Quantcast
Channel: MP4 YoU
Viewing all 13796 articles
Browse latest View live
ဒေါက်တာညိုညိုသင်း၏ ဆရာ ဆရာမများနှင့်ကျောင်းသားကျောင်းသူများအား ပညာရေးနှင့်မပတ်သက်သောပွဲလမ်းသဘင်များတွင် လုပ်အားပေးပါဝင်စေခိုင်းစေခြင်းကိစ္စနှင့်ပတ်သက်သောအဆို ကန့်ကွက်ခံရ
$
0
0
ဆုပြည့်ဇော် ၊ ရန်ကုန်သြဂုတ် ၁၇
==================================
ဗဟန်းမြို့ နယ်မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာညိုညိုသင်း၏’’ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာဦးစီးဌာနလက်အောက်ရှိ ဆရာ ဆရာမများအားလည်းကောင်း၊ကျောင်းသားကျောင်းသူများအားလည်း ပညာရေးနှင့်မပတ်သက်သော ပွဲလမ်းသဘင်များတွင်လုပ်အားပေးပါဝင် စေခိုင်းခြင်းကိစ္စများအား ယခုမှစ၍ ရှောင်ကြဉ်ရန်တိုက်တွန်းကြောင်းအဆိုကို ယနေ့ကျင်းပသော တိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေး(၂/၂၀၁၅)တွင်တင်သွင်းခဲ့ရာ ကန့်ကွက်ခံရကြောင်းသိရှိရသည်။
အဆိုရှင်ဒေါက်တာညိုညိုသင်းက ‘ကျွန်မ ဒီအဆိုကို၂၀၁၂ ခုနှစ်ကတည်းက တင်ခဲ့တာပါ၊ရည်ရွယ်ချက်ကတော့ အစိုးရရဲ့ အခမ်းအနားတွေမှာဆရာ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေကိုခေါ်ယူအသုံးပြုလို့ အဲ့ဒီအချိန်က ကျောင်းသားလေးတွေပျောက်တာရှိခဲ့တယ်၊ဆရာမ တချို့အနိုင်ကျင့်စော်ကားခံရတာမျိုးရှိခဲ့တယ်၊ဒီဖြစ်စဉ်တွေကို ကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့ ဒီအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်ပါတယ်”ဟုပြောသည်။
အထက်ပါအဆိုအားဗဟန်းမြို့ နယ်မဲဆန္ဒနယ် အမှတ်၁ မှ လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ကြည်မှ ဆွေးနွေးရန်ထောက်ခံခဲ့သောလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ကိုယ်စား စီးပွားရေးနှင့်စီမံကိန်းဝန်ကြီး ဦးသန်းမြင့်က ဆွေးနွေးရန် မသင့်ကြောင်း ကန့်ကွက်ခဲ့သည်။
စီးပွားရေးနှင့်စီမံကိန်းဝန်ကြီး ဦးသန်းမြင့် ‘ပညာရေးဝန်ကြီးဌာနအနေနဲ့ အခြေခံပညာကျောင်းတွေမှာ ဆရာ ဆရာမနဲ့ ကျောင်းသားကျောင်းသူများကို ပညာရေးနဲ့ မသက်ဆိုင်တဲ့ အခမ်းအနားတွေကို မဖြစ်မနေတက်ရောက်ဖို့ အတင်းအကျပ်စေခိုင်းခြင်း၊မသွားရောက်တဲ့အတွက် အပြစ်ပေးခြင်းမျိုး လုံးဝမရှိပါဘူး၊ပညာရေးနဲ့ ဆက်နွှယ်တဲ့ လှုပ်ရှားမှုတွေမှာသာ ဆရာ ဆရာမနဲ့ ကျောင်းသားကျောင်းသူတွေဟာမိမိ၏သဘောဆန္ဒနဲ့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့ သာ သွားရောက်ပါဝင်ခြင်းဖြစ်ပါတယ်၊သို့ဖြစ်သောကြောင့်အဆိုရှင်တင်သွင်းရာမှာလုပ်အားပေးခိုင်းစေခြင်းကိစ္စများအား ယခုမှစ၍ရှောင်ကြဉ်ရန်လို့ဖော်ပြထားတဲ့အတွက် အဆိုအပေါ်ဆက်လက်ဆွေးနွေးမည်ဆိုပါက မိမိတို့အစိုးရအဖွဲ့ အနေဖြင့် ယခင်က အတင်းအကျပ်ခိုင်းစေခဲ့ခြင်းမျိုးရှိနေသယောင်ဖြစ်သည့်အတွက် ပြည်သူများထင်ယောင်ထင်မှားဖြစ်စေနိုင်သည်”ဟုပြောသည်။
ထို့နောက်လွှတ်တော်ဥက္ကဌက နည်းဥပဒေများအရ ဆုံးဖြတ်ရာတွင် ထောက်ခံသူသုံးဦးသာရှိပြီး ခြောက်ပုံတစ်ပုံအထက် မဖြစ်သောကြောင့် လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန်မရှိကြောင်းဆုံးဖြတ်ခဲ့သည်။
The Street View
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တရားဝင် ဝက်ဆိုက်လွှင့်တင်
$
0
0
၁၉..၈..၁၅
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဖြစ် သည့် ဇွန် ၁၉ ရက်နေ့က အစမ်းလွှင့်တင်ခဲ့သည့် အမျိုးသားဒီမိုကရေစီဝက်ဆိုက် http://www.nldofficial.org/ ကို အွန်လိုင်းပေါ်သို့ တရားဝင်လွှင့်တင်
လိုက်ပြီဖြစ်ကြောင်းအဆိုပါပါတီ၏ နည်းပညာတာဝန်ခံ၏ ပြောကြားမှုမှသိရသည်။
-
ပါတီသမိုင်းဝင်ဓာတ်ပုံများ၊ ပါတီဗဟိုနှင့် ပြည်နယ်နှင့်တိုင်း၊ ခရိုင်၊ မြို့နယ်အသီးသီးမှ ပါတီဝင်များ သတင်း၊ လှုပ်ရှားမှုများအသီးသီးကို ယင်းဝက်ဆိုက်တွင် ဖော်ပြပေးသွားမည်ဟုလည်း သိရသည်။
-
"ပါတီဗဟိုတစ်ခုတည်းရဲ့သတင်းပဲမဟုတ်ဘူး။ ပြည်နယ်နဲ့ တိုင်းအသီးသီးက မြို့နယ် တစ်ခုနဲ့ တစ်ခုကို
ဟိုမြို့နယ် က ဘာလုပ်နေတယ် ဆိုတာ ဒီမြို့နယ်က သိစေချင်တယ်။ ဒီမြို့နယ်က ဘာလုပ်နေတယ်ဆိုတာကိုလည်း ဟိုမြို့နယ်က သိစေချင်တယ်။
-
မြန်မာတစ်နိုင်ငံလုံးက ပါတီဝင်တွေ လှုပ်ရှားမှုအားလုံးကို ကွန်ယက်တွေကနေတဆင့် ဝက်ဆိုက်မှာ
 ဖော်ပြပေးမယ်"ဟု ဝက်ဆိုက် နည်းပညာ တာဝန်ခံ ကိုကျော်သီဟက မြန်မာ့ခေတ်ကိုပြောသည်။
-
အဆိုပါဝက်ဆိုက်၏ မိုဘိုင်းဗားရှင်းကို လာမည့် စက်တင်ဘာတွင်
ဆက်လက်လွှင့်တင်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ဇော်ဂျီဖောင့်ဖြင့် ဖတ်ရှုနိုင်မည်သော်လည်း တစ်နှစ်အကြာတွင် ယူနီကုတ်နှင့် English ဘာသာများနှင့်ပါဖတ်ရှုနိုင်ရန် စီစဉ်သွားမည်ဟု သိရသည်။
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဝက်ဆိုက်တည်ထောင်ရန်အတွက် ဦးသိန်းဦး၊ မုံရွာအောင်ရှင်၊ ကိုကျော်သီဟ၊ ကိုနေဘုန်းလတ် နှင့် ဒေါ်ကြည်ဖြူရှင်တို့ပါဝင်သော နည်းပညာအဖွဲ့ကို ဖေဖော်ဝါရီလတွင် ဗဟိုကဖွဲ့စည်းပေးခဲ့ပြီးနောက် ၆ လအကြာတွင်မှ ပါတီ တရားဝင်ဝက်ဆိုက်အဖြစ် လွှင့်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
==========
မြန်မာ့ခေတ်
ဘန်ကောက်ဗုံး၊ သံသယရှိသူ ၂ ဦး ရဲထံ အစစ်ခံ
$
0
0
အ​ဓိ​က ​သံ​သ​ယ​ရှိ​သူ ​ဖြစ်​တဲ့ ​တီ​ရှပ် ​အ​ဝါ​ရောင်​နဲ့​လူ​က ​ကျော​ပိုး​အိတ်​ကို ​ချန်​ထား​ခဲ့။ 
  ဘန်ကောက် မြို့လယ်က တနင်္လာနေ့ ဗုံးခွဲမှုမှာ နောက်ထပ် သံသယ ရှိသူ အဖြစ် သတ်မှတ် ခံရတဲ့ လူ ၂ ယောက်ဟာ ဧည့်လမ်းညွှန်တွေ ဖြစ်ကြောင်း ရဲစခန်းမှာ လာရောက် စစ်ဆေး ခံခဲ့တယ်လို့ ထိုင်း အာဏာပိုင်တွေက ပြောပါတယ်။
ဗုံးပေါက်ကွဲမှု မဖြစ်ခင် အချိန် အနည်းငယ် အတွင်းမှာ ဧရာဝဏ် နတ်ကွန်းအနီး ရှိနေခဲ့တဲ့ သူတို့ ၂ ယောက်ကို စီစီတီဗီ ထဲမှာ တွေ့ကြရတာပါ။
အဲဒီ လူ နှစ်ယောက် ထိုင်ခုံက ထပြီး မကြာမီမှာပဲ အဓိက သံသယရှိသူ ဖြစ်တဲ့ အဝါရောင် တီရှပ်နဲ့လူ ရောက်လာပြီး ကျောပိုးအိတ်ကို ချန်ထား ခဲ့တာပါ။
အခုတော့ ဧည့်လမ်းညွှန်တွေလို့ ဆိုတဲ့ အဲဒီ လူ ၂ ယောက်ကို ရဲတွေက မေးမြန်း စစ်ဆေးနေဆဲ ဖြစ်ပါတယ်။
နတ်ကွန်းအနီး ဗုံးခွဲမှုကြောင့် လူ ၂၀ သေဆုံးခဲ့ပြီး ဒါဇင် အများအပြား ဒဏ်ရာ ရခဲ့ကြပါတယ်။
ဗုံးခွဲမှုမှာ ပါဝင် ပတ်သက်တယ်လို့ သံသယ ရှိရသူပေါင်း ၁၀ ဦး ထက်မနည်း ရှိတယ်လို့ ထိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
တခါ ဒီတိုက်ခိုက်မှုဟာ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်း တစ်ခုခုရဲ့ လက်ချက် မဟုတ်နိုင်ဘူးလို့လည်း ထိုင်း စစ်အစိုးရရဲ့ ပြောခွင့်ရသူ ကာနယ် ဝင်းထိုင်း ဆူဗာရီး Col Winthai Suvaree က ပြောခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
