Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

NLD အျပတ္အသတ္ ႏိုင္တာကို ႀကိဳဆုိပါတယ္

$
0
0
ဧရာ၀တီ| December 8, 2015 | ဦးေအးသာေအာင္, ရခိုင္အမ်ိဳးသားပါတီ, ANP, NLD

ရခိုင္အမ်ိဳးသားပါတီ ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီ၀င္ ဦးေအးသာေအာင္ (ဓာတ္ပံု – ေဂ်ပိုင္/ဧရာ၀တီ)

၂၀၁၅ ေရြးေကာက္ပြဲတြင္ ရခိုင္အမ်ိဳးသားပါတီ(ANP)သည္ ရခိုင္ျပည္နယ္ လႊတ္ေတာ္တြင္ ေနရာ ၄၇ ေနရာရွိရာ ၂၃ ေနရာ အႏိုင္ရရွိခဲ့သည္။ လႊတ္ေတာ္ ေနရာေပါင္း၏ တ၀က္နီးပါး ရရွိခဲ့ျခင္း ျဖစ္ေသာ္လည္း အစိုးရဖြဲ႕ႏိုင္ေရး သို႔မဟုတ္ လႊတ္ေတာ္တြင္ ေမးခြန္းႏွင့္ အဆိုမ်ား မဲခြဲ ဆံုးျဖတ္ ရာတြင္ အႏုိင္ရရွိေရးအတြက္ လံုေလာက္သည့္ အေရအတြက္ မဟုတ္ပါ။ ထို႔ေၾကာင့္ ANP ပါတီ၏ အနာဂတ္ ႏုိင္ငံေရး ရည္မွန္းခ်က္၊ ရခိုင္ ႏုိင္ငံ ေရး ေခါင္းေဆာင္မ်ား၏ ရင္ၾကားေစ့ေရး၊ ျပည္နယ္ အစိုးရဖြဲ႕ႏုိင္ျခင္း ရွိ/မရွိ၊ ရခိုင္ျပည္နယ္ ျပဳျပင္ေျပာင္းလဲေရး၊ ျပည္နယ္တြင္းရွိ လူမ်ိဳး၊ ဘာသာ မတူသူမ်ားၾကား အတူယွဥ္တြဲ ေနထိုင္ႏုိင္ေရးႏွင့္ အႏိုင္ရ NLD ပါတီ အေပၚ သေဘာထားတုိ႔ကို ရခိုင္အမ်ိဳးသားပါတီ ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီ၀င္ ဦးေအးသာေအာင္ကို ဧရာ၀တီ ေကာ္ပီ အယ္ဒီတာ ထက္ႏုိင္ေဇာ္က ဆက္သြယ္ေမးျမန္းထားပါသည္။

ေမး ။    ။ ၁၉၉၀ ေရြးေကာက္ပြဲမွာလည္း အန္ကယ္တုိ႔ ႏုိင္ခဲ့တယ္။ အခု ၂၀၁၅ ေရြးေကာက္ပြဲမွာလည္း ထပ္ႏုိင္ခဲ့တယ္ဆိုေတာ့ ဘာေၾကာင့္ ျပည္သူ လူထုက အႀကိမ္ႀကိမ္ ေရြးခ်ယ္တယ္လို႔ ထင္ပါသလဲ။

ေျဖ ။    ။ ၉၀ ေရြးေကာက္ပြဲတုန္းက က်ေနာ္သည္ ရခိုင္ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ရဲ႕ တြဲဖက္ အေထြေထြ အတြင္းေရးမွဴး ျဖစ္တယ္။ ဒါေပမယ့္ က်ေနာ္ ေရြးေကာက္ပြဲ    မ၀င္ခဲ့ဘူး။ က်ေနာ္တို႔ပါတီက ႏုိင္တာ။ အခုမွပဲ က်ေနာ္ ေရြးေကာက္ပြဲ ၀င္တာပါ။ အဓိက, ကေတာ့ က်ေနာ္တို႔က ေတာက္ေလွ်ာက္ ႏုိင္ငံေရးလုပ္ လာတယ္။ ၈၈ အေရးအခင္း ေနာက္ပိုင္းမွာ ႏုိင္ငံေရးပါတီ ေထာင္တယ္။ ေတာက္ေလွ်ာက္ က်ေနာ္တို႔ ေျပာေနတာက တိုင္းျပည္မွာ အာဏာရွင္ စနစ္ က်ဆံုးဖို႔၊ ဒီမိုကေရစီစနစ္ ထြန္းကားဖို႔၊ တုိင္းရင္းသားေတြ ႏုိင္ငံေရး တန္းတူ အခြင့္အေရးရဖို႔၊ ျပည္နယ္ေတြမွာ ကိုယ္ပိုင္ ျပ႒ာန္းခြင့္ရၿပီးေတာ့ ျပည္ေထာင္စုကို ဖက္ဒရယ္ ျပည္ေထာင္စုစနစ္နဲ႔ ထူေထာင္မွ က်ေနာ္တို႔ ျမန္မာႏုိင္ငံဟာ ၿငိမ္းခ်မ္းေရးရမယ္၊ ဖြံ႕ၿဖိဳးတိုးတက္မယ္ ဆိုတာကို ေတာက္ေလွ်ာက္ မီဒီယာေတြကလည္း ေျပာတယ္။

ပါတီေထာင္တဲ့ အခါမွာလည္း ပါတီရဲ႕ မူ၀ါဒေတြမွာ ျပ႒ာန္းၿပီးေတာ့ ျပည္သူေတြကို ခ်ျပတယ္။ အန္ကယ္တို႔ ခ်ျပတဲ့ မူ၀ါဒေတြကို ျပည္သူေတြက လက္ခံ သေဘာက်လို႔ အခုလို ေရြးေကာက္ပြဲမွာ အန္ကယ့္ကို မဲေပးတယ္။ အန္ကယ္တို႔ အႏုိင္ရတယ္လို႔ ထင္ပါတယ္။

ေမး ။    ။ ၂၀၁၅ ေရြးေကာက္ပြဲအၿပီးမွာ ရခိုင္ႏိုင္ငံေရး ေခါင္းေဆာင္တခ်ိဳ႕ သေဘာထား ကြဲလြဲမႈေၾကာင့္ ရခိုင္ျပည္နယ္ စည္းလံုးမႈ ၿပိဳကြဲၿပီး ဖြံ႕ၿဖိဳးမႈ ေနာက္က်မွာကို ရခိုင္လူထုက စိုးရိမ္ေနၾကပါတယ္။ အဲဒီအေပၚမွာ ဘာေျပာခ်င္ပါသလဲ။

