Quantcast
Channel: MP4 YoU
Viewing all 13796 articles
Browse latest View live

NLD ဗဟိုမူဝါဒများကို မြို့နယ်မှ ကျင့်သုံးမှုမရှိ၍ ပါတီဝင်များ နုတ်ထွက်

$
0
0
အုတ်ကျော်ဟိန်း

           အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ပါတီ (ဗဟို) မှ ချမှတ်ထားသော မူဝါဒများကို အောက်ခြေမြို့နယ်ရှိ ပါတီ အလုပ်အမှုဆောင် ကော်မတီများမှ ကျင့်သုံးခြင်း မရှိသည့် အတွက် ပါတီအတွင်းမှ တရားဝင် နုတ်ထွက်ကြောင်း သန်လျင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ နုတ်ထွက်သည့် ပါတီဝင်များထံက သိရသည်။

          အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်မှုနှင့် ပတ်သက်၍ ပါတီတွင်း သဘောထား ကွဲလွဲမှုများ ရှိနေပြီး တချို့သော ပါတီဝင်များမှာ ပါတီမှ နုတ်ထွက်သည် အထိ ဖြစ်လာခဲ့သည်။

          ''ကျွန်တော်တို့ သန်လျင်မြို့နယ်မှာ ကိုယ်စားလှယ်လောင်း ရွေးချယ်ထားတာ (၁၄) ယောက် ရှိတယ်။ အဲဒီထဲမှာ တချို့သော ပုဂ္ဂိုလ်တွေက ပါတီက ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ ကိုက်ညီမှုမရှိဘူး။ ဒါကို အလုပ် အမှုဆောင် အဖွဲ့ အစည်းအဝေးမှာ တင်ပြတဲ့အခါ မဲခွဲ ဆုံးဖြတ်တယ်။

              မဲခွဲ ဆုံးဖြတ်တော့လည်း ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက် အတိုင်း မဆုံးဖြတ်ဘဲ သူတို့ဘာသာ လက်သိပ်ထိုးပြီး ရွေးလိုက်တာတွေ ရှိနေတယ်''ဟု သန်လျင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတွင် ၁၉၈၈ ခုနှစ်ကတည်းက အလုပ် အမှုဆောင် တာဝန် ထမ်းဆောင်ခဲ့သော ဦးကျော်အေးက ပြောသည်။

          သန်လျင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ နုတ်ထွက်မည့် အလုပ် အမှုဆောင် ကော်မတီဝင် သုံးဦးမှာ ဦးကျော်အေး၊ ဦးလှအောင်နှင့် ဦးသန်းဇော်တို့ ဖြစ်ပြီး သြဂုတ်လ (၂၄) ရက်နေ့တွင် မြို့နယ်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ နုတ်ထွက်စာ တင်သွားမည် ဖြစ်ကြောင်း သိရသည်။

           ''ပါတီတွင်းမှာ ဘယ်ကိစ္စကိုပဲ ဆွေးနွေးမှုလုပ်လုပ်၊ အားလုံး ပွင့်လင်း မြင်သာစွာနဲ့ ဆွေးနွေးတယ်။ မူဝါဒပိုင်းဆိုင်ရာ ကျင့်သုံးခြင်း ရှိမရှိဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှမပြောလိုဘူး''ဟု သန်လျင် မြို့နယ် NLD ပါတီမှနေ၍ ကိုကိုးကျွန်းမြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) မှ ၀င်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းကိုကိုဝင်းက ပြောသည်။

          အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အနေဖြင့်လည်း ပါတီအတွင်း ကိုယ်စားလှယ်  လောင်းများ ရွေးချယ်ရာတွင် အရည်အချင်းတူပါက ပါတီတာဝန် ကြာရှည် ထမ်းဆောင် သူများကိုသာ အလေးပေး ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လူထု တွေ့ဆုံပွဲများတွင် တရားဝင် ပြောကြားထားသည်။
http://www.messengernewsjournal.com/news/Local/detail.php?id=43156

ဧရာဝတီတိုင်း သလပ်ခွါသစ်တောကြိုးဝိုင်းမှ ဖမ်းမိသော ဖွတ်ဖြူ ကြီးကို နေပြည်တော်သို့ ပင့်ဆောင်မည်

$
0
0

သြဂုတ်လ ၂၁

ဧရာဝတီတိုင်း သလပ်ခွါသစ်တောကြိုးဝိုင်းမှာသြဂုတ်လ၁၉ရက်နေ့က အရှည်၎ပေ ၆လက္မ
လုံးပတ်၁၇လက္ခခွဲခန့်ရှိသော ဖွတ်ဖြုကြီးတကောင်ကိုမျှစ်လာတူးသော ပိန်ဇလုပ်ကျေးရွာမှ မောင်မြင့်သန်း ကဖမ်းမိခဲခြင်းဖြစ်ပြီး တာဝန်သိစိတ်ဖြင့်သလပ်ခွါသစ်တောကြိုးဝိုင်းမှ တောခေါင်ဦးသိန်းဖေ ထံ
လာရောက်အပ်နှံခဲ့ကြောင်း အဆိုပါ ရှားပါးဖွတ်ဖြုကြီးဖမ်းမိသောသတင်းကို ပဲခူးတိုင်းဝန်ကြီးဦးဥာဏ်ဝင်း မှ
လာရောက်ကြည့်ရှု့ပြီး နေပြည်တော်ရှိဆင်ဖြုတော်များထားရှိရာ အဆောင်တော်တွင်
ပင့်ဆောင်ရန် ပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

မြန်မာဘုရင်များလက်ထက်တွင် ဆင်ဖြုတော်များကိုတန်ဘိုးထားသကဲ့သို့ ဖွတ်ဖြုတော်များကိုလဲ
တန်ဘိုးထားခဲ့ကြောင်း ငါးစီးရှင်ကျော်စွာလက်ထက်ကပုပ္ပားခရိုင်တွင်ဖမ်းမိခဲ့သော ဖွတ်ဖြုတော်ကြီးမှာလဲ
မြန်မာရာဇဝင်တွင် ပထမဦးဆုံးဖမ်းမိသောဖွတ်ဖြုကြီးဖြစ်ကြောင်း ကုန်းဘောင်ရာဇဝင်အတွဲ၂
အခန်း၃တွင် မှတ်တမ်းတင်ထားကြောင်းသိရပါသည်။

ယခုဖမ်းမိသော ဖွတ်ဖြုတော်ကြီးမှာ မြန်မာနိုင်ငံတွင်ဒုတိယဖမ်းမိသော ဖွတ်ဖြုတော်ကြီးဖြစ်ကြောင်း
မြန်မာ့သစ်တောပညာရှင်ဒေါက်တာနိုင်မင်းထွန်း မှပြောကြားခဲ့ပြီး ဖွတ်ဖြုတော်၏ ကြန်အင်လက္ခဏာမှာ
မျက်လုံး ပန်းရောင် ၊ မျက်ခွံ ပန်းရောင်ရှိပြီးအရေခွံမှာ ပန်းရောင်နီ ၊ ခြေသည်းခွံအနီရောင်
ကျောကုန်းမှာ ဌက်ပျောဖူးကိုင်းသဏ္ဍန်ရှိပြီးအမြီးမှာ ဆင်စွယ်ဖြောင့်ပုံစံနှင့် ပြည့်စုံသဖြင့်
ငါးစီးရှင်ကျော်စွာလက်ထက်မှာ ဖမ်းမိသောဖွတ်ဖြူတော်ကြီး ထက် ကြန်အင်လက္ခဏာမှာ
ပိုပြီးပြည့်စုံကြောင်း လည်းကောင်းကပင် ဆက်လက်ပြောကြားခဲ့ပါသည်။

မြန်မာရာဇဝင်ထဲတွင် ဖွတ်ဖြုတော်ဖမ်းမိပါကတိုင်းပြည်၌မင်းကောင်းမင်းမြတ် ပေါ်ထွက်မည်ဖြစ်ပြီး
ဆန်စပါးပေါများကာ လယ်ယာမြေများဖြစ်ထွန်းမည်ဖြစ်ကြောင်း တိုင်းပြည်တွင် ရာသီဥထုဖောက်ပြန်မှု
ကင်းစင်ပြီး အရှေ့ဖျားတိုင်းပြည်များနှင့် သံတမာန်ရေးပူးပေါင်းဆက်ဆံမှုတိုးတက်နိုင်ကြောင်း
ယောအတွင်းဝန်ဦးဖိုးလှိုင် ရေးသားခဲ့သောသေနကဗျူဟာကျမ်းတွင်ဖော်ပြထားပါသည်။

မြန်မာပြည်ကြီး၏ အတိတ်ကောင်း နိမိတ်ကောင်းဖွတ်ဖြုတော်ကြီးကို သြဂုတ်လ ၂၈ရက်နေ့တွင်
အများပြည်သူကြည့်ရှု့နိုင်ရန် စီစဉ်ပြသသွားမည်ဟုနေပြည်တော်ရှိ လွှတ်တော်နယက ဦးဌေးဦး မှ
ပြောဆိုသွားပါသည်။

ကိုကိုမောင် ( သတင်းထောက်)
အောင်ဇေယျတုဂျာနယ်
https://www.facebook.com/1437035726556010/photos/a.1442491482677101.1073741827.1437035726556010/1616159775310270/?type=1&theater

အမေရိကန် အသက်ရာပြည့် အဘိုး ၊ အဘွားဇနီးမောင်နှံ နှစ်ဦး၏ ၇၅ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည် အခမ်းအနား ကျင်းပ

$
0
0

ဝါရှင်တန် ၊ ၂၁-၈-၂၀၁၅

အမေရိကန် ပြည်ထောင်စု မေရီလန်း ပြည်နယ်ရှိ အသက်ရာပြည့် အဘိုး ၊ အဘွား ဇနီးမောင်နှံ နှစ်ဦးက ၄င်းတို့၏ ၇၅ နှစ်မြောက် မင်္ဂလာ နှစ်ပတ်လည် အခမ်းအနားကို အငြိမ်းစား ဂေဟာတစ်ခု တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း ယမန်နေ့ ထုတ်ပြန်ချက်များ အရ သိရသည်။

ဝေါ်လ်တာနှင့် လက်စ်လီကင်မဲလ် အမည်ရှိ အဆိုပါ စုံတွဲ သည် ၁၉၄ဝ ပြည့်နှစ် သြဂုတ် ၁၈ ရက်က လက်ထပ်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ၄င်းတို့နှစ်ဦး စလုံး၏ အသက်မှာ ၁ဝဝ ပြည့်ပြီ ဖြစ်သည်။ ၄င်းတို့ နှစ်ဦးသည် မင်္ဂလာ နှစ်ပတ်လည် အခမ်းအနား ကို ဘာလ်တီမိုးမြို့ ကာ့စ်ဗယ်လ် ဒေသရှိ သက်ကြီးရွယ်အို ဂေဟာတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ နှစ်ဦးသည် ငယ်စဉ်က ဧမာနွေလ လူသရန် ဘုရားကျောင်း ၌ တွေ့ဆုံပြီးနောက် ချစ်ကျွမ်း ဝင်ခဲ့ခြင်း ဖြစ်ပြီး ၄င်းတို့ တွေ့ဆုံချိန်တွင် နှစ်ဦးစလုံးမှာ အသက် ၂၂ နှစ်အရွယ်သာ ရှိသေးသည်။ ဝေါ်လ်တာ သည် ဘာလ်တီမိုး ဓာတ်ငွေ့နှင့် လျှပ်စစ်ကုမ္ပဏီ တွင် နှစ်ပေါင်းများစွာ တာဝန် ထမ်းဆောင်ခဲ့ပြီး လက်စ်လီက အတွင်းရေးမှူး အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။

အဆိုပါ ဇနီးမောင်နှံ နှစ်ဦးတွင် သား နှစ်ဦး၊ မြေး လေးဦးနှင့် မြစ်လေးဦး ရှိပြီး ၄င်းတို့နှင့် အတူ နေထိုင်လျက် ရှိကြောင်း သိရသည်။

#PyiChitThar

တရားမ၀င်လူကုန်ကူး သူများကို နှိမ်နင်းရန် ပြင်သစ်နှင့် ဗြိတိန်ရဲတပ်ဖွဲ့ တို့ ပူးပေါင်းမည်

$
0
0
Theresa May and French Interior Minister Bernard Cazeneuve signed a deal in Calais

လန်ဒန် ၊ ၂၁-၈-၂၀၁၅

အင်္ဂလိပ် ရေလက်ကြား မှတစ်ဆင့် ဥရောပ နိုင်ငံများသို့ သွားရောက်မည့် တရားမဝင် ရွှေ့ပြောင်း ၀င်ရောက်သူ များအား မှောင်ခိုကုန်ကူး နေသည့် ဂိုဏ်းအဖွဲ့ များကို တိုက်ဖျက် နှိမ်နင်းနိုင်ရန် အတွက် ပြင်သစ်နိုင်ငံသို့

ရဲတပ်ဖွဲ့ဝင်များ စေလွှတ် သွားမည် ဖြစ်ကြောင်း ဗြိတိန် ပြည်ထဲရေး ဝန်ကြီးဌာန က သြဂုတ် ၂ဝ ရက်တွင် ပြောကြားသည်။

ဗြိတိန် ရဲတပ်ဖွဲ့ဝင် များနှင့် ပြင်သစ် ရဲတပ်ဖွဲ့ဝင် များသည် ကွပ်ကဲ အုပ်ချုပ်မှု ဌာနတွင် အတူတကွ ပူးပေါင်း ဆောင်ရွက် ကြမည်ဖြစ်ပြီး ၄င်းတို့သည် ရေလက်ကြား မှတစ်ဆင့် ပြင်သစ်နိုင်ငံ မြောက်ပိုင်း အတွင်းသို့ ရွှေ့ပြောင်း ဝင်ရောက် လာသူများအား တရားမဝင် မှောင်ခို ကုန်ကူးလျက် ရှိသည့် ရာဇဝတ် ဂိုဏ်းသားများကို ဖမ်းဆီးနှိမ်နင်း တိုက်ဖျက်မည့် တာဝန်များကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ဗြိတိန် ပြည်ထဲရေး ဝန်ကြီးဌာန က ပြောကြားသည်။