မြသိန်းတန်ဘုရားသမိုင်းကြောင်းပြောပြတဲ့ကလေးမလေး
$
0
0
မြသိန်းတန်ဘုရားသမိုင်းကြောင်းပြောပြတဲ့ကလေးမလေး။ https://www.youtube.com/watch?v=bdyjJ1X14Fg&list=PLWGgeG8PIQ0e8AVsoC7XLysl-aM09vUL5&index=15
Posted by The Melting Pot 4 U on Thursday, 20 August 2015
အပါယ်ရောက်ကြောင်း အလှူဒါန(၁၀)ပါး
$
0
0
၁။ သမဇ္ဇဒါန- ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )
၂။ မဇ္ဇဒါန- သေရည်သေရက်အလှူ
၃။ ဣတ္ထိဒါန- မိန်းမအလှူ
၎။ ဥသဘဒါန- နွားလား၊ မြင်းလား အလှူ
၅။ စိတ္တကမ္မဒါန- ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ
၆။ သတ္ထဒါန- လက်နက် ခဲယမ်းမီးကျောက် အလှူ
၇။ ၀ိသဒါန- အဆိပ်အလှူ
၈။ သင်္ခလိကဒါန- လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ
၉။ ကုက္ကုရ သူကရ ဒါန- ကြက် ၀က် သားကောင်အလှူ
၁၀။ တုလာကူဋ မာနကူဋ- ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူတို့ဖြစ်ပါတယ်။
၁။ သမဇ္ဇဒါနလို့ခေါ်တဲ့ ကချေအလှူ (အငြိမ့်ဇာတ်ပွဲအလှူ)ကတော့ ယခုခေတ် ရှင်ပြု ရဟန်းခံ ပွဲတွေမှာ များစွာမှတွေ့ရပါတယ်။ ဆိုင်းဝိုင်းတွေ ဇာတ်ပွဲတွေထည့်သွင်းပြီး ကျင်းပကြပါတယ်။ ရင်နှီးသူအချင်းချင်းလည်း “သူငယ်ချင်း’’ မင်းရဲ့ ရှင်ပြု ရဟန်းခံ ပွဲမှာ ငါလည်း ကုသိုလ်ဖြစ်စေဖို့ ဇာတ်ပွဲလေး ဆိုင်းလေးတော့ထည့်ဝင်လှူဒါန်းပါရစေဆိုပြီး” အပြစ်ကင်းတဲ့အလှူဟု ထင်မှတ်ပြီး အပြစ်မကင်းသော အပ္ပါယ်လေးပါးရောက်စေတတ်သော မကောင်းသော အလှူကိုပေးလှူတတ်ကြပါတယ်။
အဲဒီအလှူဒါနသည် ကုသိုလ်မရသည့်အပြင် အပါယ်လေးပါးကိုရောက်စေတတ်ပါသောကြောင့် အားလုံးသော ဒကာ ဒကာမ များ ထိုထိုသော အလှူကိုမပေးလှူမိဖို့ သတိပေးလိုပါတယ်။
၂။ သေရည်သေရည် (ဘီယာ ထန်းရည် ဆေးခြောက်)လို့ခေါ်တဲ့ မဇ္ဇဒါနပါ။ အဲဒီအလှူကိုလည်း ယခုခေတ်မှာ အများကြီးတွေ့ရတတ်ပါတယ်။ မိမိရဲ့မွေးနေ့မှာသော်လည်းကောင်း၊ အလုပ်အကိုင်အဆင်ပြေလို့ သော်လည်းကောင်း သူငယ်ချင်း မိတ်ဆွေ များကို ဖိတ်ပြီး သေရည် သေရက် ဘီယာစသည့်ဖြင့် ပေါ့လေ၊ ပြုလုပ်ကောင်း လှူဒါန်းကောင်း အပြစ်ကင်းသည်ဟုထင်မှတ်ပြီး ဒါနပြု ကျွေးမွေးတဲ့အလှူဒါနကိုပြောလိုတာပါ။
တကယ်တော့ အဲဒီဒါနဟာလည်း အပြစ်မကင်းတဲ့ဒါန၊ ကုသိုလ်မရတဲ့ ဒါန၊ အကုသိုလ်ဖြစ်တဲ့ဒါန၊ အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနပါ။ ဒါကြောင့်ထိုထိုသောဒါနကိုလည်း အားလုံးသော ဒကာ ဒကာမများမပေးလှူမိဖို့ သတိပေးလိုပါတယ်။
၃။ ဣတ္ထိဒါန ဆိုတာ မရိုသေစကား ယခုခေတ်အတိုင်းတာနဲ့ပြောရမယ်ဆိုရင် မိမိ၏ မိတ်ဆွေ သူငယ်ချင်း ညီအစ်ကိုများ ကာမဂုဏ်ပျော်ပါးစေဖို့အတွက် မိမိက အခကြေးငွေအကုန်ကျခံပြီး ငှားရမ်းပေးတဲ့ ပြည့်တန်ဆာအလှူဒါနကိုပြောလိုခြင်းဖြစ်ပါတယ်။ အဲဒီလို အခကြေးငွေအကုန်ကျခံပြီးလုပ်လိုက်တဲ့ အလှူဟာလည်း အပြစ်မကင်း ကုသိုလ်မရ အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနဖြစ်လို့ ထိုထိုသော အလှူဒါနမျိုးကို မပေးလှူမိဖို့ သတိပေးလိုပါတယ်။
၎။ နံပါတ်(၄)ကတော့ နွားတို့မှာ ဦးဆောင်နွားလား ..မြင်းတို့မှာလည်း ဦးဆောင်မြင်းလားတို့ကို ပေးလှူတဲ့အလှူဒါနပါ။ ယခုခေတ်မှာအနည်းငယ်ရှားပါးပါတယ်။
၅။ စိတ္တကမ္မဒါန-ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူဆိုတာက မိမိမိတ်ဆွေ အပေါင်းသင်းနဲ့ ဘုန်းတော်ကြီးကျောင်းများသို့ ကာမဂုဏ်စိတ် ကာမရာဂစိတ်တွေဖြစ်ပေါ်စေတတ်သော အမျိုးသမီးဓာတ်ပုံများ၊ ပြက္ခဒိန်များ၊ ပန်းချီရုပ်များကိုပေးလှူတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။ ထိုထိုအလှူသည်လည်း အပြစ်မကင်းသော ကုသိုလ်မရသော အပါယ်လေးပါးရောက်စေတတ်သော အလှူဒါနဖြစ်သည့်အတွက် ထိုအလှူဒါနကိုလည်း မပေးလှူမိဖို့ သတိပေးလိုပါတယ်။
၆။ သတ္ထဒါန-လက်နက် ခဲယမ်းမီးကျောက် အလှူ ဆိုတာက လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်စု ဒါမှမဟုတ် အဖွဲ့တစ်ဖွဲ့စသည်ဖြင့်ပေါ့လေ၊ သတ်ဖြတ်ဖို့အတွက် သေစေနိုင်သော လက်နက်များကို အခမဲ့ လုပ်ပေးခြင်း ပေးလှူခြင်း အလှူဒါနကိုပြောခြင်းဖြစ်ပါတယ်။
၇။ ၀ိသဒါန- အဆိပ်အလှူ ဆိုတာက တစ်ဦးတစ်ယောက် ကိုသေစေလိုသောစေတနာဖြင့် သေစေနိုင်သော အဆိပ် ဆေးများကိုပေးလှူတဲ့ဒါနကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။
၈။ သင်္ခလိကဒါန- လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ ဆိုတာက တစ်ဦးတစ်ယောက်ကိုချုပ်နှောင်ဖို့၊ ဒုက္ခဖြစ်စေဖို့၊ ဆင်းရဲစေဖို့အတွက် လှူဒါန်းတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။
၉။ ကုက္ကုရ သူကရ ဒါန- ကြက် ၀က် သားကောင်အလှူဆိုတာက သူတစ်ပါးအား အသက်ရှင်လျက်ရှိသော ကြက် ဝက် များကို ကိုယ်တိုင်သတ်ပြီးတော့ဖြစ်စေ သူတစ်ပါးအားသတ်စေ၍ဖြစ်စေ ချက်ပြုတ်စားသောက်ရန်အလို့ငှာ လှူဒါန်းတဲ့အလှူဒါနမျိုးဖြစ်ပါတယ်။
၁၀။ တုလာကူဋ မာနကူဋ- ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူဆိုတာက ရောင်းတဲ့(အလေး)တစ်မျိုး၊ ဝယ်တဲ့(အလေး)ကတစ်မျိုး၊ (ချိန်ခွင်နဲ့ဈေးရောင်းသူ)၊ ထို့အပြင် ရောင်းတဲ့(ပြည်တောင်း)ကတစ်မျိုး၊ ဝယ်တဲ့(ပြည်တောင်း)ကတစ်မျိုး(ဆန်ရောင်းသူများ) ဖြစ်စေဖို့အတွက် အလေးချိန်ခွင် ပြည်တောင်းများကိုထုတ်လုပ်ရောင်းချခြင်း၊ ဒါမှမဟုတ် ပေးလှူခြင်း စတဲ့အလှူဒါနမျိုးကိုဆိုလိုပါတယ်။
ယခုဖော်ပြပြီးတဲ့ မပေးလှူကောင်းသော အပြစ်မကင်းသော အပါယ်လေးပါးကိုရောက်စေတတ်သော အလှူဒါနများကို အပြစ်ကင်းသော ကုသိုလ်ရသောအလှူဒါနဟုထင်မှတ်ပြီး ပြုလုပ်ခဲ့မိရင်လည်း နောင်တတွေ စိတ်မချမ်းသာမှုတွေ မဖြစ်ကြပဲ နောင်တစ်ကြိမ်မပေးလှူမိအောင် မပြုလုပ်မိအောင် ဆင်ခြင်ကြစေဖို့ အထူးသတိပေးလိုပါတယ်။
ထိုထိုသို့သော အလှူများက ကုသိုလ်မရသည့်အပြင် အပါယ်လေးပါးကိုရောက်စေတတ်တာကြောင့် အားလုံးသော ဒကာ ဒကာမ များ အထူးရှောင်ကြဉ်ပြီး အပြစ်ကင်းသော ကုသိုလ်ဖြစ်သော ဒါနကောင်းမှု များစွာကို အားထုတ်ကြပြီး သီလ ဘာဝနာ ဝိပဿနာများကိုပါ အချိန်ရသလောက်စောင့်ထိန်း ပွားများနိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အသက်ထက်ဆုံး သာသနာပြုနိုင်သော ပုဂ္ဂိုလ်များဖြစ်ပါစေလို့ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်။
အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)
Credit >>> သုတကမ္ဘာ
ခြေပုန်းခုတ်သူ သတင်း အချက်အလက်များ ပေါက်ကြား
$
0
0
အိမ်ထောင်သည်များ ခြေပုန်း ခုတ်နိုင်အောင် ချိတ်ပေးသော Ashley Madison ၀က်ဘ်ဆိုက်ဒ်သည် ပြီးခဲ့သည့် လပိုင်းက ဟက်ကာ တိုက်ခိုက်ခံခဲ့ရရာ ယခုအခါ ထိုဝက်ဘ်ဆိုက်ဒ်ကို အခကြေးငွေပေးကာ အသုံးပြုနေသူများ၏ နာမည်၊ နေရပ်၊ ဘဏ်ကတ် စသော ကိုယ်ရေး အချက်အလက်များ အွန်လိုင်းပေါ် ဖွင့်ချခံနေရပြီဟု သိရသည်။