ေျဖ ။    ။ မွန္ပါတယ္။ ျပည္နယ္တခု၊ ေဒသတခု ဖြံ႕ၿဖိဳးတိုးတက္ဖို႔ ဆိုတာက ႏုိင္ငံေရးပါတီ၊ ႏုိင္ငံေရး အင္အားစုေတြ ညီညႊတ္ဖို႔ လိုပါတယ္။ အဲလို ညီညႊတ္တဲ့ အင္အားစုတခုက ရခိုင္ျပည္သူေတြရဲ႕ အက်ိဳးစီးပြားကို စုစုစည္းစည္း ညီညီညႊတ္ညႊတ္နဲ႔ ႀကိဳးပမ္းေဆာင္ရြက္ဖို႔ လိုပါတယ္။ ဒါေၾကာင့္ ရခိုင္ျပည္နယ္မွာရွိတဲ့ ႏုိင္ငံေရးပါတီေတြထဲမွာ တခ်ိဳ႕ေခါင္းေဆာင္ေတြအတြင္းမွာ မညီမညႊတ္ျဖစ္ေနတာကို ျပည္သူေတြက မလိုမလားျဖစ္တယ္။ အားမလို အားမရ ျဖစ္တယ္။ ဒါေပမယ့္ ဘာပဲျဖစ္ျဖစ္ က်ေနာ့္အျမင္ ေျပာရမယ္ဆိုရင္ ႏုိင္ငံေရးအရ သေဘာထားကြဲလြဲမႈေတြ ရွိမယ္။ ဒါေပမယ့္ ျပည္သူအတြက္ ျပည္နယ္အတြက္ ႀကိဳးပမ္းဖို႔ ရည္မွန္းခ်က္မွာေတာ့ တစုတစည္းတည္း ရပ္တည္ရမယ္ဆိုရင္ ဘာပဲျဖစ္ျဖစ္ ရခိုင္ျပည္နယ္နဲ႔ ရခိုင္ျပည္သူေတြအတြက္ ႀကိဳးပမ္းေဆာင္ရြက္ႏိုင္လိမ့္မယ္လို႔ ယူဆပါတယ္။

ေမး ။    ။ ရခုိင္ျပည္နယ္မွာ ရခိုင္အမ်ိဳးသားပါတီ(ANP) အေနနဲ႔ အစိုးရ ဖြဲ႕ႏုိင္ဖို႔ အလားအလာ ရွိပါသလား။ ဘယ္သူေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ ရွိပါသလဲ။

ေျဖ ။    ။ ၂၀၁၅ ေရြးေကာက္ပြဲကို ရခိုင္အမ်ိဳးသားပါတီ(ANP) အေနနဲ႔ ၀င္ေရာက္ ယွဥ္ၿပိဳင္တဲ့အခါမွာ အဓိက ရည္မွန္းခ်က္က ရခိုင္ျပည္နယ္ အစိုးရ ဖြဲ႕ႏိုင္ဖို႔ပါ။ ျပည္နယ္ အစိုးရ ဖြဲ႕ႏိုင္ဖို႔အတြက္ ျပည္နယ္လႊတ္ေတာ္မွာ ကိုယ္စားလွယ္ဦးေရ တ၀က္ေက်ာ္ေက်ာ္ သို႔မဟုတ္ ျပတ္ျပတ္သားသား အႏုိင္ရဖို႔ ႀကိဳးပမ္း ေဆာင္ရြက္ခဲ့ပါတယ္။ အခုေတာ့ တ၀က္ေတာင္ မေက်ာ္ဘဲ ၂၃ ေနရာ အႏုိင္ရခဲ့တယ္။ ဘာပဲျဖစ္ျဖစ္ ျပည္နယ္မွာေတာ့ ေနရာ အမ်ားဆံုးႏုိင္တဲ့ပါတီ ျဖစ္တယ္။ လက္ရွိ အေျခအေနမွာလည္း ျပည္နယ္ အစိုးရ ဖြဲ႕စည္းႏုိင္တဲ့ အေျခအေနရွိပါတယ္။

ဒါေပမယ့္ ၂၀၀၈ ဖြဲ႕စည္းပံု အရ သမၼတကပဲ ျပည္နယ္ ၀န္ႀကီးခ်ဳပ္ကို ခန္႔ရတယ္။ ျပည္နယ္ ၀န္ႀကီးခ်ဳပ္က မိမိႀကိဳက္တဲ့သူနဲ႔ ျပည္နယ္အစိုးရကို ဖြဲ႕ႏိုင္တဲ့အတြက္ အဲဒီအေန အထားမွာ သမၼတသည္ NLD ပါတီက ျဖစ္လာႏိုင္တဲ့အတြက္ ျဖစ္လာမယ့္ သမၼတက ရခိုင္ျပည္နယ္မွာ အမ်ားဆံုး အႏုိင္ရတဲ့ ရခိုင္အမ်ိဳးသား ပါတီကို အစိုးရဖြဲ႕ခြင့္ ေပးမွာလား။ တနည္းအားျဖင့္ ရခိုင္အမ်ိဳးသား ပါတီကေန ၀န္ႀကီးခ်ဳပ္ကို ခန္႔မွာလား။ သို႔တည္း မဟုတ္ ၂၀၀၈ ဖြဲ႕စည္းပံု ဥပေဒအရပဲ NLD က တဦးဦးကို ၀န္ႀကီးခ်ဳပ္ ခန္႔မွာလား။ ဒီကိစၥကေတာ့ က်ေနာ္တုိ႔လည္း ေတာ္ေတာ္ေလး မွန္းရခက္ပါတယ္။

ေမး ။    ။ အစိုးရ ဖြဲ႕ႏိုင္ရင္ပဲ ျဖစ္ျဖစ္ ရခိုင္ျပည္နယ္မွာ ေနရာအမ်ားစု အႏုိင္ရထားတဲ့ ပါတီေခါင္းေဆာင္တဦး အေနနဲ႔ပဲျဖစ္ျဖစ္ ဘယ္လိုျပဳျပင္ ေျပာင္းလဲေရးေတြ လုပ္ဖို႔ ျပင္ဆင္ထားလဲ။

ေျဖ ။    ။ ျပဳျပင္ေျပာင္းလဲေရးေတြက လုပ္ရမွာ အမ်ားႀကီးပဲ။ ရခိုင္ျပည္နယ္သည္ အဆင္းရဲဆံုး ျပည္နယ္တခု ျဖစ္တယ္။ စီးပြားေရး၊ က်န္းမာ ေရး၊ ပညာေရး၊ လမ္းပန္းဆက္သြယ္ေရးေတြပါ ဘက္စံု ယိုယြင္း က်ဆင္းေနတဲ့ ျပည္နယ္တခု ျဖစ္တယ္။ လွ်ပ္စစ္မီး မလံုေလာက္ဘူး။ အခုက ၿမိဳ႕ ၃၊ ၄ ခုေလာက္ပဲ မီးရတယ္။ က်န္တဲ့ၿမိဳ႕ေတြမွာ လွ်ပ္စစ္မီး မရဘူး။ လွ်ပ္စစ္မီး မရတဲ့အတြက္ေၾကာင့္ စက္႐ံု၊ အလုပ္႐ံုေတြ မရွိဘူး။ စက္႐ံု၊ အလုပ္ ႐ံုေတြ ေပၚထြန္းလာဖို႔ လိုတယ္။ ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္ အျမန္ဆံုး အေကာင္အထည္ေဖာ္ဖို႔။ ျဖစ္ႏိုင္ရင္ ပု႑ားကၽြန္းဘက္မွာ ရွိတဲ့ စက္မႈဇုန္ကို အေကာင္အထည္ ေဖာ္ႏိုင္ဖို႔ ႀကိဳးစားရမယ္။