အဆိုပါ ပူးတွဲတပ်ဖွဲ့ ဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ ဗြိတိန် ပြည်ထဲရေး ဝန်ကြီး ထရီဆာမေ နှင့် ပြင်သစ် ပြည်ထဲရေး ဝန်ကြီး ဘားနက် ခက်ဇာနူ တို့အကြား သဘော တူညီချက် တစ်ရပ် လက်မှတ်ရေးထိုး ခဲ့ကြခြင်း ဖြစ်သည်။ ယင်းနှစ်နိုင်ငံ အနေဖြင့် ပူးတွဲဆောင်ရွက်မှု မှတစ်ဆင့် ရွှေ့ပြောင်း ဝင်ရောက်သူ အရေးကိစ္စကို ကိုင်တွယ် ဖြေရှင်းနိုင်ရန် မျှော်လင့်လျက် ရှိသည်။

အဆိုပါ သဘော တူညီချက်တွင် ကာလေးမြို့ မီးရထားလမ်းပိုင်း လုံခြုံမှုရှိစေရန် ကင်မရာများနှင့် မီးမောင်းများ တပ်ဆင်ခြင်း နှင့် ပြင်သစ်ရဲတပ်ဖွဲ့ အင်အားများ တိုးမြှင့်ချထား ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

ဝန်ကြီး ထရီဆာမေ သည် တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်မှု မြင့်တက် လာစဉ်မှစ၍ ပြင်သစ်နိုင်ငံ ပင်လယ် ဆိပ်ကမ်းမြို့ ဖြစ်သည့် ကာလေးမြို့ သို့ သွားရောက်သော ပထမဆုံး ဗြိတိန် အစိုးရ ဝန်ကြီး တစ်ဦး ဖြစ်သည်။

#PyiChitThar

ကိုရီးယားနှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား

$
0
0



North Korea orders front-line troops into 'wartime state' after exchange of fire


ဆိုးလ် ၊ ၂၁-၈-၂ဝ၁၅

တောင်ကိုရီးယား စစ်ဘက်က မြောက်ကိုရီးယား တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကို တုံ့ပြန်သည့် အနေဖြင့် သြဂုတ် ၂ဝ ရက်တွင် အမြောက်များဖြင့် ပြန်လည် ပစ်ခတ် ခဲ့ကြောင်း ယွန်ဟပ် သတင်းဌာနက ထုတ်ဖော် ပြောကြားသည်။

ကိုရီးယား နှစ်နိုင်ငံ အကြား အနောက်ပိုင်း ကုန်းမြေ နယ်နိမိတ်ရှိ တောင်ကိုရီးယား နိုင်ငံ ဘက်ခြမ်းသို့ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်များ က ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည် ဟု ယူဆရသော နေရာသို့ တောင်ကိုရီးယား စစ်ဘက် က အမြောက်ဖြင့် ၁ဝ ချက်ကျော် တုံ့ပြန် ပစ်ခတ်ခဲ့ကြောင်း စစ်ဘက်၏ ပြောကြားချက် ကို ကိုးကား၍ အဆိုပါ သတင်းဌာန က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံဘက်မှ ပစ်ခတ် သည်ဟု ယူဆရသော ပဲ့ထိန်း ဒုံးကျည်များ အား တောင်ကိုရီးယား ခြေရာခံ ထောက်လှမ်းရေး ရွေ့လျားရေဒါ တစ်ခုက ဒေသ စံတော်ချိန် ညနေ ၃ နာရီ ၅၂ မိနစ်တွင် ထောက်လှမ်း နိုင်ခဲ့ကြောင်း၊ မြောက်ကိုရီးယား တပ်ဖွဲ့ဝင် များက ရှေ့တန်းဒေသ များရှိ တောင်ကိုရီးယား စစ်ဘက်တပ်ဖွဲ့များ အပေါ် ပစ်မှတ် ထား၍ တိုက်ခိုက်ခြင်း ဟုတ်၊ မဟုတ်ကို တောင်ကိုရီးယား စစ်ဘက်က ဖော်ထုတ်လျက် ရှိကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြောက်ကိုရီးယား နိုင်ငံဘက်မှ ပစ်ခတ် လိုက်သည်ဟု ယူဆရသော အဆိုပါ ပစ်ခတ်မှု ဖြစ်စဉ်ဖြစ်ပွား ပြီးနောက် တောင်ကိုရီးယား သမ္မတရုံး၌ အမျိုးသား လုံခြုံရေး ကောင်စီ အရေးပေါ် အစည်းအဝေး တစ်ရပ်ကို ပြုလုပ် ခဲ့ကြောင်း သိရသည်။ အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားရာ အနောက်ပိုင်း နယ်စပ်ဒေသ အနီးရှိ ကျေးရွာများတွင် နေထိုင်သော တောင်ကိုရီးယား ဒေသခံ များအား ဒေသ စံတော်ချိန် ညနေ ၅ နာရီ ၁ဝ မိနစ်ခန့်တွင် တာဝန်ရှိ သူများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးခဲ့သည်။

အခြား သတင်းတစ်ရပ် အရ မြောက်ကိုရီးယား နိုင်ငံအား ဆန့်ကျင်ရေး ဝါဒဖြန့် အသံလွှင့်မှု ပြုလုပ်နေသည့် တောင်ကိုရီးယား နိုင်ငံဘက်မှ အသံချဲ့စက် တစ်ခုအား မြောက်ကိုရီးယား နိုင်ငံဘက်မှ ဒုံးကျည် တစ်စင်းဖြင့် ပစ်ခတ်ခဲ့ခြင်း ကြောင့် တောင်ကိုရီးယား နိုင်ငံက တုံ့ပြန် ပစ်ခတ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား တာဝန်ရှိသူများက ပြောကြားသည်ဟု သိရသည်။

တောင်ကိုရီးယား စစ်ဘက်က ၁၅၅ မီလီမီတာ အမြောက်ဖြင့် တုံ့ပြန် ပစ်ခတ်မှု ပြုလုပ်ခဲ့သည်ဟု တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက် တစ်စောင် ထုတ်ပြန် ခဲ့ကြောင်းနှင့် တောင်ကိုရီးယား စစ်ဘက် အနေဖြင့် မြောက်ကိုရီးယား ၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်မှု တိုးမြှင့် ထားကြောင်း သိရသည်။

#PyiChitThar

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် RFA သတင်းဌာနနှင့် တွေ့ဆုံ

$
0
0

ပြည်သူနှင့် ပတ်သက်လျှင် တပ်မတော်က အမြဲတမ်း အသင့်ရှိပြီး ချင်းပြည်နယ်အတွင်း ကား၊ လေယာဉ်ပျံနှင့် ရဟတ်ယာဉ်များ သုံး၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်းနှင့် ဗိုလ်လောင်း သင်တန်းများ ခေါ်ယူရာတွင် အရေအတွက် ထက် အရည်အသွေး ကို ဦးစားပေး ဆောင်ရွက် နေကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် RFA သတင်းဌာနနှင့် တွေ့ဆုံရာတွင် ပြောကြား



နေပြည်တော် ၊ ၂၁-၈-၂၀၁၅

RFA ။ ဗိုလ်ချုပ်မှူးကြီး လက်ထက်မှာ ပေါ့လေ တပ်မတော်ကို ခေတ်မီအောင် တိုက်လေယာဉ်တွေ ၀ယ်ပြီးတော့ တည်ဆောက် လာတာ တွေ့ရတယ်။ နောက်ပြီးတော့ တစ်ချိန်တည်းမှာပဲ တပ်က ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ကူညီနေတာ တွေ့တယ်။ အဲတော့ တပ်မတော် ဘက်က ဒီလိုယာဉ်တွေ၊ တိုက်လေယာဉ်တွေ ၀ယ်တဲ့အပေါ် မှာတော့ ကျွန်မတို့ သိရသလောက် ပေါ့လေ တိုင်းရင်းသား တွေဘက်က စိုးရိမ်ပူပန်တာတွေ ရှိလာတယ်။ ဒါပေမဲ့ အခုလို ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်တဲ့အခါ ပြည်သူတွေ ကတော့ အင်မတန်မှကို ကျေနပ်အားရတဲ့ အပိုင်းရှိတယ်။ ဆိုတော့ အမြင်ချင်းက နှစ်ခုပေါ့လေ။ ကွာဟနေတဲ့ အပေါ်မှာ ဗိုလ်ချုပ်မှူးကြီး အနေနဲ့ ဘယ်လိုများ သုံးသပ်မိ ပါသလဲ။ ဘယ်လို ပြောချင်လဲရှင့်။ ဘာကြောင့် အမြင်နှစ်ခုက ကွာဟ နေသလဲ ဆိုတာကို။

ဗိုလ်ချုပ်မှူးကြီး ။ အဓိပ္ပာယ်ချင်း ကတော့ မတူဘူး သူကတော့။ ပထမတစ်ခု ကတော့ နိုင်ငံတော် ကာကွယ်ရေး အတွက် တည်ဆောက်တဲ့ အပိုင်းပေါ့။ ဒါနိုင်ငံတိုင်း နိုင်ငံတိုင်း ကတော့ ဒါနိုင်ငံတော် ကာကွယ်ရေး အတွက် တည်ဆောက် ရမှာ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ ၀ယ်တယ်ပြုတယ် ဆိုတဲ့ ဒီလေယာဉ်တွေ မှာလည်း တချို့ကလည်း တိုက်လေယာဉ် တွေပါတယ်။ တချို့ကလည်း လေ့ကျင့်ရေး လေယာဉ်၊ တချို့လည်း သယ်ယူ ပို့ဆောင်ရေး လေယာဉ်တွေ ဒီလို ပါပါတယ်။ ဒါတွေက ဒီနိုင်ငံတော် ကာကွယ်ရေး အတွက်ပါပဲ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး။ ဒါတောင်မှ ကျွန်တော် ထင်တယ်လေ။ ဒါပြီးပြည့်စုံတဲ့ တည်ဆောက်မှု မဟုတ်ပါဘူး။ နိုင်ငံတွေ နိုင်ငံတွေ ကတော့ တည်ငြိမ် အေးချမ်းရေး ဆိုပြီးတော့ ငြိမ်းချမ်းရေး ပေါ့လေ ပြောကြတာပေါ့။ ဒါပေမဲ့လည်း အဲဒီနိုင်ငံတွေက ကိုယ်တိုင်ကိုက သူတို့လည်း ကာကွယ်ရေး အင်အားတွေ တည်ဆောက် နေကြတာပဲ။ သူတို့ တည်ဆောက်တာ မြင်တော့ သူတို့နဲ့ သက်ဆိုင်တဲ့ နိုင်ငံတွေက တစ်ခါ ထပ်ပြီးတော့လည်း ကြောက်လန့်ပြီးတော့ လုပ်ကြပြုကြတာ ရှိတော့ အကုန်လုံးက တစ်ကမ္ဘာလုံး ကြည့်မယ်ဆိုရင် ကာကွယ်ရေး တည်ဆောက်မှုတွေ တစ်ကမ္ဘာလုံး ရှိနေတာကို ကျွန်တော်တို့ တွေ့မယ်။ ဒါကတော့ ကာကွယ်ရေး တည်ဆောက်မှု အပိုင်းပေါ့။ အဲတော့ ခုနက ကျွန်တော့်ကို ပြောတဲ့ တိုက်လေယာဉ်တွေ ၀ယ်တဲ့ ပြုတာနဲ့ ပတ်သက်ပြီးတော့ ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ် အောင်ဆန်းက ပြောတဲ့ မိန့်ခွန်းလေး တစ်ခုရှိတယ်။ အဲ့ထဲမှာ မြန်မာနိုင်ငံ ကာကွယ်ရေး အတွက်ဆို လေတပ်က အဖျင်းဆုံး လေယာဉ် တိုက်လေယာဉ် အစီး ၅၀၀ လောက်လိုတယ်။ နောက်က အရန်တွေ ဘာတွေ ပေါင်းလိုက်ရင် နောက်ထပ် ၅၀၀ လောက် ထပ်လိုဦးမယ်လို့ ပြောပါတယ်။ အဲ့ဒါ ၁၉၄၇ ခုနှစ် လောက်က ဗိုလ်ချုပ် အောင်ဆန်း ပြောခဲ့တဲ့ စကားလေး တစ်ခွန်းပါ။ ကျွန်တော်တို့ အဲ့လို အခြေအနေမျိုးတောင် ကျွန်တော်တို့ အခုထိ မရောက်သေး ပါဘူး။ တကယ်တမ်း ပြောရရင် မရောက်သေး ပါဘူး။ သို့သော်လည်းပဲ အိမ်နီးနားချင်း ဆက်ဆံရေးနဲ့ ကမ္ဘာ့နိုင်ငံများ ဆက်ဆံရေးတွေ ကောင်းလို့ ရှိရင်တော့ တိုင်းပြည် ကာကွယ်ရေးဟာ သိပ်ပြီးတော့လည်း ဒီလောက်ကြီး ဆိုးဆိုးရွားရွား  ထိခိုက် လာလိမ့်မယ်လို့ ကျွန်တော်ကတော့ မယုံကြည်ဘူး ပေါ့လေ။ ဆိုးဆိုးရွားရွား ဖြစ်လာ လိမ့်မယ်လို့ ကျွန်တော့် အနေနဲ့ မမျှော်လင့် ထားပါဘူး ဒါကတစ်ခုပေါ့။ အဲ့တော့ ဘာမှလည်း စိုးရိမ်စရာ မရှိပါဘူး။ တိုင်းပြည်ရဲ့ကာကွယ်ရေး အတွက်လုပ်တာလို့ ကျွန်တော် ပြောချင်ပါတယ်။ အလားတူပဲ ခုန ကယ်ဆယ်ရေး လုပ်ငန်းတွေပေါ့။ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆိုတာကတော့ တိုင်းပြည်ရဲ့ အခြေခံဥပဒေ မှာလည်း ပါပါတယ်။ အခြေခံ ဥပဒေ မှာလည်း မြန်မာနိုင်ငံမှာ အရေးပေါ် အခြေအနေ ဖြစ်ပေါ်လာလို့ ရှိရင် သဘာဝဘေး အန္တရာယ် ဖြစ်ပေါ် လာလို့ရှိရင် တပ်မတော်က ကူညီ ဆောင်ရွက် ရမယ်ဆိုတဲ့ ဟာလေးလည်း ပါပါတယ်။ ဒါကတော့ ဥပဒေက ပြောတာပါ။ တစ်ဖက်ကလည်း  ကျွန်တော်တို့က ပြည်သူကြားက ပေါက်ဖွားလာတဲ့ တပ်မတော် တစ်ရပ်ပဲ။ ပြည်သူ့ အကျိုးကို ကာကွယ် စောင့်ရှောက်ဖို့ ပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့ရဲ့ တကယ့်ကို ခံယူချက် အမှန်ပဲ။ ဥပဒေက ခင်ဗျားလုပ် ရမယ် ပြောလို့ ကျွန်တော် လုပ်တာ မဟုတ်ဘူး။ ကျွန်တော်တို့ ကိုယ်တိုင်ကိုက ဒါလုပ်ဖို့ လိုအပ်တယ်လို့ ယုံကြည်တဲ့ အတွက်ကြောင့် လုပ်ပေးတာပါ။ ပြည်သူနဲ့ ပတ်သက် ရင်တော့ ကျွန်တော်တို့ တပ်မတော်က အမြဲတမ်း အသင့် ရှိပါတယ် ဆိုတာ ကျွန်တော် ပြောချင်ပါတယ်။ ဒါကြောင့် အဓိပ္ပာယ် ကွဲလွဲပါတယ်။
RFA ။ ကျေးဇူးပါဗိုလ်ချုပ်မှူးကြီး။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ ချင်းပြည်နယ်မှာလေ။ အခု ဒီဖြစ်နေတဲ့ ဒီဥစ္စာပေါ့လေ။ ဟို မြေပြိုမှုတွေ ဘာတွေဆို သူတို့က ဒီဘက် ပစ္စည်းတွေ မရောက်နိုင်ဘူး ပြောတယ်။ ကလေးထိပဲ ရောက်တယ်လို့ ပြောတယ်။ အဲတော့ တပ်မတော်ပိုင်း ကနေ ဒီဟယ်လီကော်ပတာ တွေ ဘာတွေနဲ့များ ကူညီဖို့များ အစီအစဉ်ရှိလား မသိဘူး ဗိုလ်ချုပ်မှူးကြီး။

