Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဧပြီလဆန်းမှ ယခုလလယ်အထိ တောဆင်ရိုင်း ၁၁ ကောင် ပြုန်းတီး

$
0
0


နေပြည်တော် မေ ၁၉

၂ဝ၁၈ ခုနှစ် ဧပြီလဆန်းမှ ယခုလလယ်အထိ ပြည်တွင်း၌ တောဆင်ရိုင်းကောင်ရေ ၁၁ ကောင် အသတ်ခံရပြီး တရားခံများကို သက်ဆိုင်ရာက ဖမ်းဆီး အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးကျော်ကျော်လွင်ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ တောဆင်ရိုင်း အများဆုံး သတ်ဖြတ်ခံနေရပြီး ထိုသို့သတ်ဖြတ်သူများကို ဖမ်းဆီးရမိရေးသက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်ဆိုင်ရာမှပြုစုထားသော စာရင်း များအရ နှစ်အလိုက်သေဆုံးသော တော ဆင်ရိုင်းအရေအတွက်မှာ ၂ဝ၁၄ ခုနှစ် တွင် သာမန်သေဆုံးကောင်ရေ ၂၅ ကောင်၊ သတ်ဖြတ်ခံရမှုကြောင့် သေဆုံးကောင်ရေ ခုနစ်ကောင်၊ ၂ဝ၁၅ ခုနှစ်တွင် သာမန်သေဆုံး ကောင်ရေ ၁၅ ကောင်၊ သတ်ဖြတ်ခံရမှု ကြောင့် သေဆုံးကောင်ရေ ၂ဝ ၊ ၂ဝ၁၆ ခုနှစ်တွင် သတ်ဖြတ်ခံရမှုကြောင့် သေဆုံး ကောင်ရေ ၁၈ ကောင်၊ ၂ဝ၁၇ ခုနှစ်တွင် သာမန်သေဆုံးကောင်ရေ ၁၃ ကောင်နှင့် သတ်ဖြတ်ခံရမှုကြောင့်သေဆုံးကောင်ရေ ၅၉ ကောင်ရှိကြောင်း သိရသည်။

တောဆင်ရိုင်းသတ်ဖြတ်မှုများနှင့်ပတ် သက်သော တရားခံများအား သက်ဆိုင်ရာမှ လိုက်လံဖော်ထုတ် ဖမ်းဆီးခဲ့ရာ ၂ဝ၁၆ ခုနှစ်တွင် တောဆင်ရိုင်းသတ်သူ ၃၂ ဦး၊ ၂ဝ၁၇ ခုနှစ်တွင် တောဆင်ရိုင်းသတ် သူ ၅၆ ဦး ဖမ်းဆီးရမိကာ အရေးယူဆောင်ရွက် နိုင်ခဲ့ကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>