ေနာက္တခုက လယ္ယာက႑ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ရမယ္။ ရခိုင္မွာ သား၊ ငါး၊ ပုဇြန္ တခ်ိန္တုန္းက ေပါခဲ့တယ္။ စစ္အစိုးရ လက္ထက္က စည္းမဲ့ကမ္းမဲ့ ႏုိင္ငံျခား ကုုမၸဏီေတြ၊ သေဘာၤေတြကို ဖမ္းခြင့္ေပးလိုက္တဲ့ အတြက္ေၾကာင့္ ရွားပါးသြားၿပီ။ ဒါကိုလည္းပဲ စနစ္တက် ျပန္ၿပီးေတာ့ ထိန္းသိမ္းရမယ္။ ေနာက္တခုက ေျမာက္ပိုင္းမွာရွိတဲ့ နယ္စပ္လံုၿခံဳေရးကို အကယ္၍ေပါ့ေလ ရခိုင္ျပည္နယ္မွာ လုပ္ပိုင္ခြင့္ရွိတဲ့ အစိုးရတရပ္ ျဖစ္ လာမယ္ဆိုရင္ လံုၿခံဳေရးကို ယခုထက္ပိုၿပီး တင္းတင္းက်ပ္က်ပ္ ေဆာင္ရြက္ဖို႔ ရည္ရြယ္ပါတယ္။

ေမး ။    ။ ရခိုင္ျပည္နယ္မွာ မတူညီတဲ့ လူမ်ိဳးေပါင္းစံု၊ ဘာသာေပါင္းစံု အတူတကြ ယွဥ္တြဲေနထိုင္ႏုိင္ေအာင္ ဘယ္လိုလုပ္မလဲ။ သူတုိ႔ေၾကာင့္ ျပည္နယ္ ဖြံ႕ၿဖိဳးတိုးတက္မႈကို ေနာက္မက်ဖုိ႔ လိုသလို ဒီမိုကေရစီကိုလည္း အတူမွ်ေ၀ခံစားရဖို႔ လိုပါတယ္။

ေျဖ ။    ။ ဒီလိုပါ။ အခု ရခိုင္ျပည္နယ္မွာ တဖက္ႏိုင္ငံက အိႏၵိယႏိုင္ငံ၊ အေနာက္ဘက္မွာ အေရွ႕ပါကစၥတန္၊ အခုေတာ့ ဘဂၤလားေဒ့ရွ္ ဒီႏုိင္ငံမွာက လူဦးေရ ေပါက္ကြဲေနတယ္။ ဘယ္ႏိုင္ငံကိုပဲ ၾကည့္လိုက္ ၾကည့္လုိက္ ရွမ္းျပည္သာသာပဲ ရွိတယ္။ လူဦးေရက သန္း ၁၂၀။ ဆိုေတာ့ ေန႔စဥ္ ေခတ္ အဆက္ဆက္ ရခုိင္ျပည္နယ္ထဲကို နည္းမ်ဳိးစံုနဲ႔ ၀င္တယ္။ အဲဒီေတာ့ ၀င္လာတဲ့အခါမွာ လူဦးေရမ်ားလာေတာ့ တသန္းေလာက္ ရွိေတာ့ အရင္ ကေတာ့ စားေသာက္ လုပ္ကိုင္စားေသာက္ဖုိ႔ ရည္ရြယ္ခ်က္နဲ႔ လာတယ္။ အခုေတာ့ နယ္ေျမကို က်ဴးေက်ာ္ဖို႔ ႀကိဳးပမ္းလာတယ္။ ဒါကို ရခုိင္ျပည္သူေတြက စိုးရိမ္တယ္။

အမ်ဳိးသား လံုၿခံဳေရး၊ ျပည္ေထာင္စုရဲ႕ လံုၿခံဳေရးအေနနဲ႔ အေရးတႀကီး ေျဖရွင္းဖုိ႔ လုိတယ္။ ေနာက္တခုက ဒီတရားမ၀င္ ၀င္ေရာက္လာတဲ့သူေတြ ကို ၁၉၈၂ ႏုိင္ငံသား ဥပေဒနဲ႔အညီ ျပည္ေထာင္စု အစုိးရက စိစစ္ေဆာင္ရြက္ဖို႔ လိုပါတယ္။ အဲေတာ့ အဲဒီမွာ တခ်ဳိ႕ႏုိင္ငံသား ျဖစ္ခြင့္ရမယ့္သူေတြ ရွိမယ္။ ႏိုင္ငံသား ျဖစ္ခြင့္ရတဲ့သူတခ်ဳိ႕ကုိ ႏိုင္ငံသားအခြင့္အေရး ေပးမယ္ဆုိရင္ ဒီျပႆာနာရဲ႕ တခ်ဳိ႕တ၀က္ေတာ့ ေျပလည္ႏုိင္မယ္လုိ႔ ျမင္ပါ တယ္။ က်န္တဲ့ ႏုိင္ငံသား မဟုတ္တဲ့ နည္းမ်ဳိးစံုနဲ႔ ခုိး၀င္လာတဲ့ လူေတြကုိေတာ့ ကုလသမဂၢရဲ႕ အဖြဲ႕အစည္းမ်ားနဲ႔ ညိႇႏိႈင္းၿပီးေတာ့ ဘယ္လုိဘယ္ပံု ေဆာင္ရြက္ ေျဖရွင္းရမလဲဆုိတာကုိ ေဆြးေႏြးေျဖရွင္းဖို႔ လုိမယ္လို႔ ထင္ပါတယ္။

ေမး ။    ။ အခုလက္ရွိ ေရြးေကာက္ပြဲမွာ အႏုိင္ရရွိၿပီးေတာ့ အစိုးရဖြဲ႕ႏုိင္ေတာ့မယ့္ NLD ပါတီ အေပၚမွာေရာ ဘယ္လုိ သေဘာထားရွိပါသလဲ။