Ashley Madison မပိတ်လျှင် သုံးသူ အချက်အလက်များ ဖွင့်ချမည်ဟု ဟက်ကာများက ပြီးခဲ့သည့် လကတည်းက သတိပေးထားရာ ၀က်ဘ်ဆိုက်ဒ်သည် ဆက်လက် လည်ပတ်နေသဖြင့် ယခုကဲ့သို့ ဖွင့်ချလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ ဟက်ကာများသည် Ashley Madison သုံးသူ သတင်း အချက်အလက် စုစုပေါင်း (၉ ဒသမ ၇) ဂစ်ဂါဘိုက်စာ အွန်လိုင်းပေါ် တင်လိုက်ခြင်း ဖြစ်ကြောင်း နည်းပညာ သတင်းဝက်ဘ်ဆိုက် Wired က ဖော်ပြသည်။
Ashley Madison ၀က်ဘ်ဆိုက်ဒ်ကို ကနေဒါ အခြေစိုက် Avid Life Media က ထူထောင်ထားခြင်း ဖြစ်သည်။ ဟက်ကာ တိုက်ခိုက်ကာ သတင်း အချက်အလက် ခိုးယူသွားသူများကို ဖော်ထုတ် ဖမ်းဆီးနိုင်ဖို့ ဥပဒေ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း Avid Life Media ဆိုသည်။
Ashley Madison ၀န်ဆောင်မှုသည် နိုင်ငံပေါင်း (၅၀) ကျော်သို့ ဖြန့်ကြက်ထားပြီး သုံးစွဲသူ (၃၇) သန်းကျော် ရှိသည်။ ဗြိတိန် တစ်နိုင်ငံတည်းကချည်း တစ်သန်းကျော် ပါဝင်သည်။ အိမ်ထောင်သည်များ အနေဖြင့် အိမ်ထောင်ဘက် မသိအောင် တိတ်တိတ်ပုန်း အသစ်ရှာလိုပါက Ashley Madison ၀က်ဘ်ဆိုက်ဒ်သို့ အခကြေးငွေသွင်း၍ ၀င်ရောက်ပြီး အလားတူ ခြေပုန်းခုတ်သော အိမ်ထောင်သည်များနှင့် တွေ့ဆုံကာ ဆန္ဒအကောင်အထည် ဖော်နိုင်ကြသည်။
ဟက်ကာများက သုံးသူ၏ သတင်း အချက်အလက်များ ဖွင့်ချလိုက်သောကြောင့် ခြေပုန်းခုတ်သူတို့ ဘူးပေါ်သလို ပေါ်ကြသလို Ashley Madison ၀က်ဘ်ဆိုက်ဒ်သည်လည်း သုံးသူများ စွန့်ခွာခြင်းနှင့် ကြုံရဖွယ် ရှိနေသည်။
messenger news journal
Apple ရဲ့  Siri ကြောင့် အသက်ရှင်ခွင့်ရခဲ့တဲ့ ဆယ်ကျော်သက်
$
0
0
အမေရိကန်လူမျိုး Sam Ray ဆိုသူ ဆယ်ကျော်သက်ကောင်လေး တစ်ယောက်ဟာ ကားပြင်နေတုန်း ဂျိုင့်လဲပြီး ပြင်နေတဲ့ ထရပ်ကားအောက် ညှပ်နေခဲ့ပါတယ်။ ကံကောင်းစွာပဲ Sam Ray ဟာ သူ့ ရဲ့ iPhone ဘောင်းဘီ နောက်အိတ်ကပ်ထဲ ပါလာတာကို သတိရလိုက်ပါတယ်။
Mr.Ray ဟာ သူ့ ရဲ့ တင်ပါးကို အသုံးပြုပြီး Apple ရဲ့ intelligent personal assistant ( ကွန်ပြူတာ ဥာဏ်ရည်သုံး ကိုယ်ရေးကိုယ်တာ အကူအညီ) Siri ကို ဖွင့်ကာ 911 ကို အသံနဲ့ စေခိုင်းပြီး ဖုန်းခေါ်ဆိုစေခဲ့ပါတယ်။ အဆိုပါ ဖုန်းအ၀င်ကို လက်ခံခဲ့တဲ့ အရာရှိ Christopher Lee ဟာ ပထမတော့ ဖုန်း မှားခေါ်ဆိုမှုလို့ ထင်ခဲ့ပေမယ့် Mr.Ray ရဲ့ ငိုယိုအော်ဟစ်ပြီး အကူအညီတောင်းသံကို ကြားလိုက်ရပါတယ်။
“ ကျွန်တော် သတိလည်သလိုဖြစ်လာတာကို ခံစားမိတယ်။ ကျွန်တော် ဒီကနေ မထွက်နိုင်တော့ဘူးလို့ တောင် ထင်မိတယ်” လို့ Ray က ဒေသတွင်းသတင်းစာ Tennessean ကို ပြောပြခဲ့ပါတယ်။Ray ဟာ နံရိုးသုံးချောင်းကြိုး၊ ကျောက်ကပ် ထိခိုက်ခဲ့ပြီး တတိယအဆင့် လောင်ကျွမ်း ဒဏ်ရာတွေရ ရှိခဲ့ကာ သူသာ ဒီထက်ကြာကြာ ထရပ်ကားအောက် ပိတ်မိနေမယ်ဆိုရင် အသက်ရှင်ဖို့ မျှော်လင့်ချက် မရှိဘူးလို့ ဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။
“ကျွန်တော့်သက်တမ်းတစ်လျှောက်လုံး iPhone ကိုပဲ အသုံးပြုဖြစ်သွားတော့မယ် ထင်ပါတယ်။ ဒီနည်းနဲ့ ပဲ ကျေးဇူးတုံ့ ပြန်ရမှာပေါ့” လို့ Ray က ပြောကြားခဲ့ပါတယ်။
TrendMyanmar
မြန်မာပြည်မှာ ထူးဆန်းအံ့သြဖွယ်ရာတွေဖြစ်ပေါ်နေပြီ(ရေဘေးကြောင့်လွှတ်တော်ရပ်နား)
$
0
0
The Upper hand အထက်လွှတ်တော်
သတင်း = ရွေးကောက်ပွဲနဲ့ ရေဘေးအတွက် အမျိုးသားလွှတ်တော်ကြီးကို ရပ်နားလိုက်သည်။
ကမ္ဘာအဆိုးဝါးဆုံး သဘာဝဘေးတွေ (၂၅) ခုစာရင်းရှိတယ်။ ဘယ်မှာဖြစ်ဖြစ် သက်ဆိုင်ရာတိုင်းပြည်တွေမှာ သဘာဝ ဘေးအန္တရာယ်ကြောင့် ဘယ်လွှတ်တော်၊ ဘယ်ကွန်ဂရက်မှ ရပ်နားရတယ်လို့မရှိပါ။
1. 526 = Antioch Earthquake ဆီးရီးယား ငလျင်
2. 1138 = Aleppo Earthquake ဆီးရီးယား ငလျင်
3. 1348 = The Black Death ဥရောပ ပလိပ်ကပ်
4. 1600s = The Great White Plaque ဥရောပ တီဘီကပ်ရောဂါ
5. 1775 = North American Smallpox Epidemic မြောက်အမေရိက ကျောက်ကြီးရောဂါကပ်
6. 1918 = Spanish Influenza စပိန် တုက်ကွေးရောဂါကပ်
7. 1920 = Haiyuan Earthquake တရုပ် ငလျင်
8. 1931 = Yangtze River Floods ယန်စီမြစ်ရေလျှံခြင်း
9. 1970 = Bhola Cyclone ဘင်္ဂလာဒက်ရှ် ဆိုက်လုန်
10. 1976 = Tangshan Earthquake တရုပ် ငလျင်
11. 1985 = Nevado del Ruiz Volcano Eruption ကိုလမ်ဘီယာ မီးတောင်ပေါက်ကွဲခြင်း
12. 1993 = Hurricane Andrew အာဖရိကအနောက်ဖက်ကမ်းခြေ ဟာရီကိန်း
13. 1994 = North Korean Famine မြောက်ကိုရီးယား အစာရေစာငတ်မွတ်ခြင်း
14. 2000 = Mozambique Flood မိုဇမ်ဘစ် ရေလျှံခြင်း
15. 2001 = Gujarat Earthquake အိန္ဒိယ ဂူဂျရတ် ငလျှင်
16. 2003 = European Heat Wave ဥရောပ အပူလှိုင်း
17. 2004 = Indian Ocean Earthquake အိန္ဒိယသမုဒ္ဒရာ ငလျင်
18. 2005 = Hurricane Katrina အမေရိက ကက်ထရီနာ ဟာရီကိန်း
19. 2005 = Pakistan Earthquake ပါကစ္စတန် ငလျင်
20. 2008 = Afghanistan Blizzard
21. 2008 = Cyclone Nargis နာဂစ် ဆိုက်ကလုန်း
22. 2010 = Haiti Earthquake ဟေတီ ငလျှင်
23. 2011 = East Africa Drought အရှေ့အာဖရိက မိုးခေါင်ခြင်း
24. 2011 = New Zealand Earthquake နယူးဇီလန် ငလျှင်
25. 2011 = Tōhoku Earthquake and Tsunami ဆူနာမီ။
ဒေါက်တာတင့်ဆွေ
၂ဝ-၈-၂ဝ၁၅
https://www.facebook.com/photo.php?fbid=693444790785507&set=a.192997507496907.44630.100003599762468&type=1&theater
ဒေါ်အောင်ဆန်းစုကြည် ရဲ့ မော်တော်ကားနှောင့်ယှက်ခံရမှု အာဏာပိုင်တွေထံ အကြောင်းကြား
$
0
0
ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ မြောင်းမြမြို့နယ်ခရီးစဉ်မှာ တွေ့ရစဉ်။ Photo: RFA
 ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့က နေပြည်တော်မှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် စီးနင်းလိုက်ပါလာတဲ့ မော်တော်ကား နှောင့်ယှက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို တာဝန်ယူထားသူတွေက သက်ဆိုင်ရာ အာဏာပိုင်တွေထံ အကြောင်းကြားထားတယ်လို့ NLD ပါတီ ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက RFA ကိုပြောပါတယ်။
ရန်ကုန်ကနေထွက်ခွာလာတဲ့ ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာတဲ့ ယာဉ်တန်းဟာ နေပြည်တော် ကို ရောက်ခါနီးမှာ တဖက်ကားတစီးက ရုတ်တရက်အရှိန်နဲ့ ကျော်တက်လာပြီး ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာတဲ့ ကားနဲ့ ဘေးချင်းယှဉ်ပြီး နှောင့်ယှက်မောင်းနှင်ခဲ့တာကြောင့် ကားချင်းတိုက်မိမလို ဖြစ်ပွားခဲ့တဲ့ သတင်းတွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ဦးဥာဏ်ဝင်းက အခုလို ပြောကြားတာ ဖြစ်ပါတယ်။
