Quantcast
Channel: MP4 YoU
ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကချင်နှင့်ရှမ်းမှလွဲ၍ တနိုင်ငံလုံး မိုးရွာနိုင်ကြောင်း သတင်းထုတ်ပြန်
$
0
0
ဒီနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာချက်အရ ဆိုင်ကလုန်းမုန်တိုင်း ပါဘက် ဟာ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၇၀ လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။
မုန်တိုင်းအရှိန်ကြောင့် ဒီနေ့ နေ့လယ်ကနေ နောက် ၇၂ နာရီ (၃ ရက်) အတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့က လွဲပြီး တနိုင်ငံလုံးမှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်သလို တချို့နေရာတွေမှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ သတိပေးနှိုးဆော် ထားပါတယ်။
DVB
Unicode
ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းရဲ့ အရှိန်ကြောင့် ကချင်နဲ့ ရှမ်းကလွဲပြီး တနိုင်ငံလုံးမှာ မိုးရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဒီနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာချက်အရ ဆိုင်ကလုန်းမုန်တိုင်း ပါဘက် ဟာ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ရဲ့ အနောက်တောင်ဘက် မိုင် ရ၀ လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။
မုန်တိုင်းရဲ့ လက်ရှိအခြေအနေဟာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမှာ မဟုတ်လို့ အဝါရောင်အဆင့်လို့ သတ်မှတ်ထားပေမယ့် တနင်္သာရီတိုင်းဟာ ဆိုင်ကလုန်းမုန်တိုင်းရဲ့ အဝန်းအဝိုင်းထဲကို ကျရောက်နေတာကြောင်း မုန်တိုင်းရဲ့ သက်ရောက်မှုအန္တရာယ်ကို ခံစားရနိုင်တယ်လို့ ဆိုပါတယ်။
မုန်တိုင်းအရှိန်ကြောင့် ဒီနေ့ နေ့လယ်ကနေ နောက် ရ၂ နာရီ (၃ ရက်) အတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့က လွဲပြီး တနိုင်ငံလုံးမှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်သလို တချို့နေရာတွေမှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ သတိပေးနှိုးဆော် ထားပါတယ်။
ပြီးတော့ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့လည်း ဆိုပါတယ်။
မိုးသက်လေပြင်းကျတုန်းမှာ ရေပြင်/မြေပြင်လေဟာ တနာရီကို မိုင် ၄၀ အထိတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်ကတော့ ၈ ပေကနေ ၁၀ ပေလောက် ရှိနိုင်ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း ပါဘက်ရဲ့ အရှိန်ကြောင့် လေပြင်းတိုက်ခတ်တာ၊ အချိန်အခါမဟုတ် မိုးရွာတာတွေ ဖြစ်နိုင်လို့ ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့က ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့ ကြိုတင်သတိပြု ရှောင်ရှားကြဖို့လည်း အကြံပြုထားပါတယ်။
နောက် ၄၈ နာရီအတွင်းမှာတော့ မုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး ကပ္ပလီကျွန်းစုကို ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်း ပါဘက်ဟာ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲအချိန်မှာ ဗဟိုချက်လေဖိအား ၉၉၈ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံး လေတိုက်နှုန်းကတော့ တနာရီကို မိုင် ၅၀ နှုန်း ရှိနေပါတယ်။
DVB
$
0
0
Unicode
ဖုန်းတွေရဲ့ ဘောင်မှာပါတဲ့ အနက်ရောင်အစက်လေးတွေဟာ ဘာအတွက် အသုံးပြုတာလဲ
ဖုန်းမကိုင်ပဲနေတဲ့နေ့ဆိုတာက လုံးဝကို မရှိသလောက်ဖြစ်သွားပါပြီ ။ တစ်နေ့တစ်နေ့ Facebook ၊ Emails ၊ ဗီဒီယိုတွေ ၊ သီချင်းတွေနားထောင်ဖို့အတွက် ဖုန်းကိုနေ့တိုင်းလိုလိုကိုင်ဆောင်အသုံးပြုနေကြရပါတယ်။
စမတ်ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီတွေကလည်း ဖုန်းတွေကို ပိုမိုအသုံးဝင်နိုင်စေဖို့အတွက် ဖန်ရှင်အသစ်အသစ်တွေထည့်သွင်းလေ့ရှိပါတယ် ။ ဒီတော့ ဖုန်းတွေမှာ အနက်ရောင် အစက်လေးတွေကဘာတွေလဲ ။
တကယ်တော့ အဲ့ဒီအနက်ရောင်အစက်လေးတွေဟာ မိုက်ခရိုဖုန်းတွေပါ ။ အိုင်ဖုန်းမှာဆိုရင် ကင်မရာဘေးမှာ အနက်ရောင် အစက်လေးတစ်ခုပါလေ့ရှိပါတယ် ။ အထက်နဲ့ အောက် ဘောင်မှာရှိနေတဲ့အမဲရောင်အစက်နှစ်ခုကတော့ အသံဖမ်းတဲ့ မိုက်ခရိုဖုန်းတွေဖြစ်ပြီး ကင်မရာဘေးက အစက်လေးကတော့ ဆူညံသံတွေကို စစ်ထုတ်ပေးတဲ့ မိုက်ခရိုဖုန်းဖြစ်ပါတယ် ။
ဖုန်းပြောနေတဲ့အခါ သို့မဟုတ် ဗီဒီယိုကော ပြောနေတဲ့အချိန် မျိုးမှာ ဆူညံသံတွေကို စစ်ထုတ်ပေးတဲ့အတွက် တစ်ဖက်က အသံကိုကြည်ကြည်လင်လင်ကြားနိုင်တာပဲဖြစ်ပါတယ်။ ထို့အပြင် ဗီဒီယိုရိုက်ကူးတဲ့အခါမျိုးမှာလည်း ဆူညံသံတွေကိုစစ်ထုတ်ပေးတဲ့အတွက် စတူဒီယိုတစ်ခုမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုကွာလတီမျိုးရရှိနိုင်ပါတယ် ။
Writer – Min Thu (Daily Hot News )
$
0
0
တရားရုံးက ဆုံးဖြတ်ထားတဲ့ အမွေခွဲခြမ်းမှု အပေါ် ပြည်ထောင်စု အဆင့် အယူခံလွှာကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က ပယ်ချ ခံခဲ့ရပေမယ့် သူ့အနေနဲ့ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး ကိုတိုက်ရိုက် တင်ပြဖို့ ရှိတယ်လို့လည်း ပြီးခဲ့တဲ့ ဒီဇင်ဘာထဲမှာ ဦးအောင်ဆန်းဦးက ဘီဘီစီကို ပြောခဲ့ပါတယ်။
BBC
Unicode
ဦးအောင်ဆန်းဦးက နိုင်ငံရေးပါတီတချို့နဲ့တွေ့ပြီး အမွေကိစ္စရှင်းပြ
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကို ဖြစ်သူ ဦးအောင်ဆန်းဦးတို့ကြား အငြင်းပွားနေတဲ့ ခြံအမှတ် ၅၄ နေအိမ်နဲ့ ခြံဝင်း အမွေ ခွဲခြမ်းမှုကို ဦးအောင်ဆန်းဦးဘက်က ဇန်နဝါရီလ ၅ ရက် (ဒီနေ့) မနက်ပိုင်း နေပြည်တော်က မန္တလေး ပါရာဒိုက်စ်စားသောက်ဆိုင်မှာ နိုင်ငံရေးပါတီ တချို့ကို တွေ့ဆုံပြီး ရှင်းပြခဲ့ပါတယ်။
နိုင်ငံရေးပါတီတွေဘက်က တက်ရောက်ကြသူတွေထဲမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ် ဟောင်း တစ်ဦးကိုလည်း တွေ့ရတယ်လို့ ဘီဘီစီရဲ့ နေပြည်တော် သတင်းထောက်က ပြောပါတယ်။
ဒါ့အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်ဟောင်း ဦးသိန်းညွန့်ရဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်က ပုဂ္ဂိုလ်တစ်ဦးကိုလည်း တွေ့မြင်ရသလို မြန်မာအမျိုးသားကွန်ဂရက်ပါတီက ဦးကောင်းမြတ်ထွဋ်လည်း အခုတွေ့ဆုံပွဲမှာ ပါဝင်ပါတယ်။
တွေ့ဆုံခဲ့ကြတဲ့ ပါတီတွေကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီ။ မြန်မာ့ပြည်သူ့ ဒီမိုကရက်တစ်ပါတီ (MPD)၊ မြန်မာအမျိုးသားကွန်ဂရက်၊ အမျိုးသားတိုးတက်ရေးပါတီ၊ မတူကွဲပြားနှင့်ငြိမ်းချမ်းရေးပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ တို့ ဖြစ်ပါတယ်။ တက်ရောက်ကြသူတွေ အားလုံးက သက်ဆိုင်ရာ ပါတီအသီးသီးကို ကိုယ်စားပြုပြီး တက်ရောက်ခဲ့ကြတယ်လို ့ဆိုပါတယ်။
တရားရုံးက ဆုံးဖြတ်ထားတဲ့ အမွေခွဲခြမ်းမှု အပေါ် ပြည်ထောင်စု အဆင့် အယူခံလွှာကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က ပယ်ချ ခံခဲ့ရပေမယ့် သူ့အနေနဲ့ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး ကိူတိုက်ရိုက် တင်ပြဖို့ ရှိတယ်လို့လည်း ပြီးခဲ့တဲ့ ဒီဇင်ဘာထဲမှာ ဦးအောင်ဆန်းဦးက ဘီဘီစီကို ပြောခဲ့ပါတယ်။
BBC
ပြည်သူတွေ ဘာကြောင့် မြေဂရံ/အမည်ပေါက် လုပ်ဖို့စိတ်ပျက်ကြတာလဲ
$
0
0
မြေဂရံ အမည်ပေါက်
ပြည်သူတွေ ဘာကြောင့် မြေဂရံ/အမည်ပေါက် လုပ်ဖို့စိတ်ပျက်ကြတာလဲ
(ဒီလိုရေးခြင်းဟာ သက်ဆိုင်ရာဌာနတွေကို ထိခိုက်နစ်နာစေလိုလို့မဟုတ်ပါဘူး။ လုပ်ငန်းစဉ်တွေကို ဘယ်လိုမြန်အောင်ချုံ့နိုင်မလဲ ဝိုင်းဝန်းစဉ်းစားနိုင်အောင်ပါ)
မြေဂရံတခုလုပ်ရင် အချက်အလက်ဘယ်လောက်ပဲပြည့်စုံပါစေ လုပ်ငန်းစဉ်ကိုနားလည်နေတာတောင် (မြေပုံကူး အခွန်ဆောင် စာချုပ်ချုပ် မြေပုံထပ်ကူး ဂရံ/ဘိုးဘွားလျှောက်)အစအဆုံး မြေစာရင်းဌာန၊ အခွန်ရုံး ၊ ထွေအုပ်ဌာန ဒီရုံးသုံးခု အတက်အဆင်းဟာ ၄/၅/၆ လကြာတတ်တာ သဘာဝတခုလားတောင်မေးရပါတော့မယ်
ဒါကြောင့်တချို့ပြည်သူတွေ ဘာဂရံမှမလုပ်ပဲ စာချုပ်လေးတွေပဲကိုင်ထားကြတာပါ။ တကယ်တော့ ဂရံမလုပ်ပဲထားခြင်းဟာ နိုင်ငံတော်အတွက် ဂရံအခွန်တွေအများကြီးနစ်နာပါတယ်။ မြန်မာပြည်မှာ ကျွှန်တော်ခန့်မှန်းကြည့်တာ အမှန်တကယ်မြေယာပိုင်ဆိုင်မှူ ၂၀ ရာနှူန်းလောက်သာ အမည်ပေါက်ဂရံ/ဘိုးဘွား/၃ခ/ပုံစံ ၇ တွေရှိကြမှာပါ။