ေျဖ ။    ။ အခုေတာ့ NLD ပါတီက အျပတ္အသတ္ အႏုိင္ရတယ္။ အဲဒီေတာ့ က်ေနာ္တုိ႔ တုိင္းျပည္က ႏွစ္ေပါင္း ၅၀ ေက်ာ္၊ ရာစုတ၀က္ေက်ာ္ အာဏာ ရွင္ စနစ္ေအာက္ကို က်ေရာက္ခဲ့တယ္။ က်ေရာက္ခဲ့တဲ့အတြက္ေၾကာင့္ ႏုိင္ငံေရး၊ စီပြားေရး၊ ပညာေရး၊ က်န္းမာေရး၊ လမ္းပန္း ဆက္သြယ္ေရး ဘက္စံု ယုိယြင္း က်ဆင္းတယ္။ အဲဒီေတာ့ တုိင္းျပည္ကို ျပဳျပင္ေျပာင္းလဲဖို႔ လုိတယ္။ အေျပာင္းအလဲလုပ္ဖုိ႔ လုိတယ္။ အေျပာင္းအလဲ ဆုိတာက အာဏာရွင္စနစ္က ဒီမုိကေရစီစနစ္ကို ေျပာင္းဖို႔၊ အဓိက ေကာင္းမြန္တဲ့ အစုိးရတရပ္ ေပၚထြန္းဖို႔၊ ေနာက္တခါ တုိင္းရင္းသား လူမ်ဳိးေပါင္းစံု ေနထုိင္တဲ့ တုိင္းျပည္ျဖစ္တဲ့ အတြက္ေၾကာင့္ တရားမွ်တမႈ မရွိတဲ့ လက္ရွိျပည္ေထာင္စုစနစ္ကို တရားမွ်တမႈရွိတဲ့ ဖက္ဒရယ္ ျပည္ေထာင္စု စနစ္ေပၚထြန္းဖို႔အတြက္ ႀကိဳးပမ္းေဆာင္ရြက္ရမယ္။

အဲေတာ့ အဲလုိေဆာင္ရြက္ဖို႔ ႀကိဳးပမ္းေနတဲ့အခါမွာ NLD အေနနဲ႔ ဒီမုိကေရစီစနစ္ ထြန္းကားဖို႔ ႀကိဳးပမ္းတယ္။ တုိင္းရင္းသားအေရးကုိလည္း ေဆာင္ရြက္ဖို႔ ႀကိဳးပမ္းေနတဲ့ ပါတီတခု ျဖစ္တယ္။ ဒါ့အျပင္ ၁၉၉၀ ေရြးေကာက္ပြဲ အလြန္မွာ NLD  သည္ တုိင္းရင္းသားေလးပါတီနဲ႔ CRPP ေခၚ လႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီကိုဖြဲ႕ၿပီးေတာ့ လႊတ္ေတာ္ ေပၚေပါက္ေရး၊ ဒီမုိကေရစီ ထြန္းကားေရး၊ တိုင္းရင္းသားေတြရဲ႕ တန္းတူအခြင့္အေရး၊ ဖက္ဒရယ္ျပည္ေထာင္စု ေပၚေပါက္ေရး၊ ျပည္တြင္းၿငိမ္းခ်မ္းေရး ရရွိဖို႔အတြက္ ပူးေပါင္း လက္တြဲ ေဆာင္ရြက္ခဲ့တဲ့ အေနအထားေတြ ရွိပါတယ္။ ဒါေၾကာင့္ အခု NLD က အျပတ္အသတ္ အႏုိင္ရတဲ့အတြက္ေၾကာင့္ လႊတ္ေတာ္မွာလည္းပဲ ဖြဲ႕စည္းပံု ျပင္ဆင္ေရး အပါအ၀င္ ျပည္သူေတြအတြက္ ဥပေဒ အဆုိျပဳလႊာေတြကို ေရးႏုိင္တင္ႏိုင္မယ္လုိ႔ ျမင္တယ္။ ၿပီးေတာ့ ေကာင္းမြန္တဲ့ အစုိးရတရပ္ကုိလည္း ဖြဲ႕စည္းၿပီးေတာ့ ျမန္မာႏုိင္ငံမွာ အဆုိးဆံုး လာဘ္စားမႈ၊ လာဘ္ေပးလာဘ္ယူ စနစ္ေတြကို တုိက္ဖ်က္ႏုိင္မယ္လုိ႔ ျမင္တဲ့အတြက္ေၾကာင့္ က်ေနာ္ကေတာ့ NLD အျပတ္အသတ္ ႏိုင္တာကို ႀကိဳဆုိပါတယ္။

ေမး ။    ။ NLD ပါတီက ရခုိင္အပါအ၀င္ တုိင္းရင္းသားေတြနဲ႔ ရင္ၾကားေစ့လုပ္ႏုိင္မယ္လုိ႔ အန္ကယ္ထင္လား။ NLD အေနနဲ႔ ရင္ၾကားေစ့ေရးနဲ႔ ပတ္သက္ၿပီး ဘာစလုပ္ေစခ်င္လဲ။

ေျဖ ။    ။ ရင္ၾကားေစ့ေရးဆုိတာ က်ေနာ္တုိ႔ တုိင္းျပည္မွာ ေခတ္အဆက္ဆက္ အင္အားစုေတြ အထူးသျဖင့္ ႏုိင္ငံေရး ပါတီေတြ၊ ႏိုင္ငံေရး အင္အား စုေတြ အကဲြအၿပဲျဖစ္ခဲ့တဲ့ ေနာက္ပုိင္းမွာ တပ္နဲ႔ ႏုိင္ငံေရး အင္အားစုေတြ အစုိးရ အဆက္ဆက္နဲ႔ တုိင္းရင္းသား လက္နက္ကုိင္ အဖြဲ႕အစည္းေတြ၊ တုိင္းရင္းသား ႏုိင္ငံေရးပါတီေတြ ပဋိပကၡေတြ ျပႆနာေတြရွိတဲ့ အတြက္ေၾကာင့္ အမ်ဳိးသား ညီၫြတ္မႈ ပ်က္ျပား ၿပိဳကြဲေနတဲ့ တုိင္းျပည္ပဲ ျဖစ္ပါ တယ္။ ဒီေတာ့ အမ်ဳိးသား ရင္ၾကားေစ့ေရးက မလုပ္မျဖစ္ လုပ္ရမွာပါ။ အဲလုိလုပ္တဲ့ေနရာမွာ လက္ရွိ NLD အေနနဲ႔ ၿပီးေတာ့ တပ္မေတာ္၊ သမၼတ ဦးသိန္းစိန္၊ ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားနဲ႔ ေဆြးေႏြးတယ္။ အမ်ဳိးသား ရင္ၾကားေစ့ေရးကုိ ၾကည့္ၿပီးေတာ့ ေဆြးေႏြးတယ္။ ယံုၾကည္မႈကုိ တည္ ေဆာက္တယ္။ အလားတူပဲ တုိင္းရင္းသား ႏုိင္ငံေရး ပါတီ၊ တုိင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားနဲ႔လည္းပဲ ယံုၾကည္မႈကုိ တည္ေဆာက္ ၿပီးေတာ့ ပူးေပါင္း ေဆာင္ရြက္ႏိုင္ဖုိ႔ ေဆြးေႏြးဖို႔ လုိပါတယ္။

