိုက်တို့ အကူအညီပေးရင်း ကြိုတင် တွက်ဆထားပုံရသည်။
ထို့ကြောင့် ဂေဟာတွင် စတင်နေထိုင်မည်ဆိုကတည်းက ရှေ့နေနှင့် စာချုပ်စာတမ်းများ ချုပ်ဆိုထားရသည်ဟုလည်း သိရသည်။
အဆိုပါ ဂေဟာ ဖွင့်လှစ်လိုက်သည့် အပေါ်၊ Single Mother တယောက် အဖြစ် အနာဂတ်တွင် ဆက်လက် ရပ်တည်မည့် အပေါ် ဝေဖန်ကန့်ကွက်မှုများလည်းရှိသည်။
“အသက်ငယ်သေးတာပဲ။ ကိုယ်ဝန်ကို ဖျက်ချလိုက်ပါလား။ ကလေးကိုပါ လူ့လောကထဲ ခေါ်ပြီး ဒုက္ခပေးမလို့လား။ ကိုယ်ဝန်ဖျက်ချလိုက်ရင် အရင်အတိုင်းလေးပဲ ဆက်ပြီး ရပ်တည်နိုင်တာပဲ၊ တရားဝင် ကိုယ်ဝန်ဖျက်ချခွင့်ပေးဖို့လည်း လိုတယ်” ဆိုသည့် စကားသံများဖြင့်လည်း အကူအညီ ပေးနေသည့် ကိုစိုးထိုက်တို့အပေါ် ဝေဖန်ကန့်ကွက်ကြသည်။
“ကျနော်သာဆိုလည်း ဖျက်ချမှာ။ အံ့သြစရာကောင်းတာက ဒီကောင်မလေးတွေက ဖျက်မချဘူး။ ခါးခါးသီးသီး ငြင်းတယ်ဗျ။ ကျနော်တို့ လိုက်မမှီတဲ့ မိန်းမအာဇာနည်မျိုးတွေ။ မွေးလာတဲ့ကလေး ပတ်ဝန်းကျင် အသစ်မှာထားမယ်။ ကလေးရဲ့ နဖူးမှာ မုဒိန်းကောင်ရဲ့ သားဆိုပြီး စာကပ်ထားတာမဟုတ်ဘူး” ဟု ကိုစိုးထိုက်က တုံ့ပြန်ရှင်းပြသည်။
လက်ရှိတွင် ဂေဟာ၌ ရောက်ရှိနေသည့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၇ ဦး ရှိသည်။ အဖြစ်အပျက်များကတော့ တဦးနှင့် တဦး မတူညီကြပေမယ့် တာဝန်မယူဘဲ ပစ်ပြေးခံရပုံချင်းက တူညီကြသည်။ အသက် ၁၆ နှစ်မှ ၃၅ နှစ်အထိ ရှိပြီး အများစုမှာ လူငယ်အမျိုးသမီးများ ဖြစ်နေကြသည်။ စက်ရုံဝန်ထမ်းလည်း ပါသည်။ ကျောင်းသူလည်းပါသည်။ ယောင်္ကျားတယောက်ကဲ့သို့ နေထိုင်ရင်း အပေါင်းအသင်းများနှင့် သွားလာနေရာမှ စော်ကားခံရပြီးနောက် ကိုယ်ဝန်ရှိလာသည့် ယောင်္ကျားလျာ များလည်း ရောက်လာသည်။ ရည်းစား ထားရာမှ ဖြစ်လာသည့် ပြဿနာက များသည်ဟု သိရသည်။ အဆိုပါ ၇ ဦးလုံး၏ ကိုယ်ဝန်ဆောင်ထားချိန်မှာ ၅ လ ကျော်ရှိပြီဖြစ်သည်။ လာမည့် ၄ လနှင့် ၅ လ ဝန်းကျင်တွင် မွေးဖွားမည်ဟု ခန့်မှန်းထားသည်။
ကိုစိုးထိုက်က “ထူးခြားတာက ယောကျာ်းလျာလေး ၂ ဦးပါတယ်။ ဘယ်သူက စော်ကားလို့ စော်ကားမှန်း မသိဘဲ ရောက်လာတာ။ သူ့ဒေသမှာ အပျိုကြီး ဆိုတဲ့ တယောက်လည်း ပါတယ်။ အခုတော့ သူလည်း ကိုယ်ဝန်နဲ့ပါ။ ဘာကြောင့်လဲ ဆိုတဲ့ ကိစ္စကို အခုထိ ရေငုံနှုတ်ပိတ်ပဲ။ လုံးဝ မေးလို့မရဘူး” ဟု ရှင်းပြသည်။
ကိုစိုးထိုက်တို့ လုပ်ဆောင်နေသည့် မြင့်မိုရ်မေတ္တာ ခိုနားရာ ဂေဟာ ၏ ကူညီမှုများက ရိုးရှင်းပါသည်။ ဂေဟာ၏ စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိသော ကိုယ်ဝန်ဆောင် အမျိုးသမီးရောက်ရှိလာပါက လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု ပေးမည်။ စိတ်ဓာတ်ခွန်အား ဖြစ်စေရန် အားပေးမှုများ၊ ထက်မြက်သည့် Single Mother များနှင့် တွေ့ဆုံပေးမည်။ စိတ်အေးချမ်းသာစွာ နေထိုင်းရင်း ကလေးမီးဖွားပြီးသည် အထိ ကူညီမှု ပေးမည် ဖြစ်သည်။
ကိုယ်ဝန်ဆောင်ပြီး ကလေးမီးဖွားချိန်အထိ ကူညီပေးပြီးနောက် မိခင် အဖြစ် ဆက်လက်ရပ်တည်ရမည့် အနေအထား၊ စီးပွားရေး၊ သူ နေထိုင်ခဲ့ရာ ပတ်ဝန်းကျင်၏ သဘောထား၊ ကလေး၏ အနာဂတ် စသည်ဖြင့် ဆက်လက် လုပ်ဆောင်ရမည့် ကိစ္စ များက အများအပြား ရှိနေပါသည်။
“ကျနော်တို့ အပိုင်းတွေ ခွဲထားတယ်။ မွေးပြီးရင် ကလေးကို ထားခဲ့မလား။ ပြန်ခေါ်သွားမလား ဆိုတဲ့ အပိုင်းတွေရှိတယ်။ ကျနော်တို့က တိုက်တွန်းဖြစ်တယ်။ ပြန်ခေါ်မယ်ဆိုတဲ့ Mind Set ပေါ့။ လင်ကောင်မပေါ်ဘဲ ကလေးမွေးခဲ့ပေမယ့် ပတ်ဝန်းကျင်မှာ ရဲရဲရင့်ရင့်နဲ့ ကလေးနဲ့ အတူ ဆိုပြီး ဒီအမျိုးသမီးသည် ပိုပြီး လေးစားဖို့ မကောင်းဘူးလားဆိုတာမျိုးပေါ့။ ကျနော်တို့က သူတို့ အိပ်တဲ့နေရာမှာ ကလေးပုံလေးတွေ ကပ်ထားပေးတယ်။ နောက်ပိုင်းမှာ တချို့တွေက ငိုကြတယ်ဗျ။ ကလေးကို မထားခဲ့ရက်တော့ဘူး။ ခေါ်သွားမယ်။ ရင်ဆိုင်မယ် ဆိုတာမျိုးပေါ့” ဟု ကိုစိုးထိုက်က ရှင်းပြသည်။
ဆက်လက်၍ သူက “ပြန်ခေါ်တာတော့ ဟုတ်ပြီ။ ဒါပေမယ့် သူက ဒီအတိုင်းရပ်တည်လို့ မရသေးဘူးလေ။ သူတို့ လက်ရှိအလုပ်၊ ကျောင်း၊ ပတ်ဝန်းကျင်ကနေ ထွက်လာခဲ့ပြီး အဲဒီတော့ ကျောင်းပြန်တက်ချင်သူ၊ အလုပ်ပြန်လုပ်ရမယ့်သူ တွေဆိုတော့ လုပ်စရာရှိတာ ပြန်ပြီးလုပ်ကြ။ ကလေးကို ဒီ ဂေဟာမှာ ၂ နှစ် ခေါ်ထားပေးမယ်။ စောင့်ရှောက်ထားပေးမယ် ဆိုပြီး စီစဉ်ထားတာတော့ ရှိတယ်” ဟု ပြောပြသည်။
နောက်ပိုင်းတွင် စိတ်ကူးပြောင်းပြီး ကလေးကို လာပြန်မခေါ်ခဲ့သည့် ကိစ္စမျိုးလည်း ကြုံနိုင်ရာ ကလေးကို မိဘမဲ့ဂေဟာသို့ ပို့ဆောင်မည်မဟုတ်ကြောင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာနတွင် မှတ်ပုံတင် ထားမည် ဖြစ်ကြောင်း၊ အစိုးရ အသိအမှတ်ပြု မှတ်ပုံတင်ရှိမှ မွေးစာရင်းမရှိသော်လည်း နိုင်ငံသားစိစစ်ရေးကဒ် ရရှိမည်ဖြစ်ကြောင်း သိရသည်။
“အခက်အခဲကတော့ ပိုများပါတယ်။ ဒီဟာက ပရဟိတ ဆိုပေမယ့် ငါတို့ကို လက်ခံပါ့မလားဆိုတာမျိုးက အစလေ။ ကျနော်တို့ သိထားတယ်။ ဒီလို ဂေဟာဖွင့်လိုက်တာ တခုတည်းက ပြဿနာတွေရဲ့ အဖြေမဟုတ်ဘူး။ လတ်တလော ဖြေရှင်းခြင်းတခုပဲ ရှိသေးတယ်။ Sex Education နဲ့ ပတ်သက်ပြီး သိလာအောင် လုပ်ရမယ်။ စာသင်ကျောင်းတွေမှာ သင်ရမယ်။ sex ဆိုတာက ဘယ်သူမှ ရှောင်လို့မရတဲ့ ကိစ္စလေ။ တားလို့လည်း မရဘူး။ တားလည်း အောင်မြင်မှာ မဟုတ်ဘူးလေ။ ဒါပေမယ့် sex ဆိုတဲ့အကြောင်း ဆိုတာနဲ့ ကြားတာနဲ့ကို ကန့်ကွက်တယ်။ ယဉ်ကျေးမှု အရ လုံးဝ ကန့်ကွက်နေကြတယ်” ဟု ကိုစိုးထိုက်က ရှင်းပြသည်။
မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့အရ ယောင်္ကျားမရှိဘဲ ကလေးမွေးဖွားပြီး single mother အဖြစ် ရပ်တည်ရမည့် အဖြစ်ကို အမျိုးသမီး အများစု က ရှက်ကြသည်။ မိသားစုဝင်များ အပါအဝင် ပတ်ဝန်းကျင် အသိုင်းအဝိုင်းက လက်မခံနိုင်ဘဲ ရှိကြသည်။ သို့ဖြစ်ရာ အချို့သည် ရည်းစားထားမိရင်း ကိုယ်ဝန်ရလာသည့် အခါ ကိုယ်ဝန်ကို ဖျက်ချကြသည်။ ကိုယ်ဝန် ဖျက်ချခွင့် ကို တရားဝင် ခွင့်ပြုထားခြင်းမရှိသည့်အပြင် ဗဟုသုတ အားနည်းမှုများရှိရာ ကိုယ်ဝန်ဖျက်ချရင်း အသက်သေဆုံးကြသည်အထိ ဖြစ်ကြသည်။
ထို့ကြောင့် Single Mother ဘဝကို ခံယူနိုင်အောင် အသိပညာပေးမှု လုပ်သည်။ အောင်မြင်နေသည့် မိခင်များကို အားကျနိုင်အောင် စိတ်ဓာတ်မြင့်တင်ရေးများ လုပ်ပေးသည်။ ပတ်ဝန်းကျင် အသစ် တနေရာတွင် ကလေးကိုစိတ်အေးချမ်းသာစွာ မွေးနိုင်အောင် ကူညီသည်။ ကလေးမီးဖွားပြီးနောက် အနာဂတ်တွင် ပိုမိုကောင်းမွန်သော ဘဝကို ဖန်တီးနိုင်အောင် အကူအညီများပေးမည်ဟု ကိုစိုးထိုက်တို့က အစီအစဉ်များ ပြုလုပ်ထားကြသည်။
ထို့အပြင် ယနေ့အထိ ဗဟုသုတ ရှိမှု အားနည်းနေဆဲဖြစ်သော Sex Education နှင့် ပတ်သက်ပြီး ကျောင်းတွင်း၊ ကျောင်းပြင်ပတွင် သင်ကြားမှုများ ပြုလုပ်နိုင်အောင်၊ ဗဟုသုတများ ဖြန့်ဝေနိုင်အောင် ဆက်လက် လုပ်ဆောင်မည်ဖြစ်သည်။
Topics: Single Mother
မေစစ်ပိုင်
===========
The Irrawaddy - Burmese Edition
↧
ဆီးချို ထိန်းချုပ်ပေးမဲ့ ကြက်သွန်မြိတ်
$
0
0
ဆီးချို ထိန်းချုပ်ပေးမဲ့ ကြက်သွန်မြိတ်
ဆီးချိုရောဂါဟာ ဒီကနေ့ခေတ်မှာ အဓိကအဖြစ်များတဲ ခန္တာကိုယ်အတွင်းမှာလိုအပ်တဲ့ အင်ဆူလင် (Insulin) ဟော်မုန်းတွေကို သရက်ရွက်က အလုံအလောက် ထုတ်မပေးနိုင်တာကြောင့် သွေးတွင်းမှာ Glucose (ဂလူးဂို့စ်) ပါဝင်မှုများရတာဖြစ်ပါတယ်။
သွေးတွင်း ဂလူးဂို့စ်ပါဝင်မှုကို ထိန်းညှိပေးနိုင်တဲ့ အင်ဆူလင်ပမာဏ အလုံအလာက်မထုတ်ပေးနိုင်တာကြောင့်လည်း ဆီးချိုရောဂါဖြစ်ပွားရတာပါ။ အင်ဆူလင်ဟာ သွေးတွင်းသကြားဓါတ်ကို ပုံမှန်အတိုင်းဖြစ်စေဖို့ လုပ်ဆောင်ပေးပါတယ်။ ဒီကနေ့ထိ ဆီးချိုရောဂါကို အမြစ်ပြတ်ကုသနိုင်တဲ့ ဆေးဝါးကို မတွေ့ရှိသေးပေမဲ့ ဆီးချိုကို ထိန်းညှိပြီး ပုံမှန်အတိုင်း အသက်ရှင်နေထိုင်သွားနိုင်ပါတယ်။
ဆီးချိဖြစ်ရင်အစားအသောက်၊ အနေအထိုင် အထူးဂရုစိုက်ဖို့လိုပါတယ်။
ဆီးချိုရောဂါကို ထိန်းချုပ်နိုင်ဖို့ သဘာဝကုထုံးတွေကို အသုံးပြုပေးဖို့ အကြံပြုလိုပါတယ်။
ပါဝင်ပစ္စည်း
အမြစ်ပါတဲ့ ကြက်သွန်မြိတ်
ရေသန့် ၂ လီတာ
ပြင်ဆင်ခြင်း
ကြက်သွန်မြိတ်ကို ရေစင်စင်ဆေးပါ။ ပြီးရင် ကြက်သွန်မြိတ်ကို ရေသန့် ၂ လီတာထည့်ထားတဲ့ ဘူးထဲထည့်ပြီး ၂၄ နာရီထားပါ။ နောက်တစ်နေ့မှာ အဲဒီရေကို ကိုယ်သောက်မဲ့ သာမန်ရေနေရာမှာ အစားထိုးသောက်ပေးပါ။
နောက်တစ်နေ့အတွက်လည်း အဲဒီလိုပြင်ဆင်ပေးပါ။
MyFood Myanmar
↧
↧
စစ်ကိုင်းတိုင်းဝနိကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့်ကသာပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ကြည်သိရှိနိုင်ပါရန်
$
0
0
တနိုင်ငံလုံးအံတကြိတ်ကြိတ်လက်သီးတဆုပ်ဆုပ်ဖြစ်ခဲ့ရတဲ့..သူခိုး ငတို စောရ ဒိုင်ယာဘောလစ် အလီဘာဘာ
တို့ရဲ့"သူခိုးတိုရွာ"ဇာတ်လမ်းတွဲမှာ ရဲတွေရွာနားမကပ်နိုင်ခဲ့
တာမြင်ခဲ့ကြမှာပါ။ဘာလို့လဲဆိုတော့သူခိုးရွာမှာသေနတ်တွေရှိနေလို့ပါ။
ဟော..အခုကသာမြို့နယ်တရားရုံးမှာ တိုင်းပြည်ဘဏ္ဏာ
တွေအကြီးအကျယ်ဆုံးရှုံးအောင်လုပ်တဲ့သိမ့်သိမ့်တုံအမှုကြီး
မှာတရားခံတွေဘက်ကခုခံကာကွယ်ဘို့ကျနော်တို့ဆရာတပည့်နှစ်ယောက်ရောက်ခဲ့ပါတယ်။မန်းရွှေစင်ကားနဲ့ညနေ၅နာရီလိုက်လာတာမနက်(၇)နာရီမှကသာရောက်ပါတယ်။တမှေးမှအိပ်မရပါ။လမ်းမှာထီးချိုင့်တံတားအကျော်မိုးသည်းကြီးမဲကြီး
မှာကားနောက်ဘီးတွေချော်ပြီးတောင်နံရံဆီဆွဲသွားတာဘရိတ်နင်းအတင်းကွေ့လို့တိုက်မိခါနီးမှလွတ်သွားလေရဲ့။
အခုအမှုမှာသစ်တောဦးစီးဌာနကသဘာဝပါတ်ဝန်းကျင်
ပျက်စီးအောင်တိုင်းပြည်ရဲ့သစ်တောရတနာတွေပြုန်းတီး
အောင်လုပ်တဲ့တရားခံတွေကိုသက်စွန့်ကြိုးပမ်းဝင်ဖမ်းပြလိုက်တာချီးကျူးဘွယ်ပါခင်ဗျာ။နိုင်ငံတော်သမ္မတရုံးကများ
သူရဲကောင်းဝန်ထမ်းကောင်းဆုပေးလေမလားမသိဗျ။
အဲ..သစ်ခိုးဂိုဏ်းကြီးခေါင်းဆောင်ဗိုက်ကြီးသည်ဇင်မာထိုက်ကိုသက်သေခံသစ်တွေနဲ့အတူဖမ်းမိလို့ပြည်သူပိုင်၆/၁
နဲ့အာမခံမပေးဘဲဖမ်းတာ။ဟုတ်ကဲ့ သက်သေခံသစ်ကပျဉ်းမ
ငုတ်..၂၀၀ဝိ/-နှစ်ထောင်ကျပ်ဘိုးတဲ့ခငိဗျာ။
ကျန်တဲ့မိသားစု၆ဦးကလဲသစ်ကသုံးထောင်ဘိုးတို့ခြောက်
ထောင်ဘိုးတို့တဲ့။စုစုပေါင်း၇ယောက်အချုပ်ထဲမှာပါ။အဲဒီအမှု
မှာမောင်းကုန်းလယ်သမားတွေအကူအညီတောင်းလို့ခံပြင်း
လွန်းလို့နေမကောင်းဘဲထလိုက်လာတာပါ။သက်ငယ်မုဒိမ်း
က သားကောင်ဖြစ်ရှာတဲ့ ခလေးမလေးကျောင်းထားဘို့ကိစ္စ
လဲပါသပေါ့။
ဇာတ်လမ်းမေးကြည့်တော့ ရေကြီးလို့ကုန်းမြင့်သစ်တော
ထဲတက်နေတဲ့မိသားစုတွေနဲ့ပျံကျလုပ်စားသူတွေတဲ့ခင်ဗျာ
ဇင်မာထိုက်အိမ်ကသက်ငယ်မိုးလေးတိုင်စင်သာသာပါ
ခလေးသုံးယောက်အပြင်မှာကျန်ရစ်လို့အနီးအနားရွာသားများကကျွေးထားရသတဲ့။လူတကာကုမ္ပဏီတကာဝင်ခုတ်လို့
ကွက်လပ်ဖြစ်နေတဲ့မြေနေရာမှာဝင်နေတာတဲ့။အဲဒါ လမ်းဆုံ
နဲ့နီးလာလို့ဈေးကောင်းလာတော့ပိုင်ရှင်ပေါ်လာပြီးလာဖယ်ခိုင်းတယ်။ပိုင်ရှင်ကိုပြောပေးမယ်ဆိုပြီးတောခေါင်းကလက်မှတ်ထိုးခိုင်းလို့လက်မှတ်ထိုးသူတွေတရားခံဖြစ်တာပါတဲ။ဇင်မာထိုက်သူ့ယောင်္ကျားအလုပ်သွားနေလို့လက်မှတ်ဝင်ထိုးသတဲ့။လမ်းဆုံစားသောက်ဆိုင်မှာခေါ်ညှိသတဲ့။တအိမ်၁၅
သိန်းတောင်းပြီးပိုင်ရှင်ဆိုသူကသူတအိမ်၁၀သိန်းရရင်ကျေနပ်တယ်..ကျန်တာ"ဝါးစေ"ကြလို့ပြောသတဲ့။သူတို့ကငါးသိန်ထားပါ..ငွေတော့မပေးနိုင်ဘူး ပိုင်ရှင်လယ်မှာငါးသိန်းဘိုး
သူရင်းငှားလုပ်ပေးပါမယ်လို့ပြောတာမရဘဲအချုပ်ထဲရောက်ရပါသတဲ့။အမယ် သစ်တောမြေကဖယ်ပေးဘို့စာတော့၂ကြိမ်ထုတ်ထားတယ်။အဲဒါဆိုလဲသက်သာတဲ့သစ်တောဥပဒေနဲ့
တရားစွဲပေါ့ဗျာ။သစ်ငုတ်၂၀၀၀ကျပ်ဘိုးပြည်သူပိုင်ပစ္စည်းကာကွယ်သည့်ဥပဒေ၆/၁နဲ့ဆိုတော့အာမခံမရအချုပ်ထဲရောက်တော့တာပေါ့ဗျာ။
ကဲ..ကိုမြင့်နိုင်ရေ ခင်ဗျားကိုကျုပ်လေးစားယုံကြည်ပါတယ်။၂၀၁၄ခုနှစ်ကန့်ဘလူလယ်သမား၅၀၀ကျော်
ကိုMECကတရားစွဲတော့ကျုပ်ကသူတို့ရှေ့နေပေါ့။ခအုံးတာတို့..ပေကြီးတို့ ဌက်ပျောတိုင်းတို့ကလေ။ခင်ဗျားနှလုံးသွေးကြောပိတ်နေလို့ မန္တလေးဆေးရုံကြီးတက်နေရတာလာတွေ့
ရင်းအကျိုးအကြောင်းပြောပြတော့"မင်းသွားနှင့် ငါလိုက်လာ
ခဲ့မယ်"တဲ့။အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ပြည်သူ့ကိုယ်စားလှယ်အစစ်ဆိုတော့တကယ်လိုက်လာပါတယ်။
ပြဿနာနေရာလိုက်လာလို့စစ်သားကသေနတ်နဲ့ထိုးချိန်တော့ခင်ဗျားရင်ဘတ်ကော့ပေးပြီး ပစ်လိုက်စမ်းကွ မင်းတို့ထက်မိုက်လို့လိုက်လာတာလို့ပြောခဲ့တာလယ်သမားတွေကတသသပေါ့ဗျာ။
ခုကိစ္စက တရားစီရင်ရေးဝင်စွက်ဘို့ပြောတာမဟုတ်ပါဘူး။
အဖြစ်မှန်ပေါ်စေချင်လို့။သစ်တွေတတောလုံးပြောင်အောင်
ခုတ်တဲ့ကောင်တွေတန်နဲ့ချီတဲ့သစ်တွေရန်ကုန်မြို့လည်မှာ