"ကျနော်တို့ ပထမဆုံးကြားတာက အနှောင့်အယှက်ပေးတယ်လို့ကြားတယ်၊ နောက်ပိုင်းမှပြန်ပြီးကြားတာက ဥက္ကဌကိုသိတဲ့ ကားပေါ်ပါတဲ့ပုဂ္ဂိုလ်က နှုတ်ဆက်ချင်လို့ဆိုတဲ့ဟာမျိုး ထပ်ကြားတယ်၊ ဒီဟာနဲ့ပတ်သက်ပြီးတော့ အတိအကျ အတည်ပြုပေးပါဆိုရင်တော့ ကျနော်မပေးနိုင်ဘူး၊ ကျနော်သတင်းက အဲ့ဒီလိုပဲရပါတယ်၊ အဲတော့ ကျနော်တို့ လုံခြုံရေးနဲ့ပတ်သက်တဲ့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက ဒီဟာကို သက်ဆိုင်ရာအာဏာပိုင်တွေကိုလည်း အကြောင်းကြားထားတယ်၊ သူတို့ကိုယ်တိုင်လည်း အကြောင်းရာအချက်အလက် ပိုမိုရရှိဖို့ကြိုးစားဆောင်ရွက်နေ တယ်၊ အဲ့ဒီလိုသိပါတယ်၊ ဥက္ကဌရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ဒီသတင်းက ကျနော်တို့အတွက်လည်း အများကြီး စိတ်အနှောင့်အယှက်ဖြစ်ပါတယ်"
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် NLD ပါတီက တာဝန်ယူဆောင်ရွက်နေတယ် ဆိုပေမယ့် အခု အဖြစ်အပျက်ဟာ အန္တရာယ်ရှိတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်တယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောပါ တယ်၊ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါစီးနင်းလာတဲ့ မော်တော်ယာဉ်တန်းဟာ ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်တုန်းကလည်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီးမှာ တိုက်ခိုက်ခံခဲ့ရဖူးပါတယ်။
RFA Burmese
NLD ​ကိုယ်​စား​လှယ်​လောင်း ​အ​ပယ်​ခံ​ရ​တာ ​ဘာ​ကြောင့်​လဲ
$
0
0
ကိုယ်​စား​လှယ်​လောင်း​တွေ​ကို ​ရွေး​ကောက်​ပွဲ ​ကော်​မ​ရှင် ​စိ​စစ်​နေ
ကိုယ်​စား​လှယ်​လောင်း​ကို ​မွေး​ဖွား​တဲ့ ​အ​ချိန်​က ​သူ့​ရဲ့ ​မိ​ဘ ​နှစ်​ပါး​စ​လုံး ​နိုင်​ငံ​သား ​ဖြစ်​ရ​မယ်​လို့ ​သတ်​မှတ်​ထား​တဲ့ ​ရွေး​ကောက် ​တင်​မြှောက်​ခြင်း ​ဆိုင်​ရာ ​ဥ​ပ​ဒေ ​အ​ရ ​ပယ်​တာ ​ဖြစ်​တယ်​လို့ ​ခ​ရိုင် ​ကော်​မ​ရှင်​က ​ဆုံး​ဖြတ်​တဲ့ ​အ​ကြောင်း ​ဒေါက်​တာ ​ဦး​ဝင်း​မြင့်​က ​ဘီ​ဘီ​စီ​ကို ​ပြော​ပါ​တယ်။
ဒေါက်​တာ ​ဦး​ဝင်း​မြင့်​က ​သူ့​ကို ​မွေး​ဖွား​ခဲ့​ချိန်​မှာ ​သူ့​ရဲ့ ​ဖ​ခင်​ဟာ ​နိုင်​ငံ​ခြား​သား ​ဖြစ်​နေ​ခဲ့​ပြီး ​နောက်​ပိုင်း​မှာ ​နိုင်​ငံ​သား ​ဖြစ်​ခဲ့​တယ်​လို့ ​ပြော​ပါ​တယ်။
တစ်​ပတ်​အ​တွင်း ​အ​ယူ​ခံ ​တင်​ခွင့် ​ရှိ​တဲ့ ​အ​တိုင်း ​သူ့​အ​နေ​နဲ့ ​အ​ယူ​ခံ​ဝင်​သွား​မယ်​လို့​လည်း ​ဆို​ပါ​တယ်။
၂၀၀၈ ​အ​ခြေ​ခံ ​ဥ​ပ​ဒေ ​မ​ပြ​ဌာန်း​ခင် ​နိုင်​ငံ​သား ​ဖြစ်​ခဲ့​ပြီး​သား​သူ​ကို ​နိုင်​ငံ​သား ​ဖြစ်​တယ်​လို့ ​သတ်​မှတ်​ထား ​ကြောင်း ​ဒေါက်​တာ ​ဦး​ဝင်း​မြင့်​က ​ပြော​ပါ​တယ်။
ဒါ​ကြောင့် ​ရွေး​ကောက်​ပွဲ ​ကော်​မ​ရှင်​ရဲ့ ​ဥ​ပ​ဒေ​ဟာ ၂၀၀၈ ​အ​ခြေ​ခံ ​ဥ​ပ​ဒေ​နဲ့ ​ကွဲ​လွဲ​နေ​တယ်​လို့ ​သူ​က ​ပြော​ပါ​တယ်။
ဒါ​ပေ​မဲ့ ​ရွေး​ကောက်​ပွဲ ​ကော်​မ​ရှင် ​ဘက်​က​တော့ ​နိုင်​ငံ​သား ​ဖြစ်​ခွင့်​နဲ့ ​ရွေး​ချယ် ​တင်​မြှောက် ​ခံ​ပိုင်​ခွင့် ​ဆို​တာ ​မ​တူ​တဲ့ ​အ​ကြောင်း ​ပြော​ပါ​တယ်။
ရွေး​ကောက်​တင်​မြှောက်​ခံ​နိုင်​ခွင့် ​ရှိ​သူ ​ဆို​တာ​ဟာ ​နိုင်​ငံ​သား ​မိ​ဘ ​နှစ်​ပါး​က ​မွေး​ဖွား​သူ ​ဖြစ်​ရ​မယ်​လို့ ​ဥ​ပ​ဒေ ​ပြ​ဌာန်း​ထား​တာ ​ဖြစ်​ပြီး၊ ​နိုင်​ငံ​သား ​မ​ဖြစ်​သေး​သူ ​မိ​ဘ ​နှစ်​ပါး​လုံး​က ​ဖြစ်​စေ၊ ​နိုင်​ငံ​သား ​မ​ဖြစ်​သေး​တဲ့ ​မိ​ခင် ​ဒါ​မှ​မ​ဟုတ် ​ဖ​ခင်​က ​ဖြစ်​စေ ​မွေး​ဖွား​ခဲ့​သူ​ဟာ ​ရွေး​ကောက်​ခံ​ပိုင်​ခွင့် ​မ​ရှိ​ဘူး​လို့ ​ရွေး​ကောက်​ပွဲ ​ကော်​မ​ရှင်​ရုံး ​ညွှန်​ကြား ​ရေး​မှူး ​ဦး​သောင်း​လှိုင်​က ​ပြော​ပါ​တယ်။
ဒီ​ဥ​ပ​ဒေ ​အ​တိုင်း ​ပြီး​ခဲ့​တဲ့ ၁၉၉၀ ​ရွေး​ကောက်​ပွဲ​မှာ​ရော ၂၀၁၀ ​ရွေး​ကောက်​ပွဲ​မှာ​ပါ ​ကျင့်​သုံး​ခဲ့​တာ ​ဖြစ်​တယ်​လို့​လည်း ​သူ​က ​ပြော​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
NDF နဲ့ DPNS တို့ရဲ့ ရွေးကောက်ပွဲ မျှော်လင့်ချက်
$
0
0
DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ NDF ခေါင်းဆောင် ဦးခင်မောင်ဆွေ။ (ဝဲမှယာ)
NDF နဲ့ DPNS ပါတီတွေအနေနဲ့ အခုလာမယ့်ရွေးကောက်ပွဲဝင်ပြိုင်မယ့် သူတို့နေရာတွေမှာ အနိုင်ရရှိမယ်လို့ လုံးဝမျှော်လင့်နေကြ ပါတယ်။ တချိန်တည်းမှာပဲ ရွေးကောက်ပွဲမှာ ဘယ်ပါတီကမှ အပြတ်အသတ် အနိုင်ရဖို့မရှိပဲ ညွန့်ပေါင်းအစိုးရ အဖွဲ့ဖွဲ့ဖြစ်လိမ့်မယ်လို့လည်း သုံးသပ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံပြောပြမှာပါ။
ပါတီသက်တမ်း (၅)နှစ်ရှိနေပြီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစု NDF အနေနဲ့ သူတို့ ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မြေတွေမှာ အနိုင်ရဖို့ မျှော်လင့်ထားကြောင်း ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ဗွီအိုအေကိုပြောပါတယ်။
“ကျနော်တို့ မှန်းတာကတော့ အဓိကက  ပြည်ထောင်စုလွတ်တော်ပေါ့။ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ၂ ရပ်ပေါင်းမှ အမတ်ဦးရေ ၅၀ ထက်မနည်းရဖို့ အတွက် ကျနော်တို့ မျှော်မှန်းထားပါတယ်။ NDF ပါတီဟာ အချိန်လည်း ၅ နှစ်လောက်ဖြစ်လာပြီးနောက် နိုင်ငံရေးနဲ့ပတ်သက်တဲ့ ကိစ္စအ၀၀တွေမှာ ငြိမ်းချမ်းရေးကိစ္စတွေမှ အစပေါ့လေ။ ကျနော်တို့ပါတီက တော်တော်များများ သွားနေတဲ့ အတွက်ကြောင့်မလို့ Middle class တွေပေါ့။ Middle class တွေနဲ့ ကျနော်တို့ ဒီနိုင်ငံရေးနဲ့ ပက်သက်တဲ့ အသိုင်းအ၀ိုင်းက NDF ပါတီဟာ ဘယ်လို ပါတီမျိုးလဲ ပြည်သူတွေ ရဲ့ နိုင်ငံရေး အကျိုးပြု လုပ်ငန်းတွေကို လွတ်တော်ထဲမှာ လည်း နေ့တိုင်း လုပ်ဆောင်နေတဲ့ ပါတီဖြစ်တယ်ဆိုတာကို သိရှိပြီးတဲ့ အတွက်ကြောင့်မို့လို့ ၂၀၁၀ ကတည်းက NDF ပါတီဟာ နိုင်ငံရေး.စင်မြင့် မှာ ခြေချစရာ နေရာတခုတော့ ရလိမ့်မယ်လို့ တွက်ထားပါတယ်။ ။ကျနော်တို့က  စပြီးတော့ မှတ်ပုံတင်ကတည်းကိုက ပြည်ထောင်စုတ၀ှမ်းလုံးမှာ ၀င်ရောက် ယှဉ်ပြိုင်မယ်ဆိုတဲ့ သဘောနဲ့ မှတ်ပုံတင်ခဲ့တာဖြစ်ပါတယ်။ ပြည်ထောင်စုဆိုတာ တခုတည်းပါပဲ အားလုံးထဲကတခုပါပဲ။ ပြည်ထောင်စုသားအားလုံးရဲ့အကျိုးအတွက် လူမျိုးပေါင်းစုံ အကျိုးအတွက် ဆောင်ရွက်ချင်တယ် ဆိုတော့ဖြင့်ရင် လူမျိုးပေါင်းစုံစီက ဆန္ဒကို ခံယူရမှာဘဲ ဖြစ်ပါတယ်။”
NDF အနေနဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၁၁ ဦး ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
အလားတူ ပြည်ပက ပြန်ရောက်လာတဲ့ တက်ကြွလှုပ်ရှားသူတွေ တည်ထောင်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS အနေနဲ့ ပထမဆုံးရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် နေရာတွေနဲ့ပတ်သက်လို့ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဗွီအိုအေကို အခုလိုပြောပါတယ်။