ဘာေၾကာင့္လဲ က်ေနာ္တို႔ တုိင္းျပည္မွာ ေရြးေကာက္ပြဲ အႏုိင္ရတာနဲ႔ မၿပီးေသးဘူး။ ဆက္လက္ၿပီးေတာ့ ျပည္တြင္းစစ္ ရပ္ဖုိ႔ ျပည္တြင္း ၿငိမ္းခ်မ္း ေရးကို ေဖာ္ေဆာင္ဖုိ႔ လတ္တေလာ NCA လက္မွတ္ ထုိးထားတာက ႏိုင္ငံေရး တုိင္းရင္းသားပါတီ ၈ ဖြဲ႕ပဲ ထိုးထားတယ္။ ၁၃ဖြဲ႕က မထုိးေသးဘူး။ ဒါေတြကို ေနာင္တက္လာမယ့္ NLD အစုိးရ၊ ေနာင္တက္လာမယ့္ NLD သမၼတက ဘယ္လုိ ေဆာင္ရြက္မလဲ၊ ဒါေတြကုိ လက္တြဲ ပူးေပါင္း ေဆာင္ ရြက္ဖို႔အတြက္ ကာကြယ္ေရး ဦးစီးခ်ဳပ္ရဲ႕ ပူးေပါင္းေဆာင္ရြက္မႈလည္း လုိသလုိ တိုင္းရင္းသား ပါတီေတြ ၿပီးေတာ့ တုိင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြလည္း ပူးေပါင္း ေဆာင္ရြက္ဖုိ႔ လိုပါတယ္။ ဒါေၾကာင့္ အမ်ဳိးသား ရင္ၾကားေစ့ေရးကို ဦးတည္ၿပီးေတာ့ NLD က တုိင္းရင္းသား ပါတီေတြနဲ႔ ေဆြးေႏြးဖုိ႔ လုိပါတယ္။ အခုေတာ့ UNA နဲ႔ ေဆြးေႏြးဖုိ႔ေတာ့ ကမ္းလွမ္းထားတယ္။ ဘယ္ေန႔၊ ဘယ္ရက္ ေဆြးေႏြးမယ္ဆုိတာ မသိေသး ပါဘူး။

ေမး ။    ။ အန္ကယ္ကုိ NLD ကေနၿပီးေတာ့ အစုိးရအဖြဲ႕မွာ ရာထူး တေနရာပဲျဖစ္ျဖစ္ ျပည္ေထာင္စုအဆင့္ ရာထူးတေနရာပဲျဖစ္ျဖစ္ ကမ္းလွမ္း လာမယ္ဆုိရင္ လက္ခံသြားဖုိ႔ ရွိပါသလား။

ေျဖ ။    ။ ဒါေတာ့ က်ေနာ္လည္းေျပာဖုိ႔ ခက္ပါတယ္။ ကမ္းလွမ္းလာတာလည္း မရိွေသးပါဘူး။ အခုအခ်ိန္မွာေတာ့ မွန္းၿပီးေတာ့ ေရးေန ေျပာေနၾကတာ ေတြလည္း က်ေနာ္ ဖတ္ရပါတယ္။ ဒါေတြနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ့္အေနနဲ႔ ေျပာဖုိ႔ ဘာမွမရွိပါဘူး။
Irrawaddy
.................
NLD အပြတ်အသတ် နိုင်တာကို ကြိုဆိုပါတယ်
ဧရာဝတီ| December 8, 2015 | ဦးအေးသာအောင်, ရခိုင်အမျိုးသားပါတီ, ANP, NLD

ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးအေးသာအောင် (ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)

၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ(ANP)သည် ရခိုင်ပြည်နယ် လွှတ်တော်တွင် နေရာ ၄၇ နေရာရှိရာ ၂၃ နေရာ အနိုင်ရရှိခဲ့သည်။ လွှတ်တော် နေရာပေါင်း၏ တဝက်နီးပါး ရရှိခဲ့ခြင်း ဖြစ်သော်လည်း အစိုးရဖွဲ့နိုင်ရေး သို့မဟုတ် လွှတ်တော်တွင် မေးခွန်းနှင့် အဆိုများ မဲခွဲ ဆုံးဖြတ် ရာတွင် အနိုင်ရရှိရေးအတွက် လုံလောက်သည့် အရေအတွက် မဟုတ်ပါ။ ထို့ကြောင့် ANP ပါတီ၏ အနာဂတ် နိုင်ငံရေး ရည်မှန်းချက်၊ ရခိုင် နိုင်ငံ ရေး ခေါင်းဆောင်များ၏ ရင်ကြားစေ့ရေး၊ ပြည်နယ် အစိုးရဖွဲ့နိုင်ခြင်း ရှိ/မရှိ၊ ရခိုင်ပြည်နယ် ပြုပြင်ပြောင်းလဲရေး၊ ပြည်နယ်တွင်းရှိ လူမျိုး၊ ဘာသာ မတူသူများကြား အတူယှဉ်တွဲ နေထိုင်နိုင်ရေးနှင့် အနိုင်ရ NLD ပါတီ အပေါ် သဘောထားတို့ကို ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးအေးသာအောင်ကို ဧရာဝတီ ကော်ပီ အယ်ဒီတာ ထက်နိုင်ဇော်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။    ။ ၁၉၉၀ ရွေးကောက်ပွဲမှာလည်း အန်ကယ်တို့ နိုင်ခဲ့တယ်။ အခု ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ထပ်နိုင်ခဲ့တယ်ဆိုတော့ ဘာကြောင့် ပြည်သူ လူထုက အကြိမ်ကြိမ် ရွေးချယ်တယ်လို့ ထင်ပါသလဲ။

ဖြေ ။    ။ ၉၀ ရွေးကောက်ပွဲတုန်းက ကျနော်သည် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဖြစ်တယ်။ ဒါပေမယ့် ကျနော် ရွေးကောက်ပွဲ    မဝင်ခဲ့ဘူး။ ကျနော်တို့ပါတီက နိုင်တာ။ အခုမှပဲ ကျနော် ရွေးကောက်ပွဲ ၀င်တာပါ။ အဓိက, ကတော့ ကျနော်တို့က တောက်လျှောက် နိုင်ငံရေးလုပ် လာတယ်။ ၈၈ အရေးအခင်း နောက်ပိုင်းမှာ နိုင်ငံရေးပါတီ ထောင်တယ်။ တောက်လျှောက် ကျနော်တို့ ပြောနေတာက တိုင်းပြည်မှာ အာဏာရှင် စနစ် ကျဆုံးဖို့၊ ဒီမိုကရေစီစနစ် ထွန်းကားဖို့၊ တိုင်းရင်းသားတွေ နိုင်ငံရေး တန်းတူ အခွင့်အရေးရဖို့၊ ပြည်နယ်တွေမှာ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရပြီးတော့ ပြည်ထောင်စုကို ဖက်ဒရယ် ပြည်ထောင်စုစနစ်နဲ့ ထူထောင်မှ ကျနော်တို့ မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေးရမယ်၊ ဖွံ့ဖြိုးတိုးတက်မယ် ဆိုတာကို တောက်လျှောက် မီဒီယာတွေကလည်း ပြောတယ်။