ပိုင်ရှင်မဲ့မိတာတွေတတိုင်းပြည်လုံး၆၀%ကျော်ဖုံးနေတဲ့သစ်
တောကြီးတွေကို၄၀%သာကျန်တော့အောင်ပြောင်သလင်း
ခါအောင်ဆွေခုနှစ်ဆက်မျိုးခုနှဆက်စားမကုန်အောင်သစ်
ခုတ်သွားသူတွေဘာမှအရေးမယူနိုင်ဘဲနဲ့ သစ်တောထဲ
လေးတိုင်စင်ထိုးနေရတဲ့ဗိုက်ကြီးသည်ကိုသစ်ငုတ်၂၀၀၀ဘိုးအတွက်၆/၁နဲ့ထောင်ချကြတော့မလားဗျာ။
တိုင်းပြည်ဘဏ္ဏာတွေဘီလီယံနဲ့ချီပြီးကိုယ့်အမေလင်
ပစ္စည်းလိုသုံးနေကြတာတွေကို"လူကိုကြောက်လို့မူကိုဖြောက်"ပြီး အိုးမဲ့အိမ်မဲ့ဗိုက်ကြီးသည်ကြတော့ "လူငမွဲမို့မူနဲ့ဖြဲ"
ကြတာလားဗျာ။အရပ်ရပ်နေပြည်တော်ကြားလို့မှတော်ရိုးလားဗျာ။ ခင်ဗျားတို့တာ..ခင်ဗျားတို့လုံပစေ။
ကျုပ်ကတော့နေကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေ ဒီအမှုကိုရေကုန်ရေခမ်းခုခံကာကွယ်သွားမယ်။
Thein Than Oo
https://www.facebook.com/theinthan.oo.9/posts/1427232157341290
↧
NLD နာယကကြီး သူရဦးတင်ဦး ကျန်းမာရေးနောက်ဆုံးရသတင်း။
$
0
0
အခြေအနေအနည်းငယ်တိုးတက်
သွေးပေါင်ချိန်မမှန်သေး၊ခြေလက်များလှုပ်ရှားမှုမရှိသေး။
ပြင်ပမှရောဂါများကူးစက်မည်စိုးရိမ်ရသဖြင့်အပြင်လူများဝင်ရောက်ခွင့်မပြုတော့ရန်
ဆရာဝန်မှညွှန်ကြား။အခြေအနေစိုးရိမ်ရသေး။
ဆီးကောင်းကောင်းသွားနိုင်၊
Ensureအားပိုက်နှင့်သွင်း၊သွေးဖိအားပုံမှန်သို့ရောက်ရှိဟု
ယခု၁နာရီ၅၀မိနစ်အချိန်ကိုယ်တိုင်ရောက်ရှိနောက်ဆုံးသတင်းပါ၊
သတင်း-Thant Zin
↧
၁၀ စက္ကန့် သာဆွဲရတဲ့ မီလီယံ ဒေါ်လာတန် ပန်းချီကား
$
0
0
+++++++++++++++++++++++++++++++++++++
တစ်နေ့မှာ ပန်းချီဆရာကြီး ပီကာဆို တစ်ယောက် လမ်းလျောက်နေရင်း ပီကာဆိုမှန်း သတိပြုမိတဲ့ အမျိုးသမီး တစ်ယောက်က အပြေးအလွှား လာနူတ်ဆက်တယ်။ ကျမဟာ ဆရာကြီး ရဲ့  ပရိတ်သတ်တစ်ယောက်ပါ။ ဆရာကြီးရဲ့  ပန်းချီတွေကို အရမ်းနှစ်သက်ပါတယ်။
ကျမ အတွက် အမှတ်တရ ပန်းချီကားလေး တစ်ချပ် ဆွဲပေးပါလားလို့ တောင်းပန်လိုက်တယ်။ ပီကာဆိုက တစ်ချက်ပြုံးလိုက်ပြီး ငါမှာ ပန်းချီးဆွဲဖို့ ဘာမှ ပါမလာဘူး။ နောက်တစ်နေ့ အခွင့်သင့်မှ ဆွဲပေးမယ်လို့ ပြန်ပြောလိုက်တယ်။ ဒါပေမဲ့ ဟိုအမျိုးသမီးက အနားက မခွာပဲ အခုပဲ အဆင်ပြောတာနဲ့ ဆွဲပေးပါ နောက်တစ်ကြိမ်ကြုံဖို့ဆိုတာ ဘယ်တော့မှန်း မသေချာလို့ပါ ဆိုပြီး အတင်းပေကပ်နေတယ်တဲ့..။
အဲဒါနဲ့ ပီကာဆိုလည်း မနေသာပဲ သူ့ အိပ်ကပ်ထဲက စာရွက်ပိုင်းလေးထဲမှာ ပုံတစ်ပုံဆွဲပေးလိုက်တယ်။ သူဆွဲလိုက်တာ ၁၀ စက္ကန့်လောက်ပဲ ကြာတယ်။ ပြီးတော့ ပီကာဆိုက ဒီပုံကို ယူသွား ဒီပုံဟာ မီလီယံ ဒေါ်လာနဲ့ ချီပြီး တန်တယ်လို့ ပြောလိုက်တယ်။ အမျိုးသမီးလည်း အံသြပြီး မယုံနိုင်အောင် ဖြစ်နေတာပေါ့..။ ၁၀ စက္ကန့်လောက်နဲ့ ဆွဲလိုက်တဲ့ ပန်းချီက ဒေါ်လာမီလီယံ နဲ့ ချီပြီး တန်တယ်ဖြစ်နိုင်ပါ့ မလားပေါ့။
အဲဒါ အိမ်ရောက်တော့လည်း ပီကာဆိုက သူ့ကို နောက်လိုက်တယ်ပဲ ထင်နေတယ်။ နောက်တော့ မထူးပါဘူးဆိုပြီး အဲဒီပန်းချီးလေးကိုင်ပြီး ပန်းချီပြခန်းတွေမှာ လိုက်မေးတယ်။ သူမ မယုံကြည့်နိုင်လောက် သိလိုက်ရတာက အဲဒီ ၁၀ စက္ကန့် နဲ့ ဆွဲလိုက်တဲ့ ပန်းချီလေးဟာ ဒေါ်လာမီလီယံ နဲ့ ချီပြီး တန်နေတယ်တဲ့။
အဲဒါနဲ့ သူမဟာ နောက်တစ်ကြိမ် ပီကာဆိုကို မတွေ့တွေ့အောင်ရှာပြီး တွေ့တာနဲ့ ဆရာကြီးရှင် ဆရာကြီး ပြောလိုက်တဲ့ အတိုင်းပါပဲ.. ဆရာကြီးရဲ့  ပန်းချီ အပိုင်းအစ လေးဟာ ဒေါ်လာမီလီယံ နဲ့ ချီပြီး တန်နေတယ်။ ပြီးတော့ သူမက ဆက်ပြီး ကျမ ဆရာကြီးရဲ့  တပြည့်ဖြစ်ပါရစေ... ကျမကို ဆရာကြီးလို ဖြစ်အောင် အချိန်တိုတိုအတွင်းမှာ တတ်အောင်သင်ကြားပေးပါ ဆိုပြီး တောင်းဆိုလိုက်တယ်။
ပီကာဆိုက ခပ်သာသာပြုံးလိုက်ပြီး သမီးငယ်ရေ ဒါမျိုး ၁၀ စက္ကန့် နဲ့ ဒေါ်လာမီလီယံ နဲ့ ချီပြီး တန်တဲ့ ပန်းချီးဆွဲတတ်ဖို့ ငါ့ဘဝ တစ်ခုလုံးရင်းခဲ့ရတယ်။ အခက်အခဲတွေ ပင်ပန်းဆင်းရဲမှုတွေ စိတ်ပျက်မှုပေါင်း များစွာခံပြီးမှ ဒါမျိုးဆွဲတတ်လာတာပါ..။ မင်းရဲ့  ဘဝ တစ်ခုလုံးရင်းပြီး ဒီလို အခက်အခဲတွေ ပင်ပန်းဆင်းရဲမှုတွေ စိတ်ပျက်မှုတွေ ခါးဆီး ခံနိုင်မယ်ဆိုရင်တော့ ငါကလည်း သင်ပေးဖို့ အသင့်ပါလို့ ပြန်ပြောလိုက်တယ်။
ပီကာဆိုက ၁၀ စက္ကန့် နဲ့ ဒေါ်လာမီလီယံ နဲ့ ချီပြီး တန်တဲ့ ပန်းချီကား ဆွဲခဲ့တာ အရမ်းလွယ်မယ် ထင်ခဲ့တဲ့ အမျိုးသမီးဟာ ပါးစပ် အဟောင်းသား ဖြစ်နေတာပေါ့..။
လူတော်တော်များများဟာ တခြားသူတစ်ယောက် အောင်မြင်ကြီးပွားနေတာတွေ့ရင် သူတို့လို့ပဲ အောင်မြင်ကြီးပွား ချင်ကြတယ်။ ဒါပေမဲ့ အဲဒီ့ အောင်မြင်ကြီးပွားသူတွေ ဘယ်လို အခက်အခဲတွေ ပင်ပန်းဆင်းရဲမှုတွေ ရင်ဆိုင်ခဲ့ရလည်းဆိုတာ သိပ်စိတ်မဝင်စားကြဘူး။
ပီကာဆိုရဲ့  ဘဝကို လေ့လာကြည့်ရင် သူဟာ အသက် ၉၁ နှစ်မှာ ကွယ်လွန်ခဲ့တယ်။ သူဟာ ပန်းချီကား နဲ့ အနုပညာလက်ရာပေါင်း ၂ သောင်း ၆ ထောင်ကျော် (၂၆၀၇၅ ခု ) ဆွဲခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုတယ်။ သူဟာ အသက် ၂၀ အရွယ်မှာ တန်းဝင် ပန်းချီ ဆရာတစ်ယောက် ဖြစ်တယ် ဆိုပါဆို့ အသက် ၂၀ အရွယ်က နေ အသက် ၉၁ နှစ်အရွယ်ထိ နှစ်ပေါင်း ၇၁ နှစ်အတွင်း ရက်ပေါင်း ၂၅၉၁၅ ရက်နေသွားတယ်။ သူဆွဲခဲ့တဲ့ ပန်းချီပေါင်းက ၂ သောင်း ၆ ထောင်ကျော်ဆိုတော့ တစ်ရက်ကို တန်းဝင် ပန်းချီကား အသစ် တစ်ခုမက ဆွဲခဲ့တယ်လို့ ယေဘုယျ တွက်ကြည့်လို့ရတယ်။
စဉ်းစား ကြည့်ရင် အံသြစရာ သူရဲ့  လုပ်အားနှုန်းကိုတွေ့ရတယ်။ အခုခေတ် ပန်းချီ ဆရာတွေဟာ သူ့ရဲ့  ကျော်ကြားမှုနဲ့ သူ့လက်ရာတွေ မှီဖို့ကို မဆိုထားနဲ့ သူ့လို တစ်နေ့ ပန်းချီးကား တစ်ခုပြီးအောင် ဆွဲနိုင်မလား ဆိုတာ မေးစရာ မေးခွန်းရှိတယ်။
ဒီစာကို Stephen King ရဲ့  အဆိုအမိန့်လေးနဲ့ အဆုံးသတ်ချင်ပါတယ်။
".... Talent is cheaper than table salt. What separates the talented individual from the successful one is a lot of hard work. "
"Stephen King"
"....ပါရမီ ဆိုတာ စားပွဲပေါ်က ဆားထက် ပေါပါသေးတယ်။ ပါရမီရှင်နဲ့ အောင်မြင်သူကို အလုပ်ကြိုးစားမှုတွေကသာ ပိုင်းခြားသွားတာပါတဲ့.."
စတီဗင် ကင်း
ဆိုလိုချင်တာက ကျနော်တို့တွေ အရပ်ထဲမှာ ပြောကြတယ်။ သူက သီချင်းဆိုအရမ်း ကောင်းတယ်။ သီချင်းဆိုတာ ပါရမီရှိတယ်။ ဒါပေမဲ့ အဲဒီတစ်ယောက်ဟာ အောင်မြင်တဲ့ အဆိုတော် တစ်ယောက် ဖြစ်ချင်မှ ဖြစ်လာတာပါ..။ ဆက်ပြီး အဆိုတော် တစ်ယောက်ဖြစ်အောင် ကြိုးစား အားထုတ်မှသာ အဆိုတော် တစ်ယောက် ဖြစ်လာမှာပါ။
ပီကာဆိုဟာ ၁၀ စက္ကန့် သာဆွဲရတဲ့ မီလီယံ ဒေါ်လာတန် ပန်းချီကားရဖို့ သူ့ဘဝ တစ်ခုလုံး နှစ်ပြီး ကြိုးစားခဲ့ရတာ။ ကမ္ဘာကျော် ပန်းချီ ဆရာကြီး ဖြစ်ဖို့ အခက်အခဲတွေ ပင်ပန်းဆင်းရဲမှုတွေ စိတ်ပျက်မှုပေါင်း များစွာခံပြီး ကြိုးစားခဲ့ရတာ။
ဒါကြောင့် ဘဝမှ ဘယ်လို အခက်အခဲတွေကြုံကြုံ စိတ်ပျက်ဝမ်းနည်းမှုတွေ ကြုံကြုံ ပီကာဆို ရဲ့  အလုပ်ကြိုးစားမှု အကြောင်းလေးကို သတိရပြီး အားတင်းပါ။ ကိုယ်လက်ရှိလုပ်နေတာထက် နှစ်ဆတိုးပြီး ကြိုးစားကြည့် လိုက်ပါအုံး.. ဒါဆိုရင် ကိုယ်ဟာ...ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်နဲ့ တဖြေးဖြေး နီးလာနေပြီဆိုတာ ကြိမ်းသေနေပြီပေါ့...။
Value of Painting or Hard work ကို ဆီလျှော်အောင် ပြန်ဆိုပါသည်။
ရဲမင်း (18/05/2017)
↧
လူပျိုစစ်မစစ် ဒီအချက်တွေနဲ့ သိနိုင်
$
0
0
အမျိုးသားအားလုံးလိုလိုဟာ လူပျိုဘဝကို အစောကြီး ဆုံးရှုံးတတ်ကြတယ်လို့ အများစုက ယူဆကြသည့်တိုင် အသက် ၂၅၊ ၃၀ ထိတောင် ဖိုမကိစ္စမစမ်းသပ်ဖူးတဲ့ အမျိုးသားတချို့ရှိနေတယ် ဆိုတာပါပဲ။ သူတို့လည်း သူ့အကြောင်းပြချက်နဲ့သူ ရှိပါလိမ့်မယ်။ ဒါပေမယ့်ကိုယ်ဒိတ်လုပ်တဲ့ ကောင်လေးဟာ လူပျိုစစ်မစစ် သိချင်တယ်ဆိုရင် ခန့်မှန်းသိရှိနိုင်မယ့် လက္ခဏာရပ်တချို့ရှိပါတယ်။ တခါတရံ ခန့်မှန်းချက်တွေ လွဲကောင်းလွဲပါလိမ့်မယ်။ လူပျိုစစ်မစစ် သူသာအသိဆုံးဖြစ်ပါတယ်။ ဒါပေမယ့် သိချင်စိတ်ပြင်းပြနေသေးတယ်ဆိုရင် လူပျိုစစ်စစ်တွေ ပြုမူတတ်တဲ့ ကိုယ်အမူအရာတချို့ရှိပါတယ်။ ဒါပေမယ့် လူပျိုစစ်စစ်ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာနဲ့ သူ့အချစ်ရေးအဆင်ပြေမှုရှိတယ် မရှိဘူးဆိုတာကတော့ လုံးလုံးမသက်ဆိုင်ကြောင်း သိထားသင့်ပါတယ်။ ဒီတော့ လူကောင်းဟုတ်မဟုတ်ဆိုတာ သူ့အတွေ့အကြုံရှိမှု သို့မဟုတ် မရှိမှုပေါ် မူတည်ပြီးတော့ မဆုံးဖြတ်ပါနဲ့။ မိမိတို့အချစ်ရေးဆက်ဆံမှုရဲ့ အနှစ်သာရကို အဓိကထားကြည့်ပါ။
၁။ သင်နဲ့ တခြားမိန်းကလေးတွေနားရောက်လို့ သူအရမ်း ရှက်နေတယ်၊ မတော်တဆ အနည်းငယ် ထိမိတာတောင် ရှောင်ဖယ်နေရင် သူဟာ မိန်းကလေးတွေနဲ့ နေသားမကျသေးတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
၂။ မိန်းကလေးတွေနဲ့ စကားပြောတဲ့အခါ ခပ်လှမ်းလှမ်းနေတတ်ပါတယ်။ မိန်းကလေးတွေ သူ့ကို အနည်းငယ် စနောက်ရင်တောင် မျက်နှာနီရဲလာပါတယ်။
၃။ အပြင်မှာတွေ့ဖို့ တောင်းဆိုအခါမျိုးမှာ နှလုံးရောဂါဖြစ်မတတ် ခံစားတတ်ပါတယ်။ သူ့ကို တို့ထိကြည့်ပါ။ လေဖြတ်သလို တုန်တုန်ယင်ယင်ဖြစ်နေပါလိမ့်မယ်။
၎။ ပူးပူးကပ်ကပ်နေဖို့ ကြိုးစားတဲ့အခါ သူ့အသံတစ်မျိုးပြောင်းပြီး ထစ်ထစ်ငေါ့ငေါ့ပြောဆိုပါလိမ့်မယ်။ အရမ်းရှက်တတ်တဲ့ လူပျိုစစ်တဲ့ အမျိုးသားတချို့ဆိုရင် မိန်းကလေးနဲ့ပထမဆုံးထိတွေ့တဲ့အခါ မျက်ရည်တောင် ဝဲနေ တတ်ကြပါတယ်။
၅။ အိပ်ရာထဲရောက်တဲ့အခါ တစ်သက်မှာ ကိုယ်လုံးတီးနဲ့ ဘယ်သူ့ကိုမှ မမြင်ဘူးတဲ့ပုံစံနဲ့ တစ်ကိုယ်လုံး စိတ်အားထက်သန်စွာ လိုက်ကြည့်နေပါလိမ့်မယ်။
၆။ ယောက်ျားလေးအချို့မှာ လိင်တံထိပ်ငုံအရေပြား ခပ်တင်းတင်းရှိကြပါတယ်။ အဲဒီလိုယောက်ျားတွေဟာ ပထမဦးဆုံးအကြိမ် ချစ်တင်းနှောတဲ့အခါ သွေးတွေယိုတတ်ပါတယ်။
TrendMyanmar
↧
↧
ဦးဝီရသူ အကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား ကိန်းရုပ်ရှင်ပွဲတော်မှာ ပြသမည်
$
0
0
မဘသဆရာတော် ဦးဝီရသူအကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကားကို ပြင်သစ်တို့ရဲ့ ကိန်းရုပ်ရှင်ပွဲတော် (Cannes Film Festival) မှာ ထည့်သွင်းပြသသွားမယ်လို့ သိရပါတယ်။
ကိန်းရုပ်ရှင်ပွဲတော်ကိုတော့ ယမန်နေ့ မေလ ၁၇ ရက်က စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။
ဒါရိုက်တာ Barbet Schroeder ရိုက်ကူးထားတဲ့ "The Venerable W"ဇာတ်ကားကိုတော့ ရုပ်ရှင်ပွဲတော်မှာ အထူးပြသမှုအဖြစ် မြင်တွေ့ရဖို့ရှိနေပြီး ယင်းကိုတော့ လာမယ့် ဇွန်လ ၇ ရက်မှာ တရားဝင် ထုတ်လွှင့်ပြသမယ်လို့ သိရပါတယ်။
ပြင်သစ်၊ ဆွစ်ဇာလန် ပူးပေါင်းထုတ်လုပ်မှု ဖြစ်တဲ့ ယင်းရုပ်ရှင်ဇာတ်ကားဟာတော့ ဒါရိုက်တာ Barbet Schroeder ယခင် ရိုက်ကူးထားခဲ့တဲ့ General Idi Amin Dada (1974) နဲ့ Terror's Advocate (2007) တို့ ပြီးရင် တတိယမြောက် ဇာတ်လမ်းလည်း ဖြစ်လာဖို့ရှိနေတယ်လို့ Internet Movie Database အရ သိရပါတယ်။
Mizzima
↧
အမေရိကန်မှ Twitter နဲ့ တရုတ်က Weibo သုံးတဲ့သူ ဘယ်သူပိုများသလဲ
$
0
0
ကမ္ဘာကျော်လူမှုကွန်ယက် Twitter ဟာ တရုတ်နိုင်ငံမှ Weibo ထက် သုံးနှစ်စောပြီး ၂၀၀၆ ခုနှစ် မတ်လထဲမှာ စတင်ဖြန့် ချိခဲ့တာပါ။ Facebook မှ ပိုင်ဆိုင်ထားတဲ့ Twiiter ကို အမေရိကန် ၊ အိန္ဒိယ နဲ့ ဂျပန်အပါအဝင် အနည်းဆုံး ကမ္ဘာ့နိုင်ငံပေါင်း ၁၄ နိုင်ငံမှ လစဉ်ပုံမှန်သုံးနေကြပါတယ်။ Weibo ကတော့ တရုတ်နိုင်ငံမှာပဲ အသုံးများတဲ့ လူမှုကွန်ယက်တစ်ခု ဖြစ်ပါတယ်။
play
လက်ရှိကမ္ဘာပေါ်မှာ Twitter ကို လစဉ်သုံးစွဲသူ ၃၂၈ သန်း ရှိထားပါတယ်။ တရုတ်တစ်နိုင်ငံတည်းမှာပဲ သုံးတဲ့ Weibo ကတော့ ဒီနှစ် ပထမသုံးလပတ်မှာ လစဉ်သုံးစွဲသူဦးရေ ၃၀% နှစ်စဉ်တိုးလာနေတယ်လို့ ဆိုပါတယ်။ထူးခြားတာက Weibo ကို ပုံမှန်သုံးစွဲသူဦးရေဟာ တဟုန်းထိုးတက်နေပြီး ယခုနှစ် မတ်လထဲမှာ Weibo လစဉ်သုံးစွဲသူ သန်း ၃၄၀ ကျော်သွားပြီ ဖြစ်လို့ Twitter ကို ပထမဆုံးအကြိမ် ကျော်ဖြတ်သွားပြီ ဖြစ်ပါတယ်။ Weibo သုံးစွဲသူများရဲ့ ၉၁% ဟာလည်း မိုဘိုင်းလ်ကနေပဲ သုံးသွားတာပါ။
နေ့ စဉ်သုံးစွဲသူ ၁၅၄ သန်း ရှိထားတဲ့ Weibo ဟာ နှစ်စဉ်အသားတင်ဝင်ငွေ ၆၇% တိုးလာနေပြီး အခုဆို ဒေါ်လာ ၁၉၉.၂သန်း အထိ ရှိလာပါတယ်။အဓိကဝင်ငွေကိုတော့ ကြော်ငြာနဲ့ မားကတ်တင်းမှ ဝင်နေတာ ဖြစ်ပြီး ဝင်ငွေစုစုပေါင်းရဲ့ ၇၁% (ဒေါ်လာ ၁၆၉.၃ သန်း) အထိ ရှိနေတယ်လို့ ဆိုပါတယ်။ ဗွီဒီယိုဈေးကွက်အတွက် Weibo ဟာလည်း Weibo Stories  နဲ့  Yi လို့ ခေါ်တဲ့ Live Streaming feature သစ်တစ်ခုကို ပြီးခဲ့တဲ့နှစ်က မိတ်ဆက်လိုက်ပါတယ်။ Sina Weibo ဟာ တရုတ်မှာ လူကြိုက်အများဆုံး ဆက်သွယ်ရေးဝန်ဆောင်မှုဖြစ်ပြီး တရုတ်ပြည်မကြီး သတင်းစာများနဲ့ followers သန်းပေါင်းများစွာရှိတဲ့ TV ရုပ်သံများရဲ့ ပင်တိုင်သုံးတဲ့ ကွန်ယက်ကြီး ဖြစ်ပါတယ်။