ဗိုလ်ချုပ်မှူးကြီး ။ အစီအစဉ် ကပေါ့။ အပြည့် လုပ်ပေးမယ်။ ကျွန်တော်က အပေါ်က သယ်လို့ ရတာလည်း အပေါ်က သယ်ပေါ့။ အရေးပေါ် လိုအပ်တဲ့ဟာတွေ အမြန်ပို့ရမယ့် ဟာတွေကျတော့ ရဟတ်ယာဉ်နဲ့ သယ်ပေါ့။ အောက်က သယ်ဖို့လိုလို့ ရှိရင်လည်း အောက်ကနေ သယ်ပေးဖို့ ကားလမ်းနဲ့ သယ်ဖို့ လုပ်နေတာ ရှိပါတယ်။ တပ်မတော်က ကားတွေရော လေယာဉ်ပျံ တွေရော ရဟတ်ယာဉ် တွေရော ကျွန်တော် အဲ့ဘက်မှာ အများကြီး ထုတ်ပြီး သုံးနေပါတယ်။ ကျွန်တော်တို့လည်း ဖြစ်စေချင်တယ်။ ကျွန်တော် ကိုယ်တိုင်လည်း ဟားခါး ရောက်ပြီးပါပြီ။ မြေတွေ ပြိုတာလည်း ကျွန်တော် ကိုယ်တိုင် မြင်တဲ့အတွက် ကြောင့် တော်တော်လည်း စိတ်မကောင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်မတော် ကတော့ အဲ့ဒီမှာတော့ ဘိလပ်မြေအိတ် လောလော ဆယ်တော့ တန် ၁၀၀၀ ပေါ့။ သွပ်က အချပ် ၅၀၀၀။ နောက် ဒီဥစ္စာအတွက် ဆောက်လုပ်ရေး အတွက် လိုအပ်တဲ့သံတွေ ဘာတွေ ကျွန်တော်တို့ လှူဖို့ လုပ်ထားတာရှိတယ်။ နောက်ထပ် သွပ်လည်း အချပ် ၅၀၀၀ ပေါ့ ထပ်ပြီးတော့ ပို့ပေးဖို့ လုပ်နေပါတယ်။ ဒါတွေကလည်း ဒီချင်းပြည်နယ် ဒေသ ပြန်လည် တည်ဆောက်ရေး အတွက် တစ်စိတ်တစ်ပိုင်း ကတော့ အထောက် အကူ ရမယ်လို့ ကျွန်တော် ကတော့ ယုံကြည်ပါတယ်။

RFA ။ နောက်တစ်ခုကလေ ဗိုလ်ချုပ်မှူးကြီးရှင့် သတင်းစာတွေ၊ ရုပ်မြင်သံကြား တွေကနေ ဗိုလ်လောင်းသင်တန်း နဲ့ပတ်သက်ပြီး ထည့်သွင်းဖော်ပြ နေတာတွေ တွေ့တယ်။ နောက်ပြီး တစ်ဖက်ကလည်း စစ်တက္ကသိုလ်၊ တပ်မတော် တက္ကသိုလ်တို့၊ တပ်မတော် နည်းပညာ တက္ကသိုလ်တို့မှာ ကျောင်းဆင်းတဲ့အခါမှာ အရေအတွက် လည်း ထင်သလောက်မများဘူးပေါ့နော်၊ အဲဒါနဲ့ ပတ်သက်လို့ နည်းလာတာကို သတိပြုမိတယ်လို့ ပြောရမှာပဲ။ ဆိုတော့ အဲဒါဘာကြောင့် ပါလဲ။ တပ်မတော် အရာရှိ တွေ ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုများ ရှိသလဲဆိုတာ သိလိုပါတယ်ရှင့်။

ဗိုလ်ချုပ်မှူးကြီး ။ ၁၉၉၀ ပြည့်လွန်ကာလ တွေမှာတော့ ကျွန်တော်တို့ တပ်မတော်လည်း တိုးချဲ့ တည်ဆောက် တာတွေလည်း ရှိပါတယ်။ အဲဒီအခါကျတော့ လိုအပ်တဲ့ အရာရှိတွေ မွေးထုတ်နိုင်ဖို့ ဆိုတော့ Academy တွေပေါ့၊ Academy ကျောင်းတွေ တည်ဆောက်ပြီးတော့ အရာရှိတွေ တော်တော်များများ မွေးထုတ်ပေး ပါတယ်။ အဲဒီ အတွက်ကြောင့်လည်း အခုဆိုရင်တော့ အရာရှိတွေရဲ့အခြေအနေ တွေလည်း တော်တော်လေးကို ကောင်းမွန် နေပြီလို့ ကျွန်တော်တို့ ပြောရပါမယ်။ အဲဒီမှာတော့ ကျွန်တော်တို့က အရေအတွက်ကို အလေးထားပြီး ဆောင်ရွက်ခဲ့ တာပေါ့။ နောက်ဒီဘက် ၂၀၁၁ ခုနှစ်နောက်ပိုင်း ကနေစပြီး ကျွန်တော်တို့က အရေအတွက် ထက် အရည်အသွေးကို ဦးစားပေးဖို့ ဆိုပြီးတော့ ဗိုလ်လောင်း သင်တန်းတွေနဲ့ ပတ်သက်ပြီးတော့ တော်တော်လေး စိစိစစ်စစ် ပေါ့လေ။ ဥပမာ အားဖြင့် ၁၀ တန်း၊ တက္ကသိုလ် ၀င်တန်းအောင် တဲ့ အမှတ်ဆိုလည်း အများကြီး မြှင့်ပစ် လိုက်တာပေါ့။ ကျွန်တော်တို့မှာ Academy ၃ ခုရှိပါတယ်။ စစ်တက္ကသိုလ် (DSA) ပေါ့။ နောက်တစ်ခါ (DSTA) တပ်မတော် နည်းပညာ တက္ကသိုလ်၊ နောက်တစ်ခါ တပ်မတော် ဆေးတက္ကသိုလ် ၃ ခုရှိတယ်။ နောက်ပြီးရင်တော့ Special Force တာဝန် ပေးထားတဲ့ သူနာပြု သင်တန်းလေး တစ်ခု။ တက္ကသိုလ် တစ်ခု ရှိပါတယ်။ သူနာပြု တက္ကသိုလ် တစ်ခုရှိပါတယ်။ အဲတော့ သူတို့ကတော့ သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ကိုက်ညီတဲ့ သူတွေကို သေချာ စိစစ်ပြီးတော့မှ ကျွန်တော်တို့ လက်ခံပါတယ်။ သူတို့ကတော့ ကော်မရှင် ပေးတာပေါ့။ နောက်တစ်ခါ ဗိုလ်သင်တန်း တစ်ခု ရှိသေးတယ် OTS ကျွန်တော်တို့ ဖွင့်ထားတာ ရှိပါတယ်။ သူလည်း တပ်မတော်တွင်း ကနေပြီးတော့ အရည်အချင်း ကိုက်ညီတဲ့ စစ်မှုထမ်းတွေ ကျွန်တော်တို့ သင်တန်း တက်ခွင့် ပေးတယ်။ သူကတော့ တစ်နှစ်ကို ၂၀၀ ကျော်ကျော်လောက် ကျွန်တော်တို့ ခေါ်ပါတယ်။ နောက် တပ်မတော်မှာ လိုအပ်တဲ့ ပညာရှင်ပေါ့။ ဥပမာအားဖြင့် မွေးမြူရေးနဲ့ ပတ်သက်တဲ့ ပညာရှင်တို့၊ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ပညာရှင်တွေက ကျွန်တော်တို့မှာ မရှိပါဘူး။ အဲတော့ ကျွန်တော်တို့ မွေးမထုတ် နိုင်ဘူး။ ဒါကြောင့် အပြင် တက္ကသိုလ်က အောင်တဲ့ ဘွဲ့ရတွေ ကျွန်တော်တို့ ခေါ်တာပေါ့။ ဒါက တစ်ပိုင်းပေါ့။ ဒီလို လုပ်ပါတယ်။ အဲတော့ သူတို့ ဒီအခြားအဆင့်တွေ အပိုင်း ကျလို့ရှိရင်လည်း ကျွန်တော်တို့ သူတို့မှာ သတ်မှတ်ထားတဲ့ အတန်းပညာနဲ့ စစ်သက်နဲ့ ရာထူးနဲ့ သတ်မှတ်ထားတာ ရှိတယ်။ ဒီဟာကို ကျွန်တော်တို့က ခုနကပြောတဲ့ ဗိုလ်သင်တန်း ကျောင်းမှာ တက်ခွင့် ပေးတယ်။ တစ်နှစ်ကို တစ်ကြိမ် ဖွင့်ပါတယ်။ တစ်ကြိမ်ဖွင့်တယ်။ ဟိုဟာကတော့ သတ်မှတ်ထားတဲ့ အရည်အချင်း ကိုက်ညီရင် စစ်တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊ တပ်မတော် ဆေးတက္ကသိုလ် ဒါတွေကတော့ သူ့သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ကိုက်ညီတဲ့ သူတွေ လျှောက်ခွင့် ရှိပါတယ်။ ကျွန်တော်တို့ အပိုင်းကတော့ အခုဆိုရင်တော့ အရေအတွက် ထက် အရည်အသွေး ကို ပိုပြီးတော့ ဦးစားပေး ဆောင်ရွက် နေတယ်။ ဒါကြောင့်လည်း နည်းသွားတယ်လို့ ဒါမြင်ရတာ ဖြစ်ပါတယ်။

#PyiChitThar

အရပ် ခြောက်ပေ နှစ်လက်မရှိသော စက်ရုပ်လူသားကို တောတွင်းလွှတ်၍ စမ်းသပ်

$
0
0
Atlas, a Humanoid Robot, Takes a Walk in the Woods

ဝါရှင်တန် ၊ ၂၁-၈-၂၀၁၅

အရပ်အမြင့် ခြောက်ပေ နှစ်လက်မ ရှိပြီး အလေးချိန် ၃၃ ပေါင်ထိရှိသော သံစက်ရုပ် တစ်ရုပ်ကို သစ်တောကြီး အတွင်း လွတ်လွတ် လပ်လပ် ပြေးလွှား သွားလာ စေသည့် တောတွင်း စမ်းသပ်မှု တစ်ခုကို Google ၏ ဌာနခွဲ Boston Dynamics စက်ရုံကြီးက စမ်းသပ်ခဲ့ကြောင်း ထုတ်ဖော် ပြောလိုက်သည်။

လက်ရှိ အမေရိကန် နိုင်ငံတွင် ကျင်းပနေသော Robo-Olympics ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင် နေကြသော သံစက်ရုပ်များ မကြာခဏ လဲကျ နေသော်လည်း ယနေ့ တောတွင်း လွှတ်ထားသော သံစက်ရုပ် ကမူ လုံးဝ လဲကျခြင်း မရှိဘဲ ၄င်း၏ လှုပ်ရှားမှုများကို ဗီဒီယို မှတ်တမ်းတင် ရိုက်ကူးထား နိုင်ခဲ့သည်။

အဆိုပါ စက်ရုပ်အမည်ကို Atlas ဟု အမည် ပေးထားပြီး လူသူမနီးသော သစ်တောကြီး များတွင် နေတတ်၊ သွားတတ် ကာ လက်နှင့် ခြေထောက်တို့ကို အသုံးပြု၍ တောင်ကုန်းများ ပေါ်သို့ လူတစ်ဦး ကဲ့သို့ ဖယ်ရှား ရှင်းလင်း သွားလာနေတတ်ကြောင်း သိရသည်။ သစ်တောကြီး အတွင်း လူတစ်ဦး ကဲ့သို့ တွေ့ကြုံ လာသော အခက်အခဲ များကို ဖြေရှင်းနိုင်စွမ်း ရှိရာ ကျေနပ်ကြောင်း Boston Dynamics ကို တည်ထောင်သူ မက်ရေးဘက် က ပြောပြသည်။