ပါတီထောင်တဲ့ အခါမှာလည်း ပါတီရဲ့ မူဝါဒတွေမှာ ပြဋ္ဌာန်းပြီးတော့ ပြည်သူတွေကို ချပြတယ်။ အန်ကယ်တို့ ချပြတဲ့ မူဝါဒတွေကို ပြည်သူတွေက လက်ခံ သဘောကျလို့ အခုလို ရွေးကောက်ပွဲမှာ အန်ကယ့်ကို မဲပေးတယ်။ အန်ကယ်တို့ အနိုင်ရတယ်လို့ ထင်ပါတယ်။

မေး ။    ။ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ ရခိုင်နိုင်ငံရေး ခေါင်းဆောင်တချို့ သဘောထား ကွဲလွဲမှုကြောင့် ရခိုင်ပြည်နယ် စည်းလုံးမှု ပြိုကွဲပြီး ဖွံ့ဖြိုးမှု နောက်ကျမှာကို ရခိုင်လူထုက စိုးရိမ်နေကြပါတယ်။ အဲဒီအပေါ်မှာ ဘာပြောချင်ပါသလဲ။

ဖြေ ။    ။ မှန်ပါတယ်။ ပြည်နယ်တခု၊ ဒေသတခု ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာက နိုင်ငံရေးပါတီ၊ နိုင်ငံရေး အင်အားစုတွေ ညီညွှတ်ဖို့ လိုပါတယ်။ အဲလို ညီညွှတ်တဲ့ အင်အားစုတခုက ရခိုင်ပြည်သူတွေရဲ့ အကျိုးစီးပွားကို စုစုစည်းစည်း ညီညီညွှတ်ညွှတ်နဲ့ ကြိုးပမ်းဆောင်ရွက်ဖို့ လိုပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်မှာရှိတဲ့ နိုင်ငံရေးပါတီတွေထဲမှာ တချို့ခေါင်းဆောင်တွေအတွင်းမှာ မညီမညွှတ်ဖြစ်နေတာကို ပြည်သူတွေက မလိုမလားဖြစ်တယ်။ အားမလို အားမရ ဖြစ်တယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျနော့်အမြင် ပြောရမယ်ဆိုရင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေ ရှိမယ်။ ဒါပေမယ့် ပြည်သူအတွက် ပြည်နယ်အတွက် ကြိုးပမ်းဖို့ ရည်မှန်းချက်မှာတော့ တစုတစည်းတည်း ရပ်တည်ရမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ရခိုင်ပြည်နယ်နဲ့ ရခိုင်ပြည်သူတွေအတွက် ကြိုးပမ်းဆောင်ရွက်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။

မေး ။    ။ ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားပါတီ(ANP) အနေနဲ့ အစိုးရ ဖွဲ့နိုင်ဖို့ အလားအလာ ရှိပါသလား။ ဘယ်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရှိပါသလဲ။

ဖြေ ။    ။ ၂၀၁၅ ရွေးကောက်ပွဲကို ရခိုင်အမျိုးသားပါတီ(ANP) အနေနဲ့ ၀င်ရောက် ယှဉ်ပြိုင်တဲ့အခါမှာ အဓိက ရည်မှန်းချက်က ရခိုင်ပြည်နယ် အစိုးရ ဖွဲ့နိုင်ဖို့ပါ။ ပြည်နယ် အစိုးရ ဖွဲ့နိုင်ဖို့အတွက် ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ်ဦးရေ တဝက်ကျော်ကျော် သို့မဟုတ် ပြတ်ပြတ်သားသား အနိုင်ရဖို့ ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။ အခုတော့ တဝက်တောင် မကျော်ဘဲ ၂၃ နေရာ အနိုင်ရခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ပြည်နယ်မှာတော့ နေရာ အများဆုံးနိုင်တဲ့ပါတီ ဖြစ်တယ်။ လက်ရှိ အခြေအနေမှာလည်း ပြည်နယ် အစိုးရ ဖွဲ့စည်းနိုင်တဲ့ အခြေအနေရှိပါတယ်။

ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အရ သမ္မတကပဲ ပြည်နယ် ၀န်ကြီးချုပ်ကို ခန့်ရတယ်။ ပြည်နယ် ၀န်ကြီးချုပ်က မိမိကြိုက်တဲ့သူနဲ့ ပြည်နယ်အစိုးရကို ဖွဲ့နိုင်တဲ့အတွက် အဲဒီအနေ အထားမှာ သမ္မတသည် NLD ပါတီက ဖြစ်လာနိုင်တဲ့အတွက် ဖြစ်လာမယ့် သမ္မတက ရခိုင်ပြည်နယ်မှာ အများဆုံး အနိုင်ရတဲ့ ရခိုင်အမျိုးသား ပါတီကို အစိုးရဖွဲ့ခွင့် ပေးမှာလား။ တနည်းအားဖြင့် ရခိုင်အမျိုးသား ပါတီကနေ ၀န်ကြီးချုပ်ကို ခန့်မှာလား။ သို့တည်း မဟုတ် ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအရပဲ NLD က တဦးဦးကို ၀န်ကြီးချုပ် ခန့်မှာလား။ ဒီကိစ္စကတော့ ကျနော်တို့လည်း တော်တော်လေး မှန်းရခက်ပါတယ်။

မေး ။    ။ အစိုးရ ဖွဲ့နိုင်ရင်ပဲ ဖြစ်ဖြစ် ရခိုင်ပြည်နယ်မှာ နေရာအများစု အနိုင်ရထားတဲ့ ပါတီခေါင်းဆောင်တဦး အနေနဲ့ပဲဖြစ်ဖြစ် ဘယ်လိုပြုပြင် ပြောင်းလဲရေးတွေ လုပ်ဖို့ ပြင်ဆင်ထားလဲ။

ဖြေ ။    ။ ပြုပြင်ပြောင်းလဲရေးတွေက လုပ်ရမှာ အများကြီးပဲ။ ရခိုင်ပြည်နယ်သည် အဆင်းရဲဆုံး ပြည်နယ်တခု ဖြစ်တယ်။ စီးပွားရေး၊ ကျန်းမာ ရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးတွေပါ ဘက်စုံ ယိုယွင်း ကျဆင်းနေတဲ့ ပြည်နယ်တခု ဖြစ်တယ်။ လျှပ်စစ်မီး မလုံလောက်ဘူး။ အခုက မြို့ ၃၊ ၄ ခုလောက်ပဲ မီးရတယ်။ ကျန်တဲ့မြို့တွေမှာ လျှပ်စစ်မီး မရဘူး။ လျှပ်စစ်မီး မရတဲ့အတွက်ကြောင့် စက်ရုံ၊ အလုပ်ရုံတွေ မရှိဘူး။ စက်ရုံ၊ အလုပ် ရုံတွေ ပေါ်ထွန်းလာဖို့ လိုတယ်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန် အမြန်ဆုံး အကောင်အထည်ဖော်ဖို့။ ဖြစ်နိုင်ရင် ပုဏ္ဍားကျွန်းဘက်မှာ ရှိတဲ့ စက်မှုဇုန်ကို အကောင်အထည် ဖော်နိုင်ဖို့ ကြိုးစားရမယ်။

