Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ခ်င္းတြင္းျမစ္အတြင္း သဲေသာင္မ်ားေၾကာင့္ ေရေၾကာင္းက်ဥ္း၍ ေရယာဥ္မ်ားသြားလာေရးခက္ခဲေန

$
0
0

ေရစႀကိဳ ေဖေဖာ္ဝါရီ ၂၂

ယခုႏွစ္တြင္ ခ်င္းတြင္းျမစ္ေရအက်ေစာၿပီး သဲေသာင္ခုံမ်ား အမ်ားအျပားေပၚထြန္းလာမႈေၾကာင့္ ေရေၾကာင္းက်ဥ္း၍ ေရယာဥ္မ်ားအတြက္ အႏၲရာယ္ မ်ားၿပီး သြားလာေရး အခက္အခဲမ်ားရွိေနေၾကာင္း သိရ သည္။

''ခ်င္းတြင္းျမစ္ေရက အရင္ႏွစ္ထက္စာရင္ ေရက် လည္း ေစာသလုိ မႀကဳံစဖူး သဲေသာင္ခုံေတြကလည္း အမ်ားႀကီး ေပၚထြန္းလာတယ္။ အခုလုိသဲေသာင္ခုံေတြ အမ်ားအျပား ေပၚထြန္းလာတာကေတာ့ ၿပီးခဲ့တဲ့ႏွစ္က ျမစ္ေရႏွစ္ႀကိမ္ႀကီးၿပီး ေတာေတာင္ေတြကုိ ျဖတ္သန္း စီးဆင္းတဲ့ေရနဲ႔အတူ ရႊံ႕ၫြန္ေတြပါလာတာေၾကာင့္ ျဖစ္ဖုိ႔မ်ားတယ္ဗ်။ အခုလုိ သဲေသာင္ ခုံေတြေပၚထြန္းတာမ်ားေတာ့ ျမစ္ေၾကာင္းခြဲေတြျဖစ္လာၿပီး ေရေၾကာင္းလည္း က်ဥ္းလာတယ္။ ၿပီးခဲ့တဲ့ႏွစ္ အခုခ်ိန္မွာ အိတ္ ၂ဝဝ၊ ၃ဝဝ ပါတဲ့ေရယာဥ္ ေတြ ၿမိဳ႕အေျခဆိပ္ကမ္းအထိ ကပ္လုိ႔ရတယ္။ အခု ကပ္လုိ႔မရေတာ့ဘူး။ ၿပီးေတာ့ဒီအခ်ိန္က ျမစ္အေရွ႕ဘက္ကမ္းကရြာေတြမွာ သီးႏွံေပၚတဲ့အခ်ိန္ အခုလုိေရေၾကာင္းက်ဥ္းေတာ့၊ ေရယာဥ္ေတြသြားလာရတာ အႏၲရာယ္မ်ားေတာ့ ကုန္ေတြကုိ တင္ခ်င္သလုိတင္လို႔ မရဘူူးျဖစ္ေနတယ္။CP အေစ့ထုတ္ေျပာင္း ကလည္း လိႈင္လိႈင္ေပၚ၊ တစ္ေန႔ကုိ အိတ္ေရ ေထာင္ခ်ီဝင္ေနတာ၊ ေစ်းကလည္း ေကာင္းေတာ့ ေစ်းေကာင္းမီေအာင္ သူထက္ငါ အလုအယက္ပုိ႔ခ်င္ေနၾက တာ။ ေရေၾကာင္းအခက္အခဲေၾကာင့္ မပုိ႔ႏုိင္ျဖစ္ေနရတယ္။ တစ္ႏွစ္မွ မေျပာင္း ဘူးတဲ့ပန္းေတာ္ျပင္ကူးတုိ႔လုပ္ငန္းေတာင္ ေရစႀကိဳေအာက္ဘက္ ေပါက္ေတာ ရြာကုိ ေရႊ႕လုိက္ရတယ္။ အဲဒီမွာေတာ့ ေဒသလုပ္ဇက္ေရယာဥ္နဲ႔ ကုန္ေရာ၊ ကားေရာ ကူးေပးေနတယ္။ ဒါေပမယ့္ ေတာင္သူေတြအတြက္ေတာ့ စရိတ္စက နည္းနည္း တက္သြားပါတယ္''ဟု ဆင္ေျခရာရြာမွ ေရယာဥ္ပုိင္ရွင္တစ္ဦးက ေျပာျပသည္။

ေဖထြဏ္းေဇာ္(ေရစႀကိဳ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
.................