Boston Dynamics လုပ်ငန်းကြီးက ၄င်းတို့ တီထွင်လိုက်သော သံစက်ရုပ် များသည် တစ်ချိန်တွင် လူသားတစ်ဦး ကဲ့သို့ သာလွန်သော စွမ်းရည်များ ပြသနိုင်မည်ဟု မျှော်လင့် ထားသည်။

စက်ရုပ် Atlas တွင် ဟိုက်ဒရောလစ် စွမ်းအင်ကို ၂၈ နေရာတွင် အသုံးပြု ထားပြီး လူသားများ၏ မျက်လုံးကဲ့သို့ အသုံးပြု နိုင်သော ဗီဒီယို ကင်မရာများ နှစ်လုံးကို မျက်လုံးတွင် တပ်ဆင် ပေးထားသည်။ လက်ဝှေ့ထိုး နိုင်သကဲ့သို့ အလေးအပင်များ မနိုင်ပြီး ပါရှိသော လက်နှစ်ဖက်က ကိရိယာ တန်ဆာပလာ မျိုးစုံကို ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးချ တတ်ကြောင်း သိရသည်။

ယနေ့ ကျင်းပသော Robo-Olympic ပြိုင်ပွဲကြီးတွင် Atlas သံစက်ရုပ် အမျိုးအစား ခုနစ်ရုပ် ပါဝင်ယှဉ်ပြိုင် နေသည်။ Atlas သံစက်ရုပ် ကို လမ်းလျှောက် ပြခြင်း၊ ခုန်ပြခြင်းနှင့် ကားပင် မောင်းနိုင်ကြောင်း ပြသခဲ့ပြီး ဖြစ်သည်။

#PyiChitThar

ဆိတ်များအကြောင်း သုတေသနပြုနိုင်ရန် သုံးရက်ကြာ ဆိတ်တစ်ကောင် ကဲ့သို့ နေထိုင်စမ်းသပ်မှု အောင်မြင်

$
0
0




လန်ဒန် ၊ ၂၁-၈-၂၀၁၅

လန်ဒန်မြို့မှ အသက် ၃၄ နှစ် အရွယ်ရှိ သုတေသီ သောမတ် သာဝါတိစ် သည် ဆိတ်တစ်ကောင် နှင့် တစ်ထပ်တည်း တူအောင် ဖန်တီး ထားရှိသည့် ဝတ်စုံကို ကိုယ်တိုင် ဝတ်ဆင်ကာ ဆိတ်များ၏ နေထိုင် စားသောက်ပုံ နှင့် တစ်ကောင်နှင့် တစ်ကောင် မည်သို့ ဆက်သွယ် ကြသည်ကို အသေးစိတ် လေ့လာမှုသည် အောင်မြင် ခဲ့သည်ဟု သိရသည်။

ဆိတ်တစ်ကောင် ကဲ့သို့ပင် ကိုယ်တိုင် လေးဖက်တွား သွားခြင်း၊ ဆိတ်အုပ်နှင့် အတူ မြက်စားခြင်း မျိုးဖြင့် ဆိတ်များ၏ အမူအကျင့် များကို သုတေသနပြု လေ့လာနိုင် ခဲ့သည်။

ဗြိတိန်အစိုးရ ၏ ပံ့ပိုး ကူညီမှုဖြင့် သုံးရက်ကြာ Swiss Alps တောင်တန်း ဒေသတွင် ဆိတ်အုပ် နှင့်အတူ နေထိုင်ခဲ့ခြင်း  ဖြစ်သည်။ ယခုကဲ့သို့ သုတေသနပြု ခြင်းဖြင့် နောင် အနာဂတ်တွင် ဆိတ်အုပ် နှင့်အတူ နေထိုင်နိုင်သော စက်ရုပ် ဆိတ်များ ဖန်တီး နိုင်မည်ဟု သုတေသီ သောမတ် က ယုံကြည် ထားရှိသည်။

''လူတစ်ယောက် က ဆိတ်တစ်ကောင်လို နေထိုင်ရတာ တော်တော်လေး ခက်ခဲပါတယ်။ စိတ်ဖိစီး မှုလဲ ဖြစ်ခဲ့ရ ပါတယ်။ ထင်သလောက် မလွယ်ကူ ပါဘူး။ တောင်တက်၊ တောင်ဆင်းတဲ့ အခါမှာ ကြမ်းတမ်း ပါတယ်''ဟု သောမတ် က ၄င်း၏ အတွေ့အကြုံကို ပြောပြသည်။ ဆိတ်အုပ် ပိုင်ရှင်၏ ခွင့်ပြု ချက်ဖြင့် ဆိတ်များနှင့် အတူ သုံးရက်ကြာ နေခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်း ဆိတ်များ ကိုယ်တိုင်လည်း မိမိကို လက်ခံခဲ့ကြောင်း သောမတ် က ဆက်လက် ရှင်းပြသည်။ ဘာသာစကား မရှိသည့် တိရစ္ဆာန် အချင်းချင်း တစ်ကောင်နှင့် တစ်ကောင် နားလည်မှု ရရှိရန် ဆက်သွယ် ကြပုံများနှင့် ဆိတ်များ၏ ပတ်ဝန်းကျင် အခြေအနေ ပေါ်လိုက်၍ ပြောင်းလဲပြုမူ နေထိုင်ပုံ များကို ရှင်းလင်းစွာ အသေးစိတ် သိရှိလို၍ လေ့လာခြင်း ဖြစ်ကြောင်း လန်ဒန်မြို့၊ကွင်းမ်ဖယ်ရီ တက္ကသိုလ် မှ ဒေါက်တာ အဲလန်မက် အီလီဂေါ့ နှင့် ဒေါက်တာ အဲလိုဒီ ဘရီဖာ က ရှင်းပြသည်။

#PyiChitThar


လာမည့် ရာစုနှစ်ဝက် တွင် သန္တာကျောက်တန်းများ ပျောက်ကွယ်သွားနိုင်ဖွယ် ရှိဟုဆို

$
0
0

ပဲရစ် ၊ ၂၀-၈-၂၀၁၅

ပင်လယ်သမုဒ္ဒရာ များအတွင်းရှိ သန္တာကျောက်တန်း များသည် လာမည့် ရာစုနှစ်ဝက် ခန့်တွင် ကမ္ဘာမြေကြီး ပူနွေးမှုကြောင့် ပျောက်ကွယ် သွားနိုင်ဖွယ် ရှိသည်ဟု သိပ္ပံပညာရှင် များက ပြောကြား ထားကြောင်း သိရသည်။

ကမ္ဘာမြေကြီး၏ အပူချိန်သည် ယခုရာစုနှစ် အကုန်ပိုင်း၌ အနည်းဆုံး ၂ ဒီဂရီအထိ မြင့်တက် လာနိုင်ကြောင်း ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ လွန်ခဲ့သည့် ဒီဇင်ဘာလ အတွင်းက ကျင်းပခဲ့သော ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ဆွေးနွေး ပွဲတွင် ကမ္ဘာ့ခေါင်းဆောင် များက ကောက်ချက်ချ ခဲ့သည်။

အဆိုပါ ကောက်ချက်ချမှု မှန်ကန်ခဲ့ ပါက ကမ္ဘာ့သန္တာ ကျောက်တန်း များသည် ယင်း အချိန်၌ ပျောက်ကွယ် သွားမည်ဖြစ်ပြီး သမုဒ္ဒရာ အတွင်း၌လည်း အက်စစ်ဓာတ်များ စိမ့်ထွက် လာနိုင်ဖွယ် ရှိကြောင်း ကနေဒါနိုင်ငံ အွန်တေရီယိုမြို့ ရှိ ဝင်ဆာ တက္ကသိုလ်မှ ပါမောက္ခ ပီတာဆေး က ပြောကြား ထားသည်။

သန္တာကျောက်တန်း များသည် ရေနေ သတ္တဝါများ မှီခိုအားထား နေရသည့် နေရာ တစ်ခုဖြစ်ပြီး ကမ်းရိုးတန်းသို့ အပူပိုင်း မုန်တိုင်းများ၊ မုန်တိုင်း တိုက်ခတ်မှု များနှင့် လှိုင်းလုံးများ ရိုက်ခတ်မှု မှလည်း ကာကွယ် ပေးနိုင်ကြောင်း သိရသည်။

ကမ္ဘာမြေကြီး သည် လာမည့်နှစ် ၂ဝ အတွင်း လေထုအတွင်းသို့ ကာဗွန် ထုတ်လွှတ်မှု မြင့်တက် လာခြင်းကြောင့် လူသားများ မှီခို အားထား နေရသည့် ရေကြောင်းစနစ် များစွာ ပျက်စီးနိုင်ဖွယ် ရှိကြောင်း သိရသည်။

#PyiChitThar

ကမ္ဘာ့ပထမဆုံး အကြိမ်အဖြစ် လူသားဦးနှောက်ကို ဓာတ်ခွဲခန်းအတွင်း ဖန်တီး

$
0
0
Hopes raised of breakthrough in Alzheimer's, Parksinson's and autism treatment

ဝါရှင်တန် ၊ ၂၀-၈-၂၀၁၅

ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ် အဖြစ် လူသား၏ ဦးနှောက်ကို ဓာတ်ခွဲခန်း အတွင်း၌ သိပ္ပံပညာရှင် များက ဖန်တီးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

သိပ္ပံပညာရှင် များက ဖန်တီးခဲ့သည့် အဆိုပါ ဦးနှောက်သည် ခဲတံထိပ်ဖျားရှိ ခဲဖျက် အရွယ်အစား ခန့်သာ ရှိသော်လည်း ယင်းဦးနှောက်ကို နောက်ပိုင်းတွင် ပညာရှင်များက အယ်လ်ဇိုင်းမား နှင့် ပါကင်ဆန် ရောဂါများ ဖြစ်ပွား ရခြင်းနှင့် စပ်လျဉ်း၍ စမ်းသပ်မှုများ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

သိပ္ပံပညာရှင် များသည် အဆိုပါ ဦးနှောက်ကို ဖန်တီးနိုင်ရန် အတွက် အရွယ်ရောက်ပြီး လူသား၏ အရေပြား ဆဲလ်များကို အသုံးပြု ခဲ့ကြောင်းနှင့် ၄င်းတို့ ဖန်တီးလိုက်သည့် ဦးနှောက်သည် ဓာတ်ခွဲခန်း အတွင်း ဖန်တီးခဲ့သမျှ ဦးနှောက်များ အနက် ပြီးပြည့်စုံသည့် လူသားဦးနှောက် ဖြစ်လာခဲ့ကြောင်း သိရသည်။

အမေရိကန် ပြည်ထောင်စု အိုဟိုင်းယိုး ပြည်နယ် တက္ကသိုလ်မှ သိပ္ပံပညာရှင် များသည် အဆိုပါ ပြီးပြည့်စုံသည့် လူသား ဦးနှောက်ကို ဖန်တီးနိုင်ရန် အတွက် အချိန်ကာလ အားဖြင့် ရက်သတ္တ နှစ်ပတ်သာ အချိန်ယူ ခဲ့ကြောင်း နှင့် ပညာရှင် များသည် ယခင်က လူသား ဦးနှောက်ကို ဓာတ်ခွဲခန်း အတွင်း ဖန်တီးနိုင်ရန် အတွက် ကြိုးပမ်းခဲ့ သော်လည်း လူသား၏ ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခု သို့မဟုတ် ဦးနှောက်ဆိုင်ရာ အခြားအင်္ဂါ တစ်ခု အဖြစ်သာ ဖန်တီးနိုင်ခဲ့ သောကြောင့် အောင်မြင်မှု မရရှိခဲ့ကြောင်း အိုဟိုင်းယိုး ပြည်နယ် တက္ကသိုလ်မှ ရန်းနီအာနန် က ပြောကြား ခဲ့ကြောင်း သိရသည်။

Scientists grow almost fully formed human brain in a lab for the first time

#PyiChitThar

အစ္စရေးသူလျှို လင်းပိုင်အား ဟားမက်စ်အဖွဲ့ ဖမ်းဆီးရမိ

$
0
0
Double agent dolphin: Hamas catches 'Israeli spy' at sea

ဂျေရုဆလင် ၊ ၂၀-၈-၂၀၁၅

ဟားမက်စ် အဖွဲ့သည် အစ္စရေးနိုင်ငံ အတွက် သူလျှို လုပ်ပေးနေသည့် လင်းပိုင် တစ်ကောင်အား ဖမ်းဆီးရမိ ခဲ့ကြောင်း ဟားမက်စ် အသံလွှင့် ဌာနက သြဂုတ် ၁၉ ရက်တွင် ထုတ်ပြန် ကြေညာ ထားသည်။

အဆိုပါ လင်းပိုင်တွင် ကင်မရာ  တစ်လုံး အပါအဝင် ထောက်လှမ်းရေး ကိရိယာများ  တပ်ဆင် ပေးထားကြောင်း နှင့် ၄င်းကို ဟားမက်စ် ရေတပ်ဖွဲ့မှ ကွန်မန်ဒို များက ဂါဇာကမ်းမြောင် ကမ်းလွန်မှ ဖမ်းဆီးရမိ ခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်းဌာန များက ထုတ်ပြန် ထားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အစ္စရေး ဘက်က ငြင်းဆို ထားကြောင်း သိရသည်။ အစ္စရေး ရေတပ်ဖွဲ့ အနေဖြင့် လင်းပိုင် အမျိုးအစား ရေငုပ်သင်္ဘော ရေယာဉ်စုကို ပိုင်ဆိုင် ထားကြောင်း အစ္စရေး သတင်းဌာန များက မကြာသေးမီက ထုတ်ပြန် ထားသည်။ သို့သော် အဆိုပါ ထုတ်ပြန်ချက်သည် အမှန်တကယ် ရေငုပ်သင်္ဘော များကိုဆိုလိုခြင်း မဟုတ်ဘဲ လင်းပိုင်များကို သာ ဆိုလိုခြင်း ဖြစ်ကြောင်းနှင့် အစ္စရေးတွင် သူလျှိုလင်းပိုင် မြောက်မြားစွာ ရှိနေကြောင်း ဟားမက်စ် အသံလွှင့် ဌာနနှင့် i24 သတင်းဌာန အပါအဝင် အခြား သတင်းဌာန များက ပြောကြား ထားသည်။