ကျန် ၈၀ ရာနှူန်းဟာ ရုံးကိစ္စတွေနားမလည်လို့မလုပ်ကြသလို ရုံးတွေရဲ့လုပ်ငန်းစဉ်အရမ်းကြာမြင့်မှူတွေကို စိတ်ပျက်သူတွေများလှပါတယ်။ နိုင်ငံတော်အတွက် ၈၀ ရာနှူန်းသော မြေခွန်တွေအရမ်းနစ်နာပါတယ်။ ဒါအပြင် မိမိတို့လို SME လုပ်ငန်းများအသက်ရှင်ဖို့လိုအပ်သော ငွေအရင်အနှီးအတွက် ချေးငွေများလျှောက်ထားရာတွင် မြေယာပိုင်ဆိုင်မှူလိုအပ်ပြန်ပါတယ်။ ဒါကြောင့် SME သမားတွေဟာ မဖြစ်မနေ မြေပိုင်ဆိုင်မှူလုပ်ကြပါတယ်။
တချို့SME တွေဟာ မြေပိုင်ဆိုင်မှူမရှိလို့ချေးငွေမရကြပြန်ဘူး ဒီအတွက်လုပ်ငန်းတွေတိုးတက်သင့်သလောက်မတိုးတက်နိုင်ပါဘူး။ သူတို့ဟာပိုင်ဆိုင်မှူမရှိတာ မလုပ်လို့မရှိတာထက် လုပ်ရမှာကြောက်ကြလို့ပါပဲ။ ရုံးလုပ်ငန်းစဉ်တွေကို ယခုထက်ပိုမိုမြန်ဆန်အောင်ဆောင်ရွက်နိုင်ရင် ပြည်သူတွေပိုမိုယုံကြည်ပြီး အမည်ပေါက်ဂရံ/ဘိုးဘွား တွေလုပ်လာလိမ့်မယ်။ ဒီလိုလုပ်ခြင်းဖြင့် ပြည်သူတွေ/SME တွေအတွက်များစွာအဆင်ပြေလာမှာဖြစ်သလို နိုင်ငံတော်ဘက်ကလဲ အခွန်တွေများစွာရလာပါလိမ့်မယ်။
ယခုလက်ရှိအခြေအနေကတော့ ပြည်သူအများစုဟာ အရပ်စာချုပ်တွေနဲ့သာအများစုရှိနေကြပြီး အမည်ဖောက်ဖို့ လုပ်သူအရမ်းနည်းပါးခြင်းဟာ မြေယာပိုင်ဆိုင်မှူအငြင်းပွါးမှူတွေအထိပါကူးစက်လာနိုင်ပါတယ်။ ဒီထက်ပိုဆိုးတာက တချို့သေသာသွားတယ် သူ့မြေကွက်သူ နာမည်ပေါက်ပိုင်ဆိုင်မသွားကြပါဘူး။
ဒါတွေဘာကြောင့်လဲ ဘယ်သူတွေကြောင့်လဲ ဘယ်ဥပဒေတွေကြောင့်လဲ ဘာတွေပြန်ပြင်သင့်သလဲ ဘယ်လိုမြန်အောင် လုပ်သင့်လဲ အစိုးရဘက်က ဥပဒေရေးရာကော်မတီတွေပြန်စိစစ်သင့်ပြီ လူတွေကြောင့်လား မူတွေကြောင့်လား ပြန်စိစစ်ပါ။ ပြည်သူတွေက အစိုးရဌာနတွေအပေါ် ဒီလိုကိစ္စလေးတွေကအစ အယုံအကြည်ပျက်စေတယ်။
လွှတ်တော်ဘက်က လိုအပ်တဲ့ဥပဒေ နည်းဥပဒေတွေကို ပြန်လည်စိစစ်ပြီး ယခုထက်ပိုမိုမြန်ဆန်တဲ့နည်းတွေစဉ်းစားသင့်တယ်။ တခြားသူထံမှဝယ်ယူပြီး အမည်ပေါက်လုပ်ငန်းစဉ်အနည်းငယ်ပြောပြပါမယ်။
၁-မြေစာရင်းမှာ စာချုပ်ချုပ်ဖို့မြေပုံကူး(ကွင်းဆင်း)
၂-အခွန်ရုံးမှာအခွန်ဆောင်
၃-မြေစာရင်းမှာ စာချုပ်ချုပ်
၎-မြေငှားဂရံ/ဘိုးဘွား လျှောက်ဖို့ မြေပုံထပ်ကူး
၅-မြေငှားဂရံအတွက်ခရိုင်ထွေအုပ်ရုံးမှာလျှောက်
၆-ခရိုင်ထွေအုပ်က မြို့နယ်ထွေအုပ်ကိုကွင်းဆင်းဖို့ပြန်ချ
၇-မြို့နယ်ထွေအုပ်မှကွင်းဆင်း
၈-မြို့နယ်ထွေအုပ်မှ သတင်းစာမှာကန့်ကွက်သူရှိမရှိ ၁၄ ရက်ကြော်ငြာ
၉-မြေစာရင်းကို ဂရံအတွက်အမည်ပေါက်မြေပုံထုတ်ရန် ထွေအုပ်ကပြန်ပို့
၁၀-နောက်ဆုံးအဆင့် ခရိုင်ရုံးပြန်တက် အမှူတွဲစုံရင် ခရိုင်ဥက္ကဌ (ကောလိပ်တော်အရာရှိ) လက်မှတ်ထိုး
အမလေး ရေးရတာတောင်မောတယ် တကယ် အဲဒီအဆင့်တွေကိုလက်တွေ့လုပ်ကြည့်ပါ အနိစ္စ ဒုက္ခ အနတ္တ လက္ခနာရေးသုံးပါးကိုအစုံအလင်တြွေ့မင်ရမှာပါ။ ဒီအဆင့် ၁၀ ခုကိုအချိန်ဘယ်လောက် ကြာနိုင်လဲဆိုတာ ခန့်မှန်းတွက်ချက်ပါ။ ဒါတွေဟာတကယ့် အမှန်တရားတွေပါ။ ဒီလိုရေးခြင်းဟာ သက်ဆိုင်ရာဌာနတွေကို ထိခိုက်နစ်နာစေလိုလို့မဟုတ်ပါဘူး။ လုပ်ငန်းစဉ်တွေကို ဘယ်လိုမြန်အောင်ချုံ့နိုင်မလဲ ဝိုင်းဝန်းစဉ်းစားနိုင်အောင်ပါ။
ဝမ်းမစတော့နိုင်ရင်တောင် တူးစတော့လောက်ဆိုမဆိုးဘူး။ အခုက ၁၀ ဆင့်လောက်လုပ်ရမဲ့ကိစ္စဟာ တကယ်စိတ်ပျက်စရာကြီးပါ။ ကဲ ဘယ်လိုမြန်အောင်လုပ်သင့်လဲ ဘယ်နည်းဥပဒေကကြန့်ကြာစေလဲ။ ဘယ်သူတွေကြောင့်လဲ အဖြေရှာကြရအောင်ဗျာ
(မှတ်ချက်) ကျွန်တော်ကိုယ်တိုင်လက်တွေ့လုပ်နေတာပါ။
ညီညီအောင် (ပြည်) ရက်စွဲ (23-11-2018)
$
0
0
Nyunt Han Smo
ဘာသာခြားနဲ့ယှဉ်ပြီးဆိုင်ဖွင့်တိုင်း မြန်မာတွေဆိုင်ပြုတ်ကုန်တဲ့အကြောင်းအရင်း
ဘာသာခြားနဲ့ယှဉ်ပြီးဆိုင်ဖွင့်တိုင်း မြန်မာတွေဆိုင်ပြုတ်ကုန်တဲ့အကြောင်းအရင်း သိပြီးပြီလား
ယခုဆိုလူမိိျုးခြား ဘာသာခြားတွေဆိုင်လုပ်ငန်းလုပ်တယ်။လေး ငါးနှစ်ကြာတဲ့အခါဆိုင်ခွဲတွေထပ်ဖွင့်နိုင်တယ်။
လက်ရှိလုပ်ငန်းအထိုင်ကြလို့ ဆယ့်ငါးနှစ်လောက်ကြာရင် ဆိုင်ခွဲအနည်းဆုံးသုံးခုဖြစ်သွားပြီ။
မြန်မာဆိုင်နဲ့ဘေးချင်းယှဉ်လာဖွင့်ရင် မြန်မာဆိုင် သိပ်မကြာခင်ပြုတ်ပြီးပြေးရပြီ။
ဟိုးလွန်ခဲ့သောနှစ်သုံးဆယ်လောက်က အရောင်းအဝယ်ကောင်းတဲ့ဆိုင်တစ်ဆိုင်မှာပညာသင်အလုပ်သမားအဖြစ်ဝင်လုပ်ရင်းလေ့လာကြည့်မိတယ်။
အလုပ်ချိန်တိကျတယ်။ဆိုင်ပိတ်ချိန်တစ်ခါတစ်ရံမှာသာနောက်ကျတယ်။နယ်အော်ဒါများလို့ ဒီနေ့ဝင်တဲ့အော်ဒါ ဒီနေ့အပြီးထုတ်တယ်။နေ့ကူးရင် နောက်နေ့အော်ဒါတွေထပ်ပြီး ဂျမ်းမဖြစ်စေဖို့ပါ။
သူဌေးကအစ အလုပ်သမားအဆုံး အကုန်အလုပ်လုပ်တယ်။ဆိုင်မှာသွားပြီးလက်ဖက်ရည်ဆိုင်ထိုင် အာ မရိုက်ဘူး။သောက်ချိန်ရောက်ရင် လုပ်ငန်းခွင်မှာ ဆယ်မိနစ်ခန့်နားပြီးသောက်တယ်။
သူဌေးအလုပ်က ဆိုင်ရဲ့ပစ္စည်းအဝင်အထွက်ပစ္စည်းအားလုံးခေါင်းထဲမှာ ရှိတယ်။ဆိုင်သမားနဲ့အသက်ကပစ္စည်းရှိရမယ်။စစ်သားရဲ့အသက်က ကျည်ဆံရှိရမယ်လို့အမြဲပြောတဲ့ သူဌေးရဲ့စကား။
ဆိုင်မှာလာအားပေးသူအားလုံးကို နည်းနည်း များများပျူငှာသောဆက်ဆံရေးနဲ့ကြိုဆိုတယ်။
အကြွေးကိုပေးသင့်သူကိုပေးတယ်။မပေးသင့်သူကို လုံးဝမပေးတဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်တယ်။အားနာလို့အားပါသွားတာမျိုးမရှိ။
တိကျမှန်ကန်တဲ့ စာရင်းအင်းရှိတယ်။ဆိုင်ပိတ်ရက် တနင်္ဂနွေနေ့တိုင်း တစ်ပတ်စာ အရောင်းအဝယ်စာရင်းကို ပြန်စစ်တယ်အမှားအယွင်းရှိခဲ့ရင် ကုန်သည်ထံချက်ခြင်းအကြောင်းကြားပေးတယ်။(မှားခဲ့တာတော့ ရှားပါတယ်)
ဆိုင်မှာသူဌေးတစ်ယောက်ဘဲရှိတယ်။သူဌေးသားတွေလည်း အလုပ်သမားတွေနဲ့တန်းတူအလုပ်လုပ်ရတယ်။အောက်သက်ကျေအောင် အလုပ်သမားဘဝကိုစာနာတတ်အောင်လုပ်ခိုင်းထားတော့ သူဌေးသားတွေလည်း အလုပ်သမားနဲ့တန်းတူညီအကိုလိုဖြစ်ပြီး လုပ်ငန်းခွင်မှာပျော်တော့ အလုပ်ထွက်သူမရှိဘူး။တရုတ်နှစ်ကူးလိုအခိိျန်ရောက်ရင် ဘောက်ဆူးပေးတာ အလုပ်သမားရဲ့လခ တနှစ်စာလောက်ရှိတယ်။ဆိုင်ရဲ့အလုပ်သမားရဲ့လုပ်သက်ဟာ ကျွန်တော်အလုပ်စဝင်တုန်းကမေးကြည့်တာ ဆယ်နှစ်အောက်မရှိဘူး။
ဒီနေ့ပိုက်ဆိုင်မှာ ပိုက်ခေါင်းတစ်ခုသွားဝယ်တော့ သူဌေးကတော်က TVကြည့်နေတယ်သူဌေးလို့ထင်ရတဲ့ကောင်ကဖုန်းပွတ်နေတယ်။ပစ္စည်းသွားဝယ်တော့မှ ထချင်သလိုမ ထချင်သလိုနဲ့ထသွားပြီး ပစ္စည်းရှာတာငါးမိနစ်ကြာတယ်။ပြီးမှ ကုန်နေတယ်ပြောတယ်။ကျွန်တော်ဝယ်တာ တစ်ခုထဲ။ကျွန်တော်ဘာသာခြားဆိုင်ရောက်တယ်။ချက်ခြင်းထယူပေးတယ်။ငွေရှင်းတော့ ကျေးဇူးအထပ်ထပ်တင်ကြောင်းပြောတယ်။ဘာကွာသလဲ။ဒီဘာသာခြားဆိုင်က စဖွင့်ခိိျန်မှာ သေးသေးလေး။အခုအတော်ကြီးလာပြီ။မကြာမီ ထပ်ကြီးလာတော့မယ်
သူတစ်ပါးကြီးပွားလာတာ အကြောင်းမဲ့မဟုတ်။ဒီအချိန်ရောက်မှ လူမျိုးခြားတွေ စီးပွားရေး လက်ဝါးကြီးအုပ်ထားတယ်ပြောလို့မရ။မြန်မာတွေကြီးပွားချင်ရင်တော့ ဒီဂါထာလေး နေ့တိုင်းရွတ်။
ဥုံ….မပျင်းနဲ့။မဖျင်းနဲ့။အလုပ်ကိုအလုပ်နဲ့တူအောင်လုပ်။ဒါဘဲ။
Nyunt Han Smo
ဘန်ကောက်ရောက်ရင်မသွားသင့်တဲ့ နေရာများ
$
0
0
အဓိကက မာဗယ်ဖန်ဂေးတွေအတွက် ဂျင်းပါ ၀င်ကြေးဘတ်၁ထောင်ကျော်ပါတယ် အထဲမှာ စိတ်ဝင်စားစရာသိပ်မကောင်းတဲ့အခင်အကျင်း made in chinaအရုပ်နဲ့ ကွာလတီမကောင်းတဲ့ အသုံးဆောင်ပစ္စည်းတွေ ဂျင်းထဲ့ပြီးရောင်းတာပါ ဈေးလဲကြီးပါတယ် နေရာကလဲ ဘန်ကောက်နဲ့ဆို အတော်ဝေးပါတယ်။
-Wat Phra Kaew
-Floating Market
ဘူးဂါးမြောင်းလောက်အကျယ်ကို ဘေးတဖက်တချက် ဆိုင်ခန်းတွေဆောက်ပြီး ဖော်ရိန်နာတွေကို ဂျင်းထဲ့တာပါ ဘန်ကောက်နဲ့ဝေးပါတယ် ရေတွေကလဲမသန့်ပါ အစားသောက်တွေလဲဈေးကြီးသလို မြောင်းပုတ်နံ့ရှုပြီး စားမယ်ဆို အရသာရှိမယ်လို့ သင်ထင်ပါသလား။
-MBK
အ၀တ်အစား လူသုံးကုန်တွေဝယ်မယ်ဆို ရှောင်သင့်တဲ့ ရှော့ပင်စင်တာပါ အဓိကက ဖော်ရိန်နာတွေကို ဂျင်းထဲ့တဲ့နေရာပါ တခြားနေရာတွေထက်ဈေးကြီးသလို ၁၂ရာသီပတ်လုံး ပရိုမိုးရှင်းဆိုပြီး အိပ်စပို့ကွာလတီ စက်ရုံရွေးကျဘဒန်းတွေကိုအမြဲဒစ်စကောင့်ချနေတာပါ ဘာပဲဝယ်ဝယ် ဂျင်းထဲ့ဖို့ချည်းချောင်းနေတဲ့ဈေးဆိုင်တွေချည်းပြည့်နေလို့ ရှောင်သင့်ပါတယ်။
ချွတ်ဖရားမြစ်ထဲမှာ လေလေးတဖြူးဖြူးနဲ့ ဒင်နာအေးအေးဆေးဆေး စားရမယ်လို့ ထင်တယ်ပေါ့လေ မှားသွားပါ့မယ် Cruise ကဆူညံနေတဲ့အပြင် တချိန်လုံးတရုပ်ဖော်လိန်နာတွေနဲ့ ဘူဖေးလုစားနေရလို့ ဘေးပတ်ဝန်းကျင်တောင် ဂရုစိုက်ချိန်မရလိုက်ပဲ အချိန်ပြည့်လို့ ကမ်းပြန်ကပ်မှ အသက်ရှုဝပါလိမ့်မယ်။
ပုံပါ ရဟတ်ကြီးနဲ့ မြစ်ဘေးက ကမ်းနားတလျောက်ပဲ ဓာတ်ပုံရိုက်လို့ကောင်းတာပါ ဈေးရှိပါတယ် ဈေးကြီးပါတယ် အစာအသောက်ကအစ ဈေးကြီးပါတယ် ဓာတ်ပုံရိုက်ဖို့တခုတည်းအတွက်သာသွားသင့်ပါတယ်။