play
Twitter ကတော့ တရုတ်နိုင်ငံမှာ အပိတ်ခံထားရတဲ့ လူမှုကွန်ယက်ဖြစ်တာကြောင့် အင်တာနက်သုံးစွဲသူ သန်း ၇၃၀ ကျော်ရှိတဲ့ ဈေးကွက်ထဲ ဝင်ခွင့်မရခဲ့ပါဘူး။ Twitter သာမက Facebook ၊ Google ၊ YouTube နဲ့ အခြား နိုင်ငံခြားသတင်းဝက်ဘ်ဆိုက်များ ကိုလည်း တရုတ်နိုင်ငံမှ ပိတ်ပင်တားမြစ်ထားပါတယ်။ စစ်တမ်းတစ်ရပ်အရ Weibo သုံးစွဲသူများဟာ Facebook သုံးစွဲသူများထက် အက်ပလီကေးရှင်းမှာ အချိန်ပိုပေးပြီး သုံးစွဲက်ြတယ်လို့ ဆိုပါတယ်။
Duwun
http://www.duwun.com.mm/tech/company_news/twitter-weibo-id6697780.html
↧
၁၉၆၇ ရခိုင်ဆန်ပြဿနာ
$
0
0
ရခိုင်ပြည် မြောက်ပိုင်း က ရခိုင် တစ်ချို့ က ၁၉၆၇ရခိုင်ပြည် ဆန်ပြဿ နာ မှာပစ်မိန်ပေး တာ NLDနာယက သူရဦးတင်ဦး လို့ ပြောနေကြလို့ ရှာဖွေပြီး တင်လိုက်တာပါ။
၁၉၆၇ ခုနှစ် ရခိုင်ပြည် ဆန်ပြဿ နာ ကို ပုဒ်မ ၁၄၄ ပစ်မိန့် ဖြင့် ဖြေရှင်း ခဲ့သူ မှာ ဗိုလ်ချုပ်သူရစောဖြူ ဖြစ်ပါတယ်။လက်ရှိ NLDနာယကသူရဦးတင်ဦး မှာ ထို့စဉ် က မင်္ဂလာဒုံ မှာ တာဝန်ထမ်းဆောင်နေတာလို့ သိရပါတယ်။ဒါ့ ကြောင့် ရခိုင်ပြည်ဆန်ပြဿ နဲ့ သူရဦးတင်ဦး ဘာမှ မသက်ဆိုင်ပါ။
MM Z
Nge Naing
ဘ၀ဖြတ်သန်းမှုနှင့် ခံစားမှုများ စုစည်းရာ
▼
၁၉၆၇ ရခိုင်ဆန်ပြဿနာ
ရခိုင်ဆန်ပြဿနာအကြောင်းကို ၁၉၈၈ ကတည်းက သိခဲ့ရတာ ပြည်သူလူထုမှာ ဆန်ပြတ်လပ်ပြီး ငတ်ပြတ်နေစဉ် အစိုးရက ဆန်တွေကို ထုတ်မရောင်းပေးဘဲ နိုင်ငံခြားတင်ဖို့ ဆန်ဂိုဒေါင်တွေမှာ အပြည့်သိုလှောင်ထားလို့ လူထုက ဆန္ဒပြပြီး ဖြစ်လာတဲ့ပြဿနာကို လက်နက်နဲ့ အကြမ်းဖက် အင်အားသုံး ဖြေရှင်းခဲ့တယ်ဆိုတာပဲ အနည်းငယ်သာ သိခဲ့ရတယ်။ အခုလို အသေးစိတ် အချက်အလက်တွေကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပါဝင်သူ ခိုင်အောင်ကျော်က ရေးထားတာကို မမေအိခင်ဘလော့ဂ်မှာ တင်ထားတဲ့ ဒီပို့စ်ကို ဖတ်ပြီး အခုမှ သိရတဲ့အတွက် ဒီစာကိုရေးသူ ခိုင်အောင်ကျော်ကိုရော ဒီပို့စ်တင်တဲ့ မမေအိခင်ကိုပါ ကျေးဇူးတင်စကား လေးလေးနက်နက် ဆိုပါရစေ။ ဒီလို မသေလို့ ကျန်နေခဲ့သူတွေ ရှိနေလို့သာ ကျွန်မတို့ က သမိုင်းအမှန်တွေကို သိခွင့်ရကြတာ ဖြစ်ပါတယ်။ ကျွန်မတို့ မျိုးဆက်တွေတောင် ဒီအကြောင်းကို သိပ်မသိရင် အခုလို ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းကအစ သမိုင်းအမှန်တွေ အကုန်လုံးကို ဖျောက်ဖျက်ပစ်နေတဲ့ စစ်အာဏာရှင်တွေ ကြီးစိုးတဲ့ခေတ်မှာ ကျွန်မတို့ထက် နောက်ကျတဲ့မျိုးဆက်တွေဆို ပိုတောင် မသိဖို့များပါတယ်။ ကျွန်မတို့ မမွေးခင်က ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်တွေကို ဘလော့ဂ်မှာ သမိုင်းမှတ်တမ်းအဖြစ် သိမ်းထားလိုခြင်း၊ ဘလော့ဂ်ကို လာလည်နေသူတွေကို မျှဝေလိုခြင်းကြောင့် ဒီပို့စ်ကို ဘလော့ဂ်မှာ ပြန်ဖေါ်ပြလိုက်ပါတယ်။ အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့ပြီး မျိုးဆက်သစ်တွေအတွက် သမိုင်းဖြစ်ရပ်မှန် တခုကို လက်ဆက်ကမ်းပေးတဲ့ စာရေးသူ ခိုင်အောင်ကျော်ကို အထူးကျေးဇူးတင်ပါတယ်။
သြဂုတ်လ ( ၁၃ ) ဆန်ပြသနာနေ့ အရေးအခင်းဖြစ်ရပ်မှန်သမိုင်း
အကယ်၍
ကံကောင်းသည်ဟု ဆိုသောစကားသည် သူများနှင့်သာ သက်ဆိုင်သည်ဟု ထင်သည်။ ၀န်ခံစွာဖြင့်ဆိုလျင် မပြည့်စုံသေးလို့ တွေးမိသည်။ ဘေးအန္တရယ်မကျရောက်ခြင်းကို ကံကောင်းခြင်းဟု ပြောဆိုတတ်ကြပါသည်။ လူတိုင်းလိုလိုလည်း ယင်းအချက်ကို လက်ခံကြသည်လည်းဖြစ်သည်။ သို့လင့်ကစား ဤစကားရပ်ကို ကျွန်တော်လက်မခံနိုင်။ ဤအသုံအနှုံးကို ဘ၀င်မကျ။ မလုံလောက်သော စကားဟုထင်မှတ်သည်။ နောက်အရာရာတိုင်းကို မကျေနပ်ချင်ဖြစ်မိသည်။ စင်စစ်အားဖြင့် လူ့ဘ၀တသက်တာ တလျှောက်၌ ရင်ဆိုင်တွေ့ကြုံခဲ့ရသော ဤအကြောင်းအရာများကို မှတ်တမ်းတင်ပြောကြားနိုင်အောင် ဘေးမသီရန်မခ ရပ်တည်ရသည့် ဤအခြေအနေကိုပင် ယေဘူယျသာ လက်ခံနှစ်သက်မိသည်။ အခြားမည်သည့်အကြောင်းအရာများနှင့်မှ သဘောမကျ။ လက်မခံ။ မိမိကိုယ်ကိုပင် မိမိခွင့်မလွှတ်နိုင်သော အဖြစ်မျိုးဟု တခါတရံထင်မိသည်။ ဤသည်မှာ မိမိအပြစ်တွေလားဟုလည်း မိမိစိတ်ထဲမှာတွေးမိသည်။ ဤသည်မှာမိမိ၏အမှန်တရားတွေလားဟုလည်း တွေးမိသည်။ သမိုင်းကအဖြေပေးလာလိမ့်မည်ထင်သည်။ အဖြေပေး၍လည်း ယခုအချိန်မှာ ရမည်မဟုတ်။ တခုသာရှိသည်။ ယင်းကားလွန်ခဲ့သော( ၄၃ ) နှစ်တာကာလက မဆလအစိုးရသည် ငြိမ်ချမ်းစွာ ဆန္ဒပြခဲ့ကြသည့် ရခိုင်ပြည်နယ် စစ်တွေမြို့ မှ မြို့ သူမြို့ သူများအား ရက်ရက်စက်စက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည်။ဆန္ဒပြသူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့သည်။ မသေဘဲပျောက်ဆုံးသူများလည်း ရှိသည်။ ဒဏ်ရာရသူများလည်း ၁၀၀ ကျော်သည်။ ယင်းကဲ့သို့ ရက်ရက်စက်စက်အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းခံရသောနေ့သည် ၁၉၆၇ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့ဖြစ်သည်။ ယခုဆိုလျှင် ၄၃ နှစ်ပြည့်မြောက်ခဲ့ပြီ။ထိုနေ့ထိုရက်မှ ယခုအချိန်ထိ ဤအကြောင်းအရာများကို ပြည်တွင်းမှာ စာတလုံးပေတလုံး မှတ်တမ်းမရေးသားရဘဲ ထားရခြင်းသည် လွပ်လွပ်စွာရေးသားခွင့်မရှိ၍ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးမရှိ။ သို့အတွက်ကြောင့် ဤအရေးအခင်းနှင့် ပါတ်သက်၍ ယင်းအချိန်က နေ့စဉ်ထုတ်သတင်းစာများတွင် ရေးသားဖေါ်ပြခဲ့သော အကြောင်းအရာတို့သည် အမှန်တရားကို ထုတ်ဖေါ်ရေးသားခြင်းမဟုတ်။ ၁၃ သြဂုတ် ဆန်ပြသနာနှင့် ပါတ်သက်၍ ရေးသားရာတွင် အမှန်ဆုံးအကြောင်းအရာကို ထုတ်ဖေါ်ရေးသားပြောဆိုနိုင်သည့်သူမှာ တဦးတည်းသာရှိသည်။ ယင်းတဦးတည်းသောသူမှာ အစုလိုက်အပြုံလိုက်အသတ်ခံရာတွင် အသက်မသေဘဲကျန်ရစ်ခဲ့သူဖြစ်သည်။ ယင်းသူကား ကျွန်တော်ပင်ဖြစ်သည်။ရှင်းရှင်းပြောရလျှင် ဆန္ဒပြလူအုပ် ရှေ့ဆုံးမှလူများ၏နောက်တန်းမှ လူများသည် သေနတ်ဖြင့်ပစ်သတ်ခြင်း ခံရသည်။ ယင်းလူအုပ်ထဲတွင် အသက်မသေဘဲ လွပ်မြောက်ခဲ့သူဖြစ်သည်။
လူအုပ်နှင့်ရော၍ မသေဆုံးဘဲ လွပ်မြောက်ရခြင်းကို ကံကောင်းသည်ဟုလည်း လက်မခံသူဖြစ်သည်။ ဤသည်မှာကျွန်တော့်ခံယူချက်ဖြစ်သည်။
မည်သည့်အတွက်ဆိုလျင် ဤအကြောင်းအရာများကို ဖတ်ရှုသိရှိလာပြီးသည့်နောက်တွင် ရှင်းလင်းစွာ သိရှိကြပါလိမ့်မည်။ နာမည်ကြီးလို၍ မုသားစကားများဖြင့် လိမ်ညာသောအဖြစ်အပျက်များကို တန်ဆာဆင်ပြီး ပြောဆိုခြင်းမဟုတ်။ ၄၃ နှစ်တိုင်တိုင် ရေငုံနုတ်ပိတ်ပြီးနေခဲ့သော အကြောင်းအရာများကို ဖွင့်အံပြောပြရာ၌ အမှန်တရားကိုသာ ပြောပြမည်ဖြစ်သည်။ သမိုင်းဆိုသည်မှာလိမ်၍မရ။ ပြည်တွင်းမှာမူ ဤအကြောင်းအရာကို ပြောလျင် အန္တရယ်ရှိပါသည်။ ထို့ကြောင့် မည်သို့မျှမပြောပြခဲ့ကြ။ မိမိ၏အပေါင်းအသင်းအချို့ နိုင်ငံရေးအ၀ိုင်းအ၀န်းများမှလွဲ၍ မည်သို့လှုပ်ရှားဆောင်ရွက်ခဲ့သြည်ကို သိရှိသူနည်းပါးပါသည်။ ယခုပြည်ပတွင် ရောက်ရှိနေပြီ။ မည်သို့မျှ စဉ်းစားရန်မလိုတော့။ အကယ်၍မပြောမဆိုဘဲ နေခဲ့လျင် သမိုင်းအမှန်ကို နောင်လာနောက်သားတို့ သိရှိကြမည်မဟုတ်။ ဆယ်စုနှစ် သုံးနှစ်ကြာမြင့်သည့်တိုင် မပြောပြနိုင်ခဲ့။ နှစ်ပေါင်းများစွာ ချုပ်တည်းပြီးနေခြင်းမှာ စောစောကတင်ပြသကဲ့သို့ လွပ်လွပ်စွာထုတ်ဖေါ် ရေးသားခွင့်မရ၍ဖြစ်သည်။ ထုတ်ဖေါ်ပြောဆိုမည် ရေးသားမည်ဆိုပါက မဆလအစိုးရသည် အကျဉ်းထောင်ထဲတွင် တသက်တကျွန်းပို့ထားမည်ဖြစ်သည်။ဤသို့ကြောင့် မဆလအစိုးရကို ကြောက်ရွံ့၍ မပြောမဆိုခဲ့။ န၀တအစိုးရလက်ထက်တွင်လည်း မပြောမဆိုမရေးသားဝံ့ခဲ့။ သို့သော် အာအက်ဖေ ရေဒီယိုအသံလွှင့်ဌါနက ၁၉၉၇ ခုနှစ်တွင် အသံလွှင့်လာသည်။ ထို့ကြောင့် ကျွန်တော့်မှာ မနေနိုင်တော့ ။ ၁၃ သြဂုတ်ဆန်ပြသနာအရေးအခင်းကို အာအက်ဖေ ရေဒီယိုမှ ဆောင်းပါးလွှင့်ထုတ်ရန် ပေးပို့လိုက်သည်။ အာအတ်ဖေမှလည်း လွှင့်ထုတ်ခဲ့ပါသည် ။ ယခုတော့ပြည်ပမှာရောက်နေပြီ။သည်တော့ သမိုင်းပေးတာဝန်ဖြစ်လာသည်။်ခေတ်အဆက်ဆက် မြန်မာနိုင်ငံစစ်အစိုးရတို့၏ လူ့အခွင့်အရေးချိုးဖေါက်ခံရမှူများကို စာအုပ်စာတမ်းများ စာစောင်များ ရေဒီယိုအသံလွှင့်ဌါနများမှ ရေးသားထုတ်လွှင့်နေကြပြီ။မြန်မာနိုင်ငံတ၀ှမ်းနှင့်
ကမ္ဘာတ၀ှမ်းမှ သိရှိရအောင် ရေးသားရပြီ။ ထိုင်းနိုင်ငံထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဆန်ပြသနာ ၁၃ သြဂုတ်အရေးအခင်းကို ဆောင်းပါးရေးပြီး သမိုင်းဖြစ်ရပ်မှန်အား တင်ပြခဲ့သည်။
ကျွန်တော်အားမရနိုင်သေးပါ။ လူတကာသိအောင်ပို၍ရေးချင်သေးသည်။ သည်တော့ စာအုပ်တအုပ်အဖြစ်ထုတ်ဝေသည့်အခါ ဤအကြောင်းကို ရေးသားတင်ပြချင်သည်။ ၁၉၉၉ ခုနှစ်တွင် ရခိုင်ပြည်မှ လူ့အခွင့်အရေးချိုးဖေါက်ခံရမှူများစာအုပ်ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ မှနေပြီး ရေသားထုတ်ဝေခဲ့သည်။ အခြားသောဘလော့များ ၊ ၀ပ်ဆိုက်များတွင်လည်း တင်ဖြစ်သည်။ ယခုဤဆောင်းပါးသည် ရခိုင်ပ်ြမှလူ့အခွင့်အရေးချိုးဖေါက်ခံမှူအဖြစ်အပျက်များစာအုပ်မှ ရေးသားချက်ကို ဖေါ်ထုတ်ရေးသား တင်ပြပေးလိုက်ခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သမိုင်းအမှန်ကို နောင်လာနောက်သားတို့ သိစေချင်သသည်။ ရခိုင်လူမျိုးတို့အတွက် အင်မတန်မှအရေးကြီးသော ဤသမိုင်းအရေးအခင်းသည် အလွန်အရေးကြီးပါသည် ။ယခုဆိုလျင် ဘင်္ဂလားဒေရှ့်နိုင်ငံထုတ် နရိန်ဇရာဝပ်ဆိုက်တွင် ၁၃ သြဂုတ်ဆန္ဒပြပွဲ၌ ကိုယ်တိုင်ပါဝင်သူဆိုပြီး မသိဘဲနဲ့ လျောက်ပြောနေခြင်းများကို တင်ထားသည်။ သည်တော့ သမိုင်းအမှန်ကို လူငယ်တွေ မျိုးဆက်သစ်တွေ မှားယွင်းစွာ မှတ်တမ်းတင်နေကြပြီဆိုလျှင် ပြသနာဖြစ်ပြီ။ ထို့ကြောင့် ဤအဖြစ်မျိုးကို ကျွန်တော်မလိုလား။ မှားနေသည်ဟုတော့ နရီန်ဇရာကို ပြောလိုက်သေးသည် ။ သို့သော် သူတို့က ဘာမျှ မပြုပြင် ။ မဖျက် ။ ကိုယ်တိုင်ပါင်ခဲ့သူဦးမောင်အေးချမ်းသည် ဘင်္ဂလားဒေရှ့နိုင်ငံတွင် နေထိုင်ပြီး ယင်းအရေးအခင်း၌ တဦးတည်းသာ ပါဝင်ခဲ့သူဖြစ်သည်ဟု ပြောဆိုသည်။ ရခိုင်ပြည်မှ ယင်းကဲ့သို့ သြဂုတ် ၁၃ နေ့တွင် ဆန္ဒပြပွဲကို လိုက်ပါခဲ့သောသူများမှာ ပြည်တွင်း၌ လွန်စွာရှိနေသည်။ တချို့ မှာ သမိုင်းအချက်အလက်များဖြင့် ရေးမှတ်ထားကြ မှတ်တမ်းတင်ထားကြသည်။ ကျောင်းဆရာဦးမြသိန်းဆိုလျင် ၁၉၆၇ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့နှင့် အခြားနေ့စဉ်ထုတ် သတင်းစာများကို တရိုတသေစုဆောင်းထားသည်။ သမိုင်းအချက်အလက်ကို ပြောချင်တိုင်း ပြောလို့မရ။ စစ်တွေမြို့ တွင် လူပေါင်းများစွာ အတုလမာရဇိန်ဘုရားကြီးမှ စတင်ဆန္ဒပြရန်ထွက်ခွါခဲ့ကြသည်ကို လူတိုင်းသိသည်။ ပြီးတော့ ကျွန်တော်က ရှိနေသည်။ ကျွန်တော်မသေသေးပါ။ ကျွန်တော်သည် ၁၃ သြဂုတ်အကြောင်းကို တိကျခိုင်မာစွာပြောနိုင်သူတယောက်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၁၃ သြဂုတ် ဆန်ပြသနာနေ့ခေါင်းဆောင်မှာ ကျွန်တော်ဖြစ်သည်။ တိကျစွာပြောရလျင် ဆန်ပြသနာဖြေ၇ှင်းပါ - ရခိုင့်အရေးတော်ပုံအောင်ရမည် ဆိုသော တခုတည်းသော ဆိုင်းဘုတ်မှာ ကျွန်တော်ရေးဆွဲယူလာသော ပိုစတာဖြစ်သည်။ ယင်းပိုစတာမှာ တခုတည်းသောပိုစတာဖြစ်သည်။ ယင်းပိုစတာဆိုင်းဘုတ်ဖြင့် ကျွန်တော်သည် ဘုရားကြီးမှ ဆန်ပြသနာအရေးအခင်းကို ဖြစ်ပေါ်ရန်အတွက် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြပွဲတွင် အခြားမြို့သူမြိုသူများကဲ့သို့ နောက်မှလိုက်ပါခဲ့သူမဟုတ်။ ဦးမောင်အေးချမ်းလို နောက်မှလိုက်ပြီးအော်ခဲ့သူမဟုတ်။ ဆန္ဒပြပွဲကို ဦးစီးဆောင်ရွက်ခဲ့သော ခေါင်းဆောင်ဖြစ်သည်။ သည်တော့ကျွန်တော်ပြောသော သွေးစွန်းသောသြဂုတ် ၁၃ နေ့သည် လုံးဝသမိုင်းအမှန်ဖြစ်ကြောင်း မျိုးဆက်သစ်လူငယ်များ။ သမိုင်းသုတေသီများနှင့် နိုင်ငံရေးသမားများတို့က ခန့်မှန်းနိုင်ကြပါလိမ့်မည်။
===== ========= ========= ======== ======== ======== =========
