ဖားကန္႔ ေဖေဖာ္ဝါရီ ၂၃
ကခ်င္ျပည္နယ္ မိုးၫွင္းခ႐ိုင္ ဖားကန္႔ၿမိဳ႕နယ္ ဆိပ္မူေက်း႐ြာအုပ္စု နမ့္ေမွာ္ေက်း ႐ြာတြင္ ကုမၸဏီလုပ္ကြက္ တစ္ခု၌ လုပ္ကြက္ကမ္းပါးယံ ေျမစာပုံၿပိဳက်ၿပီး ဘက္ဟိုးယာဥ္မ်ားႏွင့္ လူတစ္ဦးပါသြားေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီ ၂၁ရက္ မြန္းလြဲ ၁ နာရီခြဲက ဖားကန္႔ၿမိဳ႕နယ္ ဆိပ္မူေက်း႐ြာ အုပ္စု နမ့္ေမွာ္ေက်း႐ြာ ရတနာျပည့္ၿဖိဳးေအာင္ ကုမၸဏီလုပ္ကြက္ အတြင္း ေျမစာ ပုံၿပိဳက်ရာမွ လူတစ္ဦးပါသြားေၾကာင္း သတင္း ရရွိခဲ့သျဖင့္ ရဲကင္းမႉး တာဝန္ေဆာင္႐ြက္ေနေသာ ဆိပ္မူရဲကင္းမႉး ဒုရဲအုပ္ျမင့္ေဇာ္၊ ရဲတပ္သား စႏိုင္လင္းထြန္း၊ နမ့္ေမွာ္ေက်း႐ြာ ရာအိမ္မႉး ဦးၾကည္စိုး၊ ဆယ္အိမ္မႉး ဦးေက်ာ္ဦးတုိ႔ႏွင့္ အတူ သြားေရာက္စစ္ေဆးခဲ့ရာ နမ့္ေမွာ္ေက်းရြာ ရတနာ ျပည့္ၿဖိဳးေအာင္ကုမၸဏီ လုပ္ကြက္အတြင္း လုပ္ကြက္ ကမ္းပါးယံ ေျခရင္း ၌ ဘက္ဟုိးယာဥ္မ်ားျဖင့္ လုပ္ငန္းေဆာင္ရြက္ေနစဥ္ အလ်ားေပ ၁၀၀ ေက်ာ္ခန္႔၊ အျမင့္ေပ ၁၀၀ေက်ာ္ခန္႔၊ ထုေပ ၂၀ေက်ာ္ခန္႔ရွိ ေျမစာပုံၿပိဳက်မႈေၾကာင့္ ကုမၸဏီ ပိုင္ဘက္ ဟိုးယာဥ္ႏွစ္စီးမွာ ေျမျမဳပ္သြားခဲ့သည္။
ေျမျမဳပ္သြားေသာ ယာဥ္ေမာင္း ကိုေဇာ္မင္းႏိုင္ (၄၅ႏွစ္) မွာ ယာဥ္ႏွင့္ အတူ ေျမစာပုံ ေအာက္ပါသြားေၾကာင္းကို နမ့္ေမွာ္ေက်း႐ြာေနသူ ကိုခိုင္စိုး (၂၇ႏွစ္) ရတနာျပည့္ၿဖိဳးေအာင္ ကုမၸဏီ ဘက္ဟိုးယာဥ္ေမာင္း သူက ေျပာျပ သျဖင့္ ညေန ၃နာရီ ခန္႔တြင္ ယင္းၿပိဳက်လာေသာ ေျမစာပုံအား ဘက္ဟိုးယာဥ္ ငါးစီးျဖင့္ တူးေဖာ္ရွာေဖြခဲ့ရာ ေဖေဖာ္ဝါရီ ၂၂ ရက္ နံနက္ ၉ နာရီတြင္ ေျမစာ ပုံ ေအာက္ပါသြားသူ ကိုေဇာ္မင္းႏုိင္ အေလာင္းအား တူေဖာ္ရရွိခဲ့ၿပီး ဒဏ္ရာမ်ား ရရွိ ေသဆုံးေနသည္ကို စစ္ေဆးေတြ႔ရွိရ၍ အေလာင္းကို ဖားကန္႔ၿမိဳ႕ နယ္ ျပည္သူ႕ေဆး႐ုံႀကီးသို႔ ရဲေဆးစာ ေရးသားေပးပို႔ခဲ့ၿပီး ေဇာ္မင္းႏုိင္ ေသ ဆုံးျခင္းႏွင့္ ပတ္သက္၍ ဓမၼာတာအတုိင္း ေသဆုံးျခင္း ဟုတ္/မဟုတ္ ေသမႈေသ ခင္း ေရးဖြင့္ စစ္ေဆား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရွိရသည္။
စိုးႏိုင္ဦး(ဖားကန္႔)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
.................