-Patpong
-Neon Night Market
ခရီးသွားဧည့်သည်တွေအများဆုံးစည်ကားရာ နေရာနဲ့မနီးမဝေးမှာ မကြာခင်မှ ပေါ်လာတဲ့ ညဈေးပါ ဈေးကြီးပါတယ် အစားသောက် အ၀တ်စား အသုံးအဆောင်တွေကစ ကွာလတီမကောင်းတာတွေကို ဈေးတင်ရောင်းတဲ့နေရာပါ။
-Khao San Road
Credit: Gabar .. 4.1.2019
Unicode
အဓိကက မာဗယ်ဖန်ဂေးတွေအတွက် ဂျင်းပါ ၀င်ကြေးဘတ်၁ထောင်ကျော်ပါတယ် အထဲမှာ စိတ်ဝင်စားစရာသိပ်မကောင်းတဲ့အခင်အကျင်း made in chinaအရုပ်နဲ့ ကွာလတီမကောင်းတဲ့ အသုံးဆောင်ပစ္စည်းတွေ ဂျင်းထဲ့ပြီးရောင်းတာပါ စျေးလဲကြီးပါတယ် နေရာကလဲ ဘန်ကောက်နဲ့ဆို အတော်ဝေးပါတယ်။
-Sunflower Heaven in Saraburi
ဂျင်းနေကြာပန်းခင်းပါ ဧကနည်းနည်းလေးဓာတ်ပုံရိုက်ဖို့သက်သက်အတွက်ပဲ စိုက်ထားတာပါ ဘန်ကောက်ကနေဆိုကား၂နာရီစီးရပါတယ် လမ်းမှာ ကားလဲ မကြာမကြာပိတ်ပါတယ် ရောက်သွားရင်လဲ လူအများကြီးကြားထဲ ဓာတ်ပုံကို သေလုမျောပါးလုရိုက်ရတာပါ တချိုရက်တွေဆို ၀င်ကြေးတောင်ပေးရပါသေးတယ် ပါ့ပလစ် ထွမ်စပို့မရှိပါ သွားရင် ပရိုက်ဗိတ်ကားငှားသွားမှသာရောက်နိုင်ပါတယ်။
-Wat Phra Kaew
မြဘုရားပါ ၀င်ကြေး ဘတ် ၅၀၀ ပေးရပါတယ် ၀င်ပြီး ဘုရားကိုဖူးဖို့လူအများကြီးတိုးရပါတယ် ဓာတ်ပုံရိုက်လို့မရပါဘူး ဘုရားကလဲ အိမ်တွေမှာပူဇော်တဲ့ ဆိုဒ်သေးသေးလေးပါ အဝေးကနေကြည့်ရင် မြင်ရဖို့ခက်ပါတယ်ကိုယ်တွေဆီမှာလဲ ဒီထက်များတဲ့ တန်ခိုးကြီးဘုရားတွေရှိလို့ တကူးတကလူသွားတိုး ၀င်ကြေးပေး အဝေးကြီးကနေမမြင်မစမ်းလှမ်းဖူးပြီး ဂျင်းမမိစေချင်ပါ အတိုအပြတ်ဝတ်သွားမိရင် အထဲဝင်ရဖို့ ဆင်ဘောင်းဘီတဘတ်ဘာညာထက်ဝယ်ဖို့ ဂျင်းထဲ့ပါလိမ့်မယ်။
-Floating Market
ဘူးဂါးမြောင်းလောက်အကျယ်ကို ဘေးတဖက်တချက် ဆိုင်ခန်းတွေဆောက်ပြီး ဖော်ရိန်နာတွေကို ဂျင်းထဲ့တာပါ ဘန်ကောက်နဲ့ဝေးပါတယ် ရေတွေကလဲမသန့်ပါ အစားသောက်တွေလဲစျေးကြီးသလို မြောင်းပုတ်နံ့ရှုပြီး စားမယ်ဆို အရသာရှိမယ်လို့ သင်ထင်ပါသလား။
-MBK
အဝတ်အစား လူသုံးကုန်တွေဝယ်မယ်ဆို ရှောင်သင့်တဲ့ ရှော့ပင်စင်တာပါ အဓိကက ဖော်ရိန်နာတွေကို ဂျင်းထဲ့တဲ့နေရာပါ တခြားနေရာတွေထက်စျေးကြီးသလို ၁၂ရာသီပတ်လုံး ပရိုမိုးရှင်းဆိုပြီး အိပ်စပို့ကွာလတီ စက်ရုံရွေးကျဘဒန်းတွေကိုအမြဲဒစ်စကောင့်ချနေတာပါ ဘာပဲဝယ်ဝယ် ဂျင်းထဲ့ဖို့ချည်းချောင်းနေတဲ့စျေးဆိုင်တွေချည်းပြည့်နေလို့ ရှောင်သင့်ပါတယ်။
-Baiyoke Sky Buffet Dinner
၇၈လွှာအထိတက်ပြီး ဂျင်းထဲ့ခံမယ်အစား အခြား ဘူဖေးဆိုင်သွားစားတာမှ စုံစုံလင်လင်နဲ့ တန်ရာတန်ရာ စားရပါလိမ့်မယ်။ sky view ကြည့်ချင်တယ်ဆိုလဲ ဘန်ကောက်မှာ အဲထက် View လှတဲ့ Roof top bar တွေ အများကြီးပါ ပြောချင်တာက ရ၈ လွှာအထိ ဘူဖေးဆိုပြီး မဝရေစာ တရုပ်ကွိစိကွစ အောက်တန်းစား ဖော်လိန်နာဆိုသူတွေနဲ့ လုယက်စားရပါလိမ့်မယ်။
-Chao Phraya Dinner Cruise
ချွတ်ဖရားမြစ်ထဲမှာ လေလေးတဖြူးဖြူးနဲ့ ဒင်နာအေးအေးဆေးဆေး စားရမယ်လို့ ထင်တယ်ပေါ့လေ မှားသွားပါ့မယ် Cruise ကဆူညံနေတဲ့အပြင် တချိန်လုံးတရုပ်ဖော်လိန်နာတွေနဲ့ ဘူဖေးလုစားနေရလို့ ဘေးပတ်ဝန်းကျင်တောင် ဂရုစိုက််ချိန်မရလိုက်ပဲ အချိန်ပြည့်လို့ ကမ်းပြန်ကပ်မှ အသက်ရှုဝပါလိမ့်မယ်။
-Asiatique The Riverfront
ပုံပါ ရဟတ်ကြီးနဲ့ မြစ်ဘေးက ကမ်းနားတလျောက်ပဲ ဓာတ်ပုံရိုက်လို့ကောင်းတာပါ စျေးရှိပါတယ် စျေးကြီးပါတယ် အစာအသောက်ကအစ စျေးကြီးပါတယ် ဓာတ်ပုံရိုက်ဖို့တခုတည်းအတွက်သာသွားသင့်ပါတယ်။
-Patpong
အရင်ကတော့ Girl Show တွေနဲ့ စည်ကားကောင်း စည်ကားခဲ့ပါလိမ့်မယ် ခုတော့ လူသိပ်မရှိတော့ပါဘူး ရှိးပြတဲ့စော်တွေကလဲ အရိအယွဲတွေပဲရှိတာများလို့ တော်တော်များများ Nana or Soi Cowboy ပဲသွားကြတာများပါတယ် ခုတော့ ပုတ်ပုန်နားအနီးတဝိုက်သည် Gay Barတွေ Gay Show တွေ Gay Club တွေနဲ့ လူတန်းစားတခုအတွက်သက်သက်ပဲ လူစည်ပါတော့တယ်။
-Neon Night Market
ခရီးသွားဧည့်သည်တွေအများဆုံးစည်ကားရာ နေရာနဲ့မနီးမဝေးမှာ မကြာခင်မှ ပေါ်လာတဲ့ ညစျေးပါ စျေးကြီးပါတယ် အစားသောက် အဝတ်စား အသုံးအဆောင်တွေကစ ကွာလတီမကောင်းတာတွေကို စျေးတင်ရောင်းတဲ့နေရာပါ။
-Khao San Road
ခေါက်ဆံလမ်းပါ ညပိုင်းမှစည်တာပါ ဘီယာ ဘားတွေ ကလပ်တွေနဲ့ ညပိုင်းဆို ဆူဆူညံညံနဲ့ ပျော်စရာကြီးပါ အဖြူကောင်ဖော်ရိန်နာတော်တော်များလာလို့ ထိုင်းမတွေလင်လာလာထောင်ရာ နေရာကြီးပါ ကလပ်တွေလဲစုံစုံလင်လင်ရှိပါတယ် တချို့ကလပ်တွေမှာဆို မြန်မာမတွေပါရှိပါတယ် (တချို့ ဖော်ရိန်နာတွေပြောပြချက်အရ မြန်မာမတွေက ထိုင်းမတွေထက် ခေါက်ဆံကလပ်ထဲမှာဆိုရင် ညတူတူအိပ်ဖို့ ခေါ်ရတာ အင်မတန်လွယ်တယ်)လို့သိရပါတယ်-(XO Sad)။
အထက်ပါအကြောင်းအရာများသည် မိမိကိုယ်ပိုင်ယူဆချက်များသာဖြစ်ပါကြောင်း Edit- ကျန်သေးတယ် လက်ညောင်းလို့ဆက်မရေးတာ ဒါတောင် inside bangkok ပဲရှိသေးတာ
Gabar .. 4.1.2019
မနက်ဖြန် ဇန်နဝါရီလ ၆ ရက်နေ့ နေကြတ်ပါမည်
$
0
0
အနာဂတ် ပညာရေးအတွက်
Unicode Version
နေ နှင့် ကမ္ဘာ အကြားကို လ ရောက်ရှိသွားတဲ့အခါ (တနည်း) လကွယ်နေ့သို့ ရောက်ရှိတဲ့အခါမှာ တခါတရံ လရဲ့ အရိပ်ဟာ ကမ္ဘာပေါ်သို့ ကျရောက်ပြီအရိပ်ကျရောက်တဲ့ နေရာမှာရှိတဲ့ ဒေသခံများဟာ နေကို လက ဖုံးကွယ်သွားခြင်း (နေကြတ်ခြင်း) ကို မြင်တွေ့ကြရပါတယ်။ နေကြတ်ခြင်းဟာ လကွယ်နေ့မှာသာဖြစ်ပြီးလကြတ်ခြင်းကတော့ လပြည့်နေ့မှာသာ ဖြစ်ပါတယ်။
နတ်တော်လကွယ်နေ့ဖြစ်တဲ့ ဇန်နဝါရီလ (၆) ရက်နေ့မှာတော့ နေကြတ်ခြင်းဖြစ်စဉ် ဖြစ်ပေါ်မှာဖြစ်ပြီး ရုုရှား၊ အမေရိကန်၊ တရုတ်၊ မွန်ဂိုလီးယား၊ ဂျပန် နဲ့ ကိုးရီးယား နိုင်ငံတို့ကနေ တစိတ်တပိုင်း နေကြတ်ခြင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ (မြေပုံ)။ အများဆုံး ဖုံးအုပ်ခြင်းကို ရုရှားနိုင်ငံမှာ မြင်တွေ့ရမှာဖြစ်ပြီး တစ်ဝက်ကျော် (၆၂%) လောက်အထိ ဖုံးအုပ်တာကို မြင်ရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ယခုနေကြတ်ခြင်းကို မြင်တွေ့ရမှာမဟုတ်ပါ။ နေကြတ်မည့်အချိန်ကတော့..မြန်မာစံတော်ချိန် နံနက် ၅ နာရီမှ ၁၁ နာရီအထိ ဖြစ်ပါတယ်။ နေ နှင့် လ တို့ တည်ရှိနေတဲ့ ကြယ်တာရာကတော့ Sagittarius လို့ခေါ်တဲ့ ဓနုရာသီပဲ ဖြစ်ပါတယ်။ ယခု နတ်တော်လကွယ်နေ့မှာ နေကြတ်ပြီးလျှင်တော့.. ပြာသိုလပြည့်နေ့ဖြစ်တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာတော့ လအပြည့်ကြတ်ခြင်းနှင့် စူပါမွန်းဖြစ်ခြင်းတို့ ဖြစ်ပေါ်မှာဖြစ်ပါတယ်။
(ပြက္ခဒိန်ရက်နဲ့ တစ်ရက်စီကွာပါတယ်။)
အနာဂတ် ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ )
ကင်ဆာဒိုင်ယာရီ အပိုင်း (၁) ခင်မမမျိုး
$
0
0
စတင်တွေ့ရှိခြင်း
(၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်။
ရေချိုးရင်းနဲ့ ရင်ဘတ်မှာ အကျိတ်လုံးလေးလိုလို စမ်းသပ်မိတယ်။ အသက်ကလဲ လေးဆယ်နားနီးနေပြီဆိုတော့ နည်းလည်းလေး သံသယဖြစ်သွားတယ်။ တခုခုများ ဖြစ်လေသလား။ သံသယနဲ့ ရင်သားကင်ဆာရဲ့ symptoms များကို ဖတ်ကြည့်မိတယ်။ ဟော်မုန်းအပြောင်းအလဲ ဖြစ်တတ်တာတွေကို သတိထားမိတယ်။ ဟိုလွန်ခဲ့တဲ့ တနှစ်လောက်က ဟော်မုန်းအပြောင်းအလဲဖြစ်ပြီး၊ အစားအစာ မတည့်တာတွေ ဖြစ်တယ်။ အဲတုန်းကတော့ auto immune လို့ ခေါင်းစဉ်တပ်ပြီး၊ ဆရာဝန်က ကုတာပဲ။ ဆရာဝန်ပေးတဲ့ဆေးတွေသောက်ပြီး တော်တော်လေး နေမကောင်းဖြစ်သွားတယ်။ ဆေးလဲ မသောက်တော့ရော၊ ဘာမှ မဖြစ်တော့ပြန်ဘူး။ ဒီတုန်းက ခေါင်းစဉ်တပ်မှားတာများလား။ ထိုင်းမှာ autoimmune သွားစစ်တော့လဲ မဟုတ်ဘူးတဲ့။ နောက်တခါ ဆီးထဲ အဖြူလေးတွေပါတော့ ကျောက်ကပ်ကင်ဆာလို့ အမည်တပ်ခံရသေးတယ်။ ထိုင်းပြေးပြီး၊ စစ်လိုက်ပြန်တော့ infection တဲ့။ ခုသောက်နေတဲ့ဆေးတွေ အမှိုက်ပုံးထဲ ထည့်လိုက်ပါတဲ့။ ခေါင်းတခြမ်းကိုက်တာနဲ့ သွားပြတော့ ဦးနှောက်ကင်ဆာအထိ စိုးရိမ်ဖွယ်ရာ ရှိတယ်လို့ ပြောပြီး၊ ၁၀ သိန်းကျော်ဖိုးလောက် စစ်ခိုင်းလို့ ပိုက်ဆံမလောက်တာနဲ့ အမတယောက်ကို ဆေးရုံမှာ ငွေလာပို့ခိုင်းရသေးတယ်။ ထိုင်းပြေးစစ်လိုက်ပြန်တော့လဲ မဟုတ်ပြန်ဘူးတဲ့။ တနှစ်လောက်တော့ရှိပြီ။ ဆေးရုံပေါင်းစုံမှာ သိန်းရာချီကုန်နေပြီပဲ။ ဘာဖြစ်တာပါလိမ့်။ ရင်သားအကျိတ်ကတော့ ခုမှ စမ်းမိတယ်။ ကင်ဆာပဲ နေမှာပါ။ မြန်မာပြည်မှာ ဒီရောဂါက ထမင်းစားရေသောက် ပြောနေကြတဲ့ စကားလုံးပဲ။
(၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာ (၂၁)ရက်။
ဆေးရုံပေါင်းစုံသွားတယ်။ Mammogram ရိုက်ချင်ကြောင်းပြောတယ်။ ခွဲစိတ်အထူးကု ဆရာဝန်တွေ့ရမယ်တဲ့။ သူက ညွှန်မှ ရိုက်ရမယ်တဲ့။ ဆရာဝန်တွေ သွားစောင့်တယ်။ အချိန်မမှန်ကြဘူး။ အချိန်မှန်တဲ့ ဆရာဝန်ကြီးတယောက်နဲ့ တွေ့တယ်။ အကျိတ်ကို စမ်းလိုက်တယ်။ ခွဲမယ်လို့ တန်းပြောတယ်။ Mammogram ရိုက်ဦးမလား ဆရာလို့မေးတော့ မလိုဘူးတဲ့။ သွေးစစ်တယ်။ ခွဲမယ့်နေ့ချိန်းတယ်။ သြော်- ဒါဆို ကင်ဆာမဟုတ်လို့ နေမှာပါ။ အဆီကျိတ်မှန်း သိလို့ သူမြန်မြန်ခွဲလိုက်တာဖြစ်မယ်။ minor operation လေးပါ။ ထုံဆေးနဲ့တဲ့။ တော်ပါသေးရဲ့၊ စိတ်ပူလိုက်ရတာ။
(၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာ (၂၄) ရက်။
တနေ့လုံး အလုပ်တွေ ရှုပ်နေတယ်။ ဒီဇင်ဘာအလုပ်နားရက်တွေ မတိုင်ခင်ဆိုတော့ တော်တော်အလုပ်များတယ်။ (၅) နာရီမှာ ခွဲခန်းဝင်မယ့်သူဟာ လေးနာရီခွဲအထိ ဆေးရုံမရောက်သေးဘူး။ ၁၅ မိနစ်အလိုမှာမှ ရောက်တယ်။ ခွဲစိတ်ဆရာဝန်ကြီးလဲ ရောက်နေပြီ။
ခဏပါပဲဆိုတော့ စိတ်က တော်တော်ပေါ့ပါးနေတယ်။ ထုံဆေးထိုးတယ်။ အကျိတ်ခွဲထုတ်လိုက်တယ်။ အောက်မှာ နောက်တလုံး။ lymphnode ဆိုတဲ့ အသံတွေ ကြားနေရပြီ။ ထုံဆေးက ပြယ်နေပြီ။ ထုံဆေးထပ်ထိုးဖို့ အသံတွေကြားရတယ်။ နာတော့ တော်တော်နာသွားသား။ တရားမှတ်လိုက်မိတော့ နာခြင်းအပေါ် သိပ်အာရုံမရောက်ဘူး။ အခြေအနေ မကောင်းဘူးလို့ ပြောတယ်။ သေချာပါပြီ။ ဒါဆို ကင်ဆာပါပဲ။ အကျိတ်က နှစ်လုံးထဲ ဖြစ်နိုင်ပါ့မလား။ quadrant တခုတည်းကလား။ နှစ်ခုကလား။ မေးတော့ မဖြေကြဘူး။ အကျိတ်တွေကို စစ်ဆေးမယ်၊ အဖြေကို (၂၈) ရက်နေ့ လာယူပါတဲ့။ Biopsy က အသားစ မယူဘူး။ အကျိတ်ကို အရင်ခွဲထုတ်ပြီးမှ စစ်ဆေးတာတဲ့။ Mammogram လဲ မရိုက်ထားတော့ စိတ်ထဲ နည်းနည်းထင့်လာတယ်။ ဒါဆို ဘယ်လောက်ထိ ပျံ့နှံ့နေတဲ့ အတိုင်းအဆ ဘယ်လို သိနိုင်မလဲ။
(၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်။
နေပြည်တော်ကို အလုပ်ကိစ္စနဲ့ သွားနေရတာနဲ့ ရုံးက ကလေးတယောက်ကို အကျိတ်ရလဒ် သွားယူခိုင်းလိုက်တယ်။ Staging က အဆင့် (၂)။ ခွဲပြီးကတည်းက အဖြေသိနေသလိုမို့ ရလဒ်က သိပ်မထူးခြားသလိုပဲ။ Second opinion တွေ ယူဖို့လိုလာတယ်။ နိုင်ငံတကာ မိတ်ဆွေဆရာဝန်တွေရဲ့ Expert comments တွေရလာတယ်။ မိသားစုဆီက တိုက်တွန်းချက်တွေက အမျိုးမျိုး။ အမေက နီးနီးနားနား မြန်မာပြည်မှာပဲ ကုပါ၊ သူလိုက်လို့ ရတယ်တဲ့။ မောင်လေးက ထိုင်းနဲ့ စင်ကာပူကို သွားတော့တဲ့။ ဖိုးကောင်းလေးကတော့ ကလေးပီပီ luggage ကောက်ပြင်ရော။ သားတို့ စကော့တလန် ပြန်ကြရအောင် မာမီတဲ့။ Clinical Guidelines စာအုပ်တွေ အများအပြား ပို့ပေးလာကြတယ်။ စနစ်တကျ ပြင်ဆင်နေပေမယ့် ဆုံးဖြတ်ချက်တခုခုချဖို့ စိတ်ထဲေ၀၀ါးလာတယ်။ အချက်အလက်ကောက်ဖို့ လိုတယ်ဆိုတာ သိလာတယ်။
(၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့
လူအများဆီက သတင်းအချက်အလက်တွေ စတောင်းဖြစ်တယ်။ အတွေ့အကြုံတွေ ပြောပြလာကြတာ အများကြီးပဲ။ ဆရာဝန်တွေက Multi-disciplinary team ဖွဲ့ပြီး၊ လုပ်တာလား ဆိုတာက ဘယ် လမ်းညွှန်စာအုပ်မှာမဆို အရေးကြီးအချက်လို့ ဆိုထားတာမို့ ဒါက ဆုံးဖြတ်ချက်ရဲ့ key indicator လို့ပဲ တွက်ထားလိုက်တယ်။ လူတယောက်ဆီကိုတော့ ဘ၀တခုလုံး ပုံမပေးရဲဘူး။ မမှားသောရှေ့နေ၊ မသေသော ဆေးသမား မရှိဘူးလို့ ဖြစ်ပြီးမှ ပြောလာရင် အခက်သားကလား။ တချိန်မှာ public perceptions survey ကောက်ချင်စရာကောင်းလောက်အောင်ကို များပြားတဲ့ သတင်းအချက်အလက်တွေ၊ case study တွေကို ရလာတယ်။
အမေ့ကို ဘယ်လိုပြောရမလဲ။ အမေက ကျမရဲ့ opinion leader လေ။ ကျမတော်တော်ေ၀၀ါးနေပြီ။ ဘာဆက်လုပ်ရမယ်မှန်းကို မသိတော့တာ။ မြစ်ကြီးနားသင်တန်းရှိနေတာမို့ သင်တန်းမှာ စာသင်၊ တညနေလုံး စာတွေ ထိုင်ဖတ်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေခဲ့တယ်။ ည ဆယ်နာရီလဲ ကျရော အမေ့ဖုန်းဝင်လာပါရော။ သမီးရေ၊ အမေ့စကားကို ပြန်ရုတ်သိမ်းတယ်တဲ့။ ဘာလို့လဲ အမေဆိုတော့ ဒီနေ့ညနေ အမေတို့ batch က သူငယ်ချင်းတွေ gathering လေ။ ဘွဲ့လွန်အထူးကု ၁၇ ယောက်နဲ့ အမေစကားပြောခဲ့တယ်။ သူတို့အားလုံးက "ယူ့သမီးလား။ အဲဆိုရင်တော့ .….”လို့ ပြောတယ်။ "ခုချက်ချင်း လေယာဉ်လက်မှတ်ဝယ်တော့ သမီး"တဲ့။ သူတို့အားလုံးက "“ကိုယ်တို့က ဒီမှာသာကုပေးနေတာ။ ကိုယ်တိုင်ဖြစ်ရင် ထိုင်းနဲ့စင်ကာပူပဲပြေးတယ်။ ဘယ်လိုကုရဲမှာလဲ” လို့ ပြောတယ် သမီး။ ရောဂါကြောင့်မဟုတ်ပဲ ခေါင်းတွေ တော်တော်မူးသွားတယ်။
(၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်။
လေယာဉ်လက်မှတ်ဝယ်ဖို့ ချီတုံချတုံပဲ။ လားရှိုးသင်တန်းသွားရမှာမို့ သင်တန်းမဖျက်ချင်ဘူး ဖြစ်နေတယ်။ ပြီးတော့လေ၊ တကယ်သာ ဖြစ်နိုင်မယ် ဆိုရင်တော့ တခုခုဖြစ်ရင်တောင် ကျမ မြန်မာပြည်မှာပဲ ခေါင်းချချင်တယ်။ အထူးသဖြင့် ကျမရဲ့ မွေးရပ်မြေမှာ။ ပြည်ပမှာ သွားနေတုန်း တခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ အမေကတော့ မြန်မြန်သွားခိုင်းနေပြီ။ ဒီကြားထဲ ကံကြမ္မာကပဲ တွန်းပို့လေသလားပဲ။ လားရှိုးသင်တန်းအတွက် လေယာဉ်လက်မှတ် မရဘူးဆိုပြီး၊ ရှမ်းမြောက်အမျိုးသမီးကွန်ယက်က ဖုန်းဝင်လာတယ်။ ဘာပဲဖြစ်ဖြစ်လေ။ နောက်နေ့မှာ ဆရာဝန်ကြီးတယောက်နဲ့ တွေ့ရဦးမှာပဲ။ အမေက သူလဲ လိုက်တွေ့မယ်ပြောတယ်။ အဲဒါပြီးရင် ဆုံးဖြတ်ရမယ်။ ညဘက်အိပ်မပျော်ဘူး။
(၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်။
ဆရာဝန်ကြီးနဲ့ ချိန်းထားတဲ့ အချိန်မှာ အမေနဲ့တူတူ သွားတွေ့ကြတယ်။ တွေ့တွေ့ချင်းပြောတယ်။ အခြေအနေက သိပ်ဆိုးနေပြီ။ ခွဲရတော့မယ်။ ခွဲရင် ၇ ရက်လောက်တောင် ဆေးရုံမှာ နေရမှာ။ အားလုံးပျံ့နှံ့နေလောက်ပြီ။ ဒီလ အားတုန်း ခွဲပေးလိုက်ချင်တယ် ပြောတယ်။ Oncologist နဲ့ တွေ့ဖို့ လိုမလားဆရာ ဆိုတော့ မလိုဘူးတဲ့။ ခွဲပြီးရင် ကီမိုသွင်းပေါ့။ ခြောက်ကြိမ်လောက်ဆို တော်ပါပြီတဲ့။ ဓာတ်ကင်တာ (radiation) မလိုလောက်ပါဘူးတဲ့။ အမေ ပါးစပ်ဟသွားတယ်။ ဘယ်အထိပျံ့နှံ့နေတာလဲဆိုတော့ “တခြား lymph node တွေ ပျံ့နေမှာပေါ့။ ဒဏ်ရာက ချိုင်းနဲ့ နီးတာပဲ။ ချိုင်းထဲက အကျိတ်တွေလဲ ခွဲထုတ်ယူရလိမ့်မယ်"တဲ့။ စာရွက်ပေါ်မှာက Histopathology/Cytopathology report ပဲ ရှိသေးတာ။ တခြား pre-operation assessment တွေ ဘာမှ မလုပ်ထားရသေးဘူး။ ဘယ်အချက်တွေကို ကိုးကားပြီး ပြောတာပါလိမ့်။ နောက်ဆုံးတော့ အမေက ပြုံးပြတယ်။ "ကျမတို့ ပြန်တိုင်ပင်လိုက်ဦးမယ်နော်။ ကျမ ဒေါက်တာ ဘယ်သူပါ"လို့ အမေက ပြောတယ်။ “ဟုတ်လား၊ ပြည်ပမှာ သွားကုရင်ကုပါ” လို့ ပြန်ပြောတယ်။ ဒီတခါ ပါးစပ်ဟသွားတာက ကျမ။
ပြန်ထွက်ထွက်ချင်းမှာ အမေက တခွန်းပဲပြောတယ်။
“လေယာဉ်လက်မှတ်၊ ခုချက်ချင်းဝယ်” တဲ့။
ခင်မမမျိုး (၃၁၊ ၁၂၊ ၂၀၁၈)
(မိမိကြုံတွေ့ဖြစ်ပျက်သိရှိခဲ့ရသော personal account ကို ပြန်လည်ရေးသားခြင်း ဖြစ်ပါသည်။)
  • ကင်ဆာဒိုင်ယာရီ အပိုင်း (၁) ခင်မမမျိုး
  • ကင်ဆာဒိုင်ယာရီ   အပိုင်း (၂) ခင်မမမျိုး    
  • ကင်ဆာဒိုင်ယာရီ အပိုင်း (၂) ခင်မမမျိုး
    $
    0
    0
    ထိုင်းနိုင်ငံသို့ ဆေးကုသရန် သွားခြင်း
    (၂၀၁၉) ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့။
    နှစ်သစ်မှာ ဘ၀အတွက် အရေးကြီးသော ဆုံးဖြတ်ချက်တခုကို ချလိုက်ရတယ်။ ကင်ဆာကို ထိုင်းမှာပဲ ဆေးသွားကုဖို့ကိုပါ။ ဘယ်လိုစစ်ဆေးမှုမှ မပါပဲ ခွဲစိတ်ခန်းထဲသို့ နောက်တကြိမ် ထပ်မ၀င်နိုင်တော့ပါ။ အကျိတ်တွေ့တယ်။ ဘာမှ မစစ်ဆေးပဲ ခွဲတယ်။ ခွဲနေတုန်း နောက်ထပ်အကျိတ်တွေ့တယ်။ ခွဲထုတ်လိုက်တယ်။ စစ်ဆေးတယ်။ ကင်ဆာလို့ပြောတယ်။ PET CT ထပ်မလုပ်ဘူး။ ဘာမှလဲ မစစ်ဘူး။ ဘယ်သူတွေနဲ့မှလဲ ရလဒ်မတိုင်ပင်ဘူး။ ရင်သားတခုလုံးခွဲထုတ်လိုက်၊ ကီမိုသွင်းလိုက်ရင် ပြီးရော ဆိုတဲ့ ဆရာဝန်စကားကို မျက်စိမှိတ်လက်ခံပေးလိုက်ချင်ပါတယ်။ မြန်မာပြည်မှာတော့ ဆရာဝန်တွေပြောရင် လူနာတွေက လိုက်လုပ်ကြရတာပဲလေ။