ကံကောင်းသည်ဟုပြောသောစကားကို မိမိလက်မခံခြင်းမှာအကြောင်းတရားရှိသည်။ ယင်းစကားသည် မိမိနှင့်မပါတ်သက်။ မသက်ဆိုင်။ မိမိမှာပြောဆိုပိုင်ခွင့်လည်းမရှိ။ ပြောလျင်လည်း တရားနည်းလမ်းကျမည်မဟုတ်။ တခြားသူများသာ ပြော၍ဆို၍ရမည်ဖြစ်သည်။ သို့အတွက်ကြောင့်မိမိမှာ ယေဘူယျသာလက်ခံခြင်းဖြစ်သည်။ စင်စစ်ကျွန်တော်သည်ဤသြဂုတ်လ ၁၃ ရက်နေ့တွင် သာမန်ပြည်သူများကဲ့သို့ ဆန်ပြသနာဆန္ဒပြပွဲ၌ ပါဝင်လှုပ်ရှားခဲ့ရသူမဟုတ်ချေ။ ပကတိလိုအပ်နေသော ကာလတခုတွင် ကျောင်းသား ၁၃ ဦးနှင့် စတင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြပွဲကို ကျွန်တော်ခေါင်းဆောင်၍ လှုပ်ရှားဆန္ဒပြခဲ့ရာ ယင်းနေ့၌ဖြစ်ပွါးခဲ့သော အကြောင်းများတွင် တာဝန်အရှိဆုံးမှာ ကျွန်တော်သာလျင် ဖြစ်မည်။ ယင်းသို့လည်း မိမိကိုယ်ကို ခံယူထားသည်။ ရခိုင်ပြည်သည် ဆန်စပါး၊ကျွန်းသစ်၊သားငါးပုဇွန်၊ ပေါများကြွယ်ဝသော ပြည်ဖြစ်သည်။ တနှစ်လျင် မိုးရေချိန်လက္မ ( ၂၀၀ ) ကျော် ရွာသွန်းသောကြောင့် စိုက်ပျိုးသီးနှံဖြစ်ထွန်းသည်။ မြေသြဇါကောင်းသည်။ နိုင်ငံတော်အစိုးရအတွက် လယ်ယာတောင်သူများသည် ပိုလျှံစပါးကိုပင် ရောင်းချနိုင်ခဲ့ကြသည်။ ရခိုင်ပြည်တွင်းတွင် ထွက်ရှိသောစပါးများကို ပြည်မသို့သဘောင်္ာကြီးများဖြင့် နှစ်စဉ်ပင်သယ်ယူကြရသည်။ ရှေးယခင်ကပင် ရခိုင်ပြည်သည် ရခိုင်လူမျိုးတို့၏ ဓည၀တီနိုင်ငံဖြစ်ခဲ့သည်။ ဓည၀တီဆိုသည်မှာ ဆန်ရေစပါး ပေါကြွယ်ဝသည်ဆိုသည့် ပါဌိအားဖြင့် အဓိပ္ပါယ်ရသည်။ ဓည၀တီရခိုင်ပြည်သည် မည်သည့်အချိန်တွင်မျှ ဆန်ရေစပါးရှားပါးမှူမဖြစ်နိုင်။ မဆလလက်ထက်တွင်မူ လက်တွေ့ခံစားလာကြရသောအခါ ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင် ဖြစ်လာရသည်။ ဆန်ရှားပါးမှူဖြစ်လာသောကြောင့် ဆန်ဈေးများကြီးမြင့်လာသည်။ ဆန်ဈေးကြီးမြင့်လာသလို သားငါးဈေးကလည်း လိုက်၍ကြီးမြင့်လာသည်။ ဆန်တပြည်ကို ၁၅ ကျပ်အထိ ဈေးတက်လာသည်။ ထို့ကြောင့် ပြည်သူတို့သည် ဆန်ဈေးကြီးမြင့်ဒဏ်ကို ရင်ဆိုင်လာရသည်။ ဤပြသနာကို မဆလ၏လယ်သမားအစည်းအရုံးမှ ပါတိကေဒါများသည် မည်သို့မျှ ရှင်းလင်းနိုင်ခြင်းမရှိ။
ကျောင်းသားများသည် မ၀ရေစာစားသောက်၍ ကျောင်းတက်လာရတော့သည်။ မိမိတို့စားသောက်၍ ကျောင်းတက်လာရသော်လည်း အိမ်မှာကျန်ရစ်ခဲ့သော မိသားစုတို့မှာ စားသောက်ချင်မှစားသောက်ရပပေလိမ့်မည်။ တနေ့တွင်နှစ်နပ်စားသောက်ရသော ဘ၀မှ တနပ်စာသာ စားသောက်လာရသည်ကို ကျောင်းစာသင်ခန်းအတွင်းတွင် ပြောဖြစ်လာကြရသည်။ ကျွန်တော်တို့အထက်တန်းကျောင်းသား ဘ၀အတွင်းသို့ ရောက်လာကြသည့် သတင်းအတိုင်းအတာအရ နိုင်ငံရေးကို ခန့်မှန်းတွက်ဆလာကြသည်။
မြို့ထဲတွင်သတင်းများ သဲ့သဲ့ကြားလာရသည်။ ဆန်ပြုတ်သောက်နေကြရသည့်သတင်းများ၊ ဆန်မ၀ယ်နိုင်၍ လုယက်သောသတင်းများကြားရသည်။ အဆပ်သောက်ပြီး အသက်ကိုအဆုံး သေကြောင်းကြံသည့်သတင်ျးားကြားရသည်။ လုယက်မှူများ၊ ဓါးပြမှူများသည် စစ်တွေမြို့နှင့် အနီးတ၀ိုက်ကျေးရွာများတွင်ဖြစ်ပွါးလားသည်။ စစ်တွေမြို့သည် ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည်။ နိုင်ငံခြားမှ သဘောင်္ာကြီးများဝင်ထွက်သွားလာသောမြို့တော်ဖြစ်သည်။ ကုလားတန်မြစ်လယ်တွင် ကျောက်ချရပ်နားနေသည့် ဆန်များကိုသယ်ယူရန် မီးတထိန်ထိန်ဖြင့်မြင်ရသော နိုင်ငံခြားသဘောင်္ာကြီးများကို ငယ်ငယ်တုံးက ကြည့်၍ပျော်မြူးခဲ့ရသည်။ မြစ်လယ်တွင် မီးရောင်စုံဖြင့် သဘောင်္ာကြီးများသည် အလွန်ပဏာတင့်စွာ လှပလွန်းနေသည်။ ယခုတော့ ဤသဘောင်္ာကြီးများကို ရင်နင့်စွာစိုက်ကြည့်လာဖြစ်ပြီ။ ဤသဘောင်္ာကြီးများသည် ကျွန်တော်တို့၏ပြည်နယ်မှ ဆန်များကို သယ်ယူခြင်းကြောင့် ဆန်စပါးရှားပါးရခြင်းဖြစ်သည်ဆိုသော အသိတရားသည် ကျွန်တာ့်နှလုံးသားတွင် ဆူးစုးသကဲ့သို့ ခံစားလာခဲ့တတ်သည်။ဤအကြောင်းအရာတွေကိုပင် သူငယ်ချင်းများနှင့် တွေ့ဆုံပြီးစကားပြောဖြစ်ကြသည်။ မြစ်လယ်တွင်မီးတထိန်ထိန်ဖြင့် မြင်ရသော ပင်လယ်ကူးနိုင်ငံခြားသဘောင်္ကြီးများ။ထမင်းငတ်၍အသက်ကိုအဆုံးစီရင်သွားသူများ။ဓါးပြတိုက်ပြီး ဆန်လုယက်သူများ၊ မဆလပါတီစကားများပြောပြီး လေလုံးကြွားဝါနေကြသူများ၊ ထမင်းကျန်ပေးပါဆိုသော တောင်းရမ်းနေကြသည့်အသံများ၊ ဤအနိဌါရုံအသံများသည် ကျွန်တော်နေ့စဉ်တွေ့မြင်နေရသည်။ ဤသို့မြင်တွေ့ရလေလေ ရင်ခုန်မူသည်မြန်လေလေဖြစ်နေသည်။ ရင်ထဲတွင် နာကျင်နေသည်။
============= ========== ============== ===============
၁၉၆၇ ခုနှစ် သြဂုတ်လ ( ၁၁ ) ရက်နေ့
ဤနေ့သည်ဆန်ပြသနာကိုဖြေရှင်းရန်အတွက် တာစူသောနေ့ဖြစ်သည်။ နေ့တဓူဝဖြစ်ပျက်နေသောအခြေအနေဆိုး၏ နောက်ဆုံးရက်များ၌ စစ်တွေမြို့ ၏ ဆန်ပြသနာဒီရေသည် အရှိန်အဟုန်မြှင့်တက်လာသည်။ ယင်းနေ့သည် မိုးဖွဲဖွဲရွာနေသော နေ့ဖြစ်ကြောင်း ကောင်းစွာအမှတ်ရနေမိသည်။ အမှန်ကိုဆိုရလျင် မဆလတိုင်းခွဲ (၁၃ ) ရုံးရှိရာသို့သာသွားရောက်ကြရမည်ဖြစ်သည်။ တိုင်းခွဲ(၁၃ )သည် ဘဏ်ရုံးအဆောက်အဦ၏အပေါ်ထပ်တွင်ရှိသည်။ ယင်းရုံးတွင် တိုင်းခွဲ (၁၃ ) ဥက္ကဌအဖြစ် ဗိုလ်ချုပ်သူရစောဖြူ(လေ ) မှာ ပြည်နယ်၏လူမှူရေး၊စီးပွါးရေး၊ နိုင်ငံရေးပြသနာအ၀၀ကို ကိုင်တွယ်ဖြေရှင်းရန် ဖွင့်ထားသောရုံးဖြစ်သည်။ သို့ပေမင့် ပြည်သူတို့သည် ယင်းရုံးသို့ခြေဦးးမလှည့်ခဲ့ကြ။ ခလကရုံးသို့သာ စုဝေးရောက်ရှိခဲ့ကြခြင်းဖြစ်သည်။ အကြောင်းမှာ ခလကရုံးသည် ဆန်ပြသနာအတွက် တာဝန်ရှိသည်ဟု သူတို့နားလည်သဘောပေါက်ထားကြသည်။ ယင်းအချိန်က ခလက ဥက္ကဌမှာဗိုလ်မှူးတင့်လွင်ဖြစ်သည်။
ခလကရုံးရှေ့ရှိ လမ်းဘေးတဘက်တချက်တွင် မိုးရေတဖွဲဖွဲကြားထဲ၌ တယောက်တပေါက်ပြောဆိုနေကြသည်။ ကျွန်တော်တို့ကျောင်းသားအနည်းငယ်များမှအပ တခြားသောသူတို့မှာ လူကြီးသူမများဖြစ်သည်။ ဆင်းရဲနွမ်းပါးသောမိန်းမကြီးများကို တွေ့မြင်ရသည်။ လူမမယ်ခလေးသူငယ်များကို ချီပိုး၍နေသော သားသည်မိခင်များကိုလည်း တွေ့ရသည်။ ညနေစောင်းသည်အထိ ကျွန်တော်တို့သည် ဆန်ကိစ္စကို ခလကရုံးမှ ဖြေရှင်းပေးမည်လားဆိုပြီး အနေအထားကို စောင့်ဆိုင်းနေခဲ့ကြသည်။ ညနေ (၆ ) နာရီခန့်တွင် ခလကရုံးမှ တာဝန်ရှိသူများဟု ထင်ရသည့်လူနှစ်ယောက်က လမ်းပေါ်သို့ထွက်လာပြီး အိမ်ပြန်ကြရန်ပြောလာသည်။ ကျွန်တော်တို့လူစုအား အိမ်ပြန်ရန်ပြောကြသောအခါ အော်ကြီးဟစ်ကျယ်ဖြစ်ကြပါတော့သည်။ သို့သော်လည်းနောက်ပိုင်းတွင် မည်သို့မျှအကြောင်းမထူးမှန်းသိသြည်။ ကျွန်တော်တို့အနေနှင့် ဤကိစ္စကိုမည်သို့ဖြေရှင်းရမည်ကို ချက်ချင်းဆုံးဖြတ်ကြသည်။ ဆတ်ရိုးကျဆိပ်ကမ်းရှိ ဆန်ဂိုဒေါင်များမှ ဆန်များးကို ဖေါက်ဖျက်ယူကြရန်ဆိုသော ဆုံးဖြတ်ချက်ဖြစ်သည်။ `ဤသည်မှာလက်ငင်းဓိဌဖြေရှင်းနိုင်သော ပြသနာဖြစ်သည်။ ဆန်ဂိုဒေါင်မှဆန်များကို နိုင်ငံခြားသို့တင်ပို့ရန် ယင်းဆန်များကို ဂိုဒေါင်များတွင်သိုလှောင်ထားသည်။ နိုင်ငံခြားပင်လယ်ကူးသဘောင်္သုံးစင်းသည် ကုလားတန်ဖြစ်လယ်တွင် ကျောက်ချရပ်နားလျှက်ရှိသည်။ ကျွန်တော်တို့က ၀မ်းဟောင်းလောင်းဖြစ်နေသောအခါ နိုင်ငံခြားသို့တင်ပို့မည့် မဆလအစိုးရ၏၏လုပ်ရပ်ကို လက်မခံနိုင်။ ယခုမဆလအစိုးရသည် ရခိုင်ပြည်တွင် ထမင်းငတ်၍သေသော်လည်း ဂရုမစိုက်။ နိုင်ငံခြားသို့ဆန်စပါးများကို တင်ပို့ေ၇ာင်းချပြီး ပြည်သူများကို သတ်ဖြတ်မည့် လူသတ်လက်နက်ဖြစ်သော သေနတ်များကိုဝယ်မည်။ သည့်နောက်သူတို့သက်ဆိုးရှည်အောင် လက်နက်ဖြင့်အုပ်ချုပ်မည်။ ဤသည်မှာယင်းအချိန်က ကျွန်တော်တို့အမြင်ဖြစ်သည်။ ငတ်၍အသေခံမည် မခံမည်ဆိုသည်မှာ ကျွန်တော်တို့အလုပ်ဖြစ်သည်။ ထို့ကြောင့်ကျွန်တော်တို့သည် လုပ်နိုင်သည့်အလုပ်ကို လုပ်ကြရန်တီးတိုးပြောကြပြီး လူစုခွဲလာကြသည်။ လူစုမခွဲလာလျှင် မဆလအစိုးရသည်စစ်တပ်များဖြင့် ဂိုဒေါင်များတွင် စောင့်ဆိုင်းနိုင်ပေလိမ့်မည်။ ကျွန်တ်ာတို့သည် မင်းဘာကြီးလမ်းအတိုင်း ရှေ့နောက်လူခွဲ၍လာခဲ့ကြရာ ဆင်ကူးလမ်း၊အုန်းတပင်ရပ်ကွက်ရှိ ဆန်ဂိုဒေါင်များရှိရာသို့ လာခဲ့ကြသည်။ ကုန်သွယ်ရေး( ၁ ) ရုံးသည်ဆတ်ရိုးကျချောင်းနံဘေးတွင် ရုံးဖွင့်လျှက်ရှိသည်။ ယင်းရုံးနှင့်မလှမ်းမကမ်းတွင် ဆန်ဂိုဒေါင်များရှိသည်။။ ဆန်စက်များက ချောင်းနံဘေးတွင် ရှိနေခြင်းကြောင့် ဆန်ဂိုဒေါင်များကို အနီးတွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။ ကျွန်တော်တို့ဆန်ဂိုဒေါင်ရှိရာသို့ရောက်လာကြသောအခါ ဂိုဒေါင်ခြံပေါက်ဝတွင် ရဲအစောင့်တဦးကို တွေ့ရသည်။ လူအုပ်ကိုမြင်သောအခါ သူသည်နားလည်ဟန်တူပါသည်။
"တံခါးကိုဖွင့်ပေးပါ။ ကျွန်တော်တို့ဂိုဒေါင်ထဲက ဆန်တွေကို ယူကြရတော့မယ်။ အငတ်မခံနိုင်ကြတော့ဘူးဗျို့  "
ကျွန်တော်တို့က ခြံပေါက်ဝမှအော်ပြောသည်။ ဂိုဒေါင်စောင့်လုံခြုံရေးရဲသားမှာ အံ့သြစွာကြည့်နေပြီး ပြန်ပြောသည်။
"ခြံတံခါးကို ဖွင့်မပးနိုင်ပါဘူးဗျာ၊ ကျနော်က လုံခြုံရေးအတွက် စောင့်နေရသူပါ။ ဒီလိုဖေါက်ဖျက်ယူလို့ရမှာမဟုတ်ပါဘူး"
လုံခြုံရေးရဲသားက သူ့မှာတာဝန်ရှိသလောက် ပြောမှန်းသိသည်။ ကျွန်တော်တို့သည် ပြောဆိုပြီးသားစကားကို နောက်ထပ်ပြောဆိုရန် အချိန်မပေးနိုင် ထပ်မပြောနိုင်။ ရဲသားလက်ထဲတွင် သေနတ်ကိုင်ဆောင်ထားသည်ကိုမြင်ရသည်။ ချက်ချင်းခြံပေါက်ဝကို ကျွန်တော်တို့ရိုက်ချိုးဖေါက်ဖျက်လိုက်သည်။ ရဲသားသည် ဂိုဒေါင်နောက်ဖက်သို့ ပြေးလွှားပျောက်ကွယ်သွားသည်။ ကြောက်လန့်၍ထွက်ပြေးသွားခြင်းဖြစ်သည်။ကျွန်တော်တို့သည် ဆန်ဂိုဒေါင်၏တံခါးဝကိုကြည့်လိုက်သည်။ ဂိုဒေါင်ထဲ၌ ဆန်အိတ်များကို စုပုံထားသည်မှာ ဂိုဒေါင်အမိုး ထိလုနီးနီးဖြစ်သည်။ ဂိုဒေါင်တခုလုံးဆန်တွေအပြည့်မြင်ရသည်။
"လာကြပါဗျို့  "
ကျွန်တော်က အော်ပြောလိုက်သည်။ ဆန်ယူရန်လာကြသောလူအုပ်သည် အမှန်တကယ်ဆန်ယူရမည်ဆိုသောအခါ တုန့်ဆိုင်းနေကြသည်။ အသက်(၆၀ ) ကျော် အမေအိုကြီးတဦးက တုန်တုန်ရီရီနှင့် လှေခါးကိုတက်လိုက်သည်။ ဂိုဒေါင်လှေခါးသည် လေးထစ်သာရှိသည်။ ယင်းလှေခါးထစ်လေးထစ်ကို ကျော်တက်ပြီး အမေအိုကြီးမှာ ဂိုဒေါင်ထဲသို့ တဦးထဲ၀၀်သွားသည်။ မည်သူမျကပ်၍လိုက်မသွားကြ။ ခဏအကြာတွင် အမေအိုကြီးမှာ ဂိုဒေါင်တံခါးဝသို့ ပြန်လည်ထွက်လာသည်။ ခေါင်းပေါ်တွင် လုံခြုံစုတ်ဖြင့် ထုတ်ထားသော ဆန်ထုပ်ကိုရွက်ပြီး ထွက်လာခြင်းဖြစ်သည်။ အမေအိုကြီးလှေခါးပေါ်မှ ဆင်းပြီးနောက် အောက်သို့ရောက်သောအခါ လူအုပ်မှာလက်ခုပ်လက်ဝါးတီးပြီး သြဘာပေးကြသည်။ အမေအိုကြီးမှာ အလွန်ဆုံးဆန်တွေကို ခေါင်းပေါ်တွင် ရွက်ယူလာနိုင်သည်ဆိုသော်လည်း ၁၀ ပြည်ခန့်တောင်ပါမည် မထင်ရချေ။ သို့သော် ယနေ့အဖို့တွင် အမေအိုတို့မိသားစုထမင်းးမငတ်ကြတော့ပြီ။
"ဖျောင်း --- ဖျောင်း ----ဖျောင်း ---ဖျောင်း -×- "
သည့်နောက်တွင် ဆန်ဂိုဒေါင်ထဲမှ ဆန်များကိုလူတွေသယ်ယူကြတော့သည်။ ဂိုဒေါင်သုံးလုံးသည် ချက်ချင်းပင်ကုန်စင်အောင် ယူသွားခံရသည်ဟု နောက်ပိုင်းတွင် သိရသည်။ကျွန်တော်ထင်ပါသည်။ လက်ငင်းဖြေရှင်းရမည့် တာဝန်တရပ်ကို ပြည်သူတွေအတွက် ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်ဟုသုံးသပ်မိသည်။
======= ========== =========== ========== ======== =========
၁၉၆၇ ခုနှစ် -သြဂုတ်လ ၁၂ ရက်နေ့
ယမန်နေ့က ဆန်ဂိုဒေါင်ဖွင့်ပြီး ဆန်ယူသွားသော သတင်းသည် မြို့ ထဲတွင် နေရာအနှံ့အပြား ပြောဆိုသံများကြားရသည်။ လူတိုင်း၏ပါးစပ်ဖျားတွင် ယင်းအကြောင်းများကိုသာ ပြောဆိုဖြစ်နေကြသည်။ ဆန်ဂိုဒေါင်ကိုဖေါက်ယူခြင်းနှင့် ပါတ်သက်၍ ရဲများကလိုက်လံ ဖမ်းဆီးခြင်းလည်းမရှိ။ မဆလတိုင်းခွဲ(၁၃ )သည်ပင်ဤကိစ္စကိုအရေးယူဆောင်ရွက်ခြင်းမရှိ။ မဆလ၏အုပ်ချုပ်ရေးယန္တယားသည် ပြည်နယ်တွင်းဖြစ်ပျက်နေမူများကို မည်သို့မျှမသိရှိလားမသိ။ ဖြစ်နေကြည့် လူထုများ၏ အခြေအနေများကို အောက်ခြေအဆင့်မှ မည်သို့တင်ပြ အစီရင်ခံသည်မသိ။ ဆန်ဂိုဒေါင်ဖေါက်ထွင်းမူနှင့် ပါတ်သက်၍ မည်သူမျှ တရားခံအဖြစ် ဖမ်းဆီးချုပ်နှောင်ခြင်းမရှိ။ နေ့လည်ဘက်တွင်မူ ဆန်ကိစ္စနှင့်ပါတ်သက်၍ အစည်းအဝေးလုပ်သည်ဟုကြားရသည်။ ကျွန်တော်တို့သူငယ်ချင်းတစုသည် ဤအစည်းအဝေးနှင့်ပါတ်သက်၍ သတင်းများကို စုံစမ်းလေ့လာကြသည်။ ယင်းအချိန်က ကျွန်တော်တို့၏စုရပ်သည် မြရုပ်ရှင်ရုံဘေးနားမှ ကိုရွှေဘခေါ် ကိုသာနို့ ကွမ်းယာဆိုင်ဖြစ်သည်။ ကွမ်းယာဆိုင်မှာတနေကုန်ထိုင်ပြီး လူငယ်များစွာ စုရုံးတတ်ကြပါသည်။ ပါဒလိပ်ချိတ်ရပ်ကွက်မှာ ကျွန်တော်နေသော်လည်း မိုးလင်းမှနေ၀င်အထိ လမ်းမကြီးမှာသာ အနေများသည်။ မည်သို့ဆိုလျင် စစ်တွေမြို့ တောင်ပိုင်းမှာ နေထိုင်သောသူတို့သည်သာ စစ်တွေမြို့ တွင်း၌ ဖွင့်လှစ်ထားသောကျောင်းများ၌ အနေများကြပါသည် တရားသီးစုရပ်ကွက်သည်ပင် လမ်းမတော်ရပ်ကွက်၌ဖွင့်လှစ်ထားသောကျောင်းများမှာ အနေများကြသည်မို့ မြို့ တွင်းမှ လူငယ်များနှင့် မိတ်ဆွေ သူငယ်ချင်းဖြစ်ရန် အကြောင်းမရှိကြ။ ပြီးတော့ စစ်တွေမြို့ တောင်ပိုင်းနှင့်လည်း အဆက်အသွယ်မရှိကြချေ။ တနည်းအားဖြင့် ဘောလုံးအားကစားသမားများသာ ထူးချွန်ကြသူများဖြစ်ပါက မြို့ တွင်းမှ လူငယ်ကျောင်းသားများနှင့် မိတိဆွေရင်းချာဖြစ်တတ်ကြပါသည်။ သို့သော်လည်း နည်းပါးလှပါသည်။ ကိုရွှေဘ ဆိုင်အနီးတွင် ကိုသာထွန်းအောင် တို့အိမ်ရှိပါသည် ။ နွားသာထွန်းအောင်လို့လည်း ခေါ်ပါသည်။ ကျွန်တော်တို့သည် ကိုသာထွန်းအောင်နှင့် အတူ အမြဲတမ်းစကားစမည်ပြောရင်း မဆလအစိုးရ၏ လုပ်ရပ်များကို ဝေဖန်တတ်နေကြသည်။ ယခုလည်း ဆန်အကြောင်းနှင့်ပါတ်သက်၍ အစည်းအဝေးမှ ထွက်ပေါ်လာသော သတင်းကို နားထောင်ကြပါသည်။ ထွက်လာသောသတင်းသည် ကျွန်တော်တို့လိုချင်သော သတင်းမဟုတ်။ ဆန်အစည်းအဝေးတွင် တက်ရောက်ခဲ့ကြသော လူသုံးဦးအမည်ကို ကြားရသည်။ ၄င်းတို့မှာ ဦးမောင်ဦးကျော် ဖြစ်သည်။ ဦးမောင်ဦးကျော်၏အိမ်သည် ကျွန်တော်တို့ထိုင်နေသော ကိုရွှေဘ၏အိမ်ဘေးနားမှ ဖြစ်သည်။ နောက်ကျောင်းဆရာဦးဘခင်ဖြစ်သည်။ သူကား ကျွန်တော်တို့၏အလယ်တန်းပြဆရာဖြစ်သည်။ အမှတ်(၂ ) အစိုးရအထက်တန်းတွင် ၅ တန်းမှ ရ တန်းအထိ ကျွန်တော်တို့ကို စာပြခဲ့သောဆရာတဦးဖြစ်သည်။ မြရုပ်ရုံနောက်ဘက် အိုးတန်းရပ်ကွက်နေထိုင်သူဖြစ်သည်။ နောက်ကားပိုင်ရှင် ဦးကျော်မောင်ဖြစ်သည်။ သူကားလောင်းကစားမှာ နာမည်ကြီးသူဖြစ်ပြီး ယင်းငွေကြောင့် ဟိန္ဒူတိုက်ကိုဝယ်ထားသလိုလို ကားပွဲစားကြောင့် ချမ်းသာ၍ ကျေးပင်ကြီးရပ်ကွက်ရှိ တိုက်ကြီးတလုံးကို ၀ယ်ပြီးနေသူဖြစ်သည်။
သို့ဖြစ်၍ ကျွန်တော်တို့သည် ညနေ ၈ နာရီခန့်တွင် လူစုကြကာ ပထမဆုံးကိုရွှေဘအိမ်နားက လမ်းထောင့်မှာရှိသော မြူနီစပ္ပါယ်လူကြီးဦးမောင်ဦးကျော်အိမ်ကို ခဲများဖြင့် ၀ိုင်းဝန်းပစ်ပေါက်ကြသည်။ တနာရီခန့်မျှပစ်ပေါက်ကြခြင်းဖြစ်သည်။ တအိမ်လုံးရစရာမရှိအောင် ပြိုကျသွားအောင်ထိ ပစ်ပေါက်ကြခြင်းဖြစ်သည်။ စစ်တွေမြို့ အမှတ် (၁ ) ရဲစခမ်းသည် ကျွန်ောတ်တို့ပစ်ပေါက်သောနေရာနှင့် လမ်းခွဆုံနှစ်ခွဆုံသာကွာဝေးသည်။ လမ်းလျာက်လျင် ၅ မိနစ်ခန့်သာ လျောက်ရပေလိမ့်မည်။ သို့သော် မည်သည့်ရဲမှ လာရောက်ခြင်းမရှိချေ။ သည့်နောက် ဆရာဦးဘခင်အိမ်သို့သွားကြပါသည်။ ဦးမောင်ဦးကျော်အိမ်နောက်မှ လျောက်သွားလိုက်လျင် ၅ မိနစ်တောင်မကြာ။ ဦးဘခင်အိမ်ရှေ့ရောက်သည်နှင့် ဆက်လက်ပစ်ပေါက်ကြပါသည်။ အနည်းဆုံးတနာရီခန့်ကြာမည်ထင်သည်။ ယင်းမှပြီးလျင် ကျေးပင်ကြီးရှိ ဦးကျော်မောင်အိမ်သို့ ညာသဲပေး၍ လျှောက်လာကြသည်။ ဦးကျော်မောင်အိမ်သို့လာရာတွင် စစ်တွေမြို့ အမှတ် (၁ ) ရဲစခမ်းနောက်မှ သွားရခြင်းဖြစ်ပါသည်။ သို့သော်ရဲများထွက်လိုက်လာခြင်းမရှိ ။ သည်လိုနှင့် ကျေးပင်ကြီးသမ၀ါယမဆိုင်ရှေ့ ကားပွဲစားဦးကျော်မောင် တိုက်ကို ခဲများပစ်ပေါက်ကြပါသည်။ အခြားသောသူတို့မှာ ပျဉ်ကာဓနိမိုးအိမ်များဖြစ်၍ အပျက်အစီးများနိုင်သည်။ ဦးကျော်မောင်တိုက်ခကားအုဌ်နှင့် ဆောက်လုပ်ထားသည်မို့ ကျွန်ောတ်တို့မှာ ထင်သလောက် ခဲနှင့်ပစ်ပေါက်ရသည်မှာ စိတ်မပါလှ။ ခဲများနှင့်ပစ်ပေါက်နေသည့်အချိန်အတွင်း ကျွန်တော်တို့၏လုပ်ရပ်ကို မည်သူမျှ ဟန့်တားမှူမရှိကြ။ အကြောင်းမှာကျွန်တော်တို့၏လုပ်ရပ်သည် တမြို့ လုံးသားလုံး အရေးဖြစ်နေသောကြောင့်ဖြစ်သည်။ အပြန်လမ်းတွင် လူစုခွဲခါနီးကျွန်တော်စကားပြောလိုက်သည်။ ကျွန်တော့်စကားကို လူအုပ်ကလက်ခံကြသည်။ ကျွန်တော်ပြောသောစကားမှာ ရှင်းလွန်းမက ရှင်းလွန်းနေသည်။ ပြတ်သားလွန်းမက ပြတ်သားလွန်းနေသည်။
"မနက်ဖန်ခါ ဆန်ပြသနာကို ပြေလည်အောင် မလုပ်ပေးရင် ဆန္ဒပြမယ်။ ဘုရားကြီးမှာ နေ့လည် ၁၂ နာ၇ီမှာ လူစုမယ် "
======= ================ ============= ========== ======== ============
၁၉၆၇ ခုနှစ် သြဂုတ် ၁၃ ရက် ဆန်ပြသနာနေ့
ကျွန်တော်သည်တညလုံးမိမိအိမ်ထဲတွင် ပိတ်ဖြူပေါ်တွင် ပိုစတာရေးနေဖြစ်သည်။ ပိုစတာမှာ မနက်ဖန်ဆန္ဒပြပွဲ၌ တခုတည်းသော ဆိုင်းဘုတ်ဖြစ်သည်။ လက်ရေးမလှသော်လည်း ကျွန်တော့်မှာကြိုးစားရေးရသည်။ ပန်းချီဆရာလည်း မဟုတ်သောကြောင့် လှလှပပမရေးချယ်နိုင်သော်လည်း အဆင်တော့ပြေမည်ထင်သည်။ ပြီးတော့ မည်သူ့ကိုမျှမသိစေချင်သည့်
အကြောင်းကလည်းပါပါသည်။ ပိုစတာစာလုံးများကို ရေးပြီးသောအခါ သန်ခေါင်ကျော်နေပြီ။ တညလုံးအိမ်များကို ခဲများနှင့် ပစ်ပေါက်နေခဲ့ပြီးမှ ပိုစတာကိုရေးနေချိန်၌ အချိန်မည်မျရှိနေခဲ့ပြီကို သတိမထားခဲ့။ ကျွန်တော်ရေးဆွဲထားသောပိုစတာဆိုင်းဘုတ်ကို စိတ်တိုင်းကျမကျ ကြည့်ဖြစ်နေမိသည်။ အလျှားပေ (၁၀)ပေရှိပြီး အနံ (၆ ) ပေရှိသောပိတ်ဖြူတွင် ရေးထားသည်မှာ ဘာဘဲဖြစ်ဖြစ် ကျေနပ်နေသည်။
"ဆန်ပြသနာဖြေရှင်းပါ×++++ ရခိုင့်အရေးတော်ပုံ အောင်ရမည် '
စာလုံးကြီးကြီးဖြင့် ရေးသားပါရှိသောပိုစတာဆိုင်းဘုတ်ကို သေသျေခာချာလိပ်၍ အင်ကျီအတွင်းဖက်တွင် ထည့်ဝှက်ယူလာခဲ့သည်။ ကျွန်တော်အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးသို့ ရောက်သွားသောအခါ တချို့ကျောင်းသားလူငယ်တွေကို တွေ့ရသည်။ အားလုံးမှာကျွန်တော့သူငယ်ချင်းများဖြစ်သည်။ ၁၂ ယောက်ခန့်ရှိသည်။ ကျွန်တော်၏ညီဖြစ်သူမောင်သာထွန်းလည်း ပါသည်။ ဘုရားကြီးရင်ပြင်တွင် ပုတီးစိတ်ပြီး တရားထိုင်နေသောပုဂ္ဂိုလ်နှစ်ဦးကို တွေ့မြင်ရသည်။ ၀ဲယာသို့ကြည့်မိသည်။ ဤသို့ကြည့်ရသည်မှာ အကြောင်းရှိသည်။ မဆလတွင် သတင်းပေးသူများမှိုလိုပေါက်နေသည်။ သုံးကျပ်ဆယ့်ငါးပြားစားသတင်းပေးများဖြစ်သည်။ တကြိမ်သတင်းပေးလျင် သုံးကျပ်ဆယ့်ငါးးပြားရသည်ဟု ပြောသံကိုကြားဖူးသည်။ ထို့ကြောင့်ဘုရားကြီးရင်ပြင်တွင် သတင်းပေးများရောက်ရှိနေမူ ရှိမရှိကို ကြည့်ရှူရခြင်းဖြစ်သည်။ စိတ်ချလက်ချဖြစ်သောအခါ ကျွန်တော်တို့စုဝေးထိုင်လိုက်ကြပြီး တိုတိုတုတ်တုတ်နှင့်လိုရင်းဖြစ်သည်။ကျွန်တော်က စတင်ပြောလိုက်သည်။
"ဒီကနေ့ဆန္ဒပြဖို့အတွက် ပိုစတာကို ကျွန်တော်ရေးလို့ယူလာခဲ့ပြီ။ မဆခအစိုးရဟာ ဆန်ပြသနာကို လုံးဝမဖြေရှင်းဘူး။ ကျွန်တော်တို့ဟာ အငတ်ခံပြီး အသေမခံနိုင်ဘူး။ အေင်ပွဲတခုခုကို ရရှိဖို့အတွက် တိုက်ပဲါတခုခုကို လုပ်ကိုလုပ်ရမယ်။ ဒီပိုစတာကို သေသေချာချာချည်နှောင်ပြီး မြို့ တွင်းကိုပတ်ပြီး ဆန္ဒပြမယ်။ "
တယောက်မျှကန့်ကွက်သူမရှိ။ ကျွန်တော့်ကိုယ်တွင်းမှ ၀ှက်ယူလာသောပိုစတာကို ထုတ်ယူလိုက်သည်။ နောက်ဝါးလုံးနှစ်လုံးကို ရှာဖွေယူပြီး ကြိုးများနှင့် ချည်နှောင်ကြရသည် ပိုစတာဆိုင်းဘုတ်ကြီးသည် ခိုင်မာစွာဖြင့် ရှိနေပြီ။ ဘုရားကြီးမှထွက်သည့်အခါ ကျွန်တော့ညီဖြစ်သူ မောင်သာထွန်းက တဖက်က ဆိုင်းဘုတ်ကိုကိုင်ပြီး စထွက်သည်။ ဘုရားကြီးရင်ပြင်မှ ဘယ်ဖက်သို့ စထွက်လိုက်ကြသည်။ အကြောင်းမှာ လမ်းမကြီးသို့သာ ခြေဦးလှည့်လိုက်လျှင် စစ်တွေတမြို့ လုံးက လူတွေပါနိုင်ကြမည်မဟုတ် ။ မြို့ကိုပတ်၍ သွားရန်အရေးကြီးသည် ။ ထို့ကြောင့် ဘယ်ဖက်လှည့်ပြီး ဒိုးဝန်းရွာ ယခုရွာကြီးတောင်ရပ်ကွက်မှ စတင်ဆန္ဒပြကြရန် ထွက်လိုက်ခြင်းဖြစ်သည်။ ထွက်သည်နှင့် ကျွန်တော်က အသံမာမာဖြင့် ကြွေးကြော်အော်ဟစ်လိုက်သည်။
"ဆန်ပြသနာ ဖြေရှင်းပါ - ရခိုင့်အရေးတော်ပုံ အောင်ရမည် "
"ဆန်ပြသနာ ဖြေရှင်းပါ- ရခိုင့်အရေးတော်ပုံ အောင်ရမည် "
နောက်မှကြွေးကြော်သံများသည် ကျယ်လောင်စွာထွက်ပေါ်လာသည်။
"ဆန်ပြသနာ ဖြေရှင်းပါ--ရခိုင့်အရေးတော်ပုံ အောင်ရမည် "
"ဆန်ပြသနာ ဖြေရှင်းပါ - ရခိုင့်အရေးတော်ပုံ အောင်ရမည် "
ဒိုးဝန်းရွာကိုဝင်သည့်နှင့် မြောက်ဘက်အတိုင်းဆက်လျှောက်ကြသည်။ အားရပါးရ ကြွေးကြော်လာကြသည်။ ကျွန်တော်တို့၏ ကြွေးကြော်သံများကို ကြားကြသောဒိုးဝန်းရွာသားတို့သည် အိမ်ထဲမှ ထွက်လိုက်လာကြသလို စာဘတ်အသင်းရှေ့ စင်ပေါ်တွင် ထိုင်နေသူများကလည်း လိုက်ပါလာကြသည်။ တန်းစီပြီးသွားနေသောလူတွေ၏နောက်ကို သူတို့မှာ နောက်ကကပ်ပြီး လိုက်ပါလာကြခြင်းဖြစ်သည်။တရပ်ကွက်ပြီးတရပ်ကွက်ပြီး လိုက်ပါလာကြခြင်းဖြစ်သည်။ ဒိုးဝန်းရွာ၊ ဆင်ကူးလမ်း ။ အုန်းတပင်။ သဘောင်္ဆိပ်။ လမ်းမတော် စသည်ဖြင့်ယင်းရပ်ကွက်မှာနေထိုင်သူများမှာမိန်းမ ယောက်ျား ခလေးသူငယ်တွေ ပါလာကြသည်။ လမ်းမတော်လမ်းဆုံရောက်သောအခါ လူတွေကြွေးကြော်သံ မစဲတော့။
"မဆလအစိုးရ အလိုမရှိ- နေ၀င်းအစိုးရအလိုမရှိ "
"နှာခေါင်းပိုင်း နေ၀င်းအစိုးရ အလိုမရှိ- နေ၀င်းအစိုးရအလိုမရှိ "
"ပြုတ်ဆန်မစား ရခိုင်သား - ဆန်ပြုတ်မစားရခိုင်သား "
ကျွန်တော်တို့၏ ကြွေးကြော်သံများမှာ မဆလအစိုးရကို ချက်ချင်းစိန်ခေါ်လာသည်။ လူတန်းရှည်ကြီးသည် ကြည့်၍မဆုံးဖြစ်နေပြီ။ လမ်းမတော်တောင်ပိုင်းသို့ရောက်သောအခါ မဆလတိုင်းခွဲ(၁၃ ) ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်စောဖြူ (လေ ) သည်ကားတစီးဖြင့် စောင့်နေသည်ကိုတွေ့ရသည်။ ရှေ့ဆုံးမှ ဆန္ဒပြလာကြသော ကျွန်တော်တို့နှင့်ဆုံလာသောအခါ တန့်ရပ်စေပြီး စကားပြောသည်။
"ခင်ဗျားတို့ ဆန္ဒမပြကြပါနဲ့ - အိမ်ကိုသာ ပြန်ကြပါ "
သူ့စကားကို ကျွန်တော်တို့လက်မခံနိုင်ပါ။ လက်ခံနိုင်လောက်အောင်လည်း သူ့စကားကဓိပ္ပါယ်မရှိ။
"ကျွန်တော်တို့ဆန္ဒပြတာက ဆန်ကိုလုံလောက်အောင် ရောင်းချပးဖို့အတွက် ဆန္ဒပြတာဖြစ်တယ်။ ပအခုမဆလအစိုးရက ဒီဆန်ပြသနာကို ဘာမျှမဖြေရှင်းဘူး။ ဒီပြသနာကို ဖြေရှင်းဖို့အတွက် ကျွန်တော်တို့ ဆန္ဒပြတာဖြစ်တယ်။ အိမ်ကိုမပြန်နိုင်ကြဘူး "
ကျွန်တော်တို့လူအုပ်မှ ပြန်ပြောလိုက်သောစကားဖြစ်သည်။ သူမည်သို့မျ ဟန့်တားနိုင်စွမ်းမရှိသည်ကိုသိရှိမည်ထင်သည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၉၉၀ ခုနှစ်တွင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သော ဦးလူဖြူ၏အိမ်ရှေ့လမ်းပေါ်မှာ ပြောဆိုနေကြခြင်းဖြစ်သည်။ နောက်တွင် ဗိုလ်ချုပ်စောဖြူ နားလည်သွားသည်။ ကားဖြင့်ထွက်ခွါသွားသည်။ ကျွန်တော်တို့ တရားသိစုလမ်းအတိုင်းဆက်လျောက်လာကြသည်။ ပြီးတော့ ပါဒလိပ်ချိတ်။ လမ်းမကြီး။ ဆေးရုံကွင်း နှင့် ထောင်ကြီးနားကိုရောက်တော့ ထောင်ဗူးဝကို ကျောက်ခဲတွေဖြင့်ပစ်ပေါက်ကြသည်။ ဆရာအေးကျော်နှင့် မောင်ရွှေဝင်း တို့နှစ်ဦးအား အမြန်ဆုံးလွှတ်ပေး၇န် ခဲများဖြင့် ပစ်ပေါက်ုပြီး ဆန္ဒပြကြသေးသည်။ ဆရာအေးကျော်နှင့် မောင်ရျွေဝင်းမှာ နှစ်ဦးစလုံး ပညာရေးဌါနကဖြစ်ပြီး ကိုမောင်ရွှေဝင်းမှာ ကျောင်းစာရေးကြီးဖြစ်သည်။ ဆရာအေးကျော်မှာ ၈၈၈၈ အထွေထွေသပိတ်ဖြစ်ပေါ်လာသောအခါ စစ်တွေမြို့ သပိတ်ကော်မီတီဥက္ကဌဖြစ်ပြီး န၀တမှ အာဏာသိမ်းသောအခါ ထောင်ဒဏ် ၁၄ နှစ်ကို ကျခံခဲ့ရသူဖြစ်သည်။ သည်လိုနှင့် ထောင်ရှေ့မှ လူအုပ်စုကို ထိမ်းသိမ်းပြီးခေါ်ဆောင်လာခဲ့ကြပြီးနောက် ( ယခုရဲနွယ်စုရပ်ကွက် )ပုလုပ်တောင်လမ်းအတိုင်းလာခဲ့သည်။ လူအုပ်ကြီးမှာ စစ်တွေတမြို့ လုံးလိုလိုဖြစ်နေ၍ မျက်စိတဆုံးဖြစ်နေသည်။ လူပင်လယ်ကြီးဖြစ်နေသည်။ မီးစက်ခွဆုံရောက်လာသည်။ မြို့တွင်းဝင်သည့် နာဇီလမ်း ( ယခုတို့ချဲ့ လမ်း) အတိုင်းဝင်လာပြီး ကုန်တန်းလမ်းအတိုင်းလာခဲ့ကြသည်။ ကသဲရွာထဲရှိ မြဆန်စက်အရှေ့သို့ရောက်သောအခါ သံဆူးကြိုးကာထားပြီး အတားအဆီးချထားသည်ကို တွေ့သည်။ မြဆန်စက်၏အရှေ့ဘက်မြေကွက်တွင် ဆန်စက်လုံခြုံရေးမီးကင်းမျှော်စင်ရှိသည်။ ယင်းမီးကင်မျှော်စင်တွင် စစ်သားမျာက သေနတ်ဖြင့်ချိန်ရွယ်ထားသည်ကို မြင်ရသည်။ မြဆန်စက်ခြံဘေးမှ လမ်းကြားလေးတခုရှိရာ ယင်းလမ်းကြားမှာ ကသဲရွာသို့သွားသောလမ်းကြားဖြစ်သည်။ သံဆူးကြိုးကာထားသော နေရာ၏အနောက်ဘက်တွင် ဟီးနိုးကားကြီးများတန်းစီ၍ ရ့ပ်ထားသည်။ ဟီးးနိုးကားကြီးများသည် မြဆန်စက်၏ အရှေ့ဘက်လမ်းပေါ်တွင်ရှိသည်။ ကျွန်တော်တို့နှင့် ဆိုလျင် ဘယ်ဖက်ဖြစ်သည်။ ကျွန်တော်တို့သည် ဟီးနိုးကားကြီးနှင့် စစ်သားများ၏ အကြားတွင်ရှိသော လမ်းမကြီးတလျှောက်သွားရမည်ဖြစ်သည်။ သို့သော် လမ်းမကြီးကို မသွားနိုင်အောင် သံဆူးကြိုးအကာအဆီးများ ကာရံထားပြီ။ လူအုပ်များမှ ကြွေးကြော်သံများသည် ဘ၀ဂ်ညံနေလောက်အောင် ကြားရသည်။ မရှေးမနှောင်းတွင် ဗိုလ်ချုပ်စောဖြူမှာ ကားဖြင့်ရောက်လာသည်။ နောက်ကျွန်တော်တို့ရှေ့သို့လျှောက်လာသည်။ ယခုသည်မှာဘက်တွင် ကျွန်တော်တို့က ရှိနေပြီး ဟိုဘက်မှ စစ်သားများက သေနတ်များဖြင့် ချိန်ရွယ်ထားနေသည့် စစ်သားများ၏အလယ်၌ ဗိုလ်ချုပ်စောဖြူ ရှိနေပြီ။
'အိမ်ကိုပြန်ကြပါဗျာ-- ဆန္ဒပြဖို့မလိုအပ်ပါဘူး- ကျွန်တော်တို့စီစဉ်နေပါတယ်။ "
သူပြောပြီးသည်နှင့် လူအုပ်ထဲမှ အသံများထွက်ပေါ်လာသည်ကိုကြားရသည်။
"ဆန်ပြသနာကို ဖြေရှင်းပေးပါ- ကျွန်တော်တို့အိမ်ကိုမပြန်နိုင်ဘူးဗျို့  "
သည်အခါ ဗိုလ်ချုပ်စောဖြူမှ စကားဆက်ပြီးပြောလာသည်။