နောက်တခုက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်။ ရခိုင်မှာ သား၊ ငါး၊ ပုဇွန် တချိန်တုန်းက ပေါခဲ့တယ်။ စစ်အစိုးရ လက်ထက်က စည်းမဲ့ကမ်းမဲ့ နိုင်ငံခြား ကုုမ္ပဏီတွေ၊ သဘောင်္တွေကို ဖမ်းခွင့်ပေးလိုက်တဲ့ အတွက်ကြောင့် ရှားပါးသွားပြီ။ ဒါကိုလည်းပဲ စနစ်တကျ ပြန်ပြီးတော့ ထိန်းသိမ်းရမယ်။ နောက်တခုက မြောက်ပိုင်းမှာရှိတဲ့ နယ်စပ်လုံခြုံရေးကို အကယ်၍ပေါ့လေ ရခိုင်ပြည်နယ်မှာ လုပ်ပိုင်ခွင့်ရှိတဲ့ အစိုးရတရပ် ဖြစ် လာမယ်ဆိုရင် လုံခြံုရေးကို ယခုထက်ပိုပြီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်ဖို့ ရည်ရွယ်ပါတယ်။

မေး ။    ။ ရခိုင်ပြည်နယ်မှာ မတူညီတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူတကွ ယှဉ်တွဲနေထိုင်နိုင်အောင် ဘယ်လိုလုပ်မလဲ။ သူတို့ကြောင့် ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုကို နောက်မကျဖို့ လိုသလို ဒီမိုကရေစီကိုလည်း အတူမျှဝေခံစားရဖို့ လိုပါတယ်။

ဖြေ ။    ။ ဒီလိုပါ။ အခု ရခိုင်ပြည်နယ်မှာ တဖက်နိုင်ငံက အိန္ဒိယနိုင်ငံ၊ အနောက်ဘက်မှာ အရှေ့ပါကစ္စတန်၊ အခုတော့ ဘင်္ဂလားဒေ့ရှ် ဒီနိုင်ငံမှာက လူဦးရေ ပေါက်ကွဲနေတယ်။ ဘယ်နိုင်ငံကိုပဲ ကြည့်လိုက် ကြည့်လိုက် ရှမ်းပြည်သာသာပဲ ရှိတယ်။ လူဦးရေက သန်း ၁၂၀။ ဆိုတော့ နေ့စဉ် ခေတ် အဆက်ဆက် ရခိုင်ပြည်နယ်ထဲကို နည်းမျိုးစုံနဲ့ ၀င်တယ်။ အဲဒီတော့ ၀င်လာတဲ့အခါမှာ လူဦးရေများလာတော့ တသန်းလောက် ရှိတော့ အရင် ကတော့ စားသောက် လုပ်ကိုင်စားသောက်ဖို့ ရည်ရွယ်ချက်နဲ့ လာတယ်။ အခုတော့ နယ်မြေကို ကျူးကျော်ဖို့ ကြိုးပမ်းလာတယ်။ ဒါကို ရခိုင်ပြည်သူတွေက စိုးရိမ်တယ်။

အမျိုးသား လုံခြံုရေး၊ ပြည်ထောင်စုရဲ့ လုံခြံုရေးအနေနဲ့ အရေးတကြီး ဖြေရှင်းဖို့ လိုတယ်။ နောက်တခုက ဒီတရားမဝင် ၀င်ရောက်လာတဲ့သူတွေ ကို ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့အညီ ပြည်ထောင်စု အစိုးရက စိစစ်ဆောင်ရွက်ဖို့ လိုပါတယ်။ အဲတော့ အဲဒီမှာ တချို့နိုင်ငံသား ဖြစ်ခွင့်ရမယ့်သူတွေ ရှိမယ်။ နိုင်ငံသား ဖြစ်ခွင့်ရတဲ့သူတချို့ကို နိုင်ငံသားအခွင့်အရေး ပေးမယ်ဆိုရင် ဒီပြဿာနာရဲ့ တချို့တဝက်တော့ ပြေလည်နိုင်မယ်လို့ မြင်ပါ တယ်။ ကျန်တဲ့ နိုင်ငံသား မဟုတ်တဲ့ နည်းမျိုးစုံနဲ့ ခိုးဝင်လာတဲ့ လူတွေကိုတော့ ကုလသမဂ္ဂရဲ့ အဖွဲ့အစည်းများနဲ့ ညှိနှိုင်းပြီးတော့ ဘယ်လိုဘယ်ပုံ ဆောင်ရွက် ဖြေရှင်းရမလဲဆိုတာကို ဆွေးနွေးဖြေရှင်းဖို့ လိုမယ်လို့ ထင်ပါတယ်။

မေး ။    ။ အခုလက်ရှိ ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီးတော့ အစိုးရဖွဲ့နိုင်တော့မယ့် NLD ပါတီ အပေါ်မှာရော ဘယ်လို သဘောထားရှိပါသလဲ။

ဖြေ ။    ။ အခုတော့ NLD ပါတီက အပြတ်အသတ် အနိုင်ရတယ်။ အဲဒီတော့ ကျနော်တို့ တိုင်းပြည်က နှစ်ပေါင်း ၅၀ ကျော်၊ ရာစုတဝက်ကျော် အာဏာ ရှင် စနစ်အောက်ကို ကျရောက်ခဲ့တယ်။ ကျရောက်ခဲ့တဲ့အတွက်ကြောင့် နိုင်ငံရေး၊ စီပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး ဘက်စုံ ယိုယွင်း ကျဆင်းတယ်။ အဲဒီတော့ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲဖို့ လိုတယ်။ အပြောင်းအလဲလုပ်ဖို့ လိုတယ်။ အပြောင်းအလဲ ဆိုတာက အာဏာရှင်စနစ်က ဒီမိုကရေစီစနစ်ကို ပြောင်းဖို့၊ အဓိက ကောင်းမွန်တဲ့ အစိုးရတရပ် ပေါ်ထွန်းဖို့၊ နောက်တခါ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်တဲ့ တိုင်းပြည်ဖြစ်တဲ့ အတွက်ကြောင့် တရားမျှတမှု မရှိတဲ့ လက်ရှိပြည်ထောင်စုစနစ်ကို တရားမျှတမှုရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု စနစ်ပေါ်ထွန်းဖို့အတွက် ကြိုးပမ်းဆောင်ရွက်ရမယ်။