“ကျနော်တို့ ၀င်တဲ့နေရာမှာတော့ ကျနော်တို့နိုင်ရမယ်ဆိုတဲ့ သဘောထား ကျနော်တို့ရှိတယ်။ ကျနော်တို့ မနိုင်နိုင်အောင်လည်းပဲ ကြိုးစား သွားမယ်။ နိုင်လိမ့်မယ် လို့လည်း ကျနော်တို့ မျှော်လင့်တယ်ပေါ့နော်။ နိုင်ငံရေး ပါတီတခုဖြစ်တယ်။ နိုင်ငံရေး ပါတီတခုဖြစ်တဲ့အတွက် ဒီရွေးကောက်ပွဲကို မလွဲမသွေ ကျနော်တို့ ဖြတ်သန်းရမှာဖြစ်တယ်။ ဒီရွေးကောက်ပွဲကနေ တဆင့်ပေါ့နော် လွှတ်တော် နိုင်ငံရေး Process ထဲမှာ ကျနော်တို့အနေနဲ့ ပါဝင်ဖို့ ကြိုးစားတာဖြစ်တယ်။ လွှတ်တော်အတွင်းမှာ ကိုယ်နဲ့ ဒီသဘော ဆန္ဒတူတဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီးတော့ အပြောင်းအလဲကို ထိထိရောက်ရောက် အကျိုးပြုချင်လို့ဖြစ်တယ်။”
မေး။ ။တကယ်လို့များ ပါတီကြီးတွေရဲ့အနေအထားအရရော ဒီရွေးကောက်ပွဲ အနေအထားအရရော ကိုယ့်ဘက်က ရှုံးခဲ့တာဘဲဖြစ်ဖြစ် တခုခုဖြစ်မယ်ဆိုလို့ရှင်ရင် ဒီလူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီအနေနဲ့ ဘယ်လိုဆက်ပြီးတော့ လုပ်မလို့ ရှိမလဲပေါ့။
ဖြေ။ ။ အဓိက ကျနော်တို့ရဲ့ အဓိက မဟာဗျူဟာက ကနေ့ အပြောင်းအလဲ အတွက်ဆိုလို့ရှင်ရင် ဒီလွှတ်တော်တွင်း နိုင်ငံရေး Process ကိုလည်း ဖြတ်ရမယ်။ ဒီမိုကရေစီရင့်သန်ဖို့ နောက်ပြီးတော့ ရှေ့ဆက်ပြီးတော့ ဒီမိုကရေစီကို ရှေ့ဆက်ပြီး တွန်းနိုင်ဖို့ လွှတ်တော်တွင်း နိုင်ငံရေး Process ကလည်း အရေးကြီးတဲ့ ကိစ္စတခုဖြစ်တယ်။ ဒါကို ဖြတ်ကို ဖြတ်ရမယ်ဆိုတဲ့ကိစ္စ တခုပေါ့နော်။
နောက်တခုက လွှတ်တော်တွင်း ပြင်ပ CSO တွေရဲ့ လှုပ်ရှားမှုတွေ ပြည်သူလူထု ရဲ့လှုပ်ရှားမှုတွေ ဒီလှုပ်ရှားမှုတွေ နဲ့လည်းပဲ ဒီကနေ့ အပြောင်းအလဲကို တွန်းတင်ဖို့ လိုအပ်တယ် ယူဆတယ်။ ဒီနှစ်ခု က ဟန်ချက်ညီ ချိတ်ဆက်ရမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ဒါကြောင့်မို့ လွှတ်တော်တွင်းမှာလည်း ကျနော်တို့ ကျိမ်းသေတာကပါကိုပါမှာဖြစ်တယ်။"
DPNS အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း (၂၀)ဦး ၀င်ရောက်ယှဉ်ပြိုင်မှာပါ။ ပါတီကြီးတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDက လွှတ်တော် ကိုယ်စားလှယ်လောင်း အများဆုံး ပါတီအဖြစ် စုစုပေါင်း (၁၁၅၁)ဦး ရှိနေပြီး ကြံ့ခိုင်ဖွံဖြိုးရေး ပါတီ ကတော့ ဒုတိယ အများဆုံးအဖြစ် (၁၁၃၄)ဦး ရှိနေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စာရင်းထုတ်ပြန် ထားပါတယ်။
ဒါပေမဲ့လည်း ဒီပါတီကြီးနှစ်ခုအနေနဲ့  ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရဖို့ အခြေအနေ မရှိဘူးလို့ သုံးသပ်ကြောင်း ဦးခင်မောင်ဆွေကပြောပါတယ်။
"အခုကတော့ဗျာ တပါတီမှ Landslide နိုင်မယ် မထင်ဘူး။ အဲ့တော့ အခု နာမည်ကြီးနေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့  NLD ပါတီပေါ့။ ဒီပါတီနှစ်ခုကလည်းပဲ သူ့တို့ ထိုက်သင့်အားလျော်စွာတော့ မဲတော့ရမှာပါပဲ။ လွှတ်တော်ထဲမှာ ညွန့်ပေါင်းပုံစံနဲ့ တွေ့ရပါလိမ့်မယ်။"
၂၀၁၅ နိုဝင်ဘာလ (၈)ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပါတီ ကိုယ်စားလှယ်လောင်းတွေရဲ့စာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကနေ သြဂုတ်လ (၁၈)ရက်နေ့ကနေ (၂၇)ရက်နေ့ထိ စိစစ်ပြီးနောက် အတည်ပြုတဲ့စာရင်းတွေကို ကြေညာမှာဖြစ်ပါတယ်။
အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
စားသုံးရန်မသင့်တဲ့ အမှတ်တံဆိပ် (၂၇)မျိုး ထုတ်ပြန်ကြေညာ
$
0
0
 စားသုံးရန်မသင့်သော အစားအသောက်များနှင့်ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာချက်
 ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူစစ်ဆေးရာ အောက်ဖော်ပြပါ အမှတ်တံဆိပ်များဖြင့် ထုတ်လုပ်သော အစားအသောက်များ၌ သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးနှင့် ဓာတုပစ္စည်းများပါဝင်ခြင်းကြောင့် စားသုံးရန်မသင့်ကြောင်း အသိပေးကြေညာအပ်ပါသည်။
အစားအသောက် ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြုသော ဓာတုဆိုးဆေးများကို လုံးဝအသုံးမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈(က)အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။
The Mirror Daily
https://www.facebook.com/TheMirrorDaily
အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်အများဆုံး ၀င်ရောက်ယှဉ်ပြိုင်မည်
$
0
0
  နေပြည်တော်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း ၁ဝ ဦး သြဂုတ်လ ၅ ရက်နေ့က နေပြည်တော် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ အမည်စာရင်း လာရောက်တင်သွင်းစဉ်။ Photo: RFA
 လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းလျှောက်ထားမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ထုတ်ပြန်ရာ NlD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၁၅၁ ဦးနဲ့ ကိုယ်စားလှယ်လောင်း လျှောက်ထားမှုအများဆုံးပါတီ ဖြစ်ပါတယ်။
ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ၂၀ရက်နေ့ကစပြီး သြဂုတ်လ ၁၄ ရက်နေ့ အတွင်း ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်ကြတာဖြစ်ပါတယ်။ အဲဒီစာရင်းထဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်မှာ ၃၂၅ ယောက်၊ အမျိုးသားလွှတ်တော်မှာ ၁၆၇ ယောက်၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်လွှတ်တော်မှာ ၆၅၉ ယောက် ပါဝင်ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီက ၁၁၃၄ ယောက် နဲ့ ဒုတိယအများဆုံးဖြစ်ပြီး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၇၆၃ ယောက်၊ အမျိုးသားတိုးတက်ရေး ပါတီက ၃၅၄ ယောက်၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၃၂၃ ယောက် နဲ့ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၆၁၈၉ ယောက် ဖြစ်ပါတယ်။ အဲဒီကိုယ်စားလှယ်လောင်းတွေကို ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးခွဲတွေက စိစစ်နေပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမယ့် ကိုယ်စားလှယ်လောင်းစာရင်းကို လာမယ့် သြဂုတ်လ ၂၇ရက်နေ့ နောက်ပိုင်းမှာ ထုတ်ပြန်ကြေညာမှာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဧရာဝတီလင်းပိုင်ကို မြစ်ဝကျွန်းပေါ်ရှိ စာဖြူကြီးခွနေရာတွင် ထူးဆန်းစွာတွေ့ရှိဟုဆို
$
0
0
ရန်ကုန် သြဂုတ် ၂ဝ
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၏ ကျိုက်လတ်နှင့် ဖျာပုံမြို့ကြားရှိ စာဖြူကြီးခွ မြစ်ဆုံနေရာတွင် ဧရာဝတီ လင်းပိုင်တစ်ကောင် ရောက်ရှိကျက်စား လျက်ရှိကြောင်း ဒေသခံများနှင့် ယင်းနေရာကို ရေယာဉ်များဖြင့် ဖြတ်သန်း သွားလာနေသည့်သူများ၏ ပြောကြားချက်အရ သိရသည်။