"ဒါဖြင့်ရင် ခေါင်းဆောင်တဦးဦးထွက်လာပါ။ကျနော်နဲ့စကားပြောရအောင် "
ကျွန်တော်က ချက်ချင်းပင်ငြင်းဆန်လိုက်ပါသည်။
"ဒီအထဲမှာခေါင်းဆောင်မပါဘူးဗျ။ လူတိုင်းလိုလို ထမင်းငတ်လို့လာပြီး ဆန္ဒပြဖို့လာကြတာဖြစ်တယ်။ ဒီ့အပြင်တခြားဘာမှ ဆွေးနွေးစရာ အကြောင်းမရှိဘူးဗျ -ကျွန်တော်တို့က ဘုရားကြီးရောက်ရင် ဆန္ဒပြပွဲပြီးပြီလေ။ ဒါကြောင့်ကျွန်တော်တို့ကို ဘုရားကြီးသွားခွင့်ပေးပါ "
သူ့မှာဘုရားကြီးထိသွားခွင့်ပေးရန် အမိန်အာဏာမပါပါ။ ဘုရားကြီးမှာအလွန်ဆုံးသွားရလျှင် ၁၅ မိနစ်ခန့်သာလျှောက်ရမည်ထင်ပါသည်။
ဗိုလ်ချုပ်စောဖြူအနေနှင့် မည်သို့မျ ဖြေရှင်းရန် အလားအလာမတတ်နိုင်တော့ကြောင်း သူသဘောပေါက်သွားပါသည်။
"ကျွန်တော့်မှာ အမိန့်စာပါလာပါတယ်။ လူထုကိုဖတ်ပြဖို့ တယောက်ယောက်ကိုကို လွှတ်ပေးစမ်းပါ "
ယင်းကြောင့် ကျွန်တော်တို့ ချက်ချင်းဆွေးနွေးလိုက်ကြပါသည်။ မဆလအစိုးရ၏ ကောက်ကျစ်မှူကိုလည်း သိရှိထားပြီးဖြစ်ရာ မည်သူမျ အဖမ်းအဆီးမခံရအောင်လည်း ကျွန်တော်တို့မှာ သိုသိပ်စွာပြုလုပ်နေရသည်။ မြဆန်စက်အနီးရှိ တံထားပေါင်တွင် တချို့ မှာ မတ်တပ်ရပ်၍ နေကြသည်ကို တွေ့ရသည်။ နောက်ကကပ်ပြီးနေကြသော ကျွန်တော်တို့၏လူအုပ်သည် ရှေ့မှ သေနတ်ဖြင့် ချိန်ရွယ်ထားသည်ကို ဂရုမစိုက်အားချေ။ သူတို့မှာကြွေးကြော်သံများကို အော်ကောင်းတုံး ဆိုကြတုံး ။
ကျွန်တော်တို့အနားမှ သူငယ်ချင်းဖြစ်သူမောင်ရွှေသိန်းကို လွှတ်လိုက်ရသည်။ သူက ဗိုလ်ချုပ်စောဖြူစီးလာသောကားပေါ်မှ စာဖတ်ပြသောအခါ ပုဒ်မ (၁၄၄) ဖြစ်နေပါသည်။ သို့နှင့် ကားပေါ်မှ သူ့ကိုဆင်းးခိုင်းစေပြီး ကျွန်တော်တို့ရှိရာသို့ ပြန်လာစေသည်။ ခုတော့ ကျွန်တော်တို့ကို ပုဒ်မ ( ၁၄၄ ) ထုတ်ပြန်လိုက်ပြီ။ ရှေ့ဆက်သွား၍ မရတော့။ ဆန္ဒပြ၍မရတော့။ လူငါးဦးထက်ပို၍ စုဝေးနေ၍မရတော့။ ရှေ့ဆက်သွားပြီး လမ်းမဖွင့်မပေးလျှင် သည်အတိုင်းရပ်ပြီး ဆက်လက်ဆန္ဒပြမည်ဟုဆိုသော အသံတွေထွက်လာသည်။ ကြွေးကြော်သံများကလည်း ထွက်နေသည်။ ကျွန်တော်တို့မှာ လူအုပ်ကို မည်သို့နည်းနှင့်မျ နောက်ကြောင်းပြန်လှည့်ရန် ပြော၍မရ ။ ပြောလို့လည်းမဖြစ်။ နာရီဝက်ခန့်ကြာသောအခါ ဗိုလ်ချုပ်စောဖြူသည် သံဆူးကြိုးကို ဖွင့်ခိုင်းပြီးကျွန်တော်တို့လူအုပ်အားသွားခွင့်ပြုခဲ့သည်။ ဤနေရာမှာ စောစောက ကျွန်တော်တို့ပြောသောစကားတွေရှိခဲ့သည်။ ယင်းမှာဘုရားကြီးရောက်လျင် လူစုခွဲပါမည် ဆိုသော စကားပြောဖြစ်ခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့်လည်း သူကဖွင့်ခိုင်းခြင်းလားမပြောတတ်။ ကျွန်တော်တို့ကမူ အတင်းဖွင့်ပြီးသွားခြင်းမဟုတ်။ သံဆူးကြိုးကို ဖယ်ရှားပြီး သွားခြင်းမဟုတ်။ ပြီးတော့ စစ်သားတွေကလည်း သေနတ်လုပြီး အတင်းသွားခြင်းမဟုတ်။ စစ်သားများကို ခဲနှင့် တုတ်နှင့် ပစ်ပြီး သံဆူးကြိုးကိုလည်း မည်သူမျဖယ်ရှားပြီး မသွားခဲ့ကြ။ ရှေ့ကသေနတ်နှင့်ချိန်ထားသောစစ်သားတွေမှာ သံဆူးကြိုး၏တဖက်တွင် ၈ ယောက်လောက်တန်းစီ စောင့်ဆိုင်းပြီး တည့်တည့်ချိန်နေခြင်းကြောင့်လည်း မည်သူမျှ သံဆူးကြိုးကို ဖဖဖယ်ရှး၍ မသွားနိုင်ကြချေ။ သည်တော့ ပုဒ်မ (၁၄၄ ) အမိန့်ကိုလည်း ဖီဆန်ဖေါက်ဖျက်ခြင်းမရှိခဲ့။
နောက်တခုမှာ ဗိုလ်ချုပ်စောဖြူပြောဆိုခဲ့သော စကားတခွန်းသတိရလာသည်။ စောစောကခေါင်းဆောင်တဦးဦးထွက်လာပါ ဆိုသောစကးကို စိုးရိမ်လာသည်။ သူတို့သည် ခေါင်းဆောင်ဟုထင်မှတ်ယုံကြည်သူများကို ဖမ်းဆီးလိမ့်မည်ဟုကျွန်တော်ထင်သည်။ သူငယ်ချင်းများကို လှည့်ပြီးသတိထားဖို့ ပြောကြားရန် နောက်သို့ပြန်လှည့်လိုက်သည်။ နောက်သို့လှည့်လိုက်သည်နှင့် လူအုပ်မှာ အတင်းတိုးဝှေ့လာသည်။ သံဆူးကြိုးမှာ ဖွင့်ပြီးဖြစ်နေသောကြောင့် လူအုပ်မှာဝမ်းသာအားရ ကြွေးကြော်ပီးသွားကြသည်။ အတားအဆီးဖွင့်လိုက်၍ လူအုပ်သည် ရှေ့သို့ငါ ပြေးသွားကြသည်။ အလုအယက်တိုးဝှေ့သွားကြခြင်းဖြစ်သည်။ ကျွန်တော်သည်ရှေ့သို့တိုးဝှေ့လာသောသောလူအုပ်ကြားထဲသို့ သူငယ်ချင်းများကို ကြည့်ယင်း လူအုပ်အတွင်းမျောပါသွားသည်။ ငါးမိနစ်ခန့််ကြာမည်ထင်သည်။
"ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း "
"ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း "
အဆက်မပြတ်သေနတ်သံများကို ချက်ချင်းကြားရသည်။သေနတ်သံကြား၍ လှဲချသွားခြင်းလား၊လူအုပ်များမှ တိုးဝှေ့တွန်းတိုက်၍ မှောက်လျက်ကျသွားခြင်းလားမပြောတတ်။ ကျွန်တော်သည် မြေကြီးပေါ်မှာ မှောက်ရက်သားဖြစ်နေသည်။
"ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း "
"ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း "
သေနတ်သံတို့သည် ညံမစဲဖြစ်နေသည်။ ညီးညူသံများ၊ နာကျင်စွာအော်နေသံများ၊ ငိုယိုနေသံများ၊သည် ကမ္ဘာပျက်သည့်အလားကြားနေရသည်။ လက်တကမ်းအကွာတွင်းဟီးနိုးကားကြီး ရပ်ထားလျက်ရှိနေသည်။ ချက်ချင်းကားအောက်ကို လှိမ့်ဝင်လိုက်သည်။
"ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း "
"ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း "
သေနတ်သံမှာ ကျွန်တော်တို့ကားအနီးမှ မဟုတ်။ လမ်းတလျောက်ရှိသော လူတန်းရှည်ကြီးကို ပစ်ခတ်နေရာမှ ကြားရခြင်းဖြစ်သည်။ ကားအောက်တွင် လူတွေ တပုံကြီးရှိနေရာ ကားအောက်သို့ ပစ်ထည့်လိုက်မည်ဆိုပါက တန်းးစီထပ်၍ သေသွားမည်ဖြစ်သည်။ ဟီးနိုးကားကြီး၏ ညာဖက်တွင် ချောင်းရှိသည် ။ ယင်းချောင်းကို ကုန်တန်းချောင်းသို့မဟုတ် ဂေါ်ဒူဘင်းဂါ ချောင်းဟုလည်းခေါ်သည်။ ကျွန်တော်တို့သည် ယင်းချောင်းသို့ခုန်ဆင်းလိုက်ကြသည်။ ချောင်းကို ဆင်းသည့်အခါ ရဲများနှင့် ကြုံနေရပြန်သည်။ သို့သော် ရဲများက သေနတ်ကိုယ်စီဖြင့် ရှိနေသော်လည်း မပစ်ခတ်ချေ။ ရဲသားများရှေ့မှပင် ချောင်းထဲသို့ ခုန်ဆင်းကြရခြင်းဖြစ်သည်။ ချောင်းမှာမီတာ( ၅၀ )ခန့်ရှိမည်ထင်သည်။ ရေကူးနေစဉ် ကျွန်တော့်အနီးမှ ကူးလာသူတဦးက အော်ပြောသည်။
"ကျွန်တော့်ပေါင်တဖက်ခြမ်းမှာ ကျဉ်ထိနေပြီဗျာ ။ ကျွန်တော့်ကို တွဲကူပေးပါအုံး "
"ကောင်းပြီလေ - ဒီလိုဆိုရင် ကျွန်တော့်လက်ကိုကိုင်ပြီး ရေကူးပြီးလိုက်ပေတော့ "
ပြောရင်း ကျွန်တော်က သူ့ကို လက်ကမ်းပြီး ရေကူးလာသည်။ကမ်းပေါ်သို့ရောက်တော့ တော့ သူ့ဒဏ်ရာကို ကြည့်ရသည်။ ညာဖက်ပေါင်ခြမ်းမှာ သွေးသံရဲရဲနှင့် အသားစများမှာ အကွင်းလကိုထွက်ကျနေသည်။ တထက်ကကမ်းမှနေပြီး ဆန္ဒပြနေခဲ့သောနေရာကို ကြည့်လိုက်သည်။ သေနတ်သံများမှာစဲသွားပြီ။ဟီးနိုးကားကြီးပေါ်တွင် လူများကို စစ်သားများက ဆွဲငင်ယူဆောင်တင်သည်ကိုမြင်ရသည်။ သေဆုံးသူရော ဒဏ်ရာရသူများကိုရော စုပုံရောနှောကာ ဆွဲယူတင်ဆောင်နေကြခြင်းဖြစ်သည်။ လမ်းတလျှောက်တွင် သွေးသဲရဲရဲဖြင့် မှောက်ရက်လှဲနေသူ။ ပက်လက်လန်ပြီး သေဆုံးနေသူတွေ ၊ မြင်နေရသည်။ ဒဏ်ရာရ၍ လူးလှိမ့်နေသူများကို မြင်ရသည်။
နောက်နှစ်ရက်တွင် ရင်ခွဲရုံ၌ အလောင်း( ၇ ) လောင်းသာ မဏ္ဍပ်ထိုးပြီးတန်းစီချထားသည်။ ယင်းအချိန်ကရင်ခွဲရုံမှာ ကြေးနန်းရုံးရှေ့မှာဖြစ်သည်။ သဘောက ဆန္ဒပြပွဲ၌ လူပေါင်း
( ရ ) ယောက်သာသေဆုံးကြခြင်းဖြစ်သည်ဟု ကြေညာခြင်းဖြစ်သည်။ ယင်းနေ့ထုတ် သတင်းစာများတွင် သေဆုံးသူ (၇ ) ဦးသာရှိပြီး ဒဏ်ရာရသူမှာ (၂၃ ) ယောက်သာရှိသည်ဟု ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသနေကြောင်း သတင်းစာများမှာဖေါ်ပြသည်။ ရင်ခွဲရုံတွင် အလောင်း ( ၇) လောင်းကို ထားရာ ကျွန်တော်တို့သွားရောက်ရသည် ။ အကြောင်းမှာ ကျွန်တော်၏တူတော်သူ မောင်စံသိန်း သေဆုံးသွား၍ဖြစ်သည်။ မောင်စံသိန်း၏ဖခင်မှာ အငြိမ်းစားရဲစခမ်းမှူးဦးလှထွန်းဖြူဖြစ်သည်။ မောင်စံသိန်းအတွက် သေတမ်းစာကို ကိုယ်ခန္ဒာပေါ်တွင်တင်ထားသည်။ ယင်းစာမှာ ဤကဲ့သို့သေဆုံးရခြင်းမှာ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးဆပ်ရသောကြောင့် ဖခင်တယောက်အနေနှင့် ဂုဏ်ယူကြောင်း ရေးသားဖေါ်ပြထားသည်။ ၄င်းသေဆုံသူ ရ ဦး၏ အလောင်းကို ရင်ခွဲရုံတွင်ပြသထားရာ လမ်းသစ်ရပ်ကွက်မှ ဒေါ်အေးမေ ။ မောင်စံသိန်း ( ပါဒလိပ်ချိတ် ) မောင်သိန်းနု ( ရွှေပြား၊) ။ ကိုသာအေး ( မြောက်ဦး ) ။ ကိုထွန်းဝင်း ၊( တရားသိစု ၊ မောင်နု ( မောလိပ်) နှင့် အခြားတယောက်ကိုမမှတ်မိတော့။စစ်တွေမြို့  တရာသိစုရပ်ကွက် ဗုဒ္ဒပြတိုက်ရှေ့အိမ်မှ ဦးမြသိန်းထံတွင် ယင်းနေ့က ထုတ်ဝေခဲ့သောသတင်းစာများကို ယခုအချိန်ထိ သိမ်းဆည်းထား၍ သြဂုတ်(၁၃ ) အရေးတော်ပုံကို သမိုင်းသုတေသီများက လေ့လာနိုင်ကြပါသေးသည်။ သမိုင်းဆိုသည်မှာ လိမ်၍မရ။ညာ၍မရ။ ဘုရားကြီးအနီးရှိ ဒိုးဝန်းရွာမှ တရပ်ကွက်လုံးရှိ အသက် ( ၆၀ ) ၀န်းကျင်ရှိသောလူတိုင်းသည် သြဂုတ်လ (၁၃ ) ရက်နေ့က ဆန္ဒပြပွဲကို ဘုရားကြီးမှ စတင်ထွက်ခွါခဲ့ချိန်၌ လိုက်ပါသူများဖြစ်သည်။ သို့အတူစစ်တွေမြို့သားတိုင်းမှာ ယင်းအကြောင်းကို အားလုံးသေသေချာချာ သိရှိထားကြသူများဖြစ်သည်။ နရိန်ဇရာဝပ်ဆိုက်မှာ တခုကိုမျှမသိပါဘဲ လမ်းမတော်မှ စတင်ဆန္ဒပြပွဲပြုလုပ်ကြသည်ဟု သမိုင်းကို လိမ်ညာရေးသားတင်ထားရာ ဤကိစ္စမှာရခိုင်လူမျိုးအဖို့ အင်မတန်မှ လက်မခံစရာဖြစ်သည်။ တချိန်တည်းမှာပင် ဤဖြစ်ရပ်တွင်အဓိကကျွန်တော်က ပါဝင်ပါတ်သက်နေသူဖြစ်ရာ လုံးဝလက်မခံသလို နရိန်ဇရာဝပ်ဆိုက်မှာပါသောသမိုင်းလိမ်အား နောင်လာနောက်သားရခိုင်မျိုးဆက်သစ်လူငယ်များ သမိုင်းသုတေသီများက လုံးဝအသိအမှတ်မပြု အရေးမစိုက် ကြပါရန် ပြောကြားလိုပါသည်။
ကျွန်တော်တို့နောက်ဆုံးသိရှိထားရသောဝမ်းနည်းဘွယ်ရာ သတင်းများမှာ အိမ်ကိုပြန်၍ မရောက်လာကြသောသူများ၏သတင်းဖြစ်သည်။ သို့ဆိုလျင် ၄င်းသူတို့မည်သည့်နေရာတွင်ရှိသည်ကို စုံစမ်းကြည့်ကြသည်။ မသေဆုံးဘဲ ဒဏ်ရာရသူများကို ဟီးနိုးကားကြီးပေါ်တွင် တင်ဆောင်၍ သေဆုံးသူများနှင့် ပင်လယ်ကမ်းနားရှိ အုန်းတောတွင် မြုပ်နှံကြောင်းသိရှိရသည်။ သေဆုံးသူများသည် ( ၂၀၀ ) ကျော်ရှိသည်ဟု သိရသည်။ ဒဏ်ရာရသူ(၁၀၀ ) ကျော်သည်ဟု ကြားရသည်။ နာဇီရပ်ကွက်တွင်နေသူ နှင့် ကုန်တန်းရပ်ကွက်တွင် နေထိုင်ကြသူမူဆလင်ကုလားအများစုမှာ တယောက်မျှ ဆန္ဒပြရာ၌လည်းမပါသလို သေဆုံးသူများစာရင်း ၊ဒဏ်ရာရသူများစာရင်းတွင်လည်း မပါကြောင်း သိရှိရသည်။ ဒဏ်ရာရသူများစာရင်းတွင် ပါဝင်ပြီး စစ်တွေဆေးရုံတွင် ၀မ်းဗိုက်ကိုသေနတ်ကျည်ဆံထိမှန်ကာ တက်ရောက်ကုသခဲ့သူ သန်းမောင်မှာ ကျွန်တော်၏အိမ်ရှေ့မှဖြစ်သည်။ သူလည်းဆန္ဒပြရာတွင် ဘုရားကြီးရှေ့မှ စတင်ထွက်ခွါစဉ် ကျွန်တော်၏ညီအရင်းဖြစ်သူမောင်သာထွန်းနှင့်အတူ ဦးဆောင်ပါခဲ့သူဖြစ်သည်။ သန်းမောင်မှာဝမ်းဗိုက်မှ ဒဏ်ရာကောင်းသည်နှင့် မဆလအစိုးရကို လက်နက်ကိုင်တော်လှန်ရေး မှတပါးအခြားမရှိဆိုကာ ဆေးရုံးကဆင်းဆင်းချင်း တောခိုသွားသည် ။ နှစ်ပေါင်း ၂၀ အကြာ တောခိုပြီးနောက် ၁၉၉၇ ခုနှစ်တွင် ဗကပပါတီမှ ဘင်္ဂလားဒေရှ့်နိုင်ငံနယ်စပ်တွင် ဆက်လက်မရပ်တည်တော့သောကြောင့် လက်နက်ချအလင်းဝင်ခဲ့သည်။ ကျွန်တော်၏ညီဖြစ်သူမှာ ယခုအချိန်တွင် နိုင်ငံရေးသမားအကျဉ်းသားဘ၀ဖြင့် ဘူးသီးတောင်ထောင်၌ ထောင်ဒဏ်( ၅ ) နှစ်ကျခံနေရသည်။ ကျွန်တော်နှင့်အတူ သြဂုတ်(၁၃ ) ရက်နေ့များမှ လွန်ခဲ့သော နှစ်လလောက်က ကွယ်လွန်ခဲ့သော မျိုးချစ်ရခိုင်
့နိုင်ငံေ၇းသမားကြီး ဦးညွန့် မောင်မှာ ဘုရားကြီးမှစတင်ထွက်လာသော (၁၃) သြဂုတ် ခေါင်းဆောင် တစ်ဦးဖြစ်သည်။
ဆန်ပြဿနာနေ့ မှာ ကျနော်မသေခဲ့ပါ။တချိန်ထဲမှာပင် ထိုပြဿနာကိုဖြေရှင်းရန်အတွက် သေကံမရောက်သက်မပျောက်ဟု
ဆိုနိုင်ပါသည်။
ထို့ အတွက်ကြောင့် ယေဘူယျ ကြေနပ်နှစ်သိမ့်ခြင်းသာဖြစ်သည် ။ တိတိကျကျပြောရလျှင် တနေ့ နေ့ တချိန်ချိန် တွင် ၁၉၆၇
ခုနှစ် သြဂုတ်လ(၁၃) ဆန်ပြဿနာ နေ့ ၌ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြသော လူအများစုကြီးအား အစုလိုက်အပြုံလိုက်
ရက်ရက်စက်စက် သတ်ဖြတ်မှုကြီး ကို အမိန့် ပေးစေခိုင်းခဲ့သော မဆ လ အစိုးရ၏ တာဝန်ရှိသူများကို ဖြေရှင်းရန် တာဝန်
ကျနော့် မှာရှိနေပါသည်။
ယင်းတာဝန်မှာသမိုင်းပေးတာဝန်ဖြစ်ပါသည် ဤ တာဝန်ကို ကျနော့်အနေနှင့်ကြေပြွန်အောင် ထမ်းဆောင်ရလိမ့်မည်ဟု
လည်းခံယူထားပါသည်။ဤ ဆန်ပြဿနာအရေးအခင်းသည် အိမ်မက်များမဟုတ်ချေ အမှန်တကယ်ဖြစ်ပျက်ခဲ့သည့်အကြောင်း
အရာများဖြစ်ပါသည်။ လွန်ခဲ့သော(၄၃) နှစ်ကာလက ဆန်ပြဿနာအရေးအခင်းအတွက် တာဝန်တရပ်အဖြစ်ဖြင့် ကျနော်ပြုလုပ်လို
ပါသည်။ ဤသည်ကိုအမှန်တရာဟုလည်းထင်မြင်ယူဆထားပါသည်။
ခိုင်အောင်ကျော်(နယူးယောက်)
''ဆန်ပြဿနာဖြေရှင်းပါ ။ ရခိုင့် အရေးတော်ပုံအောင်ရမည်''ပိုစတာ ဆိုင်းပုဒ် ရေးသားပြီး သြဂုတ်လ (၁၃)ရက် ဆန်ပြဿနာနေ့ 