ဖားကန့် ဖေဖော်ဝါရီ ၂၃
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ကျေး ရွာတွင် ကုမ္ပဏီလုပ်ကွက် တစ်ခု၌ လုပ်ကွက်ကမ်းပါးယံ မြေစာပုံပြိုကျပြီး ဘက်ဟိုးယာဉ်များနှင့် လူတစ်ဦးပါသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၁ရက် မွန်းလွဲ ၁ နာရီခွဲက ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ အုပ်စု နမ့်မှော်ကျေးရွာ ရတနာပြည့်ဖြိုးအောင် ကုမ္ပဏီလုပ်ကွက် အတွင်း မြေစာ ပုံပြိုကျရာမှ လူတစ်ဦးပါသွားကြောင်း သတင်း ရရှိခဲ့သဖြင့် ရဲကင်းမှူး တာဝန်ဆောင်ရွက်နေသော ဆိပ်မူရဲကင်းမှူး ဒုရဲအုပ်မြင့်ဇော်၊ ရဲတပ်သား စနိုင်လင်းထွန်း၊ နမ့်မှော်ကျေးရွာ ရာအိမ်မှူး ဦးကြည်စိုး၊ ဆယ်အိမ်မှူး ဦးကျော်ဦးတို့နှင့် အတူ သွားရောက်စစ်ဆေးခဲ့ရာ နမ့်မှော်ကျေးရွာ ရတနာ ပြည့်ဖြိုးအောင်ကုမ္ပဏီ လုပ်ကွက်အတွင်း လုပ်ကွက် ကမ်းပါးယံ ခြေရင်း ၌ ဘက်ဟိုးယာဉ်များဖြင့် လုပ်ငန်းဆောင်ရွက်နေစဉ် အလျားပေ ၁၀၀ ကျော်ခန့်၊ အမြင့်ပေ ၁၀၀ကျော်ခန့်၊ ထုပေ ၂၀ကျော်ခန့်ရှိ မြေစာပုံပြိုကျမှုကြောင့် ကုမ္ပဏီ ပိုင်ဘက် ဟိုးယာဉ်နှစ်စီးမှာ မြေမြုပ်သွားခဲ့သည်။
မြေမြုပ်သွားသော ယာဉ်မောင်း ကိုဇော်မင်းနိုင် (၄၅နှစ်) မှာ ယာဉ်နှင့် အတူ မြေစာပုံ အောက်ပါသွားကြောင်းကို နမ့်မှော်ကျေးရွာနေသူ ကိုခိုင်စိုး (၂၇နှစ်) ရတနာပြည့်ဖြိုးအောင် ကုမ္ပဏီ ဘက်ဟိုးယာဉ်မောင်း သူက ပြောပြ သဖြင့် ညနေ ၃နာရီ ခန့်တွင် ယင်းပြိုကျလာသော မြေစာပုံအား ဘက်ဟိုးယာဉ် ငါးစီးဖြင့် တူးဖော်ရှာဖွေခဲ့ရာ ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီတွင် မြေစာ ပုံ အောက်ပါသွားသူ ကိုဇော်မင်းနိုင် အလောင်းအား တူဖော်ရရှိခဲ့ပြီး ဒဏ်ရာများ ရရှိ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရ၍ အလောင်းကို ဖားကန့်မြို့ နယ် ပြည်သူ့ဆေးရုံကြီးသို့ ရဲဆေးစာ ရေးသားပေးပို့ခဲ့ပြီး ဇော်မင်းနိုင် သေ ဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မာတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သေမှုသေ ခင်း ရေးဖွင့် စစ်ဆေား ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
စိုးနိုင်ဦး(ဖားကန့်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar