Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်တွင် အရွယ်မရောက်သေးသော မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်မှု ဖြစ်ပွား

$
0
0

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ နယ်မြေ (၁၆) ဇလဲလမ်းတွင် မေလ ၁၇ ရက်၊ ညနေပိုင်း အချိန်က အသက် ၇ နှစ် အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးအား အိမ်နီးချင်းဖြစ်သူ အသက် ၂၆ နှစ် အရွယ် အမျိုးသားမှ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ကျူးလွန်ခံရသူ၏ မိခင်သည် မေလ ၁၇ ရက်၊ ညနေပိုင်းအချိန်က နေအိမ်တွင် ရှိနေစဉ် အသက် ၇ နှစ်ရှိ ၎င်း၏သမီးဖြစ်သူသည် အိမ်နီးချင်းဖြစ်သူ စည်သူစိုး၏ နေအိမ်သို့ သွားရောက်လည်ပတ်ရာမှ ပြန်လည်ရောက်ရှိ လာပြီးနောက် မှိုင်တွေနေသဖြင့် မေးမြန်းရာ စည်သူစိုးမှ ၎င်း၏နေအိမ် ခြံဝင်းအတွင်းရှိ အိမ်နှင့် အုတ်နံရံကြားတွင် အဓမ္မပြုကျင့်ခဲ့ကြောင်း ပြောကြားသဖြင့် တောင်ကြီးမြို့၊ နယ်မြေရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ အဓမ္မပြုကျင့်သူ စည်သူစိုးအား ယင်းနေ့ ညနေပိုင်းတွင် ဖမ်းဆီးပြီး စစ်ဆေးရာ ကျူးလွန်ခံရသူနှင့် နေအိမ် တွင် ၂ ဦးတည်း အတူရှိနေချိန်တွင် အခွင့်ကောင်းယူ၍ ကျူးလွန်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံအား ချုပ်ရက်ရမန်တောင်းခံခြင်း၊ သက်သေခံပစ္စည်းများအား ဓါတုဗေဒ ဝန်ရုံး သို့ ပေးပို့ထင်မြင်ချက် တောင်းခံခြင်း၊ တရားလို၊ တရားခံ၊ သက်သေများစစ်ဆေးခြင်း စသည့် ရဲလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိပြီး ဥပဒေအကြံပြုချက် တောင်းခံကာ တရားစွဲဆိုတင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကမ္ဘောဇတိုင်းမှ တောင်ကြီးနယ်မြေရဲစခန်းသို့ သွားရောက်မေးမြန်းခဲ့ရာ အမှုစစ်ဆေး နေဆဲကာလဖြစ်သည့်အတွက် ဖြေကြား၍မရကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ကမ္ဘောဇတိုင်း
Kanbawza Tai News
https://www.facebook.com/kanbawzatai/

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>