    ဒါပေမယ့် ကျမရဲ့ ဆင်ခြင်တုံတရားက ခွင့်မပြုဘူး။ ကင်ဆာကုတယ်ဆိုတာ အဲလောက်လွယ်ရင် oncologist တွေ၊ ကင်ဆာသုတေသနစင်တာတွေ ဘယ်ရှိတော့မလဲ။ လာသမျှလူကို ရင်သားခွဲထုတ်ပေးလိုက်ရင် ပြီးရော ဖြစ်သွားမှာပေါ့။ မဟုတ်သေးဘူး ထင်ပါတယ်။ ဒါနဲ့ပဲ ပြည်ပဆေးကုဖို့ ဆေးရုံစဉ်းစားတော့ ပရိုက်ဗိတ်ဆေးရုံလား၊ ပြည်သူ့ဆေးရုံလား ဆိုတာ ပြန်စဉ်းစားရတယ်။ ကျမလဲ သိပ်ချမ်းသာနေသူတော့ မဟုတ်ဘူး။ အခြေအနေကို သံသယဖြစ်လွန်းလို့သာ ပြည်ပထွက် ဆေးကုဖို့ ကြံစည်ရတာ။ ဒီတော့ ပြည်သူ့ဆေးရုံသွားမယ်ပေါ့။ နာမည်ကြီးနေတာက နှစ်ခု။ ချုလာလောင်ကွန်းနဲ့ ချူလာဘွန်း။ တခါက ချူလာဘွန်းသွားဖူးတာရယ်၊ ဒွန်မောင်းလေဆိပ်နဲ့ မိနစ်နှစ်ဆယ်မို့သွားလာရ အဆင်ပြေတာကြောင့် ချူလာဘွန်းကို ရွေးချယ်လိုက်တယ်။ လေယာဉ်လက်မှတ်ဝယ်တော့ ဒွန်မောင်းဆင်းတဲ့ လေယာဉ်တွေက ပြည့်နေပြီ။ ဒါကြောင့် ဘန်ကောက်လေကြောင်းလိုင်းကိုပဲ ၀ယ်လိုက်တယ်။ မနက် ၅ နာရီခွဲလေယာဉ်ဆိုတော့ ဈေးလဲသက်သာတယ်။
    အမေက မိတ်ဆွေဆရာဝန်တချို့နဲ့ ခေါင်းချင်းရိုက်နေတယ်။ ဘာလို့ အကျိတ်တွေ့တိုင်း အရင်ခွဲကြရတာလဲ။ Mammogram ရိုက်၊ အသားစထုတ်၊ လိုအပ်တာတွေ ဆက်လက်စစ်ပြီးတော့မှ ကုထုံးတွေ သတ်မှတ်ရွေးချယ်ကြရတာ လို့ သူတို့အချင်းချင်းပြောနေကြတော့ ကျမမှာလဲ မျက်စိသူငယ်၊ နားသူငယ်ပေါ့။ ကျမတွေ့ဖူးသမျှ မိတ်ဆွေတွေတုန်းကလဲ အကျိတ်ဆိုတာနဲ့ ခွဲထုတ်၊ ဆေးစစ်ချက်ယူ၊ ကင်ဆာဆိုရင် ရင်သားလှီးထုတ်လိုက်တာတွေပဲ ကြားဖူးတာကိုး။ ဘာက အမှန်လဲ။ ကျမလဲ မသိဘူး။ ပထမနှစ်တုန်းက ဖားလေးတွေ ခွဲခဲ့ရတယ်။ ခုကျမကိုယ်တိုင် အဲလို ဖားလေး ဖြစ်နေတာလား။
    (၂၀၁၉) ခုနှစ်၊ ဇန်န၀ါရီလ (၂) ရက်နေ့။
    မနက်စောစော ဘန်ကောက်ကို ရောက်လာခဲ့တယ်။ လိပ်စာကို Airport link က အမကြီးကို ပြတော့ သုဝဏ္ဏဘူမိလေဆိပ်ကနေ Airport Link ရထားကို အဆုံးထိ စီးဖို့ ပြောတယ်။ ၄၅ ဘတ်ပေးရတယ်။ ပြီးတော့ ရထားလိုင်းပြောင်းစီးရတယ်။ ဒီလိုနဲ့ ဘတ် ၃၀ နဲ့ Mo Chit ကို ဆက်စီးရတယ်။ အဲဒီကမှ ဆေးရုံကို ကားငှားသွားတော့ ၉၇ ဘတ်ပဲ ကုန်တော့တယ်။ လေဆိပ်ကနေ တက္ကစီ တောက်လျှောက်ဆို ဘတ် ၇၀၀ လောက် ကုန်မှာ။ ဒီတခေါက်ကလဲ ဒွန်မောင်းလေဆိပ်ကို ဆင်းတဲ့ လေယာဉ်မရလို့ပါ။ ဒွန်မောင်းလေဆိပ်ကဆိုရင် ဘတ် ၁၀၀ လောက်ဆို ဆေးရုံရောက်ပြီ။ တည်းခိုမယ့် နေရာကိုတော့ အင်တာနက်က ကြိုလုပ်လာတော့ ဈေးသက်သာတယ်။
    ဒါနဲ့ပဲ ဆေးရုံသွားတော့ Breast Surgery Clinic မှာ ပြဖို့ ညွှန်ပြပေးတယ်။ ပထမထပ်မှာ ရှိတဲ့ clinic ကို သွားတော့ သူနာပြုဆရာမတယောက်က history taking လုပ်တယ်။ သြော်- ခွဲစိတ်တာတောင် ပြီးသွားပြီပေါ့တဲ့။ မဟုတ်ဘူး။ ဒါက ဘာကျိတ်မှန်း မသိပဲ အရင်ခွဲတာ။ အကျိတ်ထုတ်ပြီး၊ ဆေးစစ်တာလို့ ပြောပြရတယ်။ အကျိတ်ကို ဆေးစစ်ဖို့ ခွဲစိတ်တာ၊ ဟုတ်လားတဲ့၊ ပြန်မေးတယ်။ needle နဲ့အသားစယူတာ မဟုတ်ဘူးလား။ မဟုတ်ဘူး ဆိုတော့ နင်ဘယ်နိုင်ငံကလဲ။ မြန်မာလို့ ဂုဏ်ယူစွာ ပြန်ပြောလိုက်ပါတယ်။ သြော်တဲ့။ ဒါဆို mammogram ရိုက်ထားတဲ့ စီဒီပေးတဲ့။ မရှိဘူး။ ရိုက်ဖို့ မလိုဘူးပြောတယ်ဆိုတော့ operation without mammo results လို့ မျက်လုံးပြူးပြီး ရွတ်တယ်။ သူ့မျက်နှာလေး ငယ်သွားလို့၊ ကျမလဲ သူအားရှိအောင် ရီပြလိုက်ရတယ်။ သူက သနားကြင်နာတဲ့ မျက်နှာလေးနဲ့ နက်ဖြန်ကျရင် အထူးကုဆရာဝန်တယောက်နဲ့ ပြဖို့၊ appointment လုပ်ပေးမယ်။ ဒီနေ့တော့ ပြန်နားနော်။ cashier မှာလဲ ငွေရှင်းစရာ မလိုဘူးနော် ဆိုပြီး၊ ငွေရှင်းရတဲ့ ကတ်လေး ပြန်သိမ်းလိုက်တယ်။ အမျိုးသားဆရာဝန်နဲ့ အမျိုးသမီးဆရာဝန် ဘယ်သူနဲ့ ပြချင်လဲမေးတယ်။ ဘယ်သူဖြစ်ဖြစ် ကိစ္စမရှိကြောင်း ပြောလိုက်တယ်။
    (၂၀၁၉) ခုနှစ်၊ ဇန်န၀ါရီလ (၃)ရက်နေ့။
    မနက် (၈) နာရီထဲက ဆေးရုံရောက်တယ်။ ဧည့်ကြိုမှာ appointment letter သွားပေးပြီးတာနဲ့ အပေါ်ထပ်က Breast Surgery Clinic ကို ဆက်သွားရတယ်။ သူနာပြုဆရာမတယောက်က history taking ကို အသေအချာ ယူတယ်။ ထိုင်းလို မပြောတတ်ဘူးဆိုတော့ အင်္ဂလိပ်လို နားလည်တဲ့ သူနာပြုဆရာမတယောက်ကို ရှာပေးထားတာ။ ဇာတ်လမ်းက စပြန်ပါပြီ။ operation လုပ်တာ၊ ဘာလို့ mammogram မရိုက်ထားတာလဲ။ ငါ့ဆရာဝန်ကြီးက မလိုဘူးဆိုပြီး ခွဲတာ ဆိုတော့ ဘယ်က ဆရာဝန်လဲ။ မြန်မာပြည်က။ သြော်..မြန်မာလား။ ဟုတ်တယ်လို့ ဂုဏ်ယူစွာ ပြောလိုက်တယ်။ မြန်မာပါဆို။ ခဏခဏပဲ မေးနေကြတယ်။ တော်တော်ဆိုးတဲ့ လူတွေ။ Timeline ကို ပြန်ရွတ်ပြရတယ်။ ဒီဇင်ဘာ ၈ ရက်မှာ တွေ့တယ်။ ၂၁ ရက်မှာ ဆရာဝန်နဲ့တွေ့တယ်။ သွေးစစ်တယ်။ ၂၄ ရက်မှာ ခွဲတယ်။ ၂၈ ရက်မှာ အဖြေရတယ်။ အဖြေက ဒီစာရွက်လား ဆိုတော့ Histopathology report လေးပေးလိုက်တယ်။ အဲဒါဆိုရင်တော့ ပြန်စစ်ရမယ်။ tissue ဘလောက်တုန်းလေးပါလား။ အကျိတ်ထုတ်ပြီးတုန်းက lab ကို ပို့လိုက်တာဆိုတော့ စစ်ဆေးတဲ့ lab ကနေ ပြန်တောင်းလို့ရတယ်တဲ့။ ဒီမှာလဲ stage 2 ပြောပြီးသားလေ ဆိုတော့ အဲလောက်နဲ့ မပြည့်စုံပါဘူး။ ပြန်စစ်ရမှာတဲ့။ အယ်...
    ဒီလိုနဲ့ပဲ အထူးကုဆရာဝန်နဲ့ တွေ့ရတယ်။ ဒီစာရွက်တရွက်နဲ့ treatment လုပ်ဖို့ မပြည့်စုံပါဘူးတဲ့။ ကင်ဆာကုတယ်ဆိုတာ Diagnosis, Staging, Treatment ဘယ်လို အဆင့်ဆင့် လုပ်ရကြောင်း ရှင်းပြတယ်။ ပုံမှန်လုပ်လေ့ရှိတာက mammogram ရိုက်၊ အသားစ ထုတ် (အဲဒါက အကျိတ်ကို ခွဲထုတ်ခြင်းကို ဆိုလိုတာမဟုတ်)၊ tissue diagnosis လုပ်၊ ကျန်တဲ့ ဆေးစစ်ချက်များအားလုံးပြီးမှ ကင်ဆာအတွက် treatment plan လုပ်ရကြောင်း ရှင်းပြတယ်။ ခုကျတော့ အကျိတ်ခွဲထုတ်လိုက်ပြီး ဖြစ်သွားတော့ mammogram ပြန်ရိုက်ရင်တောင် ရောဂါရဲ့ အတိုင်းအဆကို ရှင်းရှင်းလင်းလင်းမသိနိုင်တော့ကြောင်း၊ တတ်နိုင်သမျှတော့ ပြန်ကြိုးစားကြည့်မည်ဖြစ်ကြောင်း၊ အသားစလဲ မစစ်နိုင်တော့တဲ့အတွက် အကျိတ်ကို စစ်ဆေးထားတဲ့ မြန်မာပြည် lab ကနေ သွားတောင်းလာပြီး၊ သူတို့ဆီမှ ထပ်စစ်ဆေးဖို့ လိုကြောင်း၊ အခြားဆေးစစ်ဖွယ်ရာများကိုလည်း အဲဒီ နှစ်ခုပြီးရင် ထပ်မံလုပ်ဆောင်ရမှာ ဖြစ်ကြောင်း အချိန်ယူ ရှင်းပြလိုက်ပါတယ်။
    ဆရာဝန်နဲ့ အဲလိုတွေ့ပြီးချိန်မှာတော့ သူနာပြုဆရာမလေးများက mammogram ရိုက်ဖို့ အချိန်ကို ရွေးချယ်သတ်မှတ်ပေးလိုက်ကြပါတယ်။ ခွဲစိတ်ပြီးစဖြစ်နေတော့ ချက်ချင်းရိုက်ဖို့ကလဲ အဆင်မပြေ၊ tissue စလိုက်လေးကိုလဲ ရွှေမြို့တော်သို့ ပြန်ယူရဦးမည်ဆိုတော့ ၂ ပတ်ခန့် ရက်ခွာချိန်းပေးလိုက်ပါတယ်။ မြန်မာပြည်ပြန်ရောက်ရင်တော့ ကိုယ့်အကျိတ်လေးကို စစ်ဆေးဖို့ လုပ်ဆောင်ထားတဲ့ tissue ဘလောက်လေးပြန်ရဖို့ ဘယ်လောက်ထိ ကြိုးပမ်းရဦးမည်လဲ မသိပါ။ သူနာပြုဆရာမလေးက နောက်တခါလာရင် စစ်ဆေးဖို့ ထိုင်း ဘတ်ငွေ နှစ်ထောင် (မြန်မာငွေ ကိုးသောင်းခန့်) ယူခဲ့ဖို့ သနားစရာ မျက်နှာလေးနဲ့ ပြောပါတယ်။ ဒီနေ့အတွက်လဲ cashier ဆီရှင်းဖို့ ကတ်လေးပေးလိုက်တာမို့ ဆေးရုံ ၂ လွှာမှာ ရှိတဲ့ ကောင်တာလေးဆီ သွားဖြစ်ပါတယ်။ နိုင်ငံခြားသား (foreigner) လို့လဲ ကတ်လေးမှာက ပါတာကိုး။ သူကပြောတယ်။ ၁၀၀ တဲ့။ ဒေါ်လာ ထင်တာနဲ့ ထုတ်မယ် လုပ်တော့ ဘတ် ၁၀၀ တဲ့။ ကင်ဆာကုဖို့ အထူးကု ဆရာဝန်ကြီးနဲ့ အချိန်ယူပြီး စနစ်တကျ ဆွေးနွေးခွင့် ရခဲ့ခြင်းအတွက် မြန်မာငွေကျပ် (၄၈၀၀) ကျပ်တိတိ ကုန်သွားကြောင်းပါ။
    ခုတော့ ခွဲစိတ်ထားပြီးစ mammogram လဲ ရိုက်လို့ မရသေး၊ တစ်ရှူးဘလောက်လဲ ပြန်ယူရမှာမို့ တခါ မြန်မာပြည်ပြန်၊ တခါ ထပ်လာနဲ့ အလုပ်တွေ ပိုသွားပြန်ပြီ။ တကယ်လို့များ အကျိတ်တွေ့စဉ်ကတည်းက တန်းလာခဲ့လို့ရှိရင် mammogram ရလဒ်ကောင်းကောင်းလဲ သိရမယ်။ ဘယ်လောက်ထိ ပျံ့နှံ့သက်ရောက်မှု ရှိလဲဆိုတာကို သေချာသိရမယ်။ ခွဲစိတ်ဖို့ လိုမလိုဆိုတာလဲ သိရမယ်။ ကုထုံးများကိုလည်း ရွေးချယ်ခွင့် ရှိခဲ့မယ်။ ခုတော့လဲ အသွားမတော်တလှမ်း။ ဘုမသိ၊ ဘမသိနဲ့ အခွဲခံခဲ့ရတာပါလား။ တာမထွက်ရသေးဘူး။ ခြေထောက်ရိုက်ချိုးခံလိုက်ရသလိုပဲ။ ဘာဆက်လုပ်ရမှန်းတောင်မသိတော့ဘူး။ လွဲတဲ့အခါလဲ လွဲပေမှပေါ့။
    ခင်မမမျိုး (3/1/2019)
    $
    0
    0
    အဆိုတော်လင်းလင်းဟာနိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်တွေမှာ လိုက်ပါခဲ့ဖူးပြီး ဒေါ်အောင်ဆန်းစုကြည်ကိုခင်မင်လေးစားမှုရှိသူတစ်ဦးလည်းဖြစ်ပါတယ်။
    တက္ကသိုလ်ရိပ်သာလမ်းခြံနံပါတ် ၅၄ အိမ်အမွေအမှုအတွက်ဗိုလ်ချုပ်အောင်ဆန်းရဲ့သားဖြစ်သူဦးအောင်ဆန်းဦးက နိုင်ငံရေးပါတီတချို့နဲ့တွေ့ဆုံပြောဆိုတာတွေကိုကြားသိအပြီးမှာ သားသမီးသုံးယောက်အပေါ်သူမြင်တဲ့အတိုင်းယခုလိုခပ်ကြမ်းကြမ်းရေးသားခဲ့ပါတယ်။
    Photo - လင်းလင်း
    .........