#PyiChitThar

ကမ္ဘာပေါ်ရှိ လူတိုင်းရေသန့် သုံးစွဲနိုင်ရန် ရေသန့်စင်စာအုပ် ကို အောင်မြင်စွာ တီထွင်

$
0
0
Each page from this 'Drinkable Book' can clean 25 gallons of water
 




လန်ဒန် ၊ ၁၉-၈-၂၀၁၅

သိပ္ပံပညာရှင် များသည် ရေဆိုး ရေညစ်များကို သောက်သုံးရေ ဖြစ်သည် အထိ သန့်စင် ပေးနိုင်သော စာအုပ်အား အောင်မြင်စွာ တီထွင် နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ စာအုပ်ကို ရေသန့်စင်ရန် အထူး ပြုလုပ်ထားသော စာရွက်များဖြင့် ချုပ်လုပ် ထားခြင်း ဖြစ်ပြီး ၄င်း စာရွက်များတွင် ရေအတွင်းရှိ ဗက်တီးရီးယား များကို သေစေနိုင်သည့် ငွေ သို့မဟုတ် ကြေးနီမှ နာနို အမှုန်များ ထည့်သွင်း ထားခြင်း ဖြစ်သည်။

တောင်အာဖရိက၊ ဂါနာ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ရှိ ရေဆိုးရေညစ် အရင်းအမြစ် ၂၅ ခုမှ ရေများကို အဆိုပါ စာအုပ် အသုံးပြု၍ သန့်စင် ခဲ့ရာ ရေအတွင်းရှိ ဗက်တီးရီးယား ၉၉ ရာခိုင်နှုန်း ကျော်ကို အောင်မြင်စွာ ဖယ်ရှား နိုင်သည့်အပြင် ထွက်ရှိလာသည့် ရေ၏ အရည်အသွေး သည် အမေရိကန်  နိုင်ငံတွင် ပေးဝေ ဖြန့်ဖြူး နေသည့် ရေသန့်နှင့် တူညီသည်ကို တွေ့ရသည်။

စာရွက်တွင် ပါရှိသည့် ငွေ သို့မဟုတ် ကြေးနီအမှုန် များသည် ရေတွင် ပျော်ဝင်သွား သော်လည်း ကျန်းမာရေး အတွက် စိတ်ချရသည့် ပမာဏမျှသာ ဖြစ်ကြောင်း သိပ္ပံ ပညာရှင် များက ပြောကြားသည်။

အဆိုပါ စာအုပ်ကို ကာနေး ဂီမဲလွန် တက္ကသိုလ်မှ ဒေါက်တာ တယ်ရီဒန် ကိုးဗစ်ခ်ျ က နှစ်ပေါင်း များစွာကြာ သုတေသနပြု လေ့လာ ခဲ့ပြီးနောက် အမေရိကန် နိုင်ငံ ဘော်စတွန်မြို့ တွင် ပြုလုပ်သည့် အမေရိကန် ဓာတု အဖွဲ့အစည်း၏ အကြိမ် (၂၅ဝ)ပြည့် တွေ့ဆုံပွဲတွင် ၄င်း၏ အောင်မြင်မှုကို ထုတ်ဖော် ကြေညာခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာပေါ်ရှိ လူဦးရေ ၆၆၃ သန်းခန့်သည် ရေသန့် သုံးစွဲနိုင်ခြင်း မရှိသည်ကို တွေ့ရပြီး အဆိုပါ စာအုပ်များကို ဖွံ့ဖြိုးဆဲနိုင်ငံ များရှိ လူမှု အဖွဲ့အစည်း များသို့ ဖြန့်ဝေ ပေးသွား မည် ဖြစ်ကြောင်း၊ မြစ်များ၊ ချောင်းများ၊ ရေကန်များ နှင့် မည်သည့် နေရာမှ ရရှိသည့် ရေကို မဆို အဆိုပါ စာရွက်တစ်ရွက် အသုံးပြုရုံဖြင့် သန့်စင်သော ရေအဖြစ် ပြောင်းလဲ ပေးနိုင်ကြောင်း၊ ၄င်း စာရွက် တစ်ရွက်သည် ရေ ၁ဝဝ လီတာကို သန့်စင် ပေးနိုင်ကြောင်း နှင့် စာအုပ် တစ်အုပ်သည် လူတစ်ဦး အတွက် လေးနှစ်စာ ရေသန့်ကို ရရှိစေမည် ဖြစ်ကြောင်း ဒေါက်တာ ဒန်ကိုးဗစ်ခ်ျ က ပြောကြား ထားသည်။

#PyiChitThar

စက်မှုနိုင်ငံ မဟုတ်သေးသည့် အီသီယိုးပီးယား က ကာဗွန်ဓာတ်ငွေ့ လျှော့ချမည်ဟု ကြေညာ

$
0
0

အဒစ်အဘာဘာ ၊ ၂၀-၈-၂၀၁၅

မည်သည့် စက်မှုလုပ်ငန်းမျှ ကြီးကြီး ကျယ်ကျယ်မရှိသော အာဖရိကတိုက် မှ အီသီယိုးပီးယား နိုင်ငံက ၂၀၃၀ ပြည့်နှစ် ရောက်လျှင် မိမိတို့နိုင်ငံ အတွင်းရှိ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့ လျှော့ချမည်ဟု ကြေညာ ခြင်းသည် ကမ္ဘာပေါ်တွင် ကာဗွန်ဓာတ်ငွေ့ အထုတ်လွှတ်ဆုံး နိုင်ငံကြီးများ ဖြစ်ကြသည့် တရုတ်နှင့် အိန္ဒိယနိုင်ငံ တို့က နိုင်ငံတွင်း ကာဗွန် ဓာတ်ငွေ့ လျှော့ချရေး အတွက် တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေချိန်တွင် ပြောဆိုလာ၍ အီသီယိုးပီးယား နိုင်ငံကို စက်မှုနိုင်ငံ များက ဝိုင်း၍ ဝေဖန်မှုများ ပြင်းထန် လာကြောင်း သိရသည်။

ပြီးခဲ့သော ဇွန်လ ကတည်းက အီသီယိုးပီးယား နိုင်ငံက ကုလသမဂ္ဂ အဖွဲ့ကြီးသို့ အကြောင်းကြား ခဲ့ခြင်းဖြစ်ပြီး စက်မှုနိုင်ငံ မဟုတ်ဘဲ ယခုကဲ့သို့ ကြေညာခြင်းကို စက်မှုနိုင်ငံ များက ကန့်ကွက် ဝေဖန်လိုက်ခြင်း ဖြစ်သည်။

သို့သော် အီသီယိုးပီးယား အစိုးရ ပတ်ဝန်းကျင် ရေးရာဝန်ကြီး ကမူ စက်မှုနိုင်ငံများ အနေဖြင့် နားလည်မှု လွဲနေကြောင်း ချေပ ပြောဆိုသည်။ မိမိနိုင်ငံ၏ သစ်တောကြီး များတွင် ဖန်လုံအိမ် ဓာတ်ငွေ့ များပြားနေခြင်း ၂ဝ၁ဝ ပြည့်နှစ်က ရှိခဲ့ဖူးသည့် ၈၅ ရာခိုင်နှုန်း ကို လျှော့ချမည်ဟု ဆိုလိုခြင်း ဖြစ်ကြောင်း ရှင်းပြသည်။

ဆက်လက်၍ မိမိနိုင်ငံမှ အခြားနိုင်ငံ များက သုံးပြီးသော တစ်ပတ်ရစ် စက်အဟောင်း များကို မည်သို့မျှ သုံးရန် မရည်ရွယ် ကြောင်း၊ မိမိမြေကြီး ကိုလည်း မသန့်ရှင်းအောင် မလုပ်လို ပါကြောင်း အီသီယိုးပီးယား ပတ်ဝန်းကျင် ရေးရာဝန်ကြီး ဘီလက်တီ တာဖာရီ က ပြောပြသည်။

၂ဝ၁၁ ခုနှစ်က တောင်အာဖရိက နိုင်ငံတွင် ကျင်းပခဲ့သော ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အစည်းအဝေး တွင် အီသီယိုးပီးယား နိုင်ငံသည် ကာဗွန် ဓာတ်ငွေ့ လျှော့ချရေး အတွက် ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်တွင် ပထမဆုံး လက်မှတ်ရေးထိုး ခဲ့သော နိုင်ငံဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောပြ၍ သိရသည်။

Ethiopia to cut carbon emissions by two-thirds by 2030

#PyiChitThar

လေထု ညစ်ညမ်းမှုကြောင့် တရုတ်နိုင်ငံတွင် တစ်ရက်လျှင် သေဆုံးသူဦးရေ ၄၀၀၀ ရှိ

$
0
0

ပေကျင်း ၊ ၂၀-၈-၂၀၁၅

လေထု ညစ်ညမ်းမှု ကြီးက တရုတ်လူမျိုး များကို သေချိန်မတန် သေးဘဲ တစ်ရက်လျှင် တရုတ်လူမျိုး ဦးရေ ၄ဝဝဝ ခန့် သေဆုံး နေကြောင်း မကြာသေးမီ က ကောက်ယူ ခဲ့သော စစ်တမ်းအရ သိရကြောင်း အေပီသတင်း တွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ရူပဗေဒ ပညာရှင်များက လေထု ညစ်ညမ်းမှုကြောင့် နှလုံးနှင့် အဆုတ်ရောဂါ များရရှိပြီး တစ်နှစ်လျှင် တရုတ်လူမျိုး ၁ ဒသမ ၆ သန်းတို့ အသက်ဆုံးရှုံး နေရကြောင်း တွက်ချက်ပြ လိုက်ခြင်း ဖြစ်သည်။

ယခင်ကာလ များက ထွက်ပေါ်ခဲ့သော စစ်တမ်းများတွင် လေထု ညစ်ညမ်းမှု ကြောင့် နှစ်စဉ် တရုတ်လူမျိုး တစ်သန်းမှ နှစ်သန်း သေဆုံးကြောင်း တွေ့ရှိခဲ့သော ကိန်းဂဏန်း များမှာ အဖြစ်မှန်နှင့် အလွန် နီးကပ်သော အရေအတွက် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်တမ်းကို သြဂုတ် ၁၃ ရက်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူ နေခြင်းနှင့် အိပ်ခန်းများ အတွင်း အနွေးဓာတ် ပေးပို့နေခြင်း တို့ကို ပြစ်တင် ထားရှိသည်။

စစ်တမ်းကို ကြီးမှူး ကောက်ယူခဲ့သူ ရောဘတ်ရိုဒီ က တရုတ်လူမျိုး ၃၈ ရာခိုင်နှုန်းသည် ကာလ ရှည်ကြာ ကတည်းက လေထု ညစ်ညမ်းသော ဒေသများတွင် နေထိုင်လျက် ရှိကြောင်း ရှင်းပြသည်။ ပေကျင်း မြို့တော်၏ အနောက် တောင်ဘက်ရှိ ဒေသများသည် လေထု အညစ်ညမ်းဆုံး ဖြစ်နေပြီး နိုင်ငံ အရှေ့ပိုင်း ဒေသကြီး၏ တစ်ဝက် ကျော်ကျော်တွင် လေထုတွင်း အမှုန်အမွှား ပါဝင်မှုသည် ပျမ်းမျှ ပါဝင်မှုနှုန်းထက် ပါဝင်နေကြောင်း စစ်ဆေး တွေ့ရှိ ကြသည်။

အမေရိကန် နိုင်ငံ၏ လေထု သည်လည်း သန့်ရှင်းသည်ဟု မပြောနိုင် သော်လည်း တရုတ်နိုင်ငံမှ လေထု ညစ်ညမ်းမှုက အလွန် ဆိုးရွားနေသော အနေအထား ဖြစ်နေသည်။ ၂ဝ၁ဝ ပြည့်နှစ် စာရင်းများ အရ အမေရိကန် နိုင်ငံတွင် လူပေါင်း ၆၃ဝဝဝ မှ ၈၈ဝဝဝ ထိ အမေရိကန် လူမျိုးများ လေထု ညစ်ညမ်းမှုကြောင့် အသက်ဆုံးရှုံး ခဲ့ရကြောင်း ပြည်ထောင်စု ကျန်းမာရေး အဖွဲ့၏ စာရင်းဇယား ထုတ်ပြန်ချက် များအရ သိရသည်။

#PyiChitThar

စေတန်ဂြိုဟ်ကို နောက်ပြန်ပတ်နေသော လတစ်စင်းကို ကာစီနီ အာကာသယာဉ် က စူးစမ်းလေ့လာ

$
0
0
CASSINI STUDIES BACKWARDS-ORBITING MOON HYRROKKIN

ဝါရှင်တန် ၊ ၂၀-၈-၂၀၁၅

ဧရာမ ဓာတ်ငွေ့လုံးကြီး ဖြစ်သော စေတန်ဂြိုဟ် ကို ပြောင်းပြန် လှည့်ပတ်နေသည့် Norse လ အစုအဝေးတွင် လအငယ်စား အလုံးရေ ၆ဝ ခန့်ပါရှိရာ နာဆာပိုင် ကာစီနီ အာကာသယာဉ် က၄င်း Norse လအစုအဝေး မှ Hyrrokkin လကို စူးစမ်းလေ့လာ နေကြောင်း သိရသည်။

စေတန်ဂြိုဟ်ကို လှည့်ပတ်နေသောလများတွင် Titan ကဲ့သို့ တိမ်ဖုံး နေသောလ၊ Enceladus ကဲ့သို့ ရေမှုတ်ထုတ် သောလ၊ Mimas ကဲ့သို့ ကြယ်အသေ နှင့် တူသောလ တို့ကို နာဆာက စူးစမ်း လေ့လာခဲ့ပြီး ဖြစ်ရာ ၄င်းတို့သည် စေတန်ဂြိုဟ်နှင့် အကွာအဝေး အားဖြင့် နီးစပ်ကြောင်း၊ စေတန်နှင့် တဖြည်းဖြည်း အလှမ်းကွာဝေး သွားသောလများ နောက်ထပ် အစင်း ၆ဝ ခန့်ရှိရာ စေတန်ကို အဝေးမှ လှည့်ပတ် နေသောလ များအနက် Hyrrokkin ကို ကာစီနီ က ပထမဆုံး စတင်လေ့လာ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