''တွေ့တာတော့ တစ်နှစ်လောက် ရှိနေပြီ ၊ သူ့ဘာသာသူရောက်လာတာ၊ ဒီက တံငါနဲ့ ရေလုပ်သားတွေက သူ့ကို ရန်မပြုတော့ ‘ဒီခွဆုံမှာပဲနေ တယ်၊ သင်္ဘောကြီးတွေလာရင် တစ်ခါ တလေ ထခုန်တတ်တယ်။ ပတ်ဝန်း ကျင်ကိုလည်း အနှောင့်အယှက်မပေး တော့ သူ့ကိုလည်း ဘယ်သူမှ မနှောင့် ယှက်ဘူး။ ရှားပါးသတ္တဝါမှန်းတော့ မသိဘူးဗျ၊ ရုပ်ရှင်တွေထဲက လင်းပိုင် လိုတော့ နှုတ်သီးမရှည်ဘူး၊ နှုတ်ခမ်း လုံးလုံး အရောင်ကညိုညို ငါးပေ ကျော် ခြောက်ပေလောက်ရှိတယ်။ ကျွန်တော် ဖြတ်သွားတိုင်း ရက်ခြား ဆိုသလိုတွေ့ရတတ်တယ်။ ကျွန်တော် တို့အပြင် အခြားသူတွေလည်း ခဏ ခဏ တွေ့နေရတာပါ''ဟု စာဖြူကြီးခွ ပတ်ဝန်းကျင်မြစ်ထဲတွင် ငါးဖမ်း လုပ်ငန်းလုပ်ကိုင်သူ ဦးမျိုးကြည်က ပြောသည်။
ထို့အတူ ရန်ကုန်မှ ဧရာဝတီ မြစ်ဝကျွန်းပေါ်မြို့များသို့ ကုန်စည် ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေသူ ဦးကျော်နိုင်ကလည်း ''ကျွန်တော့် သင်္ဘောနဲ့ အသွားအပြန် အဲ့ဒီနေရာ ရောက်တိုင်း သူ့ကို ခဏခဏ တွေ့ ရတတ်တယ်။ ရာသီဥတုကောင်းတဲ့ အချိန်ဆို ပိုတွေ့ရတတ်တယ်၊ တွေ့ ရင်လည်း တစ်ကောင်တည်းပဲ တွေ့ရ တတ်တယ်။ အရင်က သူတို့ကို ဧရာဝတီမြစ်အထက်ပိုင်းမှာပဲ တွေ့ရ တယ်လို့ သိထားတာ၊ အခု ‘ဒီလို မြစ်ဝကျွန်းပေါ်မှာတွေ့တော့ ထူးဆန်း တာပေါ့ဗျာ။
ရှားပါးသတ္တဝါလည်းဖြစ် နိုင်ငံတကာက အချို့နိုင်ငံတွေမှာ ရှိပေမယ့်လည်း ဧရာဝတီမြစ်ကြီးကို အစွဲပြုပြီး ဧရာဝတီလင်းပိုင်လို့ခေါ်ရတာဆိုတော့ သက်ဆိုင်ရာက လာ ရောက် ကာကွယ်စောင့်ရှောက်မယ်ဆို ပိုကောင်းပါတယ်ဗျာ။ ‘ဒီဘက်က လူတွေက သူ့ကို ‘ဒုက္ခမပေးဘူး ဆိုပေမယ့် သူ့ဘာသာသူ ပိုက်ထဲ ဝင်တိုးတာတို့မျိုးဖြစ်မှာ စိုးရိမ်ရ တယ်''ဟု စာဖြူကြီးခွတွင် တွေ့ရသည့် ဧရာဝတီလင်းပိုင်နှင့် ပတ်သက်၍ ၄င်း၏အမြင်ကိုပြောသည်။
ထိုကဲ့သို့ ဧရာဝတီလင်းပိုင်ကို မြစ်ဝကျွန်းပေါ်ဒေသ၏ စာဖြူကြီး ခွတွင် တွေ့ရခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဦးဝင်းကြိုင်က ''ကျွန်တော်တို့သိထား တာကတော့ ဧရာဝတီလင်းပိုင်တွေက မြန်မာနိုင်ငံမှာဆို မန္တလေးအထက် ပိုင်း တကောင်းတို့၊ ကသာတို့ဘက်မှာ ပဲနေတယ်လို့ သိထားတာပါ။ အခုလို မြစ်ဝကျွန်းပေါ်မှာ တွေ့တယ်ဆိုတော့ ထူးဆန်းတယ်လို့ ပြောရမှာပါ။ သူဘယ်ကလာလဲ၊ အထက်ဘက်ကပဲ စုန်ဆင်းလာသလား။ ပြီးရင် ထိန်းသိမ်း စောင့်ရှောက်မှုတွေ ဆက်လုပ်သွားဖို့လိုပါတယ်၊ ဒေသခံ တွေကိုလည်း ဧရာဝတီလင်းပိုင်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ဖြန့်ဝေ ပေးရမှာပါ''ဟု ၄င်း၏ အတွေ့အကြုံ နှင့် အမြင်ကို သုံးသပ်ပြောကြားခဲ့ သည်။
ဧရာဝတီ လင်းပိုင်များသည် မြန်မာနိုင်ငံတွင် ရေလုပ်သားများနှင့် အကျိုးတူပူးပေါင်း၍ ငါးရှာဖွေ ဖမ်းဆီးသည့်ဓလေ့ Cooperative Fishing Practice) ရှိသည့် တစ်ခုတည်းသော ရှားပါးသတ္တဝါ ဖြစ် ကြောင်းသိရပြီး ၎င်းတို့ အများဆုံး ကျက်စားရာ မန္တလေးတိုင်းဒေသကြီး မင်းကွန်းမှ စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မြောင်းအထိ ၇၂ ကီလို မီတာ အရှည်ရှိသည့် ဧရာဝတီမြစ် ကြောင်းကို ငါးလုပ်ငန်းဦးစီးဌာနက ဧရာဝတီလင်းပိုင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးနယ်မြေ (Ayeyarwaddy Dolphin Protected Area) အဖြစ်သတ်မှတ်ပြီး သားငှက် ထိန်းသိမ်းရေးအဖွဲ့ (Wildlife Conservation Society - WCS) နှင့် ပူးပေါင်း၍ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဧရာဝတီ လင်းပိုင် များမှာ ၂ဝ၁၄ ခုနှစ် စာရင်းများအရ ကောင်ရေ ၆ဝ ကျော်ခန့်သာ ကျန် ရှိတော့ကြောင်းသိရပြီး စာဖြူကြီး ခွတွင် ကျက်စားနေထိုင်နေသည့် ဧရာဝတီလင်းပိုင်ကို ယနေ့အချိန် အထိ တွေ့မြင်နေရသေးကြောင်း ယင်းဒေသတွင် သွားလာနေသူများနှင့် ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ။
သတင်း-သီဟသူ
ဓာတ်ပုံ-ဘအေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဒေါ်ခင်ဝင်းအမှုဖော်ထုတ်ပေးရေး ဆန္ဒပြတောင်းဆိုသူတွေ ကို ထောင်ဒဏ်တွေ ချမှတ်
$
0
0
 ကိုနေမျိုးဇင်နဲ့ နော်အုန်းလှ အပါအဝင် တရုတ်သံရုံးရှေ့ဆန္ဒပြသူ ၅ ဦးကို အလုံမြို့နယ်တရားရုံးရှေ့မှာ တွေ့ရစဉ်။ Photo: RFA
 စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ သေနတ်မှန်ပြီးသေဆုံး ခဲ့တဲ့ တောင်သူ ဒေါ်ခင်ဝင်း အမှုကိုဖော်ထုတ်ပေးဖို့ ဆန္ဒပြခဲ့ကြသူ ၅ ဦးကို အလုံမြို့နယ်တရားရုံးက ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၄ လစီ ဒီနေ့ ချမှတ်လိုက်ပါတယ်။ အလားတူ ပုဒ်မ ၁၈ နဲ့ ပြီးခဲ့တဲ့ မေလလောက်က ဒဂုံမြို့နယ် တရားရုံးက ချမှတ်လိုက်တဲ့ ပြစ်ဒဏ်နဲ့ တစ်ပေါင်းတည်းကျခံဖို့ အလုံမြို့နယ်တရားသူကြီးက ဆုံးဖြတ်လိုက် တာဖြစ်တယ်လို့ ပြစ်ဒဏ်ချမှတ်ခံရတဲ့ ကိုတင်ထွဋ်ပိုင်က ပြောပါတယ်။
"ပြစ်မှုထင်ရှားတဲ့အတွက် ထောင်ဒဏ် ၄ လချလိုက်တယ်၊ ဒဂုံမြို့နယ်မှာ ၅ လပိုင်း ၁၅ ရက်နေ့က ပုဒ်မ ၁၈ နဲ့ အမိန့်ချထားတဲ့ ထောင်ဒဏ် ၄ လနဲ့ တပေါင်းတည်းခံစားစေဆိုတော့ နောက်ထပ် ၄ လ ထပ်ပြီးမပေါင်းရတော့ ဘူး၊ အဲ့ထဲမှာပဲအတူတူပါသွားတာဖြစ်တယ်၊ အခုလိုမျိုး အလုံမြို့နယ်တရားသူကြီးရဲ့ စဉ်းစားဆင်ခြင်ထုံတရားနဲ့ ဆုံးဖြတ်လိုက်မှုကို ကျနော်အပါအဝင် ၅ ဦးစလုံးက ကြိုဆိုတယ်လို့ ကျနော်ထင်ပါတယ်"
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်လောက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပဋိပက္ခမှာ တောင်သူဒေါ်ခင်ဝင်း သေနတ်မှန် သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး အမှုမှန်ဖော်ထုတ်ပေးဖို့အတွက် ကိုနေမျိုးဇင်၊ ကိုတင်ထွဋ်ပိုင်၊ ဒေါ်နော်အုံးလှ၊ ဦးဘမြင့်နဲ့ ဦးသန်းဆွေတို့က ရန်ကုန်မြို့တော်ခန်းမရှေ့ကနေ တရုတ်သံရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ အဲဒီလိုဆန္ဒပြမှုကြောင့် အလုံ၊ ဒဂုံ၊ လသာ စတဲ့ မြို့နယ်တွေက တရားမ၀င်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈နဲ့ ထောင်ဒဏ် ၄လ စီ ချမှတ်ခံထားရပါတယ်။ ပန်းဘဲတန်းမြို့နယ်နဲ့ ကျောက်တံတားမြို့နယ်က ပုဒ်မ ၁၈ နဲ့ စွဲဆိုထားတဲ့အမှုကို အမိန့်ချဖို့ ကျန်နေပါတယ်။
ပြီးခဲ့တဲ့နှစ်  ဒီဇင်ဘာလ ၂၃ ရက်နေ့က လက်ပံတောင်းတောင်  ကြေးနီစီမံကိန်းအနီးမှာ ဒေသခံတွေက  ဆန္ဒပြရာမှာ လုံခြုံရေးတွေဘက်က  သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့်  မိုးကြိုးပြင်အလယ်ရွာသူ  ဒေါ်ခင်ဝင်းသေဆုံးခဲ့တာဖြစ် ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ရဲအရာရှိက လိုတာထက်မပိုပါနဲ့ လို့ ပြောလို့ ကိုနေမျိုးဇင်ကပြောနေတာပါ။လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပဋိပက္ခမှာ တောင်သူဒေါ်...