    unicode
    ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားသမီးသုံးယောက်အကြောင်းကို နံပါတ်စဉ်ထိုးပြီး သူမြင်တဲ့အတိုင်းရေးသားလိုက်တဲ့ လင်းလင်း
     နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်တွေမှာ လိုက်ပါခဲ့ဖူးတဲ့အဆိုတော်လင်းလင်းက တက္ကသိုလ်ရိပ်သာလမး်ခြံနံပါတ် ၅၄ အိမ်အမွေအမှုအတွက်ဗိုလ်ချုပ်အောင်ဆန်းရဲ့သားဖြစ်သူဦးအောင်ဆန်းဦးကနို်င်ငံရေးပါတီတချို့နဲ့တွေ့ဆုံအပြီးမှာ သားသမီးသုံးယောက်အပေါ်သူမြင်တဲ့အတိုင်းယခုလိုရေးသားခဲ့ပါတယ်။
    "၁ - ဗိုလ်ချုပ်မှာ သားသမီးသုံးယောက် ရှိပါသည်။ တစ်ယောက်က မိန်းကလေးဖြစ်ပြီး တစ်ယောက်က ရေနစ်သေခါ ကျန်တစ်ယောက်က ကျပ်မပြည့်ပါ။
    ၂ - ဗိုလ်ချုပ်မှာ သားသမီးနှစ်ယောက် ရှိပါသည်။ တစ်ယောက်က မိန်းကလေးဖြစ်ပြီး တစ်ယောက်က ယောကျာင်္းလေးဖြစ်ခါ ရေနစ်သေသွားပါသည်။ ကျန်သောတစ်ယောက်မှာမူ အမှိုက်ပုံ ရေမြောင်းနား ခွေးချီးပုံပေါ်မှ ကောက်ရတဲ့တစ်ယောက်ဖြစ်ပါသည်။
    ၃ - ဗိုလ်ချုပ်မှာ သားသမီးသုံးယောက် ရှိပါသည်။ တစ်ယောက်က မိန်းကလေးဖြစ်ပြီး တစ်ယောက်က ရေနစ်သေခါ ကျန်တစ်ယာက်မှာ ဘဝသေသွားခဲ့ပါသည်။
    ၄ - ဗိုလ်ချုပ်မှာ သားသမီးသုံးယောက် ရှိပါသည်။ တစ်ယောက်က မိန်းကလေးဖြစ်ပြီး တစ်ယောက်မှာရေနစ်သေခါ ကျန်တစ်ယောက်မှာ အောက်တန်းစားရွာတွင်ကြီးပြင်းခဲ့ပါသည်။
    ၅ - ဗိုလ်ချုပ်မှာ သားသမီးသုံးယောက် ရှိပါသည်။ တစ်ယောက်က မိန်းကလေးဖြစ်ပြီး တစ်ယောက်က ရေနစ်သေခါ ကျန်တစ်ယောက်မှာ ဂေါက် ရောဂါစွဲကပ်ပြီး ရူးနေသူဖြစ်ပါသည်။
    ၆ - ဗိုလ်ချုပ်မှာ သားသမီးသုံးယောက် ရှိပါသည်။ တစ်ယောက်က မိန်းကလေးဖြစ်ပြီး တစ်ယာက်က ရေနစ်သေခါ ကျန်တစ်ယာက်က လူရာပေး မဝင်သင့်တဲ့လူဖြစ်ပါသည်။
    ၇ - ဗိုလ်ချုပ်မှာ သားသမီးသုံးယောက် ရှိပါသည်။ တစ်ယောက်က မိန်းကလေးဖြစ်ပြီး တစ်ယောက်က ရေနစ်သေခါ ကျန်တစ်ယောက်ကတော့ ဗိုလ်ချုပ်လုံးဝ မမွေးသင့်တဲ့လူဖြစ်ပါသည်။.. မောင်လင်းလင်း.."ဆိုပြီးရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်..။
    Photo - လင်းလင်း
    Rဇာနည်၊ကျားပေါက်၊ ကော်နီ၊ ဇော်ဝင်းထွဋ် ၊ အငဲ စတဲ့ မြန်မာပြည်ရဲ့နာမည်ကျော်ရော့ခ်ကာတွေပြင်ဦးလွင်ရှိုးပွဲမှာသီဆိုမယ်
    $
    0
    0
    ပြင်ဦးလွင်မှာလုပ်မယ့် Showပွဲအတွက် မြန်မာပြည်ရဲ့ နာမည်ကျော်ရော့ကာတစ်စုရောက်ရှိနေကြတာပဲဖြစ်ပါတယ်။
    Rဇာနည်၊ကျားပေါက်၊ ကော်နီ၊ ဇော်ဝင်းထွဋ် ၊ အငဲ စတဲ့ မြန်မာပြည်ရဲ့နာမည်ကျော်ရော့ခ်ကာတွေ
    ပြင်ဦးလွင်ရှိုးပွဲမှာသီဆိုဖို့ရောက်ရှိနေကြပါပြီ။
    source: Zarni Myo Nhaut
    နန်းမြတ်ဖြိုးသင်းရဲ့ သားလေး ၂၃ ပတ်မြောက်အမှတ်တရဓာတ်ပုံ
    $
    0
    0
    နန်းမြတ်ဖြိုးသင်းကငပလီကမ်းခြေမှာ  23 weeks ဆိုတဲ့စာသားကို ရေးရင်း
    သားလေး ၂၃ ပတ်ပြည့်တဲ့အမှတ်တရဓာတ်ပုံလေးရိုက်ကူးခဲ့ပါတယ်။
    စူစူပုံ့ပုံ့ဖြစ်နေတဲ့ဗိုက်လေးကိုဖော်ပြီး အမှတ်တရဓာတ်ပုံရိုက်ခဲ့သလို
    "သားလေးနဲ့ ပတ်သတ်ပြီး အသေးအမွှားလေးက အစ မှတ်တမ်းတင်ချင်တာ "လို့လည်းရေးသားထားပါတယ်။
    ရင်သွေးဟူက ချစ်မ၀ ဆိုတဲ့စကားအတိုင်း
    မမွေးခင်ကပဲ ချစ်နှင့်နေတဲ့ မိခင်လောင်း နန်းမြတ်ဖြိုးသင်းပါ။
    Source:Nun Myat Phyo Thin
    ရခိုင်ပြည်နယ်တွင်တာဝန်ထမ်းဆောင်ရင်း AA နှင့်တိုက်ပွဲတွင် အသက်ပေးသွားရသောရဲတပ်ဖွဲ့ဝင်များ
    $
    0
    0
    4 1 2019 ရခိုင်ပြည်နယ်တွင်တာဝန်ထမ်းဆောင်ရင်း AA နှင့်တိုက်ပွဲတွင်
    အသက်ပေးသွားရသောရဲတပ်ဖွဲ့ဝင်များ
    ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုအား AA လက်နက်ကိုင်​​​အဖွဲ့က အင်အားအလုံးအရင်းဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်၊ ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိ
    နေပြည်တော် ဇန်န၀ါရီ ၎
    ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုအား ယနေ့ နံနက်ပိုင်းတွင် AAလက်နက်ကိုင်​​​အဖွဲ့က အင်အားအလုံးအရင်းဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
    ဘူးသီးတောင်မြို့နယ်ရှိ ငမြင်းဘော်ရဲကင်းစခန်းအား ခန့်မှန်းအင်အား ၁၀၀ ခန့်ရှိ AA လက်နက်ကိုင်​​​အဖွဲ့ကလည်းကောင်း၊ ကျောင်းတောင်ရဲကင်းစခန်းအား ခန့်မှန်းအင်အား ၁၀၀ ခန့်ရှိ AAလက်နက်ကိုင်​​​အဖွဲ့ ကလည်းကောင်း၊ ဂုပ္ပိ ရဲကင်း စခန်းအား ခန့်မှန်းအင်အား ၅၀ ခန့်ရှိ AAလက်နက်ကိုင်​​​အဖွဲ့ ကလည်းကောင်း၊ ခထီးလှ ရဲကင်းစခန်းအား ခန့်မှန်းအင်အား ၁၀၀ ခန့်ရှိ AA လက်နက်ကိုင်​​​အဖွဲ့ က လည်းကောင်း နံနက် ၆ နာရီ ၄၅ မိနစ်တွင် တစ်ချိန်တည်း တစ်ပြိုင်တည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ၀င်ရောက် တိုက်ခိုက်ခဲ့ကြောင်း။
    ဖြစ်စဉ်ဖြစ်ပွားလျှင် ဖြစ်ပွားချင်း လှုပ်ရှားစစ်ကြောင်းများဖြစ်သော အမှတ် (၈) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ စစ်ကူအဖွဲ့များနှင့် တပ်မတော် မှ စစ်ကြောင်းများက စခန်းများသို့ စစ်ကူသွားရောက်ပူးပေါင်းခဲ့ရာ ငမြင်းဘော်စခန်းသို့ နံနက် ၉ နာရီ ၃၅ မိနစ်တွင်လည်းကောင်း၊ ကျောင်းတောင်စခန်းသို့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ဂုပ္ပိစခန်းသို့ နံနက် ၉ နာရီ မိနစ် ၂၀ တွင်လည်းကောင်း၊ ခထီးလှ စခန်းသို့ နံနက် ၉ နာရီခွဲတွင် လည်းကောင်း ပူးပေါင်းနိုင်ခဲ့ကြောင်း သိရသည်။
    ငမြင်းဘော်ရဲကင်းစခန်းနှင့် ကျောင်းတောင်ရဲကင်းစခန်းများသို့ စစ်ကူအဖွဲ့ မရောက်ရှိသေးမီ AA လက်နက်ကိုင်​​​အဖွဲ့က ဖိအားပေးတိုက်ခိုက်မှု ပိုမို ပြင်းထန်လာသဖြင့် ရဲတပ်ဖွဲ့ဝင်များက အဆိုပါ စခန်းနှစ်ခုအား စွန့်ခွာခဲ့ရကြောင်း၊ ဂုပ္ပိရဲကင်းစခန်း နှင့် ခထီးလှ ရဲကင်းစခန်းနှစ်ခုသည် နံနက် ၇ နာရီခွဲခန့်မှ စ၍ တပ်မတော်စစ်ကြောင်းများ၏ လက်နက်ကြီး ပစ်ကူရရှိခဲ့ပြီး ရဲကင်းစခန်းအတွင်းရှိ တပ်ဖွဲ့ဝင်များ၏ ကြံ့ကြံ့ခံ စနစ်တကျ ပြန်လည်ခုခံတိုက်ခိုက်မှုကြောင့် AA လက်နက်ကိုင်​​​အဖွဲ့များက စခန်းနှစ်ခုအား သိမ်းပိုက်ရရှိရေး အင်အားအလုံးအရင်းဖြင့် ခြံစည်းရိုးကို အကြိမ်ကြိမ် ဖျက်ဆီးထိုးဖောက်သော်လည်း စခန်းအား သိမ်းပိုက်ရရှိမှုမရှိဘဲ ၀န်းရံပိတ်ဆို့ ထားခဲ့ကြောင်း၊ နံနက် ၈ နာရီ ၁၀ မိနစ်မှ စ၍ ၎င်းကင်းစခန်းများသို့ တပ်မတော် ရဟတ်ယာဉ် နှစ်စီးဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့သဖြင့် လည်းကောင်း၊ တပ်မတော်စစ်ကူ စစ်ကြောင်းများက ၀ိုင်းပတ်ပိတ်ဆို့ထားသည့် AA လက်နက်ကိုင်အဖွဲ့များကို ပစ်အားသုံး၍ တရစပ်ထိုးစစ်ဆင် ထိုးဖောက်ဝင်ရောက်တိုက်ခိုက်မှုကြောင့် လည်းကောင်း နံနက် ၉ နာရီခွဲ ခန့်တွင် စစ်ကူစစ်ကြောင်းများနှင့် ပူးပေါင်းမိသဖြင့် AAလက်နက်ကိုင်​​​​အဖွဲ့သည် အရှေ့ ဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
    AA လက်နက်ကိုင်​​​အဖွဲ့၏ ၀င်ရောက်တိုက်ခိုက်မှုကြောင့် ငမြင်းဘော်ရဲကင်း စခန်းမှ တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ကျောင်းတောင်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး၊ ၁ ဦး ဒဏ်ရာ ရရှိပြီး ဂုပ္ပိရဲကင်းစခန်း မှ ၃ ဦး ဒဏ်ရာရရှိကာ ခထီးလှ ရဲကင်းစခန်းမှ ၂ ဦးကျဆုံး၊ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း။
    ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၃ ဦးကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်နက်ငယ်မျိုးစုံ အလက် ၄၀၊ ခဲယမ်းမျိုးစုံ ၁၆၁၁၁ တောင့်၊ လက်ကိုင်စကားပြောစက် ၁ လုံးဆုံးရှုံးခဲ့ကြောင်း၊ AA လက်နက်ကိုင်​​​အဖွဲ့ ဆုတ်ခွာရာ လမ်းကြောင်းတစ်လျှောက် တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်းအဖွဲ့ များက ပိတ်ဆို့ ရှင်းလင်းလျက်ရှိပြီး ရဲကင်းစခန်းများရှိရာ ကျေးရွာ ၄ ရွာမှ တိုင်းရင်း သား၊ တိုင်းရင်းသူများသည် ကျေးရွာများသို့ စွန့်ခွာတိမ်းရှောင်သွားသဖြင့် အဆက် အသွယ်ရရှိရေး ရှာဖွေလျက်ရှိကြောင်း သိရသည်။
    နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ AA လက်နက်ကိုင်​​​အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် အခြေအနေများကို ပိုမိုရှုပ် ထွေးစေပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေကာ ရခိုင်ပြည်နယ် အတွင်း မတည်ငြိမ်မှုများ မြင့်တက်လာစေနိုင်ရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်လာခြင်း ဖြစ်ကြောင်း၊ AA လက်နက်ကိုင်​​​အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ထိရောက်စွာ တုန့်ပြန်ချေမှုန်း နှိမ်နင်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
    (သတင်းစဉ်)
    လုံခြုံးရေးရဲတပ်ဖွဲ့ဝင်များနှင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်
    $
    0
    0
    (၇၁)နှစ်မြောက် လွတ်လပ်ရေး နေ့ လုံခြုံးရေးရဲတပ်ဖွဲ့ဝင်အားလုံးကို
    ကြာဇံချက်ဟင်းခါးဖြင့်ဧည့်ခံပီး ရင်းနှီး နွေးထွေးစွာစကားများပြောပေးသောနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်
    ဘူးသီးတောင်က နယ်ခြားစောင့်ရဲစခန်း ၄ ခု ဝင်တိုက်ခဲ့သူတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မတွေနဲ့ အမှုဖွင့်ထား
    $
    0
    0
     အေအေအဖွဲ့က ဝင်တိုက်ခိုက်တာခံခဲ့ရတဲ့ ဘူးသီးတောင်ရဲကင်းစခန်းတစ်ခု
    ဇန်နဝါရီလ ၄ ရက်နေ့က ဘူးသီးတောင်မြို့နယ် ငမြင်းဘော်၊ ကျောင်းတောင်၊ ဂုပ္ပိနဲ့ ခထီးလှ နယ်ခြားစောင့်ရဲစခန်း ၄ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ရက္ခိုင့်တပ်မတော် (အေအေ)တပ်ဖွဲ့ဝင်တွေကို ဘူးသီးတောင်မြို့နယ် တောင်ပဇာနယ်မြေရဲစခန်းမှာ အမှုဖွင့်ဆောင်ရွက်နေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
    တိုက်ခိုက်ခဲ့သူတွေကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ၊ လက်နက် အရေးပေါ်ပြစ်ဒဏ်စီရင်မှုယာယီအက်ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
        လုံခြုံရေး ပိုဆောင်ရွက်ဖို့ လိုတယ်လို့ ဘူးသီးတောင်ရဲစခန်းတွေ တိုက်ခိုက်ခံရအပြီး တပ်မတော် ပြော
    ဒီလိုစခန်းတွေ တိုက်ခိုက်ခံရမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးဌာနကတော့ ဘူးသီးတောင်မြို့နယ်အတွင်းမှာရှိတဲ့ ငမြင်းဘော်ရဲစခန်း၊ကျောင်းတောင်ရဲစခန်းနဲ့ ခထီးလှရဲစခန်းတွေကို အေအေအဖွဲ့ကခေါင်းဆောင်စိစစ်ဆဲ အင်အား ၁၀၀ ခန့်စီနဲ့အသီးသီးဝင်တိုက်ခဲ့တာဖြစ်ပြီး တခါ ဂုပ္ပိရဲစခန်းကို အင်အား ၅၀ ခန့်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
     အေအေအဖွဲ့က ဝင်တိုက်ခိုက်လို့ ကျည်ဆန်ရာတွေနဲ့မြင်ရတဲ့ ဘူးသီးတောင်ရဲကင်းစခန်းတစ်ခု
    တိုက်ခိုက်ခဲ့စဉ်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့သလို ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တချို့ကိုလည်း အေအေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
    ဒီနောက်တော့ နာရီပိုင်းအကြာမှာပဲ အေအေအဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခဲ့သူ ၁၈ ဦးဖြစ်တဲ့ အမျိုးသမီး ၄ ဦး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၃ ဦး၊ လဝက ဝန်ထမ်း ၁ ဦးတို့ကို ဇန်နဝါရီလ ၄ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ အေအေအဖွဲ့ရဲ့ ပြောခွင့်ရသူ ခိုင်သုခက ပြောထားပါတယ်။
    'တပ်မတော်ကတော့ ဒီသတင်းကို အတည်မပြုနိုင်သေးဘူး'လို့ တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
    ရဲကင်းစခန်းတွေကို အေအေအဖွဲ့က တိုက်ခိုက်ခဲ့တာကြောင့် လူသေဆုံးဒဏ်ရာရမှုတွေ ရှိခဲ့သလို လက်နက်ငယ်မျိုးစုံ အလက် ၄၀၊ ခဲယမ်းမျိုးစုံ ၁၆၁၁၁ တောင့်၊ လက်ကိုင်စကားပြောစက် ၁ လုံး ဆုံးရှုံးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
    တိုက်ခိုက်ခဲ့သူတွေကို တပ်မတော်က ပြန်လည်နှိမ်နင်းခဲ့ရာမှာတော့ ဟယ်လီကော်ပတာနဲ့ ပစ်ခတ်ခဲ့လို့ ခထီးလှကျေးရွာမှာ နေအိမ် ၇ လုံးမီးလောင်၊ ၂ လုံးပျက်စီးခဲ့ပြီး ဒေသခံတွေကတော့ နီးစပ်ရာ စာသင်ကျောင်းတွေမှာ ခိုလှုံနေရတယ်လို့ ခထီးလှကျေးရွာဘုန်းကြီးကျောင်း ဆရာတော်ကြီးက ပြောပါတယ်။
    BBC Burmese
    https://www.bbc.com/burmese
    တောင်ကြီးအကျဉ်းထောင်အတွင်း၌ အကျဉ်းသား ၇ ဦးမှ အချုပ်သား တစ်ဦးအား ဝိုင်းဝန်းထိုးကြိတ်သဖြင့် သေဆုံး
    $
    0
    0
    ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ရှိ ၂ မိုင် အကျဉ်းထောင်အတွင်း၌ အကျဉ်းသား ၇ ဦးမှ အချုပ်သား ၁ ဦးအား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊ ညပိုင်းက ဝိုင်းဝန်းထိုးကြိတ်ခဲ့သဖြင့် အချုပ်သား ဖြစ်သူ သေဆုံးခဲ့ကြောင်း တောင်ကြီးမြို့ မရဲစခန်းမှ သိရသည်။
    .