'' Hyrrokkin ပါဝင်တဲ့ Norse အုပ်စုမှာ လပေါင်း ၂၉ စင်း ရှိပါတယ်။ အဲဒီထဲက အရွယ်ကြီးတဲ့ Phoebe ဆိုတဲ့လကိုပဲ အသေးစိတ် လေ့လာဖူး ပါတယ်။ ဒီတစ်ပတ် မှာတော့ Hyrrokkin ကိုလေ့လာဖို့ ရွေးချယ်လိုက် တာပါ။ Hyrrokkin ဟာ အရွယ်အစား အားဖြင့် အတော်ကြီး သေးငယ် ပါတယ်။ အချင်း ၈ ကီလိုမီတာ လောက်ပဲရှိ ပါတယ်။ ဒါကြောင့်လဲ ကာစီနီ အာကာသ ယာဉ်ရဲ့အားကောင်းလှ တဲ့ ကင်မရာနဲ့ တောင် Hyrrokkin ကို မီးပွားသာသာ လောက်ပဲ မြင်ရပါတယ် "ဟု နာဆာ သိပ္ပံပညာရှင် တစ်ဦးက ပြောပြသည်။

Hyrrokkin သည် အမြင်အားဖြင့် မီးပွားသာသာ ရှိသော်လည်း ၄င်း၏ ပတ်လမ်း ဒီဂရီကို ဖော်ထုတ် နိုင်မည် ဖြစ်ကြောင်း၊ Hyrrokkin ၏ ပတ်လမ်းသည် ထူးဆန်းကြောင်း၊ စေတန်ဂြိုဟ်ကို လှည့်ပတ် နေရင်း တစ်ချက် တစ်ချက် အလွန်နီးကပ် သွားသကဲ့သို့ ဝေးကွာ သွားသည့် အချိန်လည်း ရှိကြောင်း၊ ထို့ပြင် စေတန်ကို နောက်ပြန် ပတ်နေသော Norse အုပ်စုထဲတွင် ပါဝင်သည် ကလည်း ထူးခြားချက် တစ်ခု ဖြစ်နေကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်း ဘီလီယံပေါင်း များစွာက Norse အုပ်စု သည်လည်း စေတန်နှင့် အလွန်နီးကပ် ခဲ့ဖွယ် ရှိကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

သုတေသီများသည် Hyrrokkin ၏ ပတ်လမ်း ပြောင်းလဲပုံကို စနစ်တကျ စောင့်ကြည့် သွားကာ စေတန်ဂြိုဟ်ကို ပတ်နေသော ၄င်း၏ ပတ်လမ်း ပြောင်းလဲ ပုံကို မြေပုံညွှန်း ရေးဆွဲ သွားမည် ဖြစ်ကြောင်း သိရသည်။

#PyiChitThar


အစိုးရကူညီမှုဖြင့် သူနာပြုဖြစ်လာသော မြန်မာအမျိုးသမီး

$
0
0

ဆောင်းပါး
★ ကောင်းထက်ဟိန်းကျော် ★
အမေရိကန် ပြည်ထောင်စုတွင် အစိုးရဌာနများသည် ပြည်သူများအတွက် အထောက်အကူပြု အစီအစဉ်များ ထူထောင်ထားသည်။ ထိုအစီအစဉ်များအကြောင်း သိနားလည်ပြီး ကောင်းစွာ အသုံးချတတ်လျှင် များစွာ အကျိုးရှိပါသည်။ မြန်မာနိုင်ငံမှ ပြောင်းရွှေ့အခြေချလာသော အမျိုးသမီးတစ်ဦးသည် အလုပ်သမားဝန်ကြီးဌာန၏ ထောက်ပံ့ကူညီမှုဖြင့် သူမ ဖြစ်ချင်သော သူနာပြုဆရာမတစ်ယောက် ဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံမှ ပြောင်းရွှေ့လာသော မိသားစုမှ ဂျူလီဝက်ဘ်ကို ဆေးရုံအလုပ်ခွင်တွင် တွေ့ရပုံ ဖြစ်ပါသည်။မြန်မာနိုင်ငံမှ ပြောင်းရွှေ့လာသော မိသားစုမှ ဂျူလီဝက်ဘ်ကို ဆေးရုံအလုပ်ခွင်တွင် တွေ့ရပုံ ဖြစ်ပါသည်။မြန်မာစစ်အာဏာရှင်အစိုးရ လက်အောက်တွင် မနေလိုသောကြောင့် အမေရိကန် ပြည်ထောင်စုသို့ ပြောင်းရွှေ့လာသော မြန်မာမိသားစုသည် သားသမီး နှစ်ဦးအတွက် ပညာရေးကောင်းကောင်းကို လိုချင်ပါသည်။ သူတို့ မိသားစုသည် မေရီလန်းပြည်နယ်၊ ဂေးသားစ်ဘတ်ဂ်သို့ ၂၀၀၄ ခုနှစ်တွင် ပြောင်းရွှေ့လာစဉ် ဂျူလီ၏ အသက်မှာ ၁၅ နှစ်သာ ရှိသေးသည်။ သူတို့ မိသားစုသည် အမေရိကားတွင် ကောင်းကောင်း နေသားကျလာခဲ့သည်။
အမေရိကန်နိုင်ငံတွင် တွေ့ကြုံရသော လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံနှင့် လွတ်လပ်မှု အသစ်ကိုလည်း ဂျူလီသဘောကျခဲ့သည်။ အထက်တန်းကျောင်းမှ ၁၂ တန်း ပြီးဆုံးအောင်မြင်ပြီးနောက် ဂျူလီသည် ဖရော့စ်ဘတ်ဂ် ပြည်နယ်တက္ကသိုလ်တွင် ၂၀၀၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ပညာသင်ကြားခဲ့သည်။ ထို့နောက် ကျောင်းမှ ခေတ္တနားလိုက်ပြန်သည်။ တစ်ဖန် ၂၀၁၃ ခုနှစ်တွင် အင်တာနက်မှ အွန်လိုင်းသင်တန်းများကို အမေရိကန်လူထုတက္ကသိုလ်စနစ် (American Public University System) ဖြင့် ပြန်တက်ပြီး ၂၀၁၄ ခုနှစ်တွင် အထွေထွေလေ့လာမှု ဘာသာတွဲဖြင့် AA အငယ်တန်းဘွဲ့တစ်ခု ရရှိခဲ့၏။
ကောင်းလွန်းသဖြင့် မယုံကြည်နိုင်စရာ
ဂျူလီသည် လက်မှတ်ရသူနာပြု (registered nurse) တစ်ယောက်ဖြစ်ဖို့ အမြဲတမ်း စိတ်ကူးယဉ်နေခဲ့သူ ဖြစ်သော်လည်း ရှေ့ဆက် ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့ရသည်။ မေရီလန်းပြည်နယ် ဝု(ဒ်)စတော့ Job Corps Center မှ အစီအစဉ်ဖြင့် ဘွဲ့ယူကာ အလုပ်ရခဲ့သော အမျိုးသမီး သူငယ်ချင်းတစ်ယောက်က သူမကိုလည်း လူငယ်များ သက်မွေးဝမ်းကျောင်းပညာ တတ်မြောက်ပြီး အလုပ်ကောင်းကောင်းရအောင် ပညာသင်ခြင်း၊ သင်တန်းပေးလေ့ကျင့်ခြင်းတို့ကို အခမဲ့ ဆောင်ရွက်ပေးသည့် Job Corps မှာ လျှောက်ဖို့ တိုက်တွန်းအားပေးခဲ့သည်။ (ဂျော့ဘ်ကိုးဟု အသံထွက်ပါသည်။)
“အဲဒီအကြောင်း ကျွန်မကို သူပြောပြတဲ့အခါ ပထမတော့ ကျွန်မ မယုံဘူး။ ဒီလောက် အံ့ဩစရာ ကောင်းတဲ့ဟာမျိုး ရှိလိမ့်မယ်လို့ ကျွန်မ မယုံနိုင်ဘူးလေ၊ ပြီးတော့ အဲဒါက အခမဲ့တဲ့” ဟူ၍ ဂျူလီက ဝန်ခံခဲ့၏။
၎င်းဌာန၏ ရုံးခန်းသို့ ဂျူလီရောက်သွားချိန်က သူမ၏ အသက်မှာ ၂၅ နှစ်ပြည့်ဖို့ ရက်ပိုင်းမျှသာ  လိုတော့သဖြင့် အချိန်ဖြုန်း၍ မဖြစ်တော့ကြောင်း သဘောပေါက်နေပါသည်။ အဆိုပါအစီအစဉ်၏ အသက်သတ်မှတ်ချက် ၂၅ နှစ် မပြည့်မီ အမြန်ဆုံး စာရင်းသွင်းနိုင်အောင် ဌာနက လုပ်ကိုင်ဆောင်ရွက်ပေးသဖြင့် ဂျူလီသည် လက်တွေ့ ဆေးဖက်ဆိုင်ရာအကူ လေ့ကျင့်ရေးသင်တန်းကို ၂၀၁၄ ခုနှစ် ဩဂုတ်လတွင် စတင်သင်ယူနိုင်ခဲ့ပါသည်။
Job Corps အစီအစဉ်
Job Corps (ဂျော့ဘ်ကိုး) သည် အမေရိကန် ပြည်ထောင်စုအစိုးရ အလုပ်သမားဝန်ကြီးဌာန၏ လူငယ်လေ့ကျင့်ရေး သင်တန်းကျောင်း ဖြစ်သည်။ ရိုးရိုးကောလိပ်ကျောင်းကဲ့သို့ မဟုတ်ဘဲ အဆောင်မှာ စည်းကမ်းဖြင့် နေထိုင်ရသည်။ သတ်မှတ်ထားသော အချိန်ဇယားဖြင့် သွားလာသင်ယူကြရပြီး ည ၁၀ နာရီနောက်ပိုင်း အဆောင်အပြင်မထွက်ရပါ။
တစ်နေ့လျှင် အစားအသောက် ၃ ကြိမ် အခမဲ့ ကျွေးမွေး၍ နှစ်ပတ်တစ်ကြိမ် မုန့်ဖိုး ၂၇ ဒေါ်လာကျော်ကိုလည်း ပေးသည်။
အမေရိကန်နိုင်ငံသား သို့မဟုတ် အမြဲတမ်းနေထိုင်ခွင့် (ဂရင်းကဒ်) ရှိသူ အသက် ၁၆ မှ ၂၅ နှစ်အတွင်းသာ လျှောက်ထားခွင့် ကန့်သတ်ထားသည်။ သင်တန်းအမျိုးအစား ၁၀၀ ကျော် ရှိ၍၊ ကွန်ပျူတာ IT ၊ စက်ပြင်မက်ကင်းနစ်၊ ငွေကြေးနှင့် လုပ်ငန်းစီမံခန့်ခွဲရေး၊ သူနာပြုနှင့် ကျန်းမာရေးဓာတ်ခွဲခန်းပညာ စသည့်ဖြင့် ဘာသာရပ်မျိုးစုံမှ မိမိနှင့် သင့်လျော်မည့် ပညာကို ရွေးချယ်နိုင်သည်။
အသေးစိတ်စုံစမ်းရန် ဝက်ဘ်ဆိုက် လိပ်စာမှာ Job Corps
အင်တာနက် လျှောက်လွှာတင်ရန်မှာ-Job Corps Recruiting
တယ်လီဖုန်းနံပါတ်- 800 733-5627
သူမသည် သွေးနှင့် ဆေးထိုးအပ်များကို အမြဲတစေ ကြောက်လန့်ခဲ့သော်လည်း သက်ရှိလူတစ်ဦးထံမှ ပထမဆုံး သွေးဖောက်ယူခဲ့ပြီးသည့် အခါတွင် ကြောက်ရွံ့မှုကို အောင်နိုင်ခဲ့သည်။ သွေးဖောက်ယူခြင်းသည်ပင် ဤအစီအစဉ်မှာ သူမ သဘောအကျဆုံး ဖြစ်ခဲ့၏။ သူမသည် အစစအရာရာ သင်ယူလေ့လာခဲ့သည်။ လူနာများ၏ ရောဂါရာဇဝင်ယူခြင်း၊ ကိုယ်ပူချိန်၊ သွေးဖိအား၊ သွေးခုန်နှုန်း၊ အသက်ရှူနှုန်းစသည့် သက်ရှိလုပ်ငန်းဆောင်တာများ တိုင်းတာခြင်းတို့မှအစ ဆေးထိုးဆေးသွင်းခြင်းနှင့် အခြားစမ်းသပ်ရေးလုပ်ငန်းများ ပြုလုပ်ခြင်းတို့ ဖြစ်၏။
ယခု ၂၀၁၅ ခုနှစ်တွင် ဂျူလီဝက်ဘ်သည် ၎င်းအစီအစဉ်မှ အောင်လက်မှတ် လေးခုရရှိကာ ပြီးဆုံးခဲ့ပါသည်။ (အနောက်နိုင်ငံများတွင် အိမ်ထောင်ပြုပြီးလျှင် ခင်ပွန်း၏ မျိုးရိုးအမည်ကို ယူသော ထုံးစံ ရှိသည်။) မကြာခင်မှာပင်၊ အန်အာရွန်ဒဲလ်ဆေးရုံကြီး၏ FastCare ဆေးခန်းတွင် လက်တွေ့ဆေးဖက်ဆိုင်ရာအကူအဖြစ် အင်တာဗျူး ဖြေဆိုခဲ့သည်။ Job Corps အစီအစဉ်တွင် အပြည့်အဝ သင်ကြားလေ့ကျင့်ထားခြင်းကြောင့် ဂျူလီအလုပ်ရရှိခဲ့သည်။ ယခုအခါ သူမသည် တစ်နာရီလျှင် ၁၃.၂၅ ဒေါ်လာ လုပ်အားခရရှိနေပါသည်။ သူမ အလုပ်ဝင်စဉ်က မေရီလန်းပြည်နယ်၏ အနိမ့်ဆုံး လုပ်အားခသည် တစ်နာရီလျှင် ၈ ဒေါ်လာ ဖြစ်၍ ဇူလိုင် ၁ ရက်နေ့ နောက်ပိုင်းတွင် ၈.၂၅ ဒေါ်လာ ဖြစ်သည်။
လက်မှတ်ရသူနာပြု ဖြစ်ပြီဆိုလျှင် သင်တန်းများ၊ အောင်လက်မှတ်များအလိုက် လုပ်ခလစာလည်း တိုးတက်များပြားလာသည်။ အလုပ်သမားဝန်ကြီးဌာန၏ ၂၀၁၅ ခုနှစ် ဇူလိုင်လ စစ်တမ်းအရ လက်မှတ်ရ သူနာပြု၏ ပျမ်းမျှ လုပ်အားခသည် တစ်နာရီလျှင် ၂၆.၆၉ ဒေါ်လာ ဖြစ်သည်။ အဆင့်မြင့် ကျွမ်းကျင်သူနာပြုများသည် တစ်နာရီလျှင် ဒေါ်လာ ၃၀ မှ ၅၀ ရရှိကြသည်။
“Job Corps ကတော့ ကျွန်မကို လက်တွေ့လောကအတွက် ပြင်ဆင်ပေးလိုက်တဲ့ ဘဝအပြောင်းအလဲ အတွေ့အကြုံပါပဲ။ ကျွန်မရဲ့ စိတ်ကူးယဉ်အိပ်မက်တွေကို လက်လှမ်းမီအောင် လုပ်ပေးတဲ့ လှေခါးထစ်တစ်ခုပါရှင်” ဟု ဂျူလီက ပြောပြပါသည်။
သူမ၏ စိတ်ကူးယဉ်အိပ်မက်များသည်လည်း မကြာခင် အကောင်အထည်ပေါ်တော့မည် ဖြစ်၏။ သူမသည် အန်အာရွန်ဒဲလ် လူထုကောလိပ်တွင် သူနာပြုအတတ်ပညာကို ယခု ဆောင်းဦးမှစတင်၍ သင်ယူလေ့လာပါမည်။ ဂျူလ်ီဝက်ဘ်သည် နောင် နှစ်နှစ်အကြာတွင် သူမ ဖြစ်ချင်သော လက်မှတ်ရသူနာပြုတစ်ဦး ဖြစ်လာပါတော့မည်။
http://kabarthit.com/index.php?option=com_content&view=article&id=737&catid=25&Itemid=240