ရေစကြို ဖေဖော်ဝါရီ ၂၂

ယခုနှစ်တွင် ချင်းတွင်းမြစ်ရေအကျစောပြီး သဲသောင်ခုံများ အများအပြားပေါ်ထွန်းလာမှုကြောင့် ရေကြောင်းကျဉ်း၍ ရေယာဉ်များအတွက် အန္တရာယ် များပြီး သွားလာရေး အခက်အခဲများရှိနေကြောင်း သိရ သည်။

''ချင်းတွင်းမြစ်ရေက အရင်နှစ်ထက်စာရင် ရေကျ လည်း စောသလို မကြုံစဖူး သဲသောင်ခုံတွေကလည်း အများကြီး ပေါ်ထွန်းလာတယ်။ အခုလိုသဲသောင်ခုံတွေ အများအပြား ပေါ်ထွန်းလာတာကတော့ ပြီးခဲ့တဲ့နှစ်က မြစ်ရေနှစ်ကြိမ်ကြီးပြီး တောတောင်တွေကို ဖြတ်သန်း စီးဆင်းတဲ့ရေနဲ့အတူ ရွှံ့ညွန်တွေပါလာတာကြောင့် ဖြစ်ဖို့များတယ်ဗျ။ အခုလို သဲသောင် ခုံတွေပေါ်ထွန်းတာများတော့ မြစ်ကြောင်းခွဲတွေဖြစ်လာပြီး ရေကြောင်းလည်း ကျဉ်းလာတယ်။ ပြီးခဲ့တဲ့နှစ် အခုချိန်မှာ အိတ် ၂ဝဝ၊ ၃ဝဝ ပါတဲ့ရေယာဉ် တွေ မြို့အခြေဆိပ်ကမ်းအထိ ကပ်လို့ရတယ်။ အခု ကပ်လို့မရတော့ဘူး။ ပြီးတော့ဒီအချိန်က မြစ်အရှေ့ဘက်ကမ်းကရွာတွေမှာ သီးနှံပေါ်တဲ့အချိန် အခုလိုရေကြောင်းကျဉ်းတော့၊ ရေယာဉ်တွေသွားလာရတာ အန္တရာယ်များတော့ ကုန်တွေကို တင်ချင်သလိုတင်လို့ မရဘူူးဖြစ်နေတယ်။CP အစေ့ထုတ်ပြောင်း ကလည်း လှိုင်လှိုင်ပေါ်၊ တစ်နေ့ကို အိတ်ရေ ထောင်ချီဝင်နေတာ၊ စျေးကလည်း ကောင်းတော့ စျေးကောင်းမီအောင် သူထက်ငါ အလုအယက်ပို့ချင်နေကြ တာ။ ရေကြောင်းအခက်အခဲကြောင့် မပို့နိုင်ဖြစ်နေရတယ်။ တစ်နှစ်မှ မပြောင်း ဘူးတဲ့ပန်းတော်ပြင်ကူးတို့လုပ်ငန်းတောင် ရေစကြိုအောက်ဘက် ပေါက်တော ရွာကို ရွှေ့လိုက်ရတယ်။ အဲဒီမှာတော့ ဒေသလုပ်ဇက်ရေယာဉ်နဲ့ ကုန်ရော၊ ကားရော ကူးပေးနေတယ်။ ဒါပေမယ့် တောင်သူတွေအတွက်တော့ စရိတ်စက နည်းနည်း တက်သွားပါတယ်''ဟု ဆင်ခြေရာရွာမှ ရေယာဉ်ပိုင်ရှင်တစ်ဦးက ပြောပြသည်။

ဖေထွဏ်းဇော်(ရေစကြို)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>