Posted by The Melting Pot 4 U on Thursday, 20 August 2015
ပရဟိတခရီးမှ အကျည်းတန်ပုံရိပ်အချို့
$
0
0
Friday, August 21, 2015
အလှူခံသူမဲ့နေသည့် ရေသန့်ဘူးများ
မကွေးတိုင်း ပွင့်ဖြူမြို့နယ် ရှိ စန္ဒကူးနံ့သာကျောင်းတော်ရာဘုရား အနီး ဗူးသည်ဆိပ် (ငါးကျွေးဆိပ်ဟုလည်း လူသိများ) ဆိပ်ကမ်းငယ်တွင် ဆန်၊ ဆီ၊ ရေ သန့်၊ငါးသေတ္တာ အစရှိသည့် စားသောက်ကုန်ပစ္စည်းများ အပြည့် တင်ဆောင်ထားသည့် ကားကြီးကားငယ်များဖြင့် စည်ကားလျက်ရှိသည်။
ရုတ်တရက်ကြည့်လိုက်ပါက ကုန်တင်ကုန်ချ ဆိပ်ကမ်းငယ်တစ်ခု အလား။ သို့သော် အဆိုပါ ဆိပ်ကမ်းငယ်သို့ ရောက်ရှိလာသည့်စားသောက်ကုန်များသည် အသပြာဖြင့်ရောင်းချရန်မဟုတ်။ မကွေးတိုင်းအတွင်းရှိ မုန်းချောင်း ဘေးရေဘေးသင့်ရွာများသို့ လှူဒါန်းရန်ရောက်ရှိလာသော မြန်မာနိုင်ငံအနှံ့မှ စေတနာရှင်များ၏ အလှူပစ္စည်းများတင်ဆောင်လာ သည့် ကားများပင်။
မကွေးတိုင်းအတွင်းရှိ မုန်းချောင်းနံဘေးရွာများ၊ ဧရာဝတီမြစ်ကမ်းဘေးရွာများနှင့် မုန်းချောင်းနှင့် ဧရာဝတီမြစ်ဆုံရာ နေ ရာရှိရွာများသည် နှစ်စဉ်မိုးရာသီတွင် ရေ၀င်လေ့ရှိသော်လည်း ယခုနှစ်၌တစ်မူထူးခြားစွာ ထူးထူး ကဲကဲရေကြီးခဲ့ပြီး အချို့ရွာလုံးကျွတ် အိမ်ခေါင်မြုပ်သည်အထိ ရေနစ်မြုပ်မှုနှင့် ကြုံတွေ့ခဲ့ကြသည်။
မီဒီယာများ၏ အရှိန်အဟုန်ကောင်းကောင်း ရေးသားမှုများကြောင့် ရေဘေးသင့်ဒေသများကို လူသိများခဲ့ပြီးနိုင်ငံတစ်ဝန်းမှ စေတနာရှင် များက ရေဘေးသင့်ရာဒေသများသို့ သွားရောက်၍ အလှူပစ္စည်းများ ပုံအောလှူဒါန်းခဲ့ကြသည်။ ပရဟိတစိတ်ရှိကြသည့် လူငယ်လူကြီးအဖွဲ့များကလည်း ကိုယ်တိုင်ကိုယ်ကျသော်လည်းကောင်း၊ သူတစ်ပါး၏ အလှူပစ္စည်းများအား တာဝန်ခံ၍ လုပ်အားဒါနသော်လည်းကောင်း လာရောက်လှူဒါန်းကြသည်။
အဆိုပါလှူဒါန်းမှုများက ဗူးသည်ဆိပ်၌ စုပြုံလာချိန်တွင်တော့ ‘‘မရိုးကုန်း မရိုးကုန်း ... မရိုးကုန်းရွာက ဘယ်သူမှမရှိကြဘူးလား..’’ ပရဟိတအဖွဲ့တစ်ဖွဲ့မှ အဆိုပါ ရွာအားလှူဒါန်းရန် အော်ခေါ်နေသံပင်။ အတော်ကြာအော်ခေါ်ပြီးချိန်တွင် အသားညိုညိုနှင့် လူတစ်ယောက် လွယ်အိတ်စလွယ်သိုင်း၍ ရောက်လာကာ မရိုးကုန်းအုပ်ချုပ်ရေးမှူးဟု ဆိုသည်။
‘‘ဟုတ်ပြီ ခင်ဗျားရွာက လူတွေခေါ် ကားပေါ်ကဆန်အိတ်တွေ၊ ဆီပုံးတွေ ၀ိုင်းချရအောင်’’ ဟု အဆိုပါအဖွဲ့မှ တာဝန်ရှိသူကတက်ကြွစွာပြောသော်လည်းအုပ်ချုပ်ရေးမှူးဆိုသူမှာ အင်းမလုပ် အဲမလုပ်၊ အတော်ကြာသည်အထိ လုပ်အားပေးရွာသားများ ရောက်မလာ။
နေလည်းမြင့်လာပြီ၊ အဖွဲ့သားများလည်း ဆာလောင်လာကြပြီဖြစ် သဖြင့် ရွာသားများကို မစောင့်တော့ဘဲ ပါလာသည့် အဖွဲ့မှ လုပ်အားပေးများနှင့်သာ အဆိုပါရွာအတွက် ဆန်အိတ်၊ဆီပုံးနှင့် အခြားအလှူပစ္စည်းများ ၀ိုင်းဝန်းချပေးကာယင်းရွာအတွက် အလှူကိစ္စကို အပြီးဖြတ်ခဲ့ရ သည်။ လုပ်အားပေးရွာသားများကတော့ ရောက်မလာခဲ့။
အလားတူအဖြစ်အပျက်မျိုး အလှူအဖွဲ့တော်တော်များများကြုံကြရသည်။ ၎င်းတို့ရွာအတွက် အလှူပစ္စည်းမပါက ၀ိုင်းဝန်းလုပ်အားမပေးလို သူများ၊ စက်လှေမငှားလိုသူများကိုလည်း ပရဟိတအဖွဲ့များ ကြုံတွေ့ခဲ့ကြရသည်။ သို့သော် ရွာတိုင်းတော့မဟုတ်။ အချို့သောကျေးရွာများရှိ ရွာသားများကညီညွတ်ကြသည်။ စေတနာရှိကြသည်။ တက်ညီလက်ညီ နှင့်ဝိုင်းဝန်းကူညီကြသည်။
အလှူ အဖွဲ့များ ရွာသို့ရောက်လာပါက လည်းမရှိရှိတာနဲ့ ဧည့်ဝတ်ကျေ ပွန်စွာ ဧည့်ခံကြသည့်ရွာများ လည်းရှိကြသည်။
ပရဟိတအဖွဲ့များကလည်း လှူဒါန်းရန် အဆိုပါနေရာသို့ အ လွယ်တကူရောက်လာကြခြင်းမ ဟုတ်ကြ။ ကုန်အပြည့်တင်ဆောင် ထားသည့်ယာဉ်များကို ခက်ခဲစွာ မောင်းနှင်လာကြခြင်းဖြစ်သည်။ အလှူယာဉ် များဖြတ်သန်းရာလမ်း တစ်လျှောက်ရှိရွာများကလည်း ၎င်းတို့၏ရွာလမ်းများ ပျက်စီးသွား သည့်အတွက် ငြိုငြင်သံအချို့ကို လည်း သဲ့သဲ့ကြားနေရသည်။
လှူဒါန်းသူများက ၎င်းတို့၏ အလှူပစ္စည်းများကို ကျေးရွာအ ရောက် သွားရောက်လှူဒါန်းလို ကြသော်လည်း စက်လှေအခက် အခဲ၊ လုပ်အားပေးအခက်အခဲ များကြောင့် နီးစပ်ရာကျေးရွာများ သို့သာ ကိုယ်တိုင်သွားရောက်နိုင် ပြီး အများစုမှာ ရောက်ရှိရာဆိပ် ကမ်းတွင် ကျေးရွာတာဝန်ရှိသူဆို သူများထံတွင်သာ စာရင်းဇယား နှင့်တကွ အပ်နှံလှူဒါန်းလိုက်ရ သည်။
လှူဒါန်းရန်လာသည့်ယာဉ် များလမ်းတွင် ရွှံ့နစ်ပါကလည်း ၀ိုင်းဝန်းကူညီလိုကြသူများရှိသ ကဲ့သို့ လမ်းပျက်သည်ကို ငြိုငြင် သူများလည်းရှိကြသည်။ ကားရွှံ့ နစ်ချိန်တွင်လည်း ငါးမိနစ်ခန့် မောင်းရမည့်နေရာသို့ ကားပေါ်ပါ ပစ္စည်းများသယ်ယူရန် ထော်လာ ဂျီငှားရာတွင် တစ်ခေါက်လျှင် ကျပ်တစ်သောင်းခွဲဖြင့် ငှားကြရ သည့် အလှူအဖွဲ့များလည်း ရှိ သည်။
မီဒီယာများ၏ အားကောင်း စွာ ရေးသားဖော်ပြမှုကြောင့် မ ကွေးတိုင်းရှိ ရေဘေးသင့်ဒေသ များသို့ အလှူပစ္စည်းများ အလုံး အရင်းနှင့် ၀င်ရောက်လာပြီးအချို့ သောရွာများသည် တန်ကြေးရှိ သည့် ဆန်၊ ဆီ၊ ငါးသေတ္တာတို့ လောက်သာ သယ်ယူကြပြီး ရေ သန့်ကဲ့သို့သော အလှူပစ္စည်းများ မှ သယ်ယူလိုသူမရှိသဖြင့် ဆိပ် ကမ်းတွင် အပုံလိုက်ဖြစ်နေသည် ကို တွေ့ရသည်မှာလှူဒါန်းသူတို့ အဖို့ စိတ်မချမ်းသာ စရာမြင်ကွင်း တစ်ခုပင်။ ထို့ထက်ဆိုးသည်မှာ ကိတ်မုန့်ခြောက်များနှင့် ထမင်း ထုပ်အချို့ကို ကမ်းစပ်တွင်ပင် မီး ပုံရှို့ထားခြင်းဖြစ်သည်။
သို့သော်လည်း လှူဒါန်း သည့်အဖွဲ့များနှင့် လိုအပ်သည့် ရွာများ အချိတ်အဆက်အားနည်း သောကြောင့် အလှူပစ္စည်းအ နည်းငယ်သာ ရရှိသည့်ကျေးရွာ များလည်းရှိကြသည်။ သို့သော် စက်လှေရှိသော အပြောကောင်း သောရွာများကား အလှူပစ္စည်း များ အများအပြားရရှိကြသည်။
မည်သို့ပင်ဆိုစေ ယခုတစ် ကြိမ် ရေဘေးသင့်ဒေသများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တိုက်အားတိုက် လှူဒါန်းကြ ခြင်းသည် မြန်မာတို့၏ စေတနာ၊ မြန်မာတို့၏ ဒုက္ခရောက်နေသူအ ပေါ် ကူညီရိုင်းပင်းတတ်သည့် စိတ်ဓာတ်တို့ကို အထင်းသားလှစ် ဟာပြလိုက်ခြင်းပင်ဖြစ်တော့ သည်။
7Day Daily
NLD နှင့် SNLD ပါတီတို့မှ ပါတီဝင်တချို့ နုတ်ထွက်မှုများ ဆက်တိုက်ဖြစ်ပေါ်
$
0
0
Thrusday, August 20, 2015
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)မှ ပါတီဝင်တချို့နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)မှ ပါတီဝင် တချို့သည် ယခုရက်ပိုင်းအတွင်း နုတ်ထွက်မှုများ ဆက်တိုက် ဖြစ်ပေါ်နေကြောင်း သိရသည်။
ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ဗဟိုအလုပ်မှုဆောင်၏ ဆုံးဖြတ်ချက်ကို သဘောမကျသဖြင့် နုတ်ထွက်ကြခြင်း ဖြစ်သည်ဟု လည်း ထိုပါတီဝင်များက ပြောသည်။
“ကျမတို့ ကျေးရွာက မနက်ဖန်ဆိုရင် ပါတီဆိုင်းဘုတ် ချတော့မယ်။ အဓိကတော့ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ် ရွေးချယ် တာကို သဘောမကျတာနဲ့ ဗဟိုချုပ်ကိုင်မှုကို မကြိုက်လို့ပါ”ဟု NLD ပါတီဝင်မှနုတ်ထွက်ရသည်နှင့် ပတ်သက်ပြီး ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် လူငယ်တာဝန်ခံဟောင်း မနှင်းဝေလွင်က ဧရာဝတီကို ပြောသည်။
အလားတူ ကျုံပျော်မြို့နယ်၊ ခရုရိုး ကျေးရွာတွင် NLD ပါတီအဖွဲ့ဝင် ၈၀ ကျော်နုတ်ထွက်ထားကြောင်းနှင့် တချို့ကျေးရွာမှ NLD ပါတီဝင် ၅၀ ခန့်သည်လည်း နုတ်ထွက်ရန် ရှိနေကြောင်းလည်း မနှင်းဝေလွင်က ဆက်ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) မှ ပါတီအဖွဲ့ဝင် ၁၀၀ နီးပါးသည် ပြီးခဲ့သည့် အပတ် အတွင်းက နုတ်ထွက်စာ တင်ထားကြောင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မှ ပါတီဝင် ၂၂ ဦးတို့သည်လည်း နုတ်ထွက်ထားကြောင်း ထိုပါတီအဖွဲ့ဝင်များက ပြောဆိုကြသည်။
NLD ပါတီဝင်များသည် ပါတီ ဗဟိုမှ ချမှတ်သည့် စည်းမျဉ်စည်းကမ်းကို သဘောမကျကြောင်းနှင့် အမတ်လောင်း ရွေးချယ်သည့် နေရာတွင်လည်း စိစစ်မှု မရှိဘဲ ရွေးချယ်ခဲ့သည့်အတွက်နုတ်ထွက်စာ တင်ကြခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