မြန်မာလင်မယားရန်ဖြစ်ရာမှ ဇနီးသေဆုံး

$
0
0

အမေရိကန် ပြည်ထောင်စုသို့ ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမှ ရွှေ့ပြောင်းနေထိုင်သော မြန်မာမိသားစုမှ လင်မယားနှစ်ဦး ရန်ဖြစ်ရင်း ကိုယ်ထိလက်ရောက် ထိုးကြိတ်ရိုက်နှက်ရာမှ ဇနီးဖြစ်သူ သေဆုံးသွား၍ မြန်မာအမျိုးသားတစ်ဦးကို ဩဂုတ်လ ၁၅ ရက်၊ စနေနေ့တွင် ရဲက ဖမ်းဆီးလိုက်ပါသည်။
လင်မယား ရန်ဖြစ်ပြီး ထိုးကြိတ်ရိုက်နှက်ရာမှ ဇနီးဖြစ်သူ သေဆုံးသွားသဖြင့် ရဲက ဖမ်းဆီး အရေးယူလိုက်သော ကိုချစ်ဦး ဖြစ်ပါသည်။လင်မယား ရန်ဖြစ်ပြီး ထိုးကြိတ်ရိုက်နှက်ရာမှ ဇနီးဖြစ်သူ သေဆုံးသွားသဖြင့် ရဲက ဖမ်းဆီး အရေးယူလိုက်သော ကိုချစ်ဦး ဖြစ်ပါသည်။အရီဇိုးနားပြည်နယ်၊ ဖီးနစ်စ်မြို့နေ အသက် ၂၇ နှစ်ရှိ ကိုချစ်ဦးသည် ဇနီးနှင့် ရန်ဖြစ်သည့် ကိစ္စကို ရဲစခန်းသို့ ဖုန်းဆက်၍ အကြောင်းကြားခဲ့ပါသည်။ ကိုချစ်ဦးက ဂီလာမြစ်ထဲရှိ ဇနီး၏ အလောင်းကို ပြသည်။ သေဆုံးသူ၏ မျက်နှာတွင် ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရသည်။
ကိုချစ်ဦးနှင့် ဇနီး ဇာဘေဒါတို့သည် ၂၀၀၉ ခုနှစ်ကတည်းက လက်ထပ်ထားပြီး သားသမီး နှစ်ဦး ရှိသည်။ လင်မယား ရန်ဖြစ်၍ ထိုးကြိတ်ရိုက်နှက်မှုများ မကြာခဏ ဖြစ်ပွားသည်ဟု ၎င်းက ရဲထံ အစစ်ခံသည်။ လွန်ခဲ့သော ငါးလက ဇနီးသည် ၎င်းနှင့် သားသမီးများကို ထားခဲ့ပြီး အခြား ယောက်ျားတစ်ယောက်နှင့် လိုက်သွားသည်ဟု ဆိုသည်။ သို့သော်၊ သားသမီးနှစ်ဦးကို ဇနီးက လာတွေ့လေ့ရှိသည်ဟု ရဲကို ပြောပြသည်။
ဩဂုတ်လ ၁၅ ရက်၊ စနေနေ့က ဇနီးသည် သားသမီးများကို လာတွေ့စဉ် ၎င်းတို့ လင်မယားနှစ်ဦး သွားလေ့ရှိသော ရေကန်သို့ သွားလိုကြောင်း ပြောသည်။ ကားပေါ်တွင် သူတို့ နှစ်ဦး စကားများ ရန်ဖြစ်ပြီး ကိုယ်ထိလက်ရောက် ထိုးကြိတ်ရိုက်နှက်ကြသည်။ မြစ်နဘေးတွင် ကားပေါ်မှ ဆင်းကာ နှစ်ဦးသား ဆက်လက် ရန်ဖြစ်သတ်ပုတ်ကြ၏။
ကိုချစ်ဦးသည် စိတ်မထိန်းနိုင်ဘဲ ဇနီး၏ ဦးခေါင်းနှင့် မျက်နှာကို ထိုးကြိတ်ရိုက်နှက်သောကြောင့် ဇနီးသည် မြစ်ထဲသို့ ကျကာ ရေဝင်သွားကြောင်း ရဲကို ပြောပြသည်။ ကိုချစ်ဦးက ဇနီးကို ရေထဲမှာ ဆွဲတင်ကာ ဆက်လက် ရန်ဖြစ် သတ်ပုတ်ကြပြန်သည်။ ဇနီးသည် ရေမွန်းကာ သတိမေ့မျောသွားသည်။ ကိုချစ်ဦးက သူမကို ရေထဲမှ ဆွဲတင်ကာ မြစ်ကမ်းဘေးတွင် ထားပစ်ခဲ့ကြောင်း ရဲထံ ထွက်ဆိုပါသည်။
ကိုချစ်ဦးသည် ၎င်း၏ မိဘများ၏ အိမ်သို့ သွားကာ ရေချိုး အဝတ်အစားလဲပြီး ဇနီးကို ထားခဲ့သော နေရာသို့ ပြန်သွားပါသည်။ ဇနီးကို နေရာမှာပင် မလှုပ်မယှက် သတိမေ့မျောဆဲ တွေ့ရှိသောကြောင့် ၎င်းက ရဲကို ဖုန်းဆက် အကြောင်းကြားခဲ့သည်။ ရဲများ ရောက်လာချိန်တွင် အသက်မရှိသော အလောင်းကိုသာ တွေ့ရပါသည်။
ကိုချစ်ဦး၏ ကားအတွင်းရော အပြင်ပါ သွေးများစွာ ရဲက တွေ့ရှိခဲ့သည်။ ကိုချစ်ဦးကို ဒုတိယဆင့် လူသတ်မှုဖြင့် ရဲကဖမ်းဆီးထားပြီး ဩဂုတ်လ ၂၄ ရက်နေ့တွင် ပထမဆုံးအကြိမ် တရားရုံးသို့ အမှုတင်သွင်းမည် ဖြစ်သည်။
၎င်းတို့ လင်မယားတွင် သမီးတစ်ဦး၊ သားတစ်ဦး ရှိပြီး ဇနီးဖြစ်သူသည် အမေရိကန်အစိုးရ အလုပ်သမားဝန်ကြီးဌာန၏ Job Corps သက်မွေးဝမ်းကျောင်း သင်တန်းတက်ရောက်နေကာ ဩဂုတ်လ ၂၁ ရက်နေ့တွင် အောင်လက်မှတ် ရရှိတော့မည် ဖြစ်သည်
http://kabarthit.com/index.php?option=com_content&view=article&id=738:2015-08-20-17-29-17&catid=8:2013-10-13-17-09-02&Itemid=214

လှုပ်ရှား ကခုန်ခြင်းက နာကျင်မှုကို သက်သာ စေလို့  ကပြီး ကလေးမီးဖွားခဲ့တဲ့ မိခင်

$
0
0




Yuki Nishizawa ဆိုသူ အမျိုးသမီးဟာ မီးဖွားခါနီး ၀မ်းဘယ်လောက် နာနေပါစေ ကနေဖို့  ဆုံးဖြတ်ချက်ခဲ့ပါတယ်။ ဒါပေမယ့် သူမဟာ ဗီဒီယိုစတား တစ်ယောက် ဖြစ်လာမယ်လို့ တော့ မထင်ခဲ့မိပါဘူး။
သူမရဲ့ ဗီဒီယိုကို ဆိုရှယ်မီဒီယာကနေ ကြည့ှ်ရှူမှုပေါင်းဟာ သုံးသိန်း ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါဗီဒီယိုမှာ Yuki ဟာ မီးဖွားခန်းဝတ်စုံနဲ့ ဗိုက်နာမှုကို သိသိသာသာခံစား နေရပေမယ့် အားအင်အပြည့်နဲ့ ကခုန်နေတာကို တွေ့ မြင်ရမှာပါ။
Yuki ဟာ ကခုန်နေရင်း ရေမွှာပေါက်သွားပေမယ့်လည်း ဆက်လက် ကခုန်နေခဲ့ပါတယ်။  အဆိုပါဗီဒီယိုကို ရိုက်ကူးခဲ့သူ ခင်ပွန်းဖြစ်သူ Connel က သူ့ ရဲ့ဇနီးဖြစ်သူကို အားပေးနေသံအပြင် ရယ်သံကိုပါ ကြားခဲ့ရပါတယ်။ “ ကျွန်တော် မရယ်နေသင့် ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် သူက တော်တော် နာမည်ကြီးချင်နေတာ၊ နာမည်ကြီးချင်ရင် tootsie roll အကို ကလေးမွေးနေတုန်းကလေ” လို့ ပြောနေတာကို ပါ ကြားနိုင်ပါတယ်။
Yuki ဟာ ရင်သွေးလေး Koji ကို ဘောစတွန်မြို့ က ဆေးရုံမှာ သြဂတ်စ်လ ၁၈ ရက်နေ့ က အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီး အလေးချိန် ၆ ပေါင်နဲ့ ၁၅ အောင်စ တိတိ ရှိပါတယ်။
Ref: Mirror
http://www.trend.com.mm/2015/08/21/news-7483

Apple ရဲ့  Siri ကြောင့် အသက်ရှင်ခွင့်ရခဲ့တဲ့ ဆယ်ကျော်သက်

$
0
0




 အမေရိကန်လူမျိုး  Sam Ray ဆိုသူ ဆယ်ကျော်သက်ကောင်လေး တစ်ယောက်ဟာ ကားပြင်နေတုန်း ဂျိုင့်လဲပြီး ပြင်နေတဲ့ ထရပ်ကားအောက် ညှပ်နေခဲ့ပါတယ်။ ကံကောင်းစွာပဲ Sam Ray ဟာ သူ့ ရဲ့ iPhone ဘောင်းဘီ နောက်အိတ်ကပ်ထဲ ပါလာတာကို သတိရလိုက်ပါတယ်။
Mr.Ray ဟာ သူ့ ရဲ့ တင်ပါးကို အသုံးပြုပြီး Apple ရဲ့ intelligent personal assistant ( ကွန်ပြူတာ ဥာဏ်ရည်သုံး ကိုယ်ရေးကိုယ်တာ အကူအညီ) Siri ကို ဖွင့်ကာ 911 ကို အသံနဲ့ စေခိုင်းပြီး ဖုန်းခေါ်ဆိုစေခဲ့ပါတယ်။ အဆိုပါ ဖုန်းအ၀င်ကို လက်ခံခဲ့တဲ့ အရာရှိ Christopher Lee ဟာ ပထမတော့ ဖုန်း မှားခေါ်ဆိုမှုလို့ ထင်ခဲ့ပေမယ့် Mr.Ray ရဲ့ ငိုယိုအော်ဟစ်ပြီး အကူအညီတောင်းသံကို ကြားလိုက်ရပါတယ်။
“ ကျွန်တော် သတိလည်သလိုဖြစ်လာတာကို ခံစားမိတယ်။ ကျွန်တော် ဒီကနေ မထွက်နိုင်တော့ဘူးလို့ တောင် ထင်မိတယ်” လို့ Ray က ဒေသတွင်းသတင်းစာ Tennessean ကို ပြောပြခဲ့ပါတယ်။Ray ဟာ နံရိုးသုံးချောင်းကြိုး၊ ကျောက်ကပ် ထိခိုက်ခဲ့ပြီး တတိယအဆင့် လောင်ကျွမ်း ဒဏ်ရာတွေရ ရှိခဲ့ကာ သူသာ ဒီထက်ကြာကြာ ထရပ်ကားအောက် ပိတ်မိနေမယ်ဆိုရင် အသက်ရှင်ဖို့ မျှော်လင့်ချက် မရှိဘူးလို့ ဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။
“ကျွန်တော့်သက်တမ်းတစ်လျှောက်လုံး iPhone ကိုပဲ အသုံးပြုဖြစ်သွားတော့မယ် ထင်ပါတယ်။ ဒီနည်းနဲ့ ပဲ ကျေးဇူးတုံ့ ပြန်ရမှာပေါ့” လို့ Ray က ပြောကြားခဲ့ပါတယ်။
Ref: bbc,metro
http://www.trend.com.mm/2015/08/20/apps-7463