အဲတော့ အဲလိုဆောင်ရွက်ဖို့ ကြိုးပမ်းနေတဲ့အခါမှာ NLD အနေနဲ့ ဒီမိုကရေစီစနစ် ထွန်းကားဖို့ ကြိုးပမ်းတယ်။ တိုင်းရင်းသားအရေးကိုလည်း ဆောင်ရွက်ဖို့ ကြိုးပမ်းနေတဲ့ ပါတီတခု ဖြစ်တယ်။ ဒါ့အပြင် ၁၉၉၀ ရွေးကောက်ပွဲ အလွန်မှာ NLD  သည် တိုင်းရင်းသားလေးပါတီနဲ့ CRPP ခေါ် လွှတ်တော် ကိုယ်စားပြု ကော်မတီကိုဖွဲ့ပြီးတော့ လွှတ်တော် ပေါ်ပေါက်ရေး၊ ဒီမိုကရေစီ ထွန်းကားရေး၊ တိုင်းရင်းသားတွေရဲ့ တန်းတူအခွင့်အရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့အတွက် ပူးပေါင်း လက်တွဲ ဆောင်ရွက်ခဲ့တဲ့ အနေအထားတွေ ရှိပါတယ်။ ဒါကြောင့် အခု NLD က အပြတ်အသတ် အနိုင်ရတဲ့အတွက်ကြောင့် လွှတ်တော်မှာလည်းပဲ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အပါအဝင် ပြည်သူတွေအတွက် ဥပဒေ အဆိုပြုလွှာတွေကို ရေးနိုင်တင်နိုင်မယ်လို့ မြင်တယ်။ ပြီးတော့ ကောင်းမွန်တဲ့ အစိုးရတရပ်ကိုလည်း ဖွဲ့စည်းပြီးတော့ မြန်မာနိုင်ငံမှာ အဆိုးဆုံး လာဘ်စားမှု၊ လာဘ်ပေးလာဘ်ယူ စနစ်တွေကို တိုက်ဖျက်နိုင်မယ်လို့ မြင်တဲ့အတွက်ကြောင့် ကျနော်ကတော့ NLD အပြတ်အသတ် နိုင်တာကို ကြိုဆိုပါတယ်။

မေး ။    ။ NLD ပါတီက ရခိုင်အပါအဝင် တိုင်းရင်းသားတွေနဲ့ ရင်ကြားစေ့လုပ်နိုင်မယ်လို့ အန်ကယ်ထင်လား။ NLD အနေနဲ့ ရင်ကြားစေ့ရေးနဲ့ ပတ်သက်ပြီး ဘာစလုပ်စေချင်လဲ။

ဖြေ ။    ။ ရင်ကြားစေ့ရေးဆိုတာ ကျနော်တို့ တိုင်းပြည်မှာ ခေတ်အဆက်ဆက် အင်အားစုတွေ အထူးသဖြင့် နိုင်ငံရေး ပါတီတွေ၊ နိုင်ငံရေး အင်အား စုတွေ အကွဲအပြဲဖြစ်ခဲ့တဲ့ နောက်ပိုင်းမှာ တပ်နဲ့ နိုင်ငံရေး အင်အားစုတွေ အစိုးရ အဆက်ဆက်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ ပဋိပက္ခတွေ ပြဿနာတွေရှိတဲ့ အတွက်ကြောင့် အမျိုးသား ညီညွတ်မှု ပျက်ပြား ပြိုကွဲနေတဲ့ တိုင်းပြည်ပဲ ဖြစ်ပါ တယ်။ ဒီတော့ အမျိုးသား ရင်ကြားစေ့ရေးက မလုပ်မဖြစ် လုပ်ရမှာပါ။ အဲလိုလုပ်တဲ့နေရာမှာ လက်ရှိ NLD အနေနဲ့ ပြီးတော့ တပ်မတော်၊ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ်များနဲ့ ဆွေးနွေးတယ်။ အမျိုးသား ရင်ကြားစေ့ရေးကို ကြည့်ပြီးတော့ ဆွေးနွေးတယ်။ ယုံကြည်မှုကို တည် ဆောက်တယ်။ အလားတူပဲ တိုင်းရင်းသား နိုင်ငံရေး ပါတီ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့လည်းပဲ ယုံကြည်မှုကို တည်ဆောက် ပြီးတော့ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးဖို့ လိုပါတယ်။

ဘာကြောင့်လဲ ကျနော်တို့ တိုင်းပြည်မှာ ရွေးကောက်ပွဲ အနိုင်ရတာနဲ့ မပြီးသေးဘူး။ ဆက်လက်ပြီးတော့ ပြည်တွင်းစစ် ရပ်ဖို့ ပြည်တွင်း ငြိမ်းချမ်း ရေးကို ဖော်ဆောင်ဖို့ လတ်တလော NCA လက်မှတ် ထိုးထားတာက နိုင်ငံရေး တိုင်းရင်းသားပါတီ ၈ ဖွဲ့ပဲ ထိုးထားတယ်။ ၁၃ဖွဲ့က မထိုးသေးဘူး။ ဒါတွေကို နောင်တက်လာမယ့် NLD အစိုးရ၊ နောင်တက်လာမယ့် NLD သမ္မတက ဘယ်လို ဆောင်ရွက်မလဲ၊ ဒါတွေကို လက်တွဲ ပူးပေါင်း ဆောင် ရွက်ဖို့အတွက် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း လိုသလို တိုင်းရင်းသား ပါတီတွေ ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ပူးပေါင်း ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါကြောင့် အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်ပြီးတော့ NLD က တိုင်းရင်းသား ပါတီတွေနဲ့ ဆွေးနွေးဖို့ လိုပါတယ်။ အခုတော့ UNA နဲ့ ဆွေးနွေးဖို့တော့ ကမ်းလှမ်းထားတယ်။ ဘယ်နေ့၊ ဘယ်ရက် ဆွေးနွေးမယ်ဆိုတာ မသိသေး ပါဘူး။

မေး ။    ။ အန်ကယ်ကို NLD ကနေပြီးတော့ အစိုးရအဖွဲ့မှာ ရာထူး တနေရာပဲဖြစ်ဖြစ် ပြည်ထောင်စုအဆင့် ရာထူးတနေရာပဲဖြစ်ဖြစ် ကမ်းလှမ်း လာမယ်ဆိုရင် လက်ခံသွားဖို့ ရှိပါသလား။

ဖြေ ။    ။ ဒါတော့ ကျနော်လည်းပြောဖို့ ခက်ပါတယ်။ ကမ်းလှမ်းလာတာလည်း မရှိသေးပါဘူး။ အခုအချိန်မှာတော့ မှန်းပြီးတော့ ရေးနေ ပြောနေကြတာ တွေလည်း ကျနော် ဖတ်ရပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျနော့်အနေနဲ့ ပြောဖို့ ဘာမှမရှိပါဘူး။
Irrawaddy

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...