“အခုလုပ်နေတာက ဗဟိုဦးစီးစနစ် ပုံစံပဲ။ ကျမတို့က ဒီစနစ်ကို မကြိုက်လို့ တိုက်ဖျက်နေတာ။ လောလောဆယ် ကိုယ့်ပါတီထဲမှာ ဒီလိုစနစ် ဖြစ်နေတော့ ကျမတို့က ဗဟိုကို သွားတင်ပြတယ်။ ပြီးတော့ ပါတီကို ဆန္ဒပြတာတွေလုပ်ရင် ပါတီကနေ ထုတ်ပယ်တာ တွေကို ကျမ မကြိုက်ဘူး။ ကျမတို့လုပ်နေတာက ဒီမိုကရေစီလေ။ မကြိုက်ရင် မကြိုက်ဘူးလို့ ပြောပိုင်ခွင့်က ရှိပြီးသားလေ”ဟု ကျုံပျော်မြို့နယ် NLD ပါတီဝင်ဟောင်း မစုစုနိုင်က ပြောဆိုသည်။
NLD ဗဟို၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် ရွေးချယ်မှုကို သဘောမကျသဖြင့် ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ်၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့နယ်နှင့် မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့နယ်မှ ပါတီဝင်များသည် ယခုလအတွင်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုသို့ ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည့် ပါတီဝင် ၅၀ ကို NLD ဗဟိုက ထုတ်ပယ်ခဲ့ကြောင်း သိရသည်။
အလားတူ နမ့်ခမ်းမြို့နယ် SNLD ပါတီမှ အလုပ်အမှုဆောင် ၂၂ ဦးသည်လည်း SNLD ဗဟိုဌာနချုပ်က ပါတီမူဝါဒ လမ်းစဉ်ကို လိုက်နာ ကျင့်သုံးမှု မပြုလုပ်လိုသည့်အတွက် ယခုလ ၁၃ ရက်တွင် နုတ်ထွက်လိုက်ကြကြောင်း SNLD က ပြောသည်။
နမ့်ခမ်းမြို့နယ် SNLD ပါတီ အလုပ်အမှုဆောင်များနုတ်ထွက်သည့် ကိစ္စနှင့် ပတ်သက်ပြီး SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က “နမ့်ခမ်းမြို့နယ် အလုပ်အမှုဆောင် တဖွဲ့လုံး ထွက်တာ။ ပါတီ ဗဟိုကော်မတီက ဆုံးဖြတ်တာကို လက်မခံလို့ပါ။ ကျနော်တို့ ကော်မတီ အသစ် ပြန်ဖွဲ့လိုက်ပါပြီ”ဟု ပြောပြသည်။
NLD ပါတီနှင့် SNLD ပါတီများသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော အနိုင်ရ ဝါရင့်ပါတီများလည်း ဖြစ်သည်။
SNLD ရုံးဖွင့်ပွဲ အခမ်းအနား တခု (ဓာတ်ပုံ – SNLD / Facebook)
ဧရာဝတီ
လမ်းမတော် ကမ်းနားလမ်းပေါ်၌ ၃၄(အထူး) ယာဉ်တိမ်းမှောက်
$
0
0
 ရန်ကုန် သြဂုတ် ၂ဝ
 သြဂုတ် ၂ဝ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က ကမ်းနားလမ်း (ကတ္တရာလမ်း)ပေါ်၌ ခရီးသည်တင် ယာဉ်နှစ်စီး အပြိုင်မောင်းနှင်ရာမှ ရန်ကုန် အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ (၆)လမ်းထိပ်အရောက်တွင် ခရီးသည်တင် ၃၄(အထူး) 2C/---မှာ ကမ်းနားလမ်းပေါ်၌ ဘေး စောင်းမှောက်လျက် တိမ်းမှောက်မှု ဖြစ်ခဲ့သည်။
၃၄(အထူး)ခရီးသည် ယာဉ်ပေါ် ၌လိုက်ပါလာသည့်ခရီးသည် ဦးမောင် ဝင်းက ''သီရိမင်္ဂလာဈေး မှတ်တိုင် ကတည်းက လိုက်လာတာ ၄၂ ကားနဲ့ အပြိုင်မောင်းလာရာက ကီလီမှတ် တိုင်အလွန်မှာ ပိုအရှိန်များလာတယ်။ အဲဒီနောက်မထိန်းနိုင်တော့တဲ့အတွက် လမ်းဘေးမှာရပ်ထားတဲ့ ကားတွေကို တိုက်ပြီး အခုလိုဘေးစောင်းမှောက် သွားတာပဲ''ဟု ပြောသည်။
၎င်းကိုယ်တိုင် ခြေထောက်နှင့်လက်တွင်အနည်းငယ်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာများသော ခရီးသည်သုံးဦး၊ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးသို့အရေးပေါ် လူနာဖြင့်ခေါ်ဆောင် သွားကြောင်းသိရသည်။
၃၄(အထူး)ယာဉ်တိုက်မှုကြောင့် ကမ်းနားလမ်း ညာဘက်အခြမ်းတွင် ညအိပ် ရပ်နားထားသော ကိုယ်ပိုင်ယာဉ်လေးစီးပျက်စီးမှုဖြစ်ပွားခဲ့သည်။
ယာဉ်ကို မဆင်မခြင်မောင်းနှင်မှု ကြောင့် ယာဉ်မောင်းနှင့်ယာဉ်နောက် လိုက်တို့အား ယာဉ်အမှုစစ်က စစ်ဆေးလျက်ရှိကြောင်း သိရသည်။
သျှင်ဝင်းသျှင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
လက်ဖဝါးပေါ်ရှိ နှလုံးလမ်းကြောင်းကပြောသော သင့်အကြောင်း
$
0
0
လွန်ခဲ့တဲ့နှစ်ပေါင်း ထောင်ကျော်လောက်ကတည်းက လက္ခဏာပညာရပ်ဆိုတာ ရှိခဲ့တာပါ။ လက်ဖဝါးပေါ်မှာရှိတဲ့ အရေးအကြောင်းလေးတွေတစ်ဆင့် ကျွန်ုပ်တို့ရဲ့ပင်ကိုယ်စရိုက်လေးတွေနဲ့ စိတ်နေစိတ်ထားလေးတွေကို ခန့်မှန်းတဲ့ ပညာရပ်ပေါ့။ပုံမှာဖော်ပြထားတဲ့ အနီရောင်အရေးအကြောင်းလေးက တော့နှလုံးလမ်းကြောင်းလို့ခေါ်ပါတယ်။ ဒီတစ်ပတ်မှာတော့သင့်လက်ဖဝါးပေါ်မှာ ရှိတဲ့ နှလုံးလမ်းကြောင်းလေးတွေကတစ်ဆင့်ပြောပြတဲ့ သင့်အကြောင်းလေးတွေ လေ့လာကြည့်လိုက်ရအောင်။
၁။ သင့်နှလုံးလမ်းကြောင်းဟာ ပုံ(၁) မှာ ပြထားတဲ့အတိုင်းဆိုရင်တော့ သင်ဟာရည်မှန်းချက်သိပ်ကို ကြီးမားတဲ့ လူတစ်ယောက်ပါ။ညဏ်ရည်ထက်မြက်ပြီး အမှီခိုကင်းကင်းရပ်တည်ချင်သူဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပြတ်သားခိုင်မာတယ်။ ဘဝကိုလက်တွေ့ကျကျ ရှုမြင်တတ်ပြီး အနည်းငယ် တစ်ကိုယ်ကောင်းဆန်တတ်တယ်။ သို့ပေမယ့် ပတ်ဝန်းကျင်အတွက်တော့ သိပ်ကိုအဖိုးတန်တဲ့ လူသားတစ်ဦးပါ။
၂။ သင့်နှလုံး လမ်းကြောင်းက ပုံ (၂)မှာ ပြထားသလိုဆိုရင်တော့ သင်ဟာ စဉ်းစားချင့်ချိန်နိုင်စွမ်း သိပ်ကိုကြီးမားတဲ့ လူတစ်ယောက်ပါ။ တစ်ဖက်သားအပေါ် ကြင်နာတတ်ပြီး ယုံကြည်ထိုက်တဲ့လူတစ်ယောက် ဖြစ်ပါတယ်။ နှလုံးသားရေးနဲ့ပတ်သက်ရင်တော့ ခံစားရမှာစိုးလို့ နှလုံးသားကို အသာလေး သော့ခတ် သိမ်းထားချင်သူပါ။
၃။ သင့်နှလုံးလမ်းကြောင်းက ပုံ (၃) မှာ ပြထားတဲ့အတိုင်းဆို သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့အပြင် ကိုယ့်ဘဝကို ဘယ်တော့မှ အလိုမကျ မဖြစ်တတ်သူတွေပါ။ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ကိုယ့်အားကိုယ်ကိုးပြီး အကောင်းဆုံးရပ်တည်ဖို့ ကြိုးစားတယ်။ ဒါကြောင့် သူ့အတွက် ဘဝလက်တွဲဖော်ဆိုတာ ရှိလည်းဖြစ်မရှိလည်းဖြစ်တယ်လို့ ပြောလို့ရပါတယ်။smile emoticon
၎။ ပုံ နံပတ် (၄) ကဲ့သို့သော နှလုံးလမ်းကြောင်းပိုင်ရှင်တွေကတော့တစ်ဖက်လူအပေါ် သိပ်ကို ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်တွေပါ။ သည်းခံတတ်တဲ့ နေရာမှာလည်း နှစ်ယောက်မရှိပါဘူး။ အရာရာ အကောင်းမြင်စိတ်လေးနဲ့ ရှုမြင်တတ်ပြီး ပရဟိတစိတ်အပြည့်ရှိတဲ့ သူမျိုးပါ။
(သုတဇုန်)
ဆုံးသွားပြီဖြစ်တဲ့ ဇနီးဖြစ်သူကို အမှတ်တရ ဂုဏ်ပြုတဲ့အနေနဲ့ လေးမိုင်ရှည်တဲ့ နေကြာခင်းစိုက်ခဲ့တဲ့ အဘိုးအို
$
0
0
Wisconsin ပြည်နယ် Eau Claire မြို့ က လမ်းမဘေးတစ်လျှောက်မှာ လယ်သမားအဘိုးအို Don Jaquish ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ဇနီး Babbette အတွက် လေးမိုင်ရှည်တဲ့ နေကြာခင်းစိုက်ပျိုးခဲ့ပါတယ်။
အဘွားအို Babette ဟာ ကင်ဆာရောဂါကို ခြောက်နှစ်တာခံစားခဲ့ရပြီး အဆိုပါ ကာလအတွင်းမှာ ကင်ဆာရောဂါသုတေသနနဲ့ ရောဂါသည်ပြုစုစောင့်ရှောက်ရေး ရန်ပုံငွေအဖြစ် ‘မျှော်လင့်ခြင်းမျိုးစေ့လေးများ’ အစီအစဉ်ကို ထူထောင်ပြီး နေကြာခင်း စိုက်ပျိုးမှုကရရှိတဲ့ငွေကို ကင်ဆာသုတေသနရန်ပုံငွေအတွက် အသုံးပြုဖို့ ရည်ရွယ်ချက် ထားရှိခဲ့ပါတယ်။
အဘွားအိုသေဆုံးချိန်မှာ အဘိုးဟာ တခြားကင်ဆာရောဂါကိုတွန်းလှန်တိုက်ဖျက် နေသူ ဝေဒနာရှင်တွေကို အားပေးဖို့ အတွက် လေးမိုင်ရှည်လျားတဲ့ပန်းခင်းကို စိုက်ပျိုးဖို့ အဘွားအိုကို ကတိပေးခဲ့ပါတယ်။ အခုအခါမှာတော့ ပန်းခင်းဟာ အပွင့်တို့  ဝေဆာနေပါပြီ။
“ Babbette နဲ့ ဆုံဖူးကြတဲ့လူတိုင်း သူမကို ချစ်မြတ်နိုးခဲ့ကြပါတယ်။ ကျွန်တော်က သူမ ပြန်ချစ်ခဲ့တဲ့ ကံကောင်းတဲ့ လူသားတစ်ယောက်ဖြစ်ခဲ့တာပါ ” လို့  အဘိုး Don က ပြောကြားခဲ့ပါတယ်။ နေကြာစေ့တွေကို ရောင်းလို့ ရတဲ့ အမြတ်ငွေတွေကို ဆေးရုံတွေ၊ ကင်ဆာသုတေသနရန်ပုံငွေနဲ့ လူနာထောက်ပံ့မှုတွေ အတွက် လှူဒါန်းသွားဖို့ ရည်ရွယ်ထားတယ်လို့ Don က ပြောပြခဲ့ပါတယ်။
TrendMyanmar
Viewing all 13796 articles
Browse latest View live
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>