ကို ခေါင်းဆောင် ဦးစီးခဲ့သူ
↧
သူရ ဦးတင်ဦး သို့မဟုတ် NLD ပါတီနာယကကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စတင်ရင်းနှီးခဲ့ပုံ
$
0
0
သူရ ဦးတင်ဦး သို့မဟုတ် NLD ပါတီနာယကကြီးနှင့်
ဒေါ်အောင်ဆန်းစုကြည်တို့ စတင်ရင်းနှီးခဲ့ပုံ
…ဦးနေဝင်းသည် ဦးတင်ဦး ဒေါ်အောင်ဆန်းစုကြည်
အနားသို့ ရောက်ရှိနေသည်ကိုအတော်လေးမကျေမနပ်
ဖြစ်နေခဲ့လေသည်။ ဦးတင်ဦးကား ဦးနေဝင်းမဖြုတ်ချ
ခင်အထိ တပ်မတော်တွင် လူချစ်လူခင်ပေါ်များသော
ဗိုလ်ချုပ်ကြီးလည်းဖြစ်သည်။ ထိုသို့ လူချစ်အများဆုံး
ဖြစ်သူ သည် ဒေါ်အောင်ဆန်းစုကြည်အနားသို့ ရောက်
ရှိနေခြင်းကို လုံးဝနှစ်မြို့ နိုင်ခြင်းမရှိခဲ့ပေ။
ပိန်ပိန်ပါးပါး မျက်မှန်ကိုင်းထူထူ ကြီးတပ်ထားသော
ဦးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်အနားသို့
ရောက်ရှိလာကြသော ကျောင်းသားများ သတင်း
ထောက်များ အခြားသော သူများကို ပျူငှာစွာ ဧည့်ခံ
နေလေသောကြောင့် သူ့ပုံစံ ကြည့်ရသည်မှာ ဧည့်ခံ
ပွဲများတွင် စီစဉ်ပေးရသော အခမ်းနားမှုး တစ်ယောက်
ကဲ့သို့ မြင်နေကြရလေသည်။ဦးနေဝင်းမှ မနာလို ဝန်
တိုစိတ်များဖြင့် ရာထူးမှ ဖြုတ်ချကာ ထောင် ၁၀ နှစ်
မျှ ကျသွားသည့်တိုင် သူသည် စစ်သားကောင်းတစ်ဦး
လို အမြဲ တက်ကြွ ဖျက်လက်ကာ စူးရှထက်မြတ်မှုများ
နှင့် လျှင်မြန် ဖျက်လတ်သော အမူရာများ ပိုင်ဆိုင်မြဲ ရှိ
နေမြဲပင်ဖြစ်သည်။
ဦးတင်ဦးသည် သူ့ဘဝဇာတ်ကြောင်းကို ပြောပြ
သည့်အခါတွေမှာလည်း………
"ကျုပ်က ၁၇ နှစ်သားကနေ အသက် ၅၀ နားနီးတဲ့
အထိ စစ်တပ်ထဲမှာ အမှုထမ်းလာပြီး တိုက်ပွဲတွေကို
တစ်ခုပြီး တစ်ခု ဆက်တိုက်ဆင်နွှဲလာခဲ့ရတယ် "
'ပြင်းထန်လွန်းတဲ့ ကျုပ်ရဲ့ ဘဝဟာ စစ်ကြီးအတွင်းမှာ
တောထဲ တောင်ထဲမှာပဲ လှည့်လည်ပြီး တိုက်ရင်းခိုက်
ရင်းနဲ့ အချိန်တွေ ကုန်ခဲ့ရတယ်။စစ်ပွဲ အတွင်းမှာ ဒဏ်
ရာတွေ လည်းအကြိမ်ကြိမ် ရခဲ့တယ်။ ကျုပ်ရဲ့ အဖေ
လည်း သေခဲ့ရသလို သားကလေးလည်း အရွယ်
ကောင်းတုန်းမှာ သေဆုံးသွားခဲ့ပြန်တယ်။ အဲ စစ်တပ်
ထဲမှာ ရာထူးကောင်းကောင်းလည်း ရလာရော သစ္စာ
ဖောက်တာကို ခံလိုက်ရလို့ ရာထူးက ပြုတ်ကျသွား
ပြီး ထောင်ထဲကို ရောက်ခဲ့ရတယ်။ ကျုပ်ဘဝဟာ
သိမ်သိမ်မွေ့မွေ့ ရှောရှောရှူ ရှူ မရှိခဲ့သလို ပျော့ညံ့အား
နည်းသွားတာ မျိုးလည်းမရှိခဲ့ဘူး "
စစ်သားကောင်းတစ်ဦးပီပီ တိုင်းပြည်အကျိုးကို
ရှေးရှုသူတစ်ဦးဆို တာ သိသာထင်ရှားတဲ့ ဗိုလ်ချုပ်ကြီး
တစ်ဦးပေပါပဲ။
ဦးတင်ဦးသည် ၁၉၄၃ခုနှစ်တွင် ဗိုလ်ချုပ်အောင်
ဆန်းခေါင်းဆောင်သော မျိုးချစ်တပ်မတော်ထဲသို့ အ
သက် ၁၆ နှစ်အရွယ်စတင်ဝင်ရောက်ခဲ့သူပင်ဖြစ်သည်။
သူ၏ကြိုးစားမှု တိုက်ခိုက်မှု စွမ်းရည်ကောင်းများ
ကြောင့် သူရဘွဲ့ နှင့် ရာထူးများ တစ်ဆင့်ပြီး တစ်ဆင့်
တက်လာခဲ့ပြီး ၁၉၇၄ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီး
ဖြစ်လာခဲ့ပြီး စစ်အစိုးရထဲတွင် လူကြိုက်အများဆုံး
တည်ကြည်ဖြောင့်မတ်သူ တစ်ဦးအဖြစ် အထူးထင်
ရှားခဲ့သည်။၁၉၇၄ ခုနှစ် အုံကြွမှုဖြစ်ပေါ်ခဲ့ပြီး လူထုကြီး
ကလည်း ဦးနေဝင်းကို ဖြုတ်ချပြီး ဦးတင်ဦးအား တပ်မ
တော်၏ အကြီးအကဲဖြင့် ခန့်အပ်ပေးရန် ကြွေးကြော်
ခဲ့ကြသည်။ထိုအုံကြွတော်လှန်မှုကား မအောင်မြင်ခဲ့ပါ။
နောက်နှစ် နှစ်လောက်မှာ စစ်တပ်အတွင်း လုပ်ကြံ
သတ်ဖြတ်ရန် ကြံစည်မှုကြီး ဖြစ်ပွားခဲ့ပြီး ထိုလုပ်ကြံမှု
ကြီးနှင့် ပါတ်သတ်သူဟု စွပ်စွဲကာ ရာထူးမှ ဖြုတ်ချပြီး
ထောင်ချခဲ့လေသည်။
ဦးတင်ဦးသည် ထောင်မှ ထွက်ခဲ့ပြီးနောက် နှစ်နှစ်
ခန့် ရဟန်းဝတ်နေခဲ့ကာ နောက်ပိုင်းတွင် ဥပဒေပညာ
ကို လေ့လာပြီး ဘွဲ့ရသည်အထိကြိုးစားခဲ့လေသည်။
သူ၏ ပတ်ဝန်းကျင်မှာ ဒီမိုကရေစီ လှုပ်ရှားမှုများ ပြု
လုပ်နေကြသည်ကို မြင်တွေ့နေရသော်လည်း ပါဝင်ခဲ့
ခြင်းမရှိခဲ့ချေ။ ဒါနဲ့ပတ်သတ်လို့လည်း သူက…
"အစကတည်းက တပ်ထဲက မိတ်ဆွေဟောင်းတွေ
က ကျုပ်ကို တရားတက်ဟောဖို့ တိုက်တွန်း ခဲ့ကြပေ
မဲ့ ကျုပ်က ငြင်းဆန်ခဲ့တယ်။အဲ့ဒိအချိန်တုန်းက ကျုပ်
ဟာ ဝိပဿနာ တရား အားထုတ်ရင်း တရားတော်ရဲ့ 
အေးချမ်းမှုကို နှစ်ခြိုက်နေခဲ့မိတယ်။ မိတ်ဆွေတွေက
လည်း လက်မလျှော့ပဲ ကျုပ်ကို အကြိမ်ကြိမ် လာပြီး
တိုက်တွန်းနေတဲ့အတွက် နောက်ဆုံးမှာ ကျုပ်ဟာ မျိုး
ချစ်ရဲဘော်များ အဖွဲ့ချုပ်ကို တည်ထောင် လိုက်တော့
တယ်။တစ်နိုင်ငံလုံးမှာ ရှိကြတဲ့ အငြိမ်းစားယူထားကြ
တဲ့ ရဲဘောဟောင်းကြီးတွေ က ဌာနချုပ်ရုံးစိုက်ရာ
ကျုပ်ရဲ့ အိမ်ကို ဆက်သွယ်လာကြပြီး အရေး အကြော
င်းရှိရင် သူတို့ကို သတိပေးဖို့ ပြောလာခဲ့ကြတယ် "
ဦးတင်ဦးကိုယ်တိုင်လည်း စိတ်ပါလာသည့်အတွက်
သြဂုတ်လ ၂၈ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီးရှေ့ 
စိတ်အားထက်သန်နေကြသော လူအုပ်ကြီးရှေ့ မှောက်
မှာ နိုင်ငံရေးတရားစတင်ဟောကြား ခဲ့တယ်။သို့သော်
လည်း စစ်အစိုးရက ဓားမိုးအုပ်ချုပ်ထားသော အခြေ
အနေအောက်တွင် မိမိကဲ့သို့ စစ်သား ဟောင်းကြီးများ
က ဦးဆောင်မှု ပေးနေရုံဖြင့် မလုံလောင်ကြောင်းကို
ဦးတင်ဦး သဘောပေါက်ခဲ့သည်။ ဒါ့ကြောင့်လည်း…
"ကျုပ်တို့ စစ်သားဟောင်းကြီးတွေရဲ့  အားထုတ်မှု
လောက်နဲ့ တခြားအင်အားစုတွေကို ပါလာအောင် စည်း
ရုံးလို့မရနိုင်ဘူးဆိုတာ ကို ကျုပ်သဘောပေါက် ခဲ့တော့
တယ် "ထို့နောက်ယခုလိုဆက်ပြောခဲ့ပြန်တယ် …
"ဟုတ်တယ် ကျုပ်တို့အတွက် ခေါင်းဆောင်လိုတယ်
တစ်တိုင်းပြည်လုံးကို စည်းရုံးနိုင်လောက်အောင် အင်
အားတောင့်တင်းတဲ့ ခေါင်းဆောင် မျိုးကို အမှန်တ
ကယ်ပဲ လိုအပ်တယ်။ အဲ့ဒီ ခေါင်းဆောင်မျိုးဟာ ဒီမို
ကရေစီ သဘောတရားကို ပြည့်ပြည့်ဝဝ သဘော
ပေါက်နိုင်မယ့် ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ လူမျိုး
ပဲဖြစ်ရမယ် "
ဦးတင်ဦးရင်ထဲလည်း သင့်တော် ကောင်း
မွန်တဲ့ ခေါင်းဆောင်ကို မျှော်လင့်နေတာ အထင်အရှား
ပါပဲ။ သူ၏ မိတ်ဆွေတစ်ယောက်မှ ရွှေတိဂုံ စေတီ
တော်ကြီးတွင် ဟောပြောခဲ့သော ဒေါ်အောင်ဆန်းစု
ကြည့်၏ မိန့်ခွန်း အသံသွင်းထားသည့်တိတ်ခွေကို
ဖွင့်ပြလိုက်လေသည်။ဒေါ်အောင်ဆန်းစုကြည်၏ အသံ
တိတ်ခွေကို နားထောင်ပြီး အောက်ပါ အတိုင်း မှတ်
ချက်ပြု ခဲ့တယ်………
"သူ့ရဲ့ စကားလုံးတွေဟာ သိပ်
ပြီးအားပါတယ်။ပြတ်သားရှင်းလင်းနေတယ်။ ဗလုံးဗ
ထွေးပြောတာလည်း တစ်ခုမှ မရှိဘူး။နိုင်ငံခြားမှာ အ
ကြာကြီးသွားနေပြီး မြန်မာပြည်ကို ပြန်ရောက်တဲ့သူ
တွေဟာ မြန်မာစကားကို ကောင်းကောင်း မပြော
တက်တော့တာများတယ်။ သူ့ကျတော့ မြန်မာစကား
ကို ပီပီသသတင်မကဘူး တဖက်သားနားထဲကို လျှော
ကနဲ့ ဝင်သွားအောင် ရေရေ လည်လည် ပြောတက်
တယ်။ဒီလို လူမျိုးက အတော်ရှားတယ်။ပြီးတော့သူက
ပြည်သူတွေ ဒီမိုကရေစီ တောင်းတနေကြတယ်ဆို
တာကို သဘောပေါက်ပြီး သူတို့လိုချင်တဲ့ ပန်းတိုင်ဆီ
ကိုလည်း စည်းရုံးခေါ်ဆောင်သွားဖို့ ရည်ရွယ်ထားခဲ့ပုံ
လည်းရတယ်။ သူ့လို လူမျိုး ကို ခေါင်းဆောင်မတင်
လို့ ဘယ်လို လူမျိုးကို ခေါင်းဆောင် တင်ကြမှာလဲ။ဒီ
အမျိုးသမီးဟာ မြန်မာပြည်သူ ပြည်သားတွေ သွားချင်
တဲ့ပန်းတိုင်ကို ခေါ်ဆောင် သွားနိုင်မယ့် တကယ့်ခေါင်း
ဆောင်အစစ်ပါပဲ "ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟော
ပြောတဲ့မိန့်ခွန်းကို နားထောင်ပြီး မှတ်ချက်လည်းပေး
သူလိုချင်တဲ့ခေါင်းဆောင်မျိုးဆိုတာသဘောပေါက်ပြီး
တခါတည်း ခေါင်းဆောင်အဖြစ်ပါ သတ်မှတ်ပေးခဲ့
တယ်။ ( ဒေါ်အောင်ဆန်းစုကြည်ဟာ လွယ်လွယ်နဲ့
ခေါင်းဆောင်မဟုတ်ခဲ့ဘူးဆိုတာ သူမ၏ ထိုစဉ်အချိန်
က လုပ်ဆောင်မှုတွေကို ဦးဝင်းတင်အပါဝင် အခြားသူ
အဖြစ်အပျက်များကို အလျှင်းသင့်သလို နောင်အခါတွေ
ဖော်ပြ ပါအုံးမည်။)
ထိုအချိန်က ဦးတင်ဦး၏ အပေါင်းသင်း မိတ်ဆွေ
များသည်လည်း တော်လှန်ရေးကြီး အောင်မြင်နိုင်ရန်
အတွက် မြန်မာပြည်နေရာ အနှံ့တွင် ပေါ်ပေါက်နေ
သော အုံကြွ မှုများကို တစ်စု တစ်စည်းထဲဖြစ်အောင်
ဦးဆောင်သွားနိုင်မည့် ခေါင်းဆောင်မျိုး မရှိနိုင်ဟု ယူဆ
ကာ စိတ်ဓာတ်ကျလျှက် ရှိနေကြသည်။ ဦးတင်ဦးသာ
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို နားထောင်မိ၍
သူလိုချင်သော ခေါင်းဆောင် ရပြီဟု ယူဆကာ အပျော်
ကြီး ပျော်နေခဲ့သည်။နောက်ဆုံတွင် မိမိတစ်ယောက်
ထဲ ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ ဆုံ
ရန်ဆုံးဖြတ်ကာ သွားနွေ့ခဲ့လေသည်။ ထိုအကြောင်းကို
ဦးတင်ဦးမှ…………
"ကျုပ်လည်း တစ်ယောက်ထဲ ထွက်လာ
ခဲ့ပြီး သူမအိမ်ရဲ့ ဧည့်ခန်းက ဆိုဖာခုံ ထောင့်ကွေးမှာ
ထိုင်ပြီး စောင့်နေခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ အခန်းထဲက
ထွက်လာပြီး"မင်္ဂလာပါ ဦးလို့ "ဒေါ်စုရဲ့ နှုတ်ဆက်သံ
ကို ကြားရတယ်ဆိုရင်ပဲ ကျုပ်ရင်ထဲ မှာ လှပ်ခနဲ ခံစား
လိုက်ရတယ် "လို့ ဒေါ်အောငါဆန်းစုကြည်နဲ့ တွေ့စဉ်
ခံစားမှုကို ပြောပြခဲ့တယ်။
စစ်သားဟောင်းကြီး ဦးတင်ဦးသည် သူ၏ ပထမ
ဆုံးတပ်ရင်းမှုးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးနှင့်
မျက်နှာ ချင်းဆိုင်ထိုင်ကာ တိုင်းရေး ပြည်ရေး ကိစ္စများ
ကို ဆွေးနွေးခဲ့ကြလေသည်။ ထိုအကြောင်းကိုလည်း
ဦးတင်ဦးက "သူမရဲ့  ပြောပုံ ဆိုပုံ မျက်နှာပေး နဲ့ အမူ
ရာတွေအားလုံး ဖအေနဲ့ ချွတ်စွပ် တူနေတော့တာပါပဲ
ဗျာ။တစ်ခါ တစ်ခါ ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင်က
သူ့ရဲ့ ခံစားချက်တွေကို တိုက်ရိုက်ပြော နေသလားလို့
တောင် ထင်မိတော့တယ် "
……"သူ့ဟော ပြောချက်ထဲမှ ကြားခဲ့ရတဲ့အတိုင်း
လွတ်လပ်ရေးနဲ့ လူ့အခွင့်အရေးတွေကို ရဖို့ ဆိုရင် တစ်
ဦးတစ်ယောက်ရဲ့ ကြိုးပမ်းမှုနဲ့ မလုံလောက်ဘူး။ အား
လုံးက တက်ညီ လက်ညီနဲ့ ဝိုင်းဝန်းကြိုးပမ်းဖို့ လိုတယ်
လို့ပြောလာတယ်။ ကျုပ်ကလည်း သဘောပေါက်ပါပြီ
ဆက်ပြီး ချီတက်ကြတာပေါ့ ။အတူ လက်တွဲပြီး အလုပ်
လုပ်ကြတာပေါ့လို့ ပြန်ပြောခဲ့တယ်။ ဒီလိုနဲ့ပဲ ကျနော်
တို့ရဲ့ စကားက ဆုံးသွားခဲ့တော့တယ် "
သူတို့နှစ်ဦးရဲ့ စကားဝိုင်းဟာ လိုရင်းတိုရှင်း သာ
ဖြစ်ခဲ့ကြတယ် ။ တစ်ယောက်ကလည်း စစ်သားပီပီ
လိုရင်းကိုသာ ပြောသွားတယ် 'တစ်ယောက်ကလည်း
ဗိုလ်ချုပ်သမီးပီပီ ဘွင်းဘွင်း ရှင်းရှင်းသာ ပြောဆိုခဲ့
လေသည်။သို့သော အချို့ သော ရင်တွင်းစကား
တွေကို သိုသိပ်ထားခဲ့ကြလေသည်။ ထို့နောက်
ဦးတင်ဦးက နှုတ်ဆက်ကာ ထပြန်တော့မည် ပြု ကာမှ
ဒေါ်အောင်ဆန်းစုကြည်က ယခုလို မေးလာခဲ့သည်။
"အန်ကယ် ကျမဖေဖေ နဲ့တွေ့ဖူးဘူးလား သိကော
သိလား"ဟုမေးရာ ဦးတင်ဦးကလည်း "မသိပဲနေပါ့
မလားကွယ် ။ ဗိုလ်ချုပ်ကို ပထမဆုံးတွေ့ဖူးတာက ဗိုလ်
သင်တန်းပြီးလို့ ဗိုလ်ဖြစ်ကာစ အချိန်ပေါ့ ။နောက်ဆုံး
တွေ့ဖူးလိုက်ရတာကတော့ ဗိုလ်ချုပ်က လွှတ်တော်
ကိုယ်စားလှယ်အနေနဲ့ မေမြို့ မှာ ဆုံခဲ့ကြတာပါပဲ။အဲ့ဒိ
တုန်းကတော့ ဗိုလ်မှုးဖြစ်နေပြီ။ ဗိုလ်ချုပ်ကို ယွန်းဟေး
နယ်က စော်ဘွားတစ်ယောက်နဲ့ အတူ တွေ့လိုက်ရတာ
ဟုတ်တယ် အဲ့ဒိ တုန်းက ဒေါ်ခင်ကြည်လည်း ပါခဲ့
တယ်။ အဲ့ဒိအချိန်ဟာ ဗိုလ်ချုပ်ကို အသက်ရှင်လျှက်
နောက်ဆုံး တွေ့ခဲ့ရတာပါပဲ "ဆက်၍ ဒေါ်အောင်ဆန်း
စုကြည်က အဲ့ဒိတုန်းက သူတို့ သမီးငယ်ငယ်လေး တစ်
ယောက် ချီလာတာကိုရော တွေ့ခဲ့ရသေးလား "
"အဲ့ဒါကိုတော့ ဦးလည်း သတိမထားမိခဲ့ဘူး "သို့
ဖြင့် ရှေးဟောင်းနှောင်းဖြစ်များကို ပြောဆိုကြရင် ပိုမို
ရင်းနှီးလာခဲ့ကြလေသည်။
ထို့နောက်ဗိုလ်ချုပ်ကြီး တင်ဦးက ဗိုလ်ချုပ်အောင်
ဆန်းသည် တိုင်းပြည် တည်ဆောက်ရေးကို ဆုံးခန်း
တိုင်အောင် ဆောင်ရွက်မသွား နိုင်သည့် အတွက် ဝမ်း
နည်းမိကြောင်း ပြောဆို ခဲ့သည်။ "ဒါ့ကြောင့်မို့ ဗိုလ်
ချုပ်သမီး ဖြစ်သူကို ထောက်ခံရတာ ပေါ့ဗျာ ။ဗိုလ်ချုပ်
အောင်ဆန်းက ပထမ လွတ်လပ်ရေး ရယူပေးခဲ့သလို
သမီးဖြစ်သူကလည်း ဒုတိယ လွတ်လပ်ရေးကို ယူပေး
မှာ သေချာ ပါတယ် "ပြောဆိုခဲ့လေသည်။ နောက်
ပိုင်းတွင်တော့ ဦးတင်ဦးသည် ထောင်အနှစ် ၂၀ ကျ
ခဲ့ရပြီး NLD ပါတီဝင်များထဲတွင် မယိမ်းမယိုင် မှန်ကန်
ဖြောင့်မတ်စွာ ရပ်တည်၍ လာခဲ့သူ တစ်ဦးလည်း ဖြစ်
သည်။
ဤသည်မှာ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးနှင့်
ဒေါ်အောင်ဆန်းစုကြည်တို့ စတင် ရင်းနီး တွေ့ဆုံခဲ့ကြ
ပုံများပင်ဖြစ်လေသည်။
လေးစားစွာဖြင့်
ဟိန်းတေဇ
↧
↧
ယုတ်တိုင်းမယုံမိစေနဲ့…
$
0
0
ယုတ်တိုင်းမယုံမိစေနဲ့…
***
တောင်သူဦးကြီး နှစ်ယောက် လက်ထိပ်တွေရော ခြေကျင်းတွေပါ အခတ်ခံထားရတဲ့ ပုံတပုံကို လူတယောက်က တင်တယ်။ အဲဒီ ဓာတ်ပုံနဲ့ အတူ တွဲဘက်ရေးထားတဲ့ စာပိုဒ်က…
“စပါးဈေးကျလို့ NLD အစိုးရကို ..