လက်ရှိမှာ သူငယ်ချင်းစိတ်နဲ့ ဘာအလုပ်မှမလုပ်နိုင်သေးတဲ့ ရွှေထူး

$
0
0




တစ်ကိုယ်တော်ခွေကို ထွက်နိုင်ဖို့ကြိုးစားနေတဲ့ ရွှေထူးက လက်ရှိမှာ ရေဘေးနဲ့ပတ်သက်တဲ့ ပရဟိတပွဲတွေမှာလဲ ပါဝင်ကူညီပေးနေတာမို့ ဂီတနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတချို့ကို ရပ်တန့်ထားပြီး ရေဘေးလှုပ်ရှားမှုအပိုင်းမှာတွေ့မြင်လာရသလို 4 Album အမ်တီဗီကိုလဲ အမြန်ဆုံးထွက်နိုင်အောင်ကြိုးစားနေတာမို့ ရွှေထူးနဲ့တွေ့ဆုံခိုက်မှာ မေးမြန်းဖြစ်သမျှက
-တစ်ကိုယ်တော်ခွေလေးလုပ်နေတယ်ကြားတယ်။ ဘယ်အတိုင်းအတာလောက်ထိပြီးသွားပြီလဲ။
လုပ်နေတာက ၃နှစ်လောက်ရှိပြီ။ အမှန်ဆိုပြီးနေပြီ။ ရေဘေးဝင်လာတဲ့အတွက် အခွေကိုရပ်ထားပြီး ရေဘေးမှာပါဝင်ကူညီပေးဖြစ်တယ်ပေါ့။ ၇၀ ရာခိုင်နှုန်းလောက်တော့ပြီးနေပြီ။ ၁၀လပိုင်းထဲမှာတော့ မရရအောင်ထွက်မယ်လို့စဉ်းစားထားတယ်။ သီချင်းအမျိုးအစားက အစုံပဲ။ Featuring အနေနဲ့က ကိုဝေလ၊ G Fatt ၊ YZ ၊ ဒိုးပတ်နဲ့ RN ပါမယ်။ Oasis ပါမယ်။ တခြားသူတွေလဲပါဦးမယ်။ နောက်ပြီးတော့ Underground ကပေါင်းထားတဲ့ သီချင်း၁ပုဒ်ကို နာမည်ကြီးအဆိုတော်တစ်ယောက်နဲ့တွဲပြီးပြန်ထုတ်လာဖို့ရှိတယ်။  ၁၀လပိုင်းတော့မှန်းထားတယ်။ ဒါပေမဲ့ဒီကြားထဲမှာ ဘာဖြစ်လာမလဲဆိုတာဘယ်သူမှကြိုမသိနိုင်ဘူးလေ။ အဲ့ဒါကြောင့် ကျွန်တော်ကတော့ အခွေထွက်ချင်တာကကြာပြီ။ ကျွန်တော့ဟာ ကျွန်တော်မျောလိုက်၊ တခြားကိစ္စလေးတွေကပေါ်လာလိုက်၊ စားဝတ်နေရေးအတွက် လုပ်လိုက်နဲ့ကြန့်ကြာနေတာပါ။ ဒါပေမဲ့ ၁၀လပိုင်းကို ထွက်ဖို့တော့ကြိုးစားနေပါတယ်။ အခွေ title ကိုလောလောဆယ် True Love လို့တော့ ပေးထားပါတယ်။ တေးရေးက ကျွန်တော်ရေးတာများမယ်။ ကိုဝေလပါမယ်။ ဒိုးပတ်ရေးတာပါမယ်။
-ဒီရက်ပိုင်း ဖေ့စ်ဘုတ်လူမှုကွန်ယက်ပေါ်မှာ သူငယ်ချင်းနဲ့ပတ်သက်တဲ့ စာတိုလေးတွေတင်တာတွေ့ရတယ်။ အဲ့ဒီအပိုင်းကိုလဲ သိချင်ပါတယ်။
ဒီတစ်ရက်နှစ်ရက်အတွင်းမှာ တင်ဖြစ်တဲ့ စာလေးတွေက ကျွန်တော့သူငယ်ချင်းစိတ်နဲ့တင်တာပေါ့နော်။ ကျွန်တော်ပေါင်းတယ်ဆိုတာက အဆိုတော်ကိုပေါင်းတာမဟုတ်ဘူး။ သူ့ဟာသူဘာကောင်ပဲဖြစ်ဖြစ် နာမည်ကြီး အဆိုတော်ဖြစ်ဖြစ် မဖြစ်ဖြစ်ပေါ့။ ကျွန်တော်ခင်တယ်ဆိုပေါင်းတယ်။ ပေါင်းသင်းဆက်ဆံတယ်။ သူ့သတင်းနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ညီအစ်ကိုရင်းချာ တစ်ယောက်ဖြစ်သလိုပဲ ခံစားရတယ်။ အဲ့ဒါကလဲ ပြောရမယ်ဆိုရင် အရှည်ကြီးပါပဲ။ ကျွန်တော်လဲ ဘာမှမပြောချင်တော့ပါဘူး။ ပြောရင်ကိုယ့်ပါ တိုင်လာပတ်နေမှာစိုးလို့ပါ။
-4 Album ကရော ဘယ်လောက်ပြီးနေပြီလဲ။
ကျွန်တော်က ၂ပုဒ်ရိုက်ဖို့ကျန်တယ်။ X box ကတစ်ပုဒ်ရိုက်ဖို့ကျန်တယ်။ lil ‘ z က ၂ပုဒ်ကျန်သေးတယ်။ ထက်ယံကလဲပြီးတော့မယ်။ ဒါပေမဲ့ကြားထဲမှာ ဒီလိုပြသနာတွေဖြစ်တော့ အားလုံးကဆက်လုပ်ချင်စိတ်ကိုမရှိဘူးဖြစ်နေတယ်။
-သူ့သတင်းစကြားကြားချင်းမှာဘယ်လိုခံစားရလဲ။
ကျွန်တော်တို့ကပြောရရင် အခုချိန်မှာကြိုးစားနေတဲ့ တက်လူပေါ့။ တက်တူဆိုတဲ့အနေအထားမှာ ဒီလိုမျိုးမပြောနဲ့ဗျာ။ တစ်လလောက်တောင် ဒီလောကကြီးနဲ့အဆက်အသွယ်မပြတ်စေချင်ဘူး။ ကိုယ်ကိုတိုင်လဲဗျာ အဲ့ဒီလိုမျိုးအဖြစ်မခံနိုင်ဘူး။ ကိုယ့်ဘော်ဒါဖြစ်တော့လဲတကယ်စိတ်မကောင်းပါဘူး။
-ဂီတနဲ့ပတ်သက်ပြီးဘယ်လိုမျိုးရော ထပ်မံဖန်တီးသွားဖို့ရှိမလဲ။
ကျွန်တော်တစ်ကိုယ်တော်ခွေထွက်ဖို့ရှိတယ်။ အခုကဒီလိုဗျာ။ အစက 4 Album ထွက်ပြီးတော့မှ တစ်ကိုယ်တော်ကိုထွက်မှာ။ အဲ့ဒါကြောင့်လဲ ၄ယောက်လုံးက အမြန်ဆုံးထွက်နိုင်အောင်ကြိုးစားနေကြတာ။ အစက 4 Album ကို ၉လပိုင်းမှာထွက်ဖို့စဉ်းစားထားကြတာ။ ပြီးမှ ၁၀ လပိုင်းမှာ ကျွန်တော့်တစ်ကိုယ်တော်ခွေထွက်မယ်။ ပြီးရင် ၁၁လပိုင်းမှာ တခြားသူတွေရဲ့ အခွေတွေလဲထွက်လာဦးမှာပေါ့။ အခုကဗျာ။ 4 Album ကြောင့်ပဲအားလုံးကို နောက်ဆုတ်ထားတာ။ အခုတော့ ဘယ်လိုဆက်လုပ်ရမှန်းကိုမသိဘူး။ အခုချိန်မှာ စိတ်ထဲမကောင်းတာပဲရှိတယ်။ သီချင်းကိစ္စကိုလဲခေါင်းထဲမှာမထည့်နိုင်ဘူး။
-သူနဲ့ရောသွားတွေ့ပြီးပြီလား။ ဘာသတင်းရောကြားရသေးလဲ။ အခုဖေ့စ်ဘုတ်ပေါ်မှာက ဘယ်သူမှ မသိရသေးပဲနဲ့ သူနဲ့ပတ်သက်တဲ့ သတင်းတွေကို မျိုးစုံတင်ပြီးဝေဖန်ကြတာမျိုးတွေလဲတွေ့နေရတယ်။ ဒီအပေါ်မှာရော သူငယ်ချင်းတစ်ယောက်အနေနဲ့ဘယ်လိုပြောချင်ပါလဲ။
တစ်ခုပဲ တောင်းဆိုချင်တာပါ။ အကျိုးအကြောင်း ဘာမှသိတာ မသိတာထက် သူ့ကို ကြိုက်တဲ့သူရှိမယ်။ မကြိုက်တဲ့သူရှိမယ်။ ကျွန်တော်ဆိုလိုတာက မကြိုက်ဘူးဆိုရင်တောင်မှ ချောက်ချတဲ့ စကားလုံးတွေတော့ မသုံးနဲ့ဗျာ။ အကောင်းဆုံးသူ့ကို နှစ်သိမ့်စကားမပြောရင်နေဗျာ။ သူ့ပရိသတ်ဟုတ်တဲ့သူတွေရော၊ မဟုတ်တဲ့သူတွေရောကို တိတ်တိတ်လေးနေပေးဖို့ပဲအားလုံးကို request လုပ်တယ်လို့။ ကျွန်တော်ကိုယ်တိုင်လဲ ဘာသတင်းမှကို မသိရသေးဘူး။ သူအဲ့ဒီလိုဖြစ်သွားတယ်ဆိုတဲ့သတင်းပဲကြားတာ။ အဆက်အသွယ်လဲဘာမှမရသေးဘူး။ သွားတွေ့လို့ရပြီဆိုတာနဲ့ကျွန်တော်တို့သွားတွေ့မှာပါ။
-X box နဲ့က 4 Album ကျမှစခင်တာလား။
ဟုတ်ပါတယ်။ 4 Album မှစခင်တာဆိုပေမဲ့ ဒီကောင်နဲ့သီချင်းတူတူလုပ်လို့ကျွန်တော်ကခင်တာမဟုတ်ဘူး။ တကယ့်ဘော်ဒါအရင်းကြီးလိုကိုခင်တာ။ ညီအစ်ကိုအရင်းတွေလိုမျိုးပေါ့။ ကျွန်တော်တို့ဘားသွားတယ်။ ကလပ်သွားတယ်။ စားကြတယ်။ သောက်ကြတယ်။ ပျော်ပါးတယ်။ သီချင်းတွေလုပ်ကြတယ်။  ခင်တာထက်ကို ပိုပါတယ်။
-သူ့ကို အားပေးစကားအနေနဲ့ရောဘယ်လိုမျိုးပြောချင်လဲ။
တစ်ခုပေါ့ဗျာ။ ယောကျာ်းဖြစ်တဲ့အတွက် ကိုယ်ဖြစ်ရင်တော့ ကိုယ်ခံရမှာပဲ။ ဘယ်သူမှတော့ လာခံပေးမှာမဟုတ်ဘူး။ အဲ့ဒီအတွက် ကျွန်တော်တို့တွေက အကောင်းဆုံး အနေအထားဖြစ်အောင် ဆုတောင်းပေးဖို့ပဲရှိတယ်။ ကျွန်တော်ဘုရားသွားတယ်။ ဆုတောင်းတယ်။ အရင်တုန်းကဆို ကျွန်တော်ဘုရားမရှီခိုးတာကြာပြီ။ အခုဆိုကျွန်တော်သူ့အတွက်ဘုရားနေ့တိုင်းရှီခိုးဖြစ်တယ်။ ဆုတောင်းပေးဖြစ်တယ်။ ကျွန်တော့ အပေါင်းအသင်းတွေ အကုန်လုံးကိုလဲ အကူအညီလိုက်တောင်းတယ်။ သူ့အတွက်ကျွန်တော်တို့ကဘေးကနေဆုတောင်းပေးလို့ပဲရတယ်။ သူ့သတင်းစကြားကြားချင်းတုန်းကဆို ကျွန်တော် မျက်ရည်ကျတယ်။ ငိုတောင်ငိုမိတယ်။ မနေ့ညကဆို အိပ်လို့မရဘူး။ တစ်ညလုံး ထိုင်ငိုနေတာဗျာ။ သူငယ်ချင်းဗျာ။ အဆင်မပြေဘူး။ အခုချိန်မှာ ဘာမှကို မတွေးနိုင်ဘူး။ ကျွန်တော့်သူငယ်ချင်းစိတ်နဲ့ဘာမှကို မလုပ်နိုင်ဘူးဖြစ်နေတယ်။
-ပရိသတ်တွေကိုရောဘာများပြောချင်သေးလဲ။
အခုချိန်မှာ ရာသီဥတုကလဲ မကောင်းဘူး။ နေကောင်းအောင်နေကြပါ။ နိုင်ငံရေးအခြေအနေကလဲမကောင်းဘူး။ တစ်ကမ္ဘာလုံးဖြစ်နေကြတာပါ။ အထူးအဆန်းမဟုတ်ဘူးဆိုပေမဲ့ ကျန်းမာအောင်ဂရုစိုက်ကြပါလို့။ ကျွန်တော့တစ်ကိုယ်တော်အခွေကို ကံတရားကမျက်နှာသာပေးခဲ့လို့ရှိရင်အကောင်းဆုံးထွက်လာနိုင်မှာပါ။ အဲ့ဒီအခါကျရင်လဲအားပေးကြပါလို့ပြောချင်ပါတယ်။
http://www.trend.com.mm/2015/08/21/music-7476
Viewing all 13796 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>