    တောင်ကြီးမြို့၊ ၂ မိုင် အကျဉ်းထောင်အတွင်း၌ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊ ည ၈ နာရီ ၄၅ မိနစ် အချိန်တွင် အမျိုးသားအိပ်ဆောင်(၁)၊ အခန်း (၂) တွင် မူး/စိတ် ပုဒ်မ ၁၉(က)ဖြင့် ချုပ်နှောင်ထားရှိသော အချုပ်သား ဆန်နီအောင်(ခ) ဝက်ကြီးမှ စည်းကမ်းထိန်းသိမ်းရေး တာဝန်ပေးထားသည့် အကျဉ်းသား ပြည့်ဖြိုးအောင်(ခ) ကိုဖြိုးအား မချေမငံ ပြန်လည်ပြောဆိုရာမှ တစ်ယောက် တစ်ခွန်း စကားများပြီးနောက် ပြည့်ဖြိုးအောင်နှင့် အခြား အကျဉ်းသားများဖြစ်သော စိုးမင်းနိုင်၊ နိုင်လင်း၊ ညိုမင်းခန့်(ခ) ညိုကြီး၊ အောင်ဖြိုးဝေ၊ ထွန်းဝင်းကျော်(ခ) ကောင်းကောင်း၊ ရန်နိုင်စိုး(ခ) သားကြီးတို့ ၇ ဦးမှ အချုပ်သား ဆန်နီအောင်(ခ) ဝက်ကြီးကို ဝိုင်းဝန်းထိုးကြိတ်ခဲ့ခြင်း ဖြစ်ကြောင်း တောင်ကြီးမြို့ မရဲစခန်းမှ သိရသည်။
    .
    “ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်က တောင်ကြီး ၂ မိုင် အကျဉ်းထောင်အတွင်းမှာ အကျဉ်းသား ၇ ဦးက အချုပ်သား တစ်ဦးကို စကားများရာကနေ ဝိုင်းပြီးတော့ ထိုးကြိတ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး တောင်ကြီး ၂ မိုင် အကျဉ်းထောင် ဦးစီးအရာရှိက တရားလို ပြုလုပ်ပြီး တိုင်တန်းထားပါတယ်။ ထိုးကြိတ်ခဲ့တဲ့ အကျဉ်းသား ၇ ဦးကို အမှုဖွင့်ပြီး အရေးယူဆောင်ရွက်နေပါတယ်။” ဟု တောင်ကြီးမြို့ မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်စိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
    .
    ယင်းကဲ့သို့ အကျဉ်းသား ၇ ဦး၏ ဝိုင်းဝန်းထိုးကြိတ်ခြင်း ခံရသော ဆန်နီအောင်(ခ) ဝက်ကြီးမှ ဗိုက်အောင့်သည်ဟု ပြောဆိုလာသဖြင့် ည ၉ နာရီအချိန်တွင် တောင်ကြီးမြို့ ၊ စဝ်စံထွန်းဆေးရုံသို့ ဆေးကုသမှု ခံယူရန် ပို့ဆောင်၍ ဆေးကုသမှု ခံယူနေစဉ် ထိုးကြိတ်ထားသော ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း တောင်ကြီးမြို့ မရဲစခန်းမှ သိရသည်။
    .
    “ ဒီဟာကို သက်ဆိုင်ရာအဖွဲ့ အနေနဲ့ကလည်း မှန်မှန်ကန်ကန် လုပ်၊ မလုပ်ဆိုတာကို ကြည့်ပြီး ဆက်လက် ဆောင်ရွက်သွားမှာပါ။ သက်ဆိုင်ရာအနေနဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးရင်တော့ ပြောစရာ မရှိပါဘူး။ တကယ်လို့ သူတို့ လုပ်တဲ့ဟာက မှန်ကန်မှု အားနည်းနေမယ်ဆိုရင်တော့ ဆက်လက် ဆောင်ရွက်သွားပါမယ်။ အကျဉ်းထောင်အနေနဲ့လည်း လုံခြုံရေးက အားနည်းတယ်။ အကျဉ်းထောင်ထဲမှာ ဒီလို ညဉ်းပန်းနှိပ်စက်မှုဆိုတာ မရှိသင့်တော့တဲ့ ကာလဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ စောင့်ကြည့်သွားမှာပါ။” ဟု တောင်ကြီးမြို့၊ လောကမာန်အောင် ကျောင်းတိုက်မှ ဆရာတော် ဦးပညာနန္ဒက ကမ္ဘောဇတိုင်းသို့ မိန့်ကြားသည်။
    .
    အချုပ်သား ဆန်နီအောင်(ခ) ဝက်ကြီးအား နာကျင်ဒဏ်ရာများ ရရှိကာ သေဆုံးအောင် ဝိုင်းဝန်း ထိုးကြိတ်ခဲ့ကြသည့် အကျဉ်းသားများဖြစ်သော ပြည့်ဖြိုးအောင်(ခ) ကိုဖြိုး၊ စိုးမင်းနိုင်၊ နိုင်လင်း၊ ညိုမင်းခန့်(ခ) ညိုကြီး၊ အောင်ဖြိုးဝေ၊ ထွန်းဝင်းကျော်(ခ) ကောင်းကောင်း၊ ရန်နိုင်စိုး(ခ)သားကြီး တို့ ၇ ဦးအား တောင်ကြီးမြို့မရဲစခန်းမှ (ပ)၁၅၃၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ၊ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်၍ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
    ကမ္ဘောဇတိုင်း
    http://www.kanbawzatainews.com/2019/01/blog-post_17.html
    Pabuk မုန်တိုင်းကြောင့် ကော့သောင်းနဲ့ ရနောင်းအကြား သွားလာရေးခက်ခဲ
    $
    0
    0
    ထိုင်းတောင်ပိုင်း၊ နာခွန်စီ သာမာရတ် ဒေသမှာ မုန်တိုင်းဖြတ်ပြီးနောက် ထိုင်းသံဃာတော်တပါး ဗုဒ္ဓရုပ်ပွားတော်တဆူကို ပြန်လည်နေရာချထားရန် ကြိုးစားနေပုံ (၀၁-၀၅-၁၉)
    ထိုင်းနိုင်ငံမှာတိုက်ခတ်ခဲ့တဲ့ ပါဘက် ( Pabuk) မုန်တိုင်းကြောင့် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းဖက် ကမ်းမှာ စက်လှေတွေ ထွက်ခွာမှု ၃ ရက်ရပ်ဆိုင်းလိုက် တာကြောင့် မြန်မာနိုင်ငံသားတွေ ကော့သောင်းကို ပြန်မရဖြစ်နေသလိုပဲ ကော့သောင်းကနေ ရနောင်းကို နေ့စဉ်အလုပ်လာကြတဲ့ အလုပ်သမားတွေလည်း ပြန်ဖို့ အခက်တွေ့နေကြတယ်လို့ ဆိုပါတယ်။ ကော့သောင်းနဲ့ ရနောင်းနယ်စပ်တွေမှာ စနေနေ့ကတော့ မိုး အဆက်မပြတ် ရွာသွန်းနေပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
    ထိုင်းနိုင်ငံမှာ ဇန်န၀ါရီလ ၄ ရက်နေ့စပြီး ၀င်ရောက်လာတဲ့ ပါဘက်မုန်တိုင်းကြောင့် ရနောင်းဘက် ပင်လယ် ကမ်းတလျှောက်မှာရှိတဲ့ ငါးဖမ်းစက်လှေတွေ၊ ကုန်တင်ယာဉ်တွေ၊ စက်လှေအားလုံး ဇန်န၀ါရီလ ၄ ရက်ကနေ ၆ ရက်အထိ ရေကြောင်းသွားလာမှု အရေးပေါ်ရပ်ဆိုင်းလိုက်ပါတယ်။ ဒီအတွက် ရနောင်းဘက်ကို ဈေးဝယ် လာကြသူတွေလည်း ကော့သောင်းကို ပြန်လို့ မရသလို ကော့သောင်းဘက်ကနေ ရနောင်းမှာ အလုပ်လာ လုပ်ကြသူတွေလည်း အခက်အခဲဖြစ်နေကြကြောင်း ကော့သောင်းမြို့ခံ မူခင်းသတင်းထောက် ဦးသန်းထိုက်က ပြောပြပါတယ်။
    “ဟုတ်ကဲ့ခင်ဗျ၊ ပိတ်ထားတယ်ခင်ဗျ။ ၃ ရက်ပိတ်တယ်။ မနေ့က စပိတ်တယ်။ မုန်တိုင်းကြောင့်လေ။ အာဏာ မာန်သူဌေးကျွန်းတောင် ပိတ်ထားတယ်။ ပြန်ဖို့က နည်းနည်းတော့ခက်ခဲတယ်။ ဒီဘက်က လူတွေလည်း ဟိုဘက် သွားဖို့ ခက်ခဲတယ်။ အလုပ်သမားတွေလည်း ခက်ခဲနေကြတယ်။ မုန်တိုင်း အခြေအနေက စိုးရိမ်ရ လို့လေ။ မိုးကတော့ဆက်တိုက်ရွာနေတယ်။ ဘယ်လို ရွာနေသလဲဆိုတော့ မိုးဦးကျတုန်းက ရွာသလိုမျိုး ဆက်တိုက် ရွာနေတယ်။”
    Pabuk မုန်တိုင်းဘေးရှောင်ဖို့ ငါးဖမ်းလှေတစင်းကို ကမ်းပေါ်တင်နေကြတဲ့ တံငါသည်များ (၀၁-၀၅-၁၉)
    ခုလို နှစ်နိုင်ငံ သွားလာနေတဲ့ စက်လှေတွေရပ်ဆိုင်းလိုက်လို့ ထိုင်းနိုင်ငံဘက်မှာ ဈေးဝယ်ဖို့ လာရောက်နေကြ တဲ့ မြန်မာနိုင်ငံသားတွေ ပါနမ့်လှေဆိပ်မှာ စုပုံနေပြီး ကော့သောင်းဘက်ကို ပြန်လို့မရနိုင်ဘဲဖြစ်နေကြတာပါ။
    ရနောင်းမြို့ပိုင် နိုင်ကျတိဖုန်း ပီရဘွတ် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ထားတဲ့ မုန်တိုင်းဆိုင်ရာ သတိပေးချက် မှာတော့ ပင်လယ်ပြင်အတွင်း မှာ မုန်တိုင်းကြောင့် လှိုင်းကြီးလာမှာဖြစ်လို့ သင်္ဘောကြီးငယ် စက်လှေတွေ အတွက် အန္တရာယ်ရှိတာကြောင့် ပင်လယ်ထွက်ခွာခွင့် ရပ်ဆိုင်းထားတာလို့ ဆိုပါတယ်။
    ရနောင်းမြို့နဲ့ ကော့သောင်းမြို့ ၂ ဘက်လုံးမှာ စနေနေ့ကတော့ မိုးဆက်တိုက်ရွာနေပြီဖြစ်ပါတယ်။
    စနေနေ့ နေလည်ပိုင်း ထိုင်းနိုင်ငံ မိုးလေ၀သဌာန ဂြိုဟ်တုမှတ်တမ်းထုတ်ပြန်ချက်ပုံမှာတော့ မုန်တိုင်းဟာ ထိုင်းတောင်ပိုင်း ခရိုင်တွေနဲ့ ထိုင်းပင်လယ်ကွေ့တ၀ိုက် လှည့်ပတ်တိုက်နေပြီး ထိုင်းနိုင်ငံနဲ့ကပ်လျက်
    မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေမှာလည်း မုန်တိုင်းရဲ့ သက်ရောက်မှုကြောင့် မိုးကြီး လေထန်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တောင်ကျရေကြီးမှုကို သတိထားရပါလိမ့်မယ်-လို့လည်း သတိပေးနေပါတယ်။
    မြန်မာနိုင်ငံမိုးလေ၀သနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ သတင်းအရ မြန်မာ့ပင်လယ်ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးမယ်၊ မိုးသက်လေပြင်းကျချိန် ရေပြင်/မြေပြင်လေဟာ တစ်နာရီ မိုင် (၄၀) အထိ တိုက်ခတ်နိုင်ကြောင်း၊ မြန်မာ့ပင်လယ်ပြင်ရဲ့လှိုင်းအမြင့်ကတော့မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်နဲ့ တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်အပြင် ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၈) ပေကနေ (၁၀) ပေခန့်နဲ့ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၄) ပေကနေ (၆) ပေခန့် ရှိနိုင်တယ်လို့ သတိပေးနှိုးဆော် ထားပါတယ်ရှင်။
    ဗွီအိုအေ (မြန်မာဌာန)
    https://burmese.voanews.com
    ၂၀၁၉ အတွက် သင်ဇာဝင့်ကျော်ရဲ့ပွဲဦးထွက်ဖက်ရှင်
    $
    0
    0
    သင်ဇာဝင့်ကျော်
    ၂၀၁၉ မှာ ဝေဖန်မှုတွေအရမ်းများနိုင်တဲ့ဖက်ရှင်မျိုးတွေကိုရှောင်သွားမယ်လို့အင်တာဗျူးတစ်ခုမှာဖြေကြားခဲ့ သင်ဇာဝင့်ကျော်ရဲ့ ၂၀၁၉ အဖွင့်ဖက်ရှင်ကတော့
    မရိုးမဆန်းလှပေမယ့် ဖက်ရှင်အလန်းလေးတစ်ခုပါပဲ။
    ပိုက်ကွက်တွေ၊ဇာကွက်တွေအပေါက်တွေကို အမျိုးမျိုးဆင်ယင်ပြီးပွဲတက်တဲ့ သင်ဇာဝင့်ကျော်ရဲ့ဖက်ရှင်ဆန်းတွေနဲ့အတော်လေးယဉ်ပါးနေပြီးဖြစ်တဲ့
    ပရိတ်သတ်အတွက်တော့ ခုလိုရှပ်အိင်္ကျီအ၀ါကွက်လေးနဲ့ပွဲတက်လာတဲ့မင်းသမီးရဲ့ဖက်ရှင်ကအမြင်မှာ တမျိုးတဘာသာဆန်းနေပြန်ပါတယ်။
    အချိုရည်သောက်သုံးခြင်းကြောင့် နှစ်စဉ် လူဘယ်လောက်အထိ သေဆုံးနေသလဲ
    $
    0
    0
    Ref: Medical News Today
    sugar drink လို့ခေါ်တဲ့ အချိုရည်သောက်သုံးခြင်းဟာ အဝ လွန်ခြင်း၊ သွေးချိုဆီးချို၊ နှလုံးသွေး ကြောနှင့် ကင်ဆာရောဂါများ ဖြစ် ပွားမှုနှင့် ဆက်စပ်လျက်ရှိသည်။ လူတစ်ယောက်သည် sugar drink များကို တစ်ပတ်လျှင် ၄၅၀ ကယ်လိုရီ ထက်ပို၍ မသောက်သုံးသင့်ကြောင်း American Heart Association (AHA) မှ အကြံပြုထားသည်။ ထိုပမာဏသည် 12oz cola သုံးဘူး ထက်လျော့နည်းနေလေသည်။