ဆန္ဒပြမိတဲ့ တောင်သူဦးကြီးတွေ ..
မြင်တွေ့ရတာ အရမ်းဝမ်းနည်းမိတယ်
သံခြေချင်းတွေရော ၊ လက်ထိပ်တွေရောနဲ့ ..”
***
အဲဒီ စာသားပါတဲ့ အဲဒီ ဓာတ်ပုံကို ထပ်ဆင့် ဖြန့်ဝေကြသူတွေ အခု ဒီစာကို ရေးနေချိန် အထိ လူ သုံးထောင် နီးပါး ရှိပါတယ်။ စကားတွေ ကားကုန်ကြတာလဲ မနည်းမနောပါပဲ။ ဒါဆိုရင် ဖြစ်စဉ် အမှန်က ဘာလဲ…၊ အဲဒီ ဖြစ်စဉ် အမှန်နောက်ကိုရော လိုက်ကြည့်မိကြသေးလား…။
တကယ်တော့ အဲဒီ ဓာတ်ပုံထဲက တောင်သူတွေရဲ့ ဇာတ်လမ်းက ဒီလိုပါ။
အဲဒီတောင်သူတွေက ဦးသိန်းစိန် လက်ထက် ၂၀၁၅ ခုနှစ် စက်တင်ဘာလမှာ စွန်ရဲအင်းစိုက်ကွင်းက ယာမြေတွေ ပေါ်မှာ ထွန်တုံးတိုက်ပွဲ ဆင်နွှဲကြပါတယ်။ အဲဒီယာမြေတွေက သူတို့ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်ခဲ့ကြတဲ့ မြေလို့ ဆိုပါတယ်။
၁၉၇၀ ခုနှစ်လောက်ကတည်းက လယ်/ဆည် ၀န်ကြီးဌာနက သိမ်းယူထားခဲ့ပြီးတော့ တောင်သူတွေက သီးစားစနစ်နဲ့ လုပ်ကိုင်ခဲ့ရာကနေ ဦးသိန်းစိန် အစိုးရလက်ထက်မှာ မုဒုံမောင်မောင် ဆိုတဲ့ ကုမ္ပဏီကို ၂၀၁၄ ခုနှစ်မှာ အနှစ် ၂၀ လုပ်ကိုင်ခွင့် အငှားချပေးလိုက်ပါတယ်။ ဒါကို မကျေနပ်လို့ လွတ်နေတဲ့ မြေပေါ်မှာ ထွန်တုံးတိုက်ပွဲ ဆင်နွှဲတယ် ဆိုတာတွေ ဖြစ်ကြပြီးတော့ မုဒုံမောင်မောင် ကုမ္ပဏီက တရားစွဲဆိုခဲ့တဲ့ အမှုတွေပါ။ တရားစွဲထားတာ ၂၀၁၅ ဒီဇင်ဘာလ ကတည်းပါ။
အဲဒီ အမှုကို ဒီဘက် အစိုးရသစ်လက်ထက်ကို ရောက်ပြီး ၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ ရောက်မှ ထောင်ဒဏ် နှစ်လ အမိန့်ချပါတယ်။ ဒါ့အပြင် ဦးပိုင်ကုမ္ပဏီ လိမိတက်ကလဲ အဲဒီ တောင်သူတွေကို တရားစွဲထားတာ ရှိသေးတယ်လို့ သိရတယ်။
***
ပြောချင်တာက ဓာတ်ပုံကို ဖြန့်ပြီး ရေးထားတဲ့ စာသားထဲကလို စပါးဈေးကျလို့ တောင်သူတွေက ဆန္ဒပြလို့ NLD အစိုးရက ထောင်ချတယ် ဆိုတာ လုံးဝ မဟုတ်ပါဘူး။
ပို့စ်ကို မူရင်းတင်သူက ဘာလို့ အဲဒီလို မဟုတ်မမှန် ရေးပြီး တင်တာလဲ ဆိုတာကတော့ ကာယကံရှင်ကိုယ်တိုင်က သူ့ကိုယ်သူ အသိဆုံးနေပါလိမ့်မယ်။
ဒါပေမယ့် တကယ့် သတင်းရင်းမြစ်ကိုလဲ မသိ၊ သိအောင်လဲ မကြိုးစား၊ တချို့ကျတော့လဲ တမင်ကို လိမ်နေမှန်း သိသိကြီးနဲ့ကို အဲဒီ အလိမ်အညာကိုပဲ မီးစာလုပ်ပြီး ဆူပူအောင် ဆွ…။
***
စိတ်ထားတွေ အောက်တန်းကျတော့ လုပ်ရပ်ပါ ယုတ်ဖို့ ၀န်မလေးကြတော့ဘူး။ ဒီအစိုးရပြုတ်ရင် ပြီးရော ဘာလုပ်ရလုပ်ရ ဆိုတဲ့ လူတန်းစားတွေကို မြင်ရတဲ့ အခါ သူတို့ စိတ်ထားတွေကို ရွံချက်က နှိုင်းစရာ စကားလုံးတောင် မရှိဘူး။
တကယ်တော့ ကျွန်တော်တို့ တိုင်းပြည် ကမ္ဘာ့အလယ်မှာ အောက်ကျနောက်ကျ နိုင်ခဲ့ရတာက အဲဒီလို အောက်တန်းစားစိတ်မျိုးနဲ့ လူစားတွေ ကြီးစိုးခဲ့လို့ ဖြစ်ခဲ့ရတာပဲ။ နောက်ထပ်လဲ ဘယ်လောက်တောင် ခြေရှုပ်၊ တို့မီးရှို့မီးတွေ လုပ်ကြဦးမယ် မသိပါ။
***
ပြောခဲ့ဖူးသလိုပါပဲ။
ကိုယ်စားရမယ့် ထမင်းတလုတ်အတွက် တိုင်းပြည်တခုလုံးကိုပါ မီးရှို့ဖို့ ကြံစည်နေကြတယ် ဆိုတာ တော်ယုံယုတ်တဲ့ စိတ်ထားမျိုးတွေ မဟုတ်ဘူး။
အဲဒီလိုလူတွေကို ကျွန်တော်တို့ ပြည်သူတွေ သတိထားစေချင်ပါတယ်။ သူတို့ ဖွတိုင်း စွတ်မယုံမိပါစေနဲ့…။
***
ချစ်ခြင်းမေတ္တာဖြင့်…
ကလိုစေးထူး
မေလ ၁၈ ရက်၊ ၂၀၁၇ ခုနှစ်။
ဒေသစံတော်ချိန် ညနေ ၅ နာရီ ၄၄ မိနစ်။
↧
“အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်” ဆိုလိုက်တဲ့ ကိုစိုးထိုက်(ဖဒို)
$
0
0
ဒုက္ခရောက်နေတဲ့ မိန်းကလေးငယ်များကို ကူညီစောင့်ရှောက်ရင်း Single Mother အစီအစဉ်ကို
 အကောင်းဆုံး၊အတက်နိုင်ဆုံးပုံဖော်နေတဲ့ ကိုစိုးထိုက်​(ဖဒို) ရေးခဲ့တဲ့ မနေ့က (၁၇.၅.၂၀၁၇)Status ကို ဝေဖန်မှုတွေအတွက် ပြန်လည်ဖြေရှင်းခဲ့တာကိုဖေါ်ပြလိုက်ပါတယ်။
“ ကျွန်​​တော်​ ​တည်းဟူ​သော လူတစ်​​ယောက်​​ကြောင့်
လူသိန်း​ပေါင်းများစွာ အကုသိုလ်​စိတ်​ဖြစ်​သွားကြတယ်​ဆိုတဲ့
အ​တွေးဟာ ကျွန်​​တော့်​ကို တကယ်​ပဲ ပြိုလဲ​စေပါတယ်​..
ရေးသမျှပို့စ်​တိုင်းဟာ ကျွန်​​တော်​ နာမည်​ကြီးချင်​တာမျိုးမဟုတ်​ဘဲ
ညီငယ်​​တွေ ညီမငယ်​​တွေ မမှားကြရ​လေ​အောင်​​စေတနာ
ထားခဲ့တယ်​ဆိုတာ ပွင့်​ခဲ့တဲ့ဘုရားအဆူဆူကို ကြိမ်​တွယ်​ပြ၀ံ့တယ်​..
ဒီ​နေ့အင်​တာဗျူး​ဖြေရင်း ကျွန်​​တော်​ ဆက်​မ​ဖြေနိုင်​​လောက်​​အောင်
ငိုခဲ့ရတယ်​..ကျွန်​​တော်​ တကယ်​နာကျင်​ပါတယ်​..
ဘ၀တစ်​ခုလုံးနဲ့ ရင်းထားရတဲ့ အလုပ်​ဆိုတာ ကိုယ်​သာအသိဆုံး..
နေရပ်​လိပ်​စာ လုံးဝမ​ပြောဘဲထားခဲ့တဲ့ ဒီ ၇ တန်း​ကျောင်းသူ​လေးကို
ပတ်​၀န်းကျင်​မှာ အရှက်​ရပါပြီဆိုပြီး ၀ိုင်း​ပြောကြတာကို
ကျွန်​​တော်​ တကယ်​နားမလည်​ပါဘူး..
ဒီ​ကျောင်းသူ​လေးက ဘယ်​ဇာတိကဖြစ်​ပြီး ၊
အခု​ရော ဘယ်​​ရောက်​​နေလည်း ဘယ်​သူသိလို့လဲ..
သူ့စိတ်​နဲ့သူ က​လေးလာ​မွေးတာကို ကျွန်​​တော်​ဖျက်​မချခိုင်းခဲ့တာ
ကျွန်​​တော်​သိပ်​မှားသွားသလား..
သူ့ဘ၀​လေးကို ကျွန်​တော်​နိုင်​သ​လောက်​ ပြုစုပျိုး​ထောင်​​ပေးမယ်
ဆိုတာ မှားယွင်းသွားသလား..
ကျွန်​​တော်​ဆိုတာ ဘယ်​လိုလူမျိုးလည်းဆိုတာ​တောင်
မသိခဲ့တဲ့လူ​တွေက မ​နေ့ကပိုစ့်​​တစ်​ခုထည်းကိုကြည့်​ပြီး
ဘာာ​ကြောင့်​များ အားရ၀မ်းသာ ထိုးနှက်​​နေကြတာလဲ..
ကျွန်​​တော်​ဟာ မုဒိန်းသမားထက်​​တောင်​ ပိုဆိုး​နေသလို
လူ​တွေက ၀ိုင်း​ပြောကြတာ ကျွန်​​တော်​ တကယ်​နာကျင်​တယ်​..
ကျွန်​​တော့်​​ဂေဟာကို ဘယ်​သူငယ်​ချင်းမှ​တောင်​​ခေါ်မသွားဘူး...
ညီမ​လေး​တွေ privacy ကို ကျွန်​​တော်
ဘယ်​​လောက်​ထိမ်းတယ်​ဆိုတာ ရင်းနှီးသူ​တွေသိပါတယ်​..
(ကျွန်​​တော်​​တောင်​ ကိစ္စမရှိဘဲ ​ဂေဟာထဲမ၀င်​ဘူး..)
ကျွန်​​တော်​ ​စေတနာထားပါတယ်​..
ကိုယ့်​ဇနီးထက်​ ကိုယ့်​ညီမထက်​ ကို ပိုပြီး ​စေတနာထားခဲ့တယ်​..
၅ လပိုင်း ၂၃ ရက်​​နေ့ဟာ ကိုယ်​တို့အိမ်​​ထောင်​သက်​ ၇ နှစ်​ပြည့်
ဆိုတာကို ​မေ့​နေပြီး
(ဇနီးက​ပြောမှ သတိရတယ်​..)
ညီမ​လေး ၇ ​ယောက်​ရဲ့ ဂျူးဒိတ်​ကိုပဲ
အလွတ်​ရ​နေခဲ့​လောက်​​အောင်​ ကျွန်​​တော်​ ဒီထဲမှာ
စိတ်​နှစ်​ထားတယ်​..
ကိုယ့်​ကို အား​ပေးဝန်းရံကြတဲ့ မိတ်​​ဆွေ​တွေကို မျက်​နှာပျက်​​စေခဲ့လို့
ဒီက​နေပဲ အနူးအညွှတ်​ ​တောင်းပန်​ပါတယ်​..
ကိုယ့်​ရဲ့ ကာယကံ ၀ဇီကံ မ​နောကံနဲ့ လုပ်​သမျှအရာတိုင်းကို
ကြားရသူအ​ပေါင်း နှလုံးစိတ်​၀မ်း ​အေးချမ်း​စေချင်​သူပါ..
အခုလို ကိုယ့်​​ကြောင့်​ လူ​ပေါင်းသိန်း သန်းချီပြီး
အကုသိုလ် ​စိတ်​​တွေဖြစ်​ခဲ့ရတာကို စိတ်​မ​ကောင်းပါဘူး..
ဘာပဲ​ပြော​ပြော ကျွန်​​တော်​ အားလုံးကို ​တောင်းပန်​ပါတယ်​..
လူငယ်​အ​လျောက်​ ရုတ်​တရက်​ စိတ်​ဆိုးပြီး ကိုယ့်​ကို
ဝေဖန်​သူ​​တွေကို နှုတ်​ပြန်​ထိုးမိ​လို့ အဲဒီလူ​တွေကိုပါ
ရင်​ထဲက​နေလှိုက်​လှဲစွာ ​တောင်းပန်​ပါတယ်​..
အားလုံးကိုနှုတ်​ဆက်​ခဲ့ပါတယ်​..
Good Bye..”
Soe Htike
↧
မိန်းမတစ်ယောက် အနေနဲ့ ကာမ ဆက်ဆံခံရတာ ခံတာ အကြမ်းဖျင်းအားဖြင့် ( ၅ )ချက်ရှိတယ်
$
0
0
မိန်းမတစ်ယောက် အနေနဲ့ ကာမ ဆက်ဆံခံရတာ ခံတာ အကြမ်းဖျင်းအားဖြင့် ( ၅ )ချက်ရှိတယ်…။
( ၁ )ချစ်သူတွေဖြစ်လို့ … (မှတ်ချက်…ချစ်သူဖြစ်တိုင်းတော့မဟုတ်ပါ)
( ၂ )လင်ယောက်ကျားဖြစ်နေလို့ … ဒီနှစ်ချက်က သိပ်ပြောစရာလိုမယ်မထင်ဘူး…အရွယ်ရောက်ပြီးသူတိုင်း သဘောေ ပါက်မယ်ထင်တယ်…။ဒါပေမယ့် ဒီနှစ်ချက်မှာ ရည်ရွယ်ချက်နဲ့ အနာဂတ် တည်ဆောက်မှုအပိုင်းတွေ ပါဝင်တတ်တ ယ် …။ဘဝတစ်သက်သာ ရည်ရွယ်ထားတဲ့ ချစ်သူတွေပဲဖြစ်ဖြစ်…အကြင်လင်မလားပဲဖြစ်ဖြစ်…။ရင်သွေး ကိစ္စနဲ့ သွေးသားဖြေ ရှင်းမှု သစ္စာ စံနှုန်းတွေပါဝင်ပါတယ်…။
( ၃ )ကာမဆန္ဒ ပြင်းထန်လို့…။ ဒီအချက်မှာကြတော့ ခုခေတ်အခေါ် ကြိုက်ကုံးပေါ့လေ…။သူသဘောကျတဲ့သူနဲ့ ခေတ္တခ ဏတွဲမယ်…။ကာမကိစ္စဖြေရှင်းမယ်…။ဒီလောက်ပဲ…။
( ၄ )ငွေကြောင့် … ဒါကတော့ (သွေးသားရင်းနှီး လုပ်ကိုင်စားသူတွေပေါ့…)
( ၅ )ဖိနှိပ်ခံ…အကြပ်ကိုင်ခံ…ခြိမ်းခြောက်ခံ…လှည့်စားခံ …။ ဒီအချက်ထဲမှာ ထင်သာမြင်သာတာက မုဒိန်းကျင့်ခံရ တာေ ပါ့…။ ဒီ ၅ချက်ထဲမှာ ၁နဲ့၂ကလွဲပြီး ကျန်တဲ့ အချက်တွေဟာ အနာဂတ် အစီအစဉ်တွေ မပါတတ်ဘူး…။ တရားဝ င်လက် မထပ်မီ ကာမပြုကြလို့ ကိုယ်ဝန်ရရင်လည်း ချစ်တဲ့သူတွေ ဖြစ်တာကြောင့် …မျက်နှာရဲရဲနဲ့ ဖြစ်သလို လက်ထပ်လိုက်ကြ တာပါပဲ…။(ဒီလို မဖြစ်ဖို့ကလည်း ခုခေတ်ဆေးဝါးတွေ ပေါပါတယ်.။
၃နဲ့၎ကတော့ အတွေ့အကြုံရှိ လုပ်ငန်းသမားတွေလို့ ပြောရမယ်…။သူတို့လည်း ပြသနာမရှိဘူး…။သူတို့ဘာသူတို့ ဖြေရှင်း တတ်တယ်…။သူတို့လိုချင်တာ ယူပြီး မလိုချင်တာကို တားဆီးတတ်တယ်ပေါ့…။
( ၅ )ကျတော့ ပြသနာရှိတယ်…။ကာမလည်း လိုချင်လက်ခံချင်လို့ မဟုတ်ဘူး…။အနာဂတ် မျှော်လင့်ချက်တွေလည်း မပါ ဘူး…။အနိုင်ကျင့်ခံလိုက်ရတာ သပ်သပ်မျှပါပဲ…။
ဒီတော့ အဲဒီ မိန်းကလေးမှာ ဒီအပိုင်းနဲ့ပတ်သပ်ပြီး ဘာပြင်ဆင်မှု ဘာမျှော်လင့်မှုမှာ မရှိဘူး…။ရှက်မယ်…ကြောက် မယ် …။ဒီတော့ သူမုဒိန်းကျင့်ခံထားရတာကို ကွယ်ဝှက်ထားမယ်…။အဲဒီ နောက်ဆက်တွဲ ဆိုးကျိုးက ကိုယ်ဝန်ရလာတာပဲ…။
ဒီတော့ လိင်နဲ့ပတ်သပ်ပြီး ရုပ်ပိုင်းကော စိတ်ပိုင်းကော ထိခိုက်မှုအပြင် …ဘဝပိုင်းထိုးနှက်ချက် တစ်ခု ထက်ရောက်လာ တယ်…။
သူ့ဆီမှာ မလိုချင်ဘဲရတဲ့ ရလဒ်…ပြောမယ်ဆို သူမလိုချင်ဘဲ…ရတဲ့ ကလေး…။ သူရဲ့ မူလစိတ်အခြေအနေဟာ ကာမဆ က်ဆံခံရအမှုအတွက် မိခင်ဖြစ်ဖို့ သားသမီးလိုချင်မှုမပါတာလည်း ကျိန်းသေတယ်…။
ဒါပေမယ့် စိတ်ဆိုတာလည်း ပြောင်းလဲတတ်သလို…ရှိတာကြောင့်…ဒီလို ကိုယ်ဝန်မျိုးအတွက် သူရင်ဆိုင်ရမယ့်…အနာဂ တ်ဖြစ်တာကြောင့် သူကိုယ်တိုင် ဆုံးဖြတ်ခွင့်ရှိတယ်လို့ ကျနော်ကတော့ မြင်တယ်…။ကလေး ယူမလား…မယူဘူး လား… သူ့သဘော…သူ့ကို ဆုံးဖြတ်ခွင့်ပေးသင့်တယ်…။ဒီအပြုအမူအတွက် ကျနော်တို့ဟာ ဘာမှ ဝေဖန်တိုက်ခိုက်စရာ မရှိ ပါဘူး…။
(အမေရိကန် စစ်တမ်းအရ မလိုချင်ဘဲ…အဆင်သင့်မဖြစ်သေးဘဲ…ရတဲ့ ကလေးတွေကို တားဆီးခွင့်ပြုပြီးနောက် မှု့ခင်းေ တွ လျော့နည်းသွားတယ်လို့ ဖော်ပြခဲ့တာလည်း ရှိနေပါတယ်…)
ကျနော်ကတော့ ထိုးကပစ် ယိုးကပစ် ဘဝမျိုးနဲ့ လူသားတစ်ယောက်ကို ဒီလောကထဲ ဆွဲမခေါ်သင့်ဘူးလို့ သုံးသပ်တ ယ်…။
ဒါပေမယ့်…ခံရသူ မဟာ လောကဓံကို ရင်ဆိုင်နိုင်တဲ့ အတွေ့အကြုံရှိ အသက်အရွယ် အပိုင်းအခြားလားဆိုတာ ကျနော်တို့ ကြည့်ရမယ်…။
အရွယ်မရောက်သေးသူဆိုရင် ရုပ်ပိုင်းဆိုင်ရာအရ သားဖွားမှုမှာ ပြသနာတွေရှိမယ်…။သားဖွားပြီးနောက် ရင်ဆိုင်ရမယ့်… တာဝန်တွေ…လူမှုရေး စီးပွားရေး ဒါတွေကို သူအတွက် ထည့်စဉ်းစားသင့်တယ်…။ ခင်ဗျားတို့ ဘယ်လို စဉ်းစားနေ သ လဲ…?
Creidt: မှတ်စုကြမ်း
zeroneo
↧
Viewing all 13796 articles
Browse latest View live
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>