Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အိမ်မဲမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်ကို NLD ပါတီက စစ်ဆေးအရေးယူမည်

$
0
0
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်ကို မြင်ရစဉ်/ Photo: RFA
ဒေသခံတွေဆီကနေ မီးလင်းရေးအတွက် ငွေတောင်းခံမှုနဲ့ တိုင်ကြားခံထားရတဲ့  ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်ကို စစ်ဆေးအရေးယူသွားမယ်လို့ NLD ပါတီ စည်းကမ်းထိန်းသိမ်းရေးကော်မတီ တာဝန်ခံ ဒေါက်တာ မျိုးညွှန့်က ပြောပါတယ်။

တိုင်ကြားသူကို စစ်ဆေးပြီးဖြစ်တယ်လို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

"သူနဲ့ပတ်သက်ပြီး ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ် တိုင်စာဌာနမှာ စာရောက်နေပါတယ်။ ကျနော်တို့ ပထမဆုံးအနေနဲ့တော့ တိုင်ကြားသူကို ခေါ်ယူစစ်ဆေးပြီးပါပြီ။ သူ့ကိုဆက်ပြီးတော့ စစ်ဆေးဖို့ရှိပါတယ်။ ကျနော်တို့က အဂတိလိုက်စားမှုနဲ့ ပါဝါခြင်း နည်းနည်းကွာပါတယ်။ အဂတိလိုက်စားမှုကတော့ သူက ငွေလက်ခံယူတယ်၊ သုံးစွဲတယ် အဲ့လိုမျိုးပေါ့။ ကျနော်တို့ကတော့ ငွေကို ရယူဖို့ ကြိုးစားတယ်။ ရယူဖို့ကြိုးစားတဲ့ သူနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ ပတ်သက်မှုဟာ ကျော်ဇောသတင်းရှိတယ်ဆိုရင်တော့ ကျနော်တို့က အရေးယူလေ့ရှိပါတယ်ခင်ဗျ"

ပါတီရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်တွေကနေ လာမယ့် လပိုင်းအတွင်း တိုင်ကြားခံရတဲ့ လွှတ်တော်ကိုယ်စား လှယ်ကို ခေါ်ယူစစ်ဆေးမယ်လို့ ပြောပါတယ်။

အိမ်မဲမြို့နယ် ညောင်ကုန်းချောင်းဖျားကျေးရွာ မီးလင်းရေးအတွက် ငွေကြေးတောင်းခံခဲ့တဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင် ကို လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ဖို့ တိုင်းဒေသကြီး လွှတ်တော်ဆီကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အကြောင်းကြားထားပါတယ်။

ပြီးခဲ့တဲ့မတ်လအတွင်း အိမ်မဲမြို့နယ် တကောကျေးရွာ မီးလင်းရေးအတွက် ဘတ်ဂျက်ခွင့်ပြုချက်ရရှိခဲ့တဲ့ ထရန်စဖော်မာကို တကောကျေးရွာမှာ မလိုအပ်တာကြောင့် ညောင်ကုန်းချောင်းဖျားကျေးရွာအတွက် ဘတ်ဂျက် ခေါင်းစဉ် ပြောင်းလဲပြီး ရယူဖို့ ဌာနဆိုင်ရာအဆင့်ဆင့်ကို ငွေပေးရမယ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်က ပြောကြားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေက အိမ်မဲမြို့နယ် NLD ပါတီဥက္ကဌထံ တိုင်ကြားမှု ရှိခဲ့ပါတယ်။

RFA Burmese
https://www.rfa.org/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>