    လူငယ်များ အချိုရည်သောက် သုံးခြင်းသည် နာတာရှည်ရောဂါများ ဖြစ်ပွားရန် အခွင့်အလမ်းပိုများနေ သည်။sugar drink များသောက်သုံးခြင်းကြောင့် နှစ်စဉ် ကမ္ဘာပေါ် တွင် ၁၈၄ ၄၅၀ ယောက်ခန့် သေဆုံး ပြီး အဖြစ်အများဆုံးရောဂါမှာ ဆီးချို ရောဂါဖြစ်ကာ နှလုံးရောဂါနှင့် ကင်ဆာရောဂါများလည်း ဖြစ်ကြ သည်။ ]]လူငယ်များကြား ထိုကဲ့သို့ သော ရောဂါများဖြစ်ပွားခြင်းသည် နိုင်ငံတစ်နိုင်ငံချင်းဆီ၏ လုပ်အား၊ ထုတ်လုပ်မှုနှင့် စီးပွားရေးအပေါ်တွင် ဆိုးကျိုးသက်ရောက်မှုကြီးမားနိုင်ပြီး ပြည်သူ့ကျန်းမာရေးအန္တရာယ်အဖြစ် ရှုမြင်သင့်သည်}} ဟု Prof.Singh မှ ပြောကြားခဲ့ပါသည်။
    ထို့အပြင် ၀င်ငွေအနည်းပါးဆုံး နှင့် အလယ်အလတ်ပမာဏရှိသော နိုင်ငံများတွင် အဆိုပါရောဂါ ဖြစ်ပွား မှုနှုန်းမှာ ပို၍များကြောင်း၊ ကမ္ဘာ့ နိုင်ငံအများစုတွင် သေဆုံးမှုများထဲမှ ပမာဏတော်တော်များများသည် နေ့ စဉ်စားသုံးမှုပုံစံထဲမှ sugar စားသုံးမှု များခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအန္တရာယ်အဖြစ် သတ် မှတ်သင့်ပါကြောင်း sugar ပါ၀င် သော အချိုရည်အများစုသည် ကျန်းမာရေးအတွက် မကောင်းဘဲ သောက်သုံးမှုလျော့ချခြင်းသည်သာ လျှင် အကောင်းဆုံးဖြစ်ကြောင်း Prof. Singh မှ အကြံပြုခဲ့ပါသည်။
    Dr. A.Z – Health Updates Journal
    Ref: Medical News Today
    အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၆-၁-၂၀၁၉ မှ ၁၂-၁-၂၀၁၉ ရက်နေ့အထိ)
    $
    0
    0
    တနင်္ဂနွေ
    တနင်္လာ
    အင်္ဂါ
    ဗုဒ္ဓဟူး
    ကြာသပတေး
    သောကြာ
    စနေ
     Yoyarlay
    #Unicode Version#
    တနင်္ဂနွေ
    ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့ကတော့ စီးပွားရေးအခြေအနေမှာ နေကြတ်ခြင်းကဲ့သို့ မထင်မှတ်သော အခက်အခဲများနှင့် ရင်ဆိုင်ရပါလိမ့်မယ်။ လုပ်လက်စစီးပွားရေးလုပ်ငန်းများတွင် ပြဿနာများ စတင်ပေါ်ပေါက်နိုင်ပြီး စပ်တူလုပ်ငန်းများမှာလည်း တစ်ယောက်နှင့်တစ်ယောက်မယုံကြည်ဘဲ သံသယများဖြစ်လာပါမယ်။ အစုရှယ်ယာများ ပြန်လည်ထုတ်ယူခြင်းများရှိလိမ့်မယ်။
    ကျန်းမာရေးအနေနဲ့ ဦးခေါင်းရောဂါဖြစ်တတ်ပြီး မျက်လုံးရောဂါ အခြေအနေဆိုးနေတတ်ပါတယ်။ ကျန်းမာရေးအထူးသတိထားရမည့်အချိန်ဖြစ်တယ်။ အချစ်ရေးမှာတော့ အချစ်စစ်ကို တွေ့ရှိပြီး အရူးအမူးခံစားရမယ့်အချိန်ပါ။ ပျော်နေရပါလိမ့်မယ်။ အိမ်ထောင်ရှင်တွေအနေနဲ့လည်း မိဘတွေရဲ့ ဝင်နှောက်ယှက် တာတွေဖြစ်တတ်ပါတယ်။ ဒီအတွက် အဆင်မပြေဖြစ်ရတတ်တယ်။ ပညာရေးကိုလိုက်စားတဲ့သူတွေကတော့ သင်တန်းမှား တက်မိလို့ စိတ်ညစ်နေရပါလိမ့်မယ်။ အစိုးရဝန်ထမ်းများ ကံကောင်းနေပါလိမ့်မယ်။
    အကျိုးပေးဂဏန်းမှာ - ၁။၅။၃ ယတြာ - ကလေးများကို အုန်းသီးပါသောမုန့်ဝယ်ကျွေးပါ။
    တနင်္လာ
    ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ကတော့ စီးပွားရေးလုပ်ငန်းများ ယာယီဆိုင်းထားသင့်သည့်အချိန်ဖြစ်သည်။ မိမိလုပ်ငန်းများကို သေချာကိုင်တွယ်ရမည့်အချိန်ဖြစ်ပြီး စီးပွားရေးဉာဏ်ကစားနိုင်မှ တော်ကာကျမည့်အချိန်ဖြစ်သည်။ အခြားပြိုလဲသွားသော စီးပွားရေးလုပ်ငန်းများ အကျိုးသက်ရောက်မှုများ မိမိထံရောက်လာတတ်သည်။ ကျန်းမာရေးအနေနှင့်အသည်းရောဂါ ဝေဒနာရှင်များ ဒီတစ်ပတ်မှာ သတိထားရမည့်အချိန်ဖြစ်တယ်။ အချစ်ရေး ကံကောင်းနေပြီး ချစ်သူနှင့် ဘုရားဖူးခရီးသွားရတတ်ပါတယ်။
    အိမ်ထောင်ရှင်များကတော့ နှစ်ဘက်ဆွေမျိုးများကို အထူး စိတ်ရှည်သိခံဖို့လိုပါတယ်၊ မိမိနေထိုင်ရာ အဆောက်အဦးကို အကြောင်းပြုပြီး စိတ်သောကရောက်ရတတ်ပါတယ်။ ပညာရေးသမားများကတော့ သင်တန်းတွေဆက်တက်ပါ။ ကား၊စက် ၊မြေယာ၊ ရေနံနှင့်ဆက်စပ်သောလုပ်ငန်းလုပ်ကိုင်သူများ ပိုသတိထားပါ။ အစိုးရဝန်ထမ်းလုပ်သူများကတော့ ဒီတစ်ပတ်အနည်းငယ် ညံ့ပါတယ်။
    အကျိုးပေးဂဏန်း – ၂ ၊ ၀ ၊ ၅။ ယတြာ – ငှက်ကလေးများကို တတ်နိုင်သလောက်အစာကျွေးပါ။
    အင်္ဂါ
    ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့ စီးပွားရေးလုပ်ငန်းတွင် ဆရာသမား၊ အထက်လူကြီး၊ ပြည်ပမှ မိတ်ဆွေ စသည်တို့၏ အကူအညီဖြင့် တိုးတက်ခြင်းများစတင်နိုင်ပါလိမ့်မည်။ မိမိလုပ်ငန်းတူအချို့ လုပ်ငန်းများ နားသွားကြမည်ဖြစ်ပြီး ထိုသူတို့၏ စီးပွားရေးဈေးကွက်ကို မိမိရရှိမည့်အချိန်ဖြစ်သည်။ လုပ်ငန်းတွင် အတိုက်အခိုက်တော့ ရင်ဆိုင်ရပါလိမ့်မယ်။ သတိနဲ့လုပ်ကိုင်ရမည်။
    သတ္တုနှင့်ဆိုင်သော စီးပွားရေးသမားများ ကံကောင်းပြီး ဆောက်လုပ်ရေးနှင့်ဆိုင်သော စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ အခက်အခဲရှိပါလိမ့်မယ်။ ကျန်းမာရေးအနေနှင့်ကတော့ ခါးကိုက်တတ်ပြီး၊ အာရုံကြောညပ်တတ်သည်၊ အစာအိမ်ရောဂါခံစားနေရသူများ အထူးသတိထားသင့်ပါတယ်။ အချစ်ရေးကတော့ အလွန်ကောင်းပါသည်။ အိမ်ထောင်ရှင်များ ခွဲနေရတတ်ပါတယ်။ ပညာရေးကောင်းပါသည်။ဝန်ထမ်းများ ကံကောင်းပါတယ်။ လက်နက်ကိုင်ဝန်ထမ်းများ သတိကြီးစွာထားသင့်သောအချိန်ဖြစ်သည်။
    အကျိုးပေးဂဏန်း – ၃ ၊ ၁ ၊ ၆။ ယတြာ – နွမ်းပါးသူလာရောက်တောင်းရမ်းပါက တတ်နိုင်သလောက်လှူပါ။
    ဗုဒ္ဓဟူး
    ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့ကတော့ အလွန်အလုပ်များသောကာလဖြစ်ပြီး မအိပ်မစားလုပ်နေရမည်။ သို့သော် ထိုလုပ်နေသော အလုပ်သည် မိမိအတွက်အကျိုးများစွာမရဘဲဖြစ်နေမည်။ လုပ်ငန်းပင်ပန်းသလောက် အကျိုးမရသည့်အပြင် မိမိဘယ်လောက်လုပ်လုပ် နာမည်ရသူက အခြားတစ်ယောက်ဖြစ်တတ်သည်။ စပ်တူလုပ်ငန်းများပြန်လည်စတင်နိုင်ပြီဖြစ်သည်။
    ကျန်းမာရေးအနေနှင့် သွေးတိုး၊ဆီးချိုရှိပါက အထူးသတိထားပါ ၊မတော်တဆလည်း ထိခိုက်မိတတ်သည်။ ဒီတစ်ပတ်မှာငွေချေးငှါးခြင်း၊ ဘဏ်မှချေးငွေထုတ်ခြင်းများအတွက် သတိထားရမယ့် အချိန်ပါ။ အချစ်ရေးကတော့ သံသယအချစ်တစ်ခု ဖြစ်တတ်ပါတယ်။ အိမ်ထောင်ရေးကလည်း အလွန်အေးစက်နေပါတယ်။ ခရီးယာယီဖြင့် ခွဲနေရလိမ့်မည်။ ပညာရေးကောင်းပါသည်။ ဝန်ထမ်းများ လုပ်ငန်းတွင် သတိကြီးကြီးဖြင့် လုပ်ပါ။
    ရာဟု - ရာဟုသားသမီးတို့ကတော့ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိမည့်အချိန်ပါ။ အချစ်ရေးကောင်းနေပြီး၊ အိမ်ထောင်ရေးညံချိန်ဖြစ်သည်။ သတိထားရမည်မှာ ယာဉ်အန္တရာယ်ရှိခြင်းဖြစ်သည်။ အထူးသတိထားရမည်မှာ မိမိထံသို့ ကားလာရောင်းပါက သတိထားဝယ်ပါ။
    အကျိုးပေးဂဏန်း – ၄ ၊ ၂ ၊ ဝ။ ယတြာ - ဗုဒ္ဓဟူးနေ့တွင် ရဟန်းတစ်ပါးအား ဆွမ်းလောင်းပါ။
    ကြာသပတေး
    ယခုအပတ်အတွင်း ကြာသာပတေး သားသမီးတို့အတွက် စီးပွားရေးလုပ်ငန်းများသည် ရန်သဘောဆောင်နေတတ်သည်။ လုပ်ငန်းသစ်ပြောင်းခြင်း၊ နေရာသစ်ပြောင်းခြင်းများဖြစ်တတ်ပါသည်။ စီးပွားရေးအတွက် မိမိယုံကြည်ရသူ၏ သံသယဖြစ်ခြင်းခံရမည်။ ငွေကိစ္စများ အဆင်မပြေနိုင်သေးပါ။ မိမိထံမှ ငွေချေးထားသူများ ထွက်ပြေးလိမ့်မည်၊ ထိုအတွက်ကိစ္စများမည်။
    ကျန်းမာရေးအနေနှင့် ရောဂါဟောင်း ပြန်ဖောက်တတ်လို့ အထူးသတိထားပါ။ ချစ်သူရည်းစားများ မိဘတို့ကြောင့် အလွန် စိတ်ညစ်ရမည်။ အိမ်ထောင်ရှင်များ မိဘများကြောင့် အခြေအနေ တင်းမာတတ်ပါတယ်။ ပညာရေးသမားများ သင်တန်းတွင် ရန်ပေါ်တတ်သည်။ အစိုးရဝန်ထမ်းများ အထက်လူကြီးကို အကြောင်းပြုပြီး အလွန်စိတ်ညစ်ရမည်။ လက်နက်ကိုင်ဝန်ထမ်းများ ကံကောင်းပါသည်။
    အကျိုးပေးဂဏန်း – ၅ ၊ ၃ ၊ ၁။ ယတြာ – ငှက်ကလေးများကို အစာကျွေးပါ။
    သောကြာ
    ယခုအပတ်အတွင်း သောကြာသားသမီးတို့သည် ငွေကြေးနှင့်ဆိုင်သော လုပ်ငန်းများတွင် ထင်သလောက်မပေါက်ဘဲ ပြောင်းလဲနေသော အခြေအနေများအရ စိတ်ဓာတ်ကျတတ်သည်။ ဆောက်လုပ်ရေးလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ကျောက်မျက်ရတနာလုပ်ငန်းများ ကောင်းမွန်ပြီး စက်ပစ္စည်း၊ ကား စသည့်ပစ္စည်း လုပ်ငန်းများ၊ရေလုပ်ငန်း၊ ဆန်စပါးလုပ်ငန်းများ ညံ့ပါသည်။
     ငွေကြေးကိစ္စ၊ အဆောက်အဦကိစ္စအတွက် အလွန်စိတ်ပူရလိမ့်မည်။ ကျန်းမာရေးကတော့ ခြေထောက်တွင် ဒဏ်ရာရတတ်သည်။ နှလုံးရောဂါရှင်များနှင့် ဆီးကျောက်ကပ်ဝေဒနာရှင်များ အရေးကြီးပါသည်။ အချစ်ရေးကတော့ အထူးကောင်းနေပါသည်။ အိမ်ထောင်သည်များလည်း စိတ်ချမ်းသာရမည်။ ပညာရေးသမားများ ကြိုးစားရမည်။ အစိုးရဝန်ထမ်းများ အဆင်ပြေပြီး သင်တန်းတက်ရတတ်သည်။
    အကျိုးပေးဂဏန်း – ၆ ၊ ၄ ၊ ၂။ ယတြာ – အိမ်ဘုရားတွင် ရေချမ်း၊ ဆွမ်း သေချာကပ်လှူပါ။
    စနေ
    ယခုအပတ်အတွင်း စနေသားသမီးတို့သည် စီးပွားရေးလုပ်ငန်းများ ကံပြန်ကောင်းနေတတ်ပါသည်။ ငွေကြေးကိစ္စများအတွက် နိုင်ငံခြားမှ မိတ်ဆွေတို့၏အကူအညီဖြင့် ဖြေရှင်းနိုင်မည်။ စိတ်သက်သာရာရလာမည်။ လုပ်ငန်းဟောင်းက မထင်ထားသောငွေများလည်း ပြန်ပေါ်မည်။ လက်အောက်ငယ်သားများ ပြန်တော်လှန်သဖြင့် အလွန်အလုပ်များမည်၊စိတ်ညစ်ရမည်၊ဝန်ထမ်းသစ်များရှာဖွေရမည်။
    ကျန်းမာရေးအနေနှင့် ရောဂါဟောင်းပြန်ထပြီး ဆေးကုသခံရမည့်အချိန်ဖြစ်သည်။ အချစ်ရေးတွင်ကံညံ့သွားပြီး အဖြေရရန် ဝေးနေပါသေးသည်။ အိမ်ထောင်သည်များ ငွေကြေးကို အကြောင်းပြုပြီး စိတ်သဘောထားကွဲနေတတ်သည်။ ပညာရေးသမားများ အထူးအောင်မြင်ပါလိမ့်မည်။ ဝန်ထမ်းများ အဆင်ပြေလာပါပြီ။
    အကျိုးပေးဂဏန်း – ၇ ၊ ၅ ၊၃။ ယတြာ – စနေနေ့တွင် ရဟန်းတစ်ပါးအား ထီး၊ ဖိနပ် လှူပါ။
    Viewing all 13796 articles
    Browse latest View